ချစ်မိပြီဆိုတဲ့ခံစားချက်တွေ ဝင်ရောက်လာတာနဲ့တပြိုင်နက် ကြည်နူးမှုတွေခံစားရသလို စိတ်ပင်ပန်းမှုတွေလဲ ခံစားလာရမှာအမှန်ပါပဲ။ အနည်းဆုံးတော့ ကိုယ်ချစ်ရသူနဲ့ပတ်သတ်ပြီး သဝန်တိုခြင်းတွေ၊ စိုးရိမ်ပူပန်ရခြင်းတွေ ခံစားလာရမယ်မဟု တ်ပါလား။
ကျွန်တော်ကိုယ်တိုင်လည်း မျက်တောင်လေးတစ်ခုကိုစွဲလမ်းခဲ့ဖူးပါတယ်။ မျက်တောင်လေးကတစ်ဆင့်မျက်ဝန်းနက်နက်လေးတွေထဲငေးမောကြည့်ရုံနဲ့အချစ်ကိုခံစားမိခဲ့ဖူးတယ်။
အချစ်ဆိုတာ ရည်းစားတွေ ၂ယောက် ၃ ယောက်ထားဖူးမှ အချစ်လို့ခေါ်ဆိုလို့ရနိုင်တာမျိုးမှမဟုတ်တာ။ တခါတလေ ပါးပြင်ပေါ်က အကြောစိမ်းစိမ်းလေးကိုဖြစ်ဖြစ် ရှည်လျားကော့သွယ်နေတဲ့ မျက်တောင်လေးကိုငေးမိရာကဖြစ်ဖြစ် အချစ်အကြောင်းဘာမှမသိတဲ့မျက်ဝန်းနက်နက်လေးထဲစီးမျောမိသွားရာမှဖြစ်ဖြစ် အချစ်အကြောင်းကိုဆုံးခန်းတိုင်နားလည်သွားတတ်ပါတယ်.ဒီတော့ အချစ်ဆိုတာဘယ်လိုအရာလဲဆိုတာနဲ့ အချစ်ရဲ့ဝိသေသ လက္ခဏာတွေအကြောင်း ဆွေးနွေးကြည့်ရအောင်..
အချစ်နဲ့မညီမျှခြင်းပြဿနာ
ချစ်မိပြီဆိုရင် ကိုယ်ချစ်တဲ့သူမှာမှားယွင်းမှုရှိရင်တောင် ဒီအမှားကိုလက်သင့်ခံပြီး အမှန်ကိုရင်ဆိုင်နိုင်အောင် ကြိုးစားကြပါတယ်။ အခြေအနေတဖက်ထဲကိုသာကြည့်ပြီး တဖက်လူကိုပြစ်တင်ဝေဖန်တာမျိုးမလုပ်ကြပါဘူး။
မှန်တယ် မှားတယ်ဆိုတာမျိုးတွေ ထညိ့မတွက်ဘဲ ဖြစ်လာတဲ့အခြေအနေကို ဖြစ်သင့်သလိုတန်ပြန်ပြုမူပြတာဟာချစ်ရဲ့အနှစ်သာရတခုပါ။ အချစ်ဆိုတာ လမ်းအတူတူလျှောက်သလိုပါပဲ။ လမ်းလျှောက်နိုင်ရဲ့သားနဲ့ မလျှောက်ချင်လို့ ကုန်းပိုးခိုင်းတာမျိုးမဟုတ်ပါဘူး။ ချစ်ရသူနဲ့ယှဉ်တွဲပြီး ခရောင်းလမ်းတွေအတူတူလှမ်းချင်တာမျိုးပါ။
လမ်းလျှောက်နိုင်ရဲ့သားနဲ့ မလိုအပ်ဘဲကုန်းပိုးပေးတာမျိုးမဟုတ်ပါဘူး။ လမ်းလျှောက်နေရင်း မတော်တဆခလုတ်တိုက်လဲကျသွားတဲ့အခါ ကြင်ကြင်နာနာတွဲထူပေးမယ့်လက်တစုံပါ။
အချစ်ဆိုတာ မလိုအပ်တဲ့အရာတွေကို အပိုလုပ်တာမျိုးမရှိသလို လိုအပ်ချိန်မှာလဲ ပြစ်တင်ဝေဖန်စောမကြီးတတ်ပါဘူး။ ချစ်တတ်တဲ့သူဆိုတာ အရာရာကို တစ်ဖက်ထဲကြည့်ပြီး အပိုလဲမလုပ်သလို အလိုလဲမဖြစ်စေအောင်ချစ်တတ်ကြတဲ့သူတွေပါ။ အချစ်ဆိုတာ ဒီလိုဝိသေသ အဓိပ္ပါယ်မျိုးရှိတဲ့အရာပါ။
အချစ်နဲ့မနာလိုမှုပြဿနာ
လူအများကဘယ်လိုတွေးတတ်ကြသလဲဆိုရင် ကိုယ်ချစ်ရတဲ့သူကိုသဝန်မတိုတာဟာ သူ့ကိုမချစ်လို့လို့တွေးတတ်ကြပါတယ်။ တကယ်တော့သဝန်တိုခြင်းနဲ့ချစ်ခြင်းဟာ မသက်ဆိုင်ပါဘူး။ အချစ်ရဲ့အဓိပ္ပါယ်မှာသဝန်တိုခြင်းတွေမပါဝင်ပါဘူး။
အချစ်ဟာခံစားဖို့ခက်ခဲတဲ့အရာဖြစ်တဲ့အတွက် ချစ်မိပြီဆိုရင်လဲခိုင်မာမှုရှိပြီးသားပါ။ ဒီအထဲမှာ အချစ်ကိုအပြောနဲ့အကြားကတဆင့်ပြောတာမျိုးကြားတာမျိုးကြောင့်ချစ်တယ်လို့ထင်ကြသူ တွေမပါပါဘူး။ အချစ်ဆိုတဲ့စကားလူံးကိုဖောင်းကြွနေအောင်လှိုင်လှိုင်သုံးစွဲနေတဲ့သူတွေလဲမပါဝင်ပါဘူး။
အချစ်ကိုကိုယ်တိုင်ခံစားမိတဲ့ ကိုယ်ချစ်ရသူကိုလဲခံစားမှုတွေပေးစွမ်းနိုင်တဲ့သူတွေမှာသာ ခိုင်မာမှုတွေရှိနေတာပါ။ ဒီခိုင်မာမှုထဲကို သဝန်တိုစရာ မနာလိုစရာ အူတိုစရာတွေတိုးဝင်မလာနိုင်ပါဘူး။
လွတ်လပ်မှုကိုတောင် တယောက်ကိူတယောက်မြတ်နိုးမှုနဲ့ ထိနိးကွပ်ပြီးခံစားတဲ့သူတွေမှာ ကိုယ့်အချစ်ရဲ့အရည်အသွေးအပေါ်ယုံကြည်စိတ်ချမှုတွေပါလာပြီးသားပါ။
သူဟာဒီလိုလူမျိုးတော့မဟုတ်လောက်ပါဘူးလို့တွေးပြီး တယောက်ရဲ့အချစ်ကိုတယောက် အပြန်အလှန်ယုံကြည်ကြတာမျိုးထက် ကိုယ့်ရဲ့အချစ်ကိုကိုယ်တိုင်ယုံကြည်စိတ်ချကြတဲ့သူမျိုးတွေမှာ အသေးအမွှားလေးတွေခံစားနေဖို့အချိနိမရှိပါဘူး။
အဲ့ဒီလိုဘာကြောင့်ဖြစ်ရသလဲဆိုရင် ကိုယ်စီ ကိုယ်စီ ကိုယ့်အသွေးအသား လုံးသားထဲကခံစားမှုကို အချစ်လို့အမည်တပ်လိုက်ကတည်းက အဲ့ဒီခံစားမှုကခိုင်မာနေပြီးသားမို့လို့ပါ။ ဒါဟာလဲအဓိပ္ပါယ်ပြည့်ဝတဲ့အချစ်ဝိသေသတခုပါပဲ။
အချစ်နဲ့လိုအပ်ခြင်းပြဿနာ
လိုအပ်ခြင်းထက်လိုချင်မှုသာဖြစ်တယ် လိုအပ်တာနဲ့လိုချင်တာမတူညီပါဘူး။ တချို့ကကိုယ်လိုချင်သမျှအရာတိုင်းကို ကို ယ့်ရဲ့လိုအပ်ချက်လို့တွေးတတ်ကြသလို ကိုယ်လိုအပ်တဲ့အရာကိုလဲမရရတဲ့နည်းနဲ့လိုချင်စိတ်တွေဖြစ်တတ်ကြတယ်။
ဒီတော့မလိုလားအပ်တဲ့အမှားတွေဖြစ်တတ်ကြပါတယ်။ လူတယောက်ကိုလိုအပ်တာဟာ အခြေအနေအမျိုးမျိုးရှိပါတယ်။ ကိုယ်တယောက်ထဲနေရမှာကြောက်လို့ တခြားလူတွေကိုလိုအပ်တာမျိုးလဲရှိပါတယ်။ အဲ့ဒါဟာတခုခုကို ကြောက်လန့်ရတဲ့စိတ်ကြောင့်ဖြစ်လာတာမျိုးပါ။
တခုခုကို ကြောက်နေရပြီဆိုရင် အဲ့ဒီအရာကိုရင်မဆိုင်ရဲလို့ တခြားအရာတွေကိုလိုအပ်လာပါတယ်။ တခုခုကိုချစ်တဲ့စိတ်ဖြစ်မိရင်တော့ အဲ့ဒီအရာကိုပဲလိုချင်လာတာကြောင့် တခြားအရာတွေမလိုအပ်တော့သလိုဖြစ်သွားပါတယ်။
ဒါကြောင့်ချစ်တာနဲ့ကြောက်တာက အတော်ခြားနားပါတယ်။ တယောက်ယောက်က ကိုယ့်ကိုလိုအပ်တာလား လိုချင်တာလားသိဖို့လိုပါတယ်။ မင်းမရှိဘဲကိုယ်မနေနိုင်ဘူးလို့ဆိုရင်တော့စဉ်းစားစရာလိုလာပါပြီ။
ချစ်တဲ့သူတွေကတော့ ကိုယ်ချစ်ရသူကို ကိုယ့်ရဲ့လိုအပ်မှုထက် သူ့ရဲ့လိုချင်မှုကိုသာဦးစားပေးတတ်ကြပါတယ်။ကိုယ်ပျော်ရွှင်မှုလိုအပ်တာထက် ကိုယ်ချစ်ရသူရဲ့ပျော်ရွှင်မှုကိုပိုလိုချင်ကြသူတွေပါ။
တယောက်ယောက်ကိုချစ်မိလို့ လိုချင်တဲ့စိတ်ဖြစ်မိပေမယ့်လဲ သူမနေချင်တော့လို့ကိုယိ့အနားကထွက်သွားမယ်ဆိုရင်တေ ာင် သူ့ရဲ့ဖြစ်ချင်မှုသဘောထားကိုဦးစားပေးတတ်ကြပါတယ်။
လူကျန်ရစ်ခဲ့သလို အချစ်တွေလဲသူ့အတွက်အမြဲရှိနေတတ်ကြပါတယ်။ ဒီလိုအချစ်ဝိသေသကတော့ တကယ်ကိုရှားပါတယ်။
အချစ်နဲ့ကွဲပြားခြားနားခြင်းပြဿနာ
လူတိုင်းထပ်တူမညီကြပါဘူး။ တဗိုက်ထဲကတနေ့တည်းထွက်လာတဲ့ အမွှာတွေတောင်မှ အတိအကျမတူညီကြပါဘူး။ သူတို့ရဲ့ရပ်တည်မှု၊ အတွေ့အကြုံ၊ အမြင်သဘောထားတွေကခြားနားနေနိုင်ပါတယ်။ တယောက်ယောက်ကိုလုံးသားထဲကခံ စားပြီးချစ်ကြသူတွေဟာ ကိုယ်ချစ်ရသူရဲ့အတွေးအမြင် သဘောထား အယူအဆတွေကို ကိုယ်နဲ့မတူလိူ့ ကွဲပြားနေလို့ ခြားနားနေလို့ဆိုတဲ့အကြောင်းအရာအပေါ်မကြည့်တတ်ကြပါဘူး။
သူ့ရဲ့ကွဲပြားတဲ့အမြင် ခြားနားတဲ့ပုံစံတွေကို နားလည်လက်ခံပေးဖို့ပဲ ကြိုးစားတတ်ကြပါတယ်။ တခြားလူရဲ့ ဖြစ်တည်မှုကိုဝင်ခံစားကြည့်ပြီး သူတို့ရဲ့သဘောထားအမြင်တွေကို နားလည်ပေးတတ်ကြပါတယ်။
ကိုယ်ချစ်ရသူရဲ့ ခံစားချက်ကို သချာနားလည်ကြင်နာတတ်ကြပါတယ်။ ဒါကြောင့် relationshipတခုဖြစ်သွားတိုင်းလဲ ချ စ်တတ်တဲ့သူ အချစ်ကိုခံစားတတ်တဲ့သူဖြစ်သွားတာမဟုတ်ပါဘူး။
အချစ်ကို ခံစားတတ်သူတွေ ကိုယ်ခံစားမိသလိူကိုယ်ချစ်ရသူကိုလဲခံစားမိအောင်လုပ်ပေးနိုင်စွမ်းရှိသူတွေဟာ သူတို့ကိုချစ်မိတဲ့သူကို အမြဲကံကောင်းတဲ့သူတယောက်လိုခံစားရစေအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။
သင့်ကို ကောင်းမွန်မှုကြင်နာမှု တန်ဖိုးထားမှုတွေနဲ့ထိုက်တန်တဲ့သူတယောက်လိုခံစားရစေအောင်ချစ်တတ်ကြသူတွေပါ။ ဒီလိုအချစ်ဝိသေသမျိုးဟာလဲ အဓိပ္ပါယ်ပြည့်ဝတယ်လို့ဆိုရပါမယ်။
ကဲ..ဒါတွေကတော့နှလုံးသားထဲကခံစားပြီးချစ်မိသူတိုင်းမှာ ရှိနေကြတဲ့အချစ်ရဲ့ဝိသေသလက္ခဏာလေးတွေပဲဖြစ်ပါတယ်။ လပြေညင်းလေးလို ညင်ညင်သာသာတိုးဝင်လာတဲ့ နူးညံ့တဲ့ခံစားမှုတွေကို အရိုးသားဆုံးခံစားတတ်မှသာ အချစ်ရဲ့အဓိပ္ပါယ်ကိုသိနားလည်မှာပါ။
ဒါမှသာကိုယ့်အပေါ်ချစ်ခင်ပေးနေသူတွေရဲ့တန်ဖိုးအနှစ်သာရကိုလဲသိနားလည်လာမှာပါ။ အချစ်ဆိုတာနှလုံးသား အသွေး အသားထဲမှာ ခံစားမှုတွေချက်ချင်းထိတွေ့ပေါက်ဖွားလာမှုပါပဲ။ အချစ်ဆိုတာနှလုံးသားနှစ်ခုဟာ တစ်ခုထဲဖြစ်သွားသလို ထပ်တူကျခြင်းမျိုးမဟုတ်ဘဲ နှလုံးသားအချင်းချင်း ခံစားနားလည်ပေးနိုင်တာမျိုးပါ။
…
ချစ်သူစုံတွဲတွေလဲကိုယ့်ရဲ့relationshipမှာဘယ်လိုဝိသေသလက္ခဏာလေးတွေရှိလဲဆိုတာဆန်းစစ်ကြည့်လိုက်ကြရအောင်နော်။ချစ်မိကြသူတိုင်း အချစ်အဓိပ္ပါယ်ပြည့်ဝကြပါစေ..
#Lifestyle_Myanmar
#Mg_Htet
REF_huffpost.com