ကိုယ့်ကလေး ငယ်ရွယ်စဉ်မှာ စိတ်ဒါဏ်ရာမရအောင် ဘယ်လိုစောင့်ရှောက်မလဲ
hellosayarwon.com
|
2020-02-14

မိဘရယ်လို့ဖြစ်လာရင် ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေကို စောင့်ရှောက်ကာကွယ်ပေးရလေ့ရှိပါတယ်။ ဒါဆို ဘာကြောင့်

စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုရော မစောင့်ရှောက်ရမှာလဲ၊ ကာကွယ်ပေးနိုင်ဖို့ မကြိုးစားရမှာလဲ။ စက်ဘီးစီးချိန်မှာ ဦးထုပ်ဆောင်းပေးလို့ဖို့ သတိရဖို့လိုသလို သူတို့လေးတွေရဲ့ ဦးနှောက်လေးထဲက စိတ်ခံစားချက်တွေကိုလည်း ဂရုစိုက် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်တယ်လေ။ ကလေးငယ်တွေဟာ နုနယ်တဲ့ စိတ်ထားမျိုးနဲ့ ရိုးရှင်းတဲ့ အတွေးအခေါ်မျိုးတွေပိုင်ဆိုင်ထားသလို အရာရာကို မိဘ၊ ညီအကိုမောင်နှမနဲ့ ကျောင်းလို အနီးပတ်ဝန်းကျင်ကနေ လေ့လာနေကြတဲ့ အရွယ်တွေဖြစ်ပါတယ်။ ဒီအချိန်မှာ

ပတ်ဝန်းကျင် ရဲ့ အပြုအမူ၊ အနေအထိုင်၊ အခြေအနေတွေက သူတို့ကို ပုံသွင်းသွားမှာဖြစ်ပြီးတော့ ဒီအချိန်မျိုးမှာ မှားယွင်းတဲ့နည်းလမ်းတွေနဲ့ သူတို့ကို ထိမ်းကျောင်းခဲ့မယ်ဆိုရင် စိတ်ဒါဏ်ရာတွေ

စိတ်အားငယ် မှုတွေ တစ်ဘဝလုံး စွဲထင်သွားပါလိမ့်မယ်။ ကိုယ့်ကလေးငယ်ရဲ့ စိတ်ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး စိတ်ပျော်ရွှင်ချမ်းမြေ့စွာကြီးပြင်းနိုင်စေဖို့ဆိုရင် ဖေဖေ မေမေတွေ အနေနဲ့ အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။

စိတ်ခွန်အားဖြစ်စေမယ့် စကားမျိုးတွေ သူတို့နဲ့ ပြောဆိုပါ
ငါက အဖေပဲ၊ ငါက အမေပဲ။ ငါတို့ ကျောင်းထားပေးထားတယ်၊ မုန့်ဖိုးပေးထားတယ်၊ ဘယ်လို ဘယ်ပုံ ပံ့ပိုးထားတယ်ဆိုတာမျိုးတွေ တွေးပြီး ကလေးငယ်တွေကို ကိုယ့်ထက် နိမ့်ပါးသူတစ်ယောက်လို မဆက်ဆံမိပါစေနဲ့။ သူတို့ရဲ့ စိတ်လေးတွေက

နုနယ် ပါတယ်။ အရာရာကို သင်ယူနေချိန်မှာ သင်တို့ရဲ့ အပြုအမူတွေက သူတို့အတွက် မှားယွင်းတဲ့ လမ်းပြမှုဖြစ်သွားနိုင်သလို စိတ်ဒါဏ်ရာတွေလည်း ဖြစ်သွားစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ သူတို့နဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး စကားပြောဆိုပေးဖို့ပါပဲ။ အချိန်တစ်ခုပေးပါ

နွေးနွေးထွေးထွေး နဲ့ စိတ်အားတက်ကြွစေမယ့် စကားတွေ ပြောဆိုဆွေးနွေးတာမျိုး မကြာခနလုပ်ပေးပါ။ ဒီအလေ့အထဟာ ကလေးငယ်ကို ပြုစုပျိုးထောင်ရာမှာ အကောင်းဆုံးနည်းလမ်းပါပဲ။

အပြောင်းအလဲကာလတွေမှာ ပိုဂရုစိုက် စောင့်ရှောက်ပေးပါ
ကလေးငယ်တွေဟာ အပြောင်းအလဲတွေ ကြုံဆုံလာချိန်မျိုးတွေမှာ လူကြီးတွေလို မရင်ဆိုင်နိုင်ကြပါဘူး။ ဘဝဟာ ဘယ်လိုဖြစ်သင့်လဲ သူတို့နားမလည်နိုင်သေးပါဘူး။ အဖြစ်အပျက်တစ်ခုခုကို ကြုံဆုံလာရတိုင်း ဒီလိုအဖြစ်အပျက်တွေ ဘာကြောင့်ဖြစ်ပျက်ရတာလဲဆိုတာကို သူတို့ အပြည့်အဝ နားမလည်နိုင်ပါဘူး။ ဒီလို အခြေအနေမျိုးတွေမှာ သူတို့ကို ပိုပြီး ဂရုစိုက်ပေး၊ စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ သူတို့ရဲ့ ရှေ့ဆက်ရမယ့် ဘဝမှာ

စိတ်ကျန်းမာရေ း ပြဿနာတွေ စွဲထင်ပါမသွားအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ကြိုတင်သတိပေးပါ
မိဘနဲ့ သားသမီး ဆက်ဆံရေးမှာ ကြိုတင်သတိပေးတာက အကောင်းဆုံး ထိမ်းကျောင်းမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဘယ်ဟာကမှားပြီး ဘယ်ဟာက မှန်တယ်ဆိုတာကို ရှင်းပြဖို့ လိုအပ်ပါတယ်။ နေပုံထိုင်ပုံ၊

စားပုံသောက်ပုံ၊ သွားပုံ၊ လာပုံတွေမှာ ဘာတွေမလုပ်သင့်ဘူး၊ ဘာတွေက မသင့်တော်ဘူးဆိုတာကို သတိပေးထားရပါမယ်။ သတိပေးတယ်ဆိုတာဟာ ဆူဖို့ မာန်ဖို့ ပြောတာမဟုတ်ပါဘူး။ အမှား၊ အမှန်ကို ဆင်ချင်နိုင်စေဖို့ အတွေ့အကြုံနဲ့ အသိပညာတွေ မျှဝေခိုင်းတာသာဖြစ်ပါတယ်။ တစ်ချို့တွေက သတိပေးတယ်ဆိုတာကို ကြိုတင်မာန်မဲ ချိန်းခြောက်တာနဲ့ မှားတတ်ကြပါတယ်။ မာန်မဲချိန်းခြောက်တာမျိုးကတော့ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။

စိန်ခေါ်မှုတွေကနေ ကာကွယ်ပေးပါ
ဘဝဆိုတာ

စိန်ခေါ်မှုတွေ အခက်အခဲတွေ ပြည့်နှက်နေလေ့ရှိပါတယ်။ မိသားစုတိုင်း လူတိုင်းအတွက်ပါပဲ။ ကြီးမားတဲ့ ပြောင်းလဲမှုတွေ စိန်ခေါ်မှုတွေ ကြုံလာချိန်မှာ မိမိရဲ့ ရင်သွေးတွေအပေါ် သက်ရောက်မှုမရှိအောင် ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ကိုယ်ကိုယ်တိုင်တောင် ခက်ခဲစွာရင်ဆိုင်နေရမယ်ဆိုရင် လူမမယ်ကလေးငယ်တွေအနေနဲ့ ရင်ဆိုင်ဖို့ ဘယ်လောက်တောင်ခက်ခဲနေမလဲဆိုတာကို တွေးကြည့်နိုင်ပါတယ်။

သူတို့ဟာ ထိမ်းချုပ်နိုင်စွမ်းရှိသူတွေဆိုတာကို သိပါစေ
တစ်စုံတစ်ရာ ကြုံလာရချိန်တွေတိုင်းမှာ အခြေအနေတွေကို ကောင်းမွန်စွာ ထိမ်းချုပ်နိုင်တယ်ဆိုတာကို ကလေးတွေ သိပါစေ။ ကလေးတွေဟာ တည်ငြိမ်မှုကင်းမဲ့နေတဲ့ အခြေအနေမျိုေးတွကို ကြောက်ရွံ့ကြလေ့ရှိပါတယ်။ ဒီလို

စိတ်ခံစားချက် မျိုးဝင်လာခဲ့ရင် စိတ်ဒါဏ်ရာတွေအဖြစ် ကျန်ရစ်ခဲ့လေ့ရှိပါတယ်။ ဒီလိုဖြစ်မလာဖို့ သူတို့ကို ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ ဥပမာ ကိုယ်ပိုင် အိပ်ယာနဲ့ အိပ်စက်ခိုင်းတာမျိုးပေါ့။ သူတို့ကိုယ် သူတို့ ယုံကြည်မှုပိုတိုးလာအောင် ဖန်တီးပေးတာက စိတ်ဒါဏ်ရာတွေ နည်းပါးလာအောင် ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ဒီနည်းလမ်းတွေဟာ မိမိရဲ့ ရင်သွေးငယ်ကို စိတ်ခွန်အားပြည့်ဝတဲ့ သားသမီးရတနာလေးဖြစ်အောင် ကူညီနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ဦးနှောက်ဖွံ့ဖြိုးစေပြီး ခန္တာကိုယ်ဖွံ့ဖြိုးစေမယ့် အစားအစာမျိုးတွေကိုလည်း ရွေးချယ်ကျွေးမွေးဖို့ မမေ့ပါနဲ့နော်။  

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။


#ကလေးငယ်
#စိန်ခေါ်မှု
#နည်းလမ်း
#စိတ်ခွန်အား
#စိတ်

Some text some message..