မိန်းကလေးတွေရဲ့ တစ်နေ့တာအတွင်း မကျေနပ်သမျှတွေ၊ အလိုမကျသမျှတွေကို နားထောင်ပေးပြီး ကောင်လေးတွေနဲ့ပတ်သက်တဲ့ အကြံဥာဏ်တွေကို ပေးနိုင်ဖို့အတွက် ယောက်ျားလေးတွေဟာ အကောင်းဆုံးသူငယ်ချင်းတွေပါ။ ပျော်အောင်ထားမယ်၊ စနောက်မယ်၊ လိုအပ်တဲ့အချိန်ဆို အမြဲရှိနေပေးမှာကလည်း သူတို့တွေပါပဲ။ ဒါဆိုရင် တခြားအကြောင်းအရင်းလေးတွေကိုလည်း ဆက်ပြီးကြည့်လိုက်ရအောင်ပါ။
နှုတ်လုံတယ်
သုတေသနအရ အမျိုးသမီးတွေဟာ ၄၇ နာရီထက်ပိုပြီး လျှို့ဝှက်ချက်ကို မထိန်းသိမ်းထားနိုင်ပါဘူး။ အမျိုးသားတွေကျတော့ သူတို့ကိုပြောထားတဲ့စကားတွေကို မိနစ်အနည်းငယ်အတွင်းမှာ မေ့လွယ်တတ်ကြလို့ ကိုယ့်လျှို့ဝှက်ချက်တွေထိန်းသိမ်းပေးမယ့် သူတွေဆိုလည်းမမှားပါဘူး။
ချစ်သူအဖြစ်ဟန်ဆောင်နိုင်တယ်
အမျိုးသမီးအများစုဟာ တချို့သေူလူတွေရဲ့ အာရုံစူးစိုက်မှုကို ခံချင်ကြပါတယ်။ သို့သော်လည်း ကိုယ်တစ်ယောက်တည်းရှိနေချိန်မှာ ကိုယ်မသိတဲ့ သူစိမ်းတစ်ယောက်ဆီက စာဝင်လာတာ သို့မဟုတ် ကလပ်မှာ ယောက်ျားလေးတွေအနားကပ်လာတာမျိုးတွေက ပြဿနာဖြစ်လာနိုင်ပါတယ်။ သို့သော်လည်း ယောက်ျားလေးသူငယ်ချင်းရှိတယ်ဆိုရင်တော့ မလိုလားတဲ့အန္တရာယ်တွေမဖြစ်အောင် ကိုယ့်ချစ်သူအဖြစ် ဟန်ဆောင်ပေးနိုင်ပါတယ်။
ကိုယ်စားသောက်တာကို မကဲ့ရဲ့ဘူး
စားရသောက်ရတာကိုကြိုက်တဲ့ မိန်းကလေးတွေကို အမျိုးသားတွေက ဆွဲဆောင်မှုရှိတယ်လို့ တွေးကြပါတယ်။ ဒါကြောင့် ကိုယ်က ယောက်ျားလေးသူငယ်ချင်းနဲ့အတူ စားသောက်မယ်ဆိုရင်တော့ ကိုယ်စားချင်သမျှကို မစားမိအောင် ဘယ်သူမှဟန့်တားနိုင်မှာမဟုတ်ပါဘူး။
ယုံကြည်အားကိုးရတယ်
အမျိုးသမီးအများစုဟာ မိန်းကလေးသူငယ်ချင်းတွေထက် အမျိုးသားသူငယ်ချင်းတွေကို ပိုပြီး ပွင့်ပွင့်လင်းလင်း စကားပြောဆိုတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ယုံကြည်အားကိုးရပြီး ကိုယ့်ကိုလည်း ကာကွယ်ပေးကြပါတယ်။
#Lifestyle_Myanmar
#Thinzar
Ref- brightside