အခက်အခဲတွေ အတားအဆီးတွေဆိုတာ ဘဝမှာလူတိုင်းကြုံတွေ့ရင်ဆိုင်နေရတဲ့အရာတွေပါပဲ။ သူတပါးအပေါ် အပြစ်မြင်လေ့ရှိပြီး အပြစ်တင်နေတတ်တဲ့တချို့လူတွေကတော့ negativeရှုထောင့်ကနေသာအမြဲကြည့်တတ်ပြီး သူတို့ရဲ့ပြ ဿနာရပ်တွေ၊ စိတ်ဒုက္ခရောက်ရမှုတွေဟာ တခြားသူတွေကြောင့်သာ ဖြစ်ရတယ်လို့တွေးထင်နေကြလေ့ရှိပါတယ်။
တကယ်တော့ သူတို့ရဲ့စိတ်ကိုက ပြဿနာဖြစ်နေတာပါ။ သူတို့ကသူတို့လုပ်သမျှကိစ္စရပ်တွေဟာ အမြဲအဆင်ပြေချောမွေ့နေမယ်လို့ယူဆတတ်ကြတဲ့အတွက် လုပ်သမျှအရာရာတိုင်းမှာ ဖြေရှင်းစရာပြဿနာဆိုတာမရှိဘူးလို့ အသေအချာထင် မှတ်ထားလေ့ရှိကြသူတွေဖြစ်ပါတယ်။
ဒီလိုတွေးထင်ကြတဲ့အတွက် တခုခုကြောင့်အဖုအထစ်လေးတွေရှိလာတဲ့အခါ သူတို့ကိုဘယ်သူကမှကူညီချင်လိုစိတ်မရှိကြတဲ့အတွက် အကူအညီလုံးဝကင်းမဲ့တဲ့အခြေအနေတွေလဲကြုံရတတ်ပြန်ပါတယ်။
ကျွန်ပ်တို့ရဲ့နေ့စဉ်လူမှုဘဝမှာလဲ ဒီလိုလူတွေနဲ့ဆက်နွယ်ပတ်သတ်ရကောင်း ပတ်သတ်ရပါလိမ့်မယ်။ ဒီလိုဆုံရတဲ့အခါမှာ ကိုယ့်ဘက်ကသူတို့ရဲ့အနေအထားကို သိနားလည်ပြီး သူတို့အပေါ်ဂရုဏာသက်စွာပြောဆိုဆက်ဆံပေး၊ အကူအညီပေးပေမယ့်လည်း တခါတလေမှာသူတို့်ဘက်က ခွေးမြီးကောက်ကျည်တောက်စွပ်သလိုပဲဖြစ်နေတတ်ပါတယ်။
ကိုယ့်စေတနာကိုနားမလည်တဲ့အပြင် သူတို့ကတောင်ပြန်ပြီး သူတို့စိတ်အတိုင်း ကြိုးကိုင်ခြယ်လှယ်လိုတတ်ကြပါသေးတယ်။ သင်တို့အနားမှာလဲ ဒီလိုလူတွေအနည်းနဲ့အများရှိနေနိုင်ပါတယ်။
သူတို့ရဲ့စိတ်ကိုဖုံးကွယ်ကာဟန်ဆောင်ဆက်ဆံနေတာတွေအပြစ်တင်ဝေဖန်လိုစိတ်တွေနဲ့ စောင့်ကြည့်နေတာတွေကို ရိပ် စားမိစေဖို့နဲ့ သင့်အနားကလူတွေမှာဘယ်လိုစရိုက်လက္ခဏာတွေရှိနေလဲဆိုတာဆန်းစစ်လို့ရအောင် ဒီအချက်လေးတွေကို လေ့လာကြည့်လိုက်ကြရအောင်နော်။
အနှောင့်အယှက်ပေးခြင်း
တခြားလူတွေအပေါ်အမြဲလိုလို မကောင်းမြင်တဲ့ဘက်ကကြည့်ပြီး အပြစ်တင်တတ်လေ့ရှိကြသူတွေဟာ သူတို့ရဲ့အပြုအမူ၊ သဘောထားအမြင်ကို ထောက်ပြပြောဆိုတဲ့အခါမှာ တဖက်လူပြောတဲ့အကြံပေးစကားကိုနားထောင်ပေးလိုစိတ်မရှိကြပါဘူး။ အဲ့လိုပြောလာရင်လဲစကားလမ်းကြောင်းလွှဲသလိူလိုနဲ့ တဖက်လူစကားပြောမရအောင်နည်းအမျိုးမျိုးနဲ့တားဆီးပိတ်ပင်ကြပါတယ်။
စကားစပြတ်သွားအောင် အနှောင့်အယှက်ပေးတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ကို တယောက်ယောက်ကထောက်ပြ ပြောဆိုလို့ သူတို့ကြောင့် တခုခုအဆိပ်အတောက်ဖြစ်ရတယ်ဆိုတာမျိုးတွေ ကြုံရသိရမှာကို မလိုလား၊မနှစ်သက်ကြပါဘူး။ဒါကြောငိ့လဲ တဖက်လူရဲ့စကားကိုနားထောင်လိုစိတ်မရှိကြတာပါ။
တဖက်ကလိုအပ်လို့ပြောဆိုတာကိုလဲ သူတို့ရဲ့စိတ်မှာ ဒါကိုသာထပ်တလဲလဲပြောနေတယ်လို့ထင်မှတ်ကြပြီး အဲ့ဒီလူတွေနဲ့အဆက်အသွယ်ဖြတ်တောက်ပြီး မခေါ်မပြောဘဲတောင်နေတတ်ကြပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာခံစားမှုလွန်ကဲတဲ့ ဆင် ခြင်သုံးသပ်နိုင်စွမ်းနည်းပါးတဲ့စိတ်အခြေအနေဟာ ရှိရင်းစွဲလူမှုဆက်ဆံရေးတခုကိုပရမ်းပတာအခြေအနေမျိုးတွေဖြစ်သွားစေနိုင်ပါတယ်။ သိုသော်လဲ သူတို့်ကတော့ သူတို့မှားနေတယ်လို့ကိုမထင်မှတ်ကြပါဘူး။
သံသယစိတ်များခြင်း
သူတို့ကိုယ်တိုင်က သူတို့ကိုယ်သူတို့မှန်တယ်လို့သာထင်မှတိမိတတ်ကြသော်လည်း တကယ်တမ်းကျတော့ သူတို့ကိုယ်သူတို့ယုံကြည်မှုပျောက်ဆုံးနေတတ်ကြပါတယ်။ သူတို့ဖြစ်နေသလို တခြားလူတွေလဲဖြစ်နေမှာပဲလို့ ထပ်ဆငိ့တွေးမှတိလိုကိတဲ့အတွက်လဲ တခြားဘယ်သူ့ကိုမှယုံကြည်မှုမထားရဲသလိုဖြစ်နေတတ်ကြတယ်။
ကိုယ့်ကိုကိုယ်ယုံကြည်မှုအားနည်းတဲ့အတွက်ကြောင့် တခြားလူတွေအပေါ် ယုံကြည်တတ်တဲ့စိတ်ကလဲ တဖြေးဖြေးနည်းသထက်နည်းလာပါတယ်။ ဒါကြောင့်လဲ တဖက်လူရဲ့အပြုအမူ အပြောအဆိူတွေအပေါ် အမြဲလိုလိုသံသာပွားများနေတတ်ကြပြီး နားဝင်အောင် သူတို့လက်ခံယုံကြည်အောင် စည်းရုံးသိမ်းသွင်းနိုင်ဖို့်ခက်ခဲကြပါတယ်။
နှိုင်းယှဉ်လွန်းခြင်း
ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ် ယုံကြည်မှုအားနည်းတဲ့အတွက်ကြောင့် သူတို့ကိုသူတို့အများနဲ့နှိုင်းယှဉ်တတ်လေ့ရှိပါတယ်။တခြားလူတွေထက် သူတို့ကောင်းသည်ဖြစ်စေ ဆိူးသည်ဖြစ်စေ ဒီလိုနှိုင်းယှဉ်ပြီးကြည့်တတ်မြင်တတ်တဲ့စိတ်ကိုတော့ မရပ်တန့်နိုင်ကြပါဘူး။
ပုံမှန်အားဖြင့် သူတို့ကိုသူတို့အများနဲ့နှိုင်းယှဉ်ပြီး ကြည့်လေ့ရှိတဲ့အခါမှာ negative wayနဲ့သာမြင်တတ်ကြတာမို့ စိ တ်ဓာတ်ကျရတာတွေ စိတ်အားငယ်ရတာတွေဖြစ်တတ်ပါတယ်။ ဒီလိုကိုယ့်ကိုကိုယ်ဝေဖန်အကဲဖြတ်မှုနည်းလမ်း မှားယွင်းတာဟာ ကိုယ်တိုက်အတွက်ကော ဘေးပတ်ဝန်းကျင်ကကိုယ့်အနီးနားကလူတွေကိုပါ ထိခိုက်စေတတ်ပါတယ်။
ဘာလို့လဲဆိုရင် negative wayနဲ့ self-criticizing လုပ်မိတာဟာ ကိုယ်တိုင်စိတ်ဓာတ်ကျ စိတ်ဒုက္ခရောက်ရသလို ဘေးနားကလူတွေကိုပါမကောင်းမြင်စိတ်များလာတာ၊ ကြည့်လို့မရဖြစ်လာတာမျိုးတွေစိတ်မှာဖြစ်လာလေ့ရှိတတ်လို့ပါပဲ။
ဘာလို့လဲဆိုရင် သူတို့အတွေးထဲမှာ “ငါဘာကြောင့်သူတို့လိုမဖြစ်ရတာလဲဆိုတဲ့အတွေးတွေကိုပဲအမြဲဖက်တွယ်ထားတတ်ကြတယ်။ ဒါဟာ လူတိုင်းစိတ်ပိုင်း ရုပ်ပိုင်းကုံလုံပြည့်စုံနေတဲ့သူဆိုတာမရှိသလို တခုမဟုတ်တခုတော့အားနည်းချက်တွေရှိနေတတ်ကြတယ်ဆိုတဲ့ပုံမှန်သဘောသဘာဝကိုအတင်းမေ့ဖျောက်ထားသလိုဖြစ်နေတတ်တာကြောင့်ပါပဲ။
ရန်လိုစိတ်သဘောရှိခြင်း
သူတို့ဟာ မတူညီတဲ့အတွေးတွေ၊ အမြင်တွေ၊ ဝဖန်သုံးသပ်ချက်တွေနဲ့ပတ်သတ်ပြီး တခြားလူတွေနဲ့သဘောထားချင်းမတိုက်ဆိုင်ခဲ့ရင်လဲ ပင်းပြင်းထန်ထန် ငြင်းခုံတတ်လေ့ရှိပြီး ရန်လိုတဲ့စိတ်တွေအထိပါဖြစ်တတ်ကြပါတယ်။
တယောက်ယောက်က တခုခုကိုမကြိုက်နှစ်သက်တဲ့အကြောင်းပြောလာရင် ပုံမှန်တုန့်ပြန်ပြောဆိုတာမျိုးထက် ;ဘယ်သူကမင်းရဲ့သဘောထားအမြင်ကိုမေးလို့လဲဆိုတဲ့စကားလုံးမျိုးနဲ့တုန့်ပြန်တတ်လေ့ရှိတတ် ကြပါတယ်။ ဒါကြောင့်ဒီလိုလူတွေဟာ စကားဝိုင်းတွေမှာ လူအများနဲ့အချေအတင်စကားပြောဆိုကြတဲ့အခါ ဘယ်သူနဲ့မှသဘောထားချင်းမတိုက်ဆိုင်၊ ညှိယူလို့မရဖြစ်နေတတ်ကြပါတယ်။ သူတို့စိတ်ထဲမှာဘယ်လိုဖြစ်နေလဲဆိုတော့ လူတွေဟာသူတို့ကိုပဲ ဝိုင်းပြီးအပြစ်မြင် အ ပြစ်ရှာနေတယ်လို့တွေးမိနေတတ်လို့ပါ။
ဒီလိုအမြဲတွေးမိနေတတ်တာကြောင့် ဘယ်သူဘာပြောပြော positive way ဘက်ကနေ မသုံးသပ်မစဉ်းစားတော့ဘဲ ချက်ချင်းဆိုသလို ပြန်လည်တိုက်ဖို့် ခိုက်ဖို့်ရန်လိုဖို့အဆင်သင့်ဖြစ်နေတတ်ကြပါတယ်။
တာဝန်သိစိတ်ကင်းမဲခြင်း
ဒီလိုတပါးသူကိုအပြစ်တင် အပြစ်မြင်စိတ်များနေတဲ့သူတွေဟာ သူတို့ဘဝမှာဘယ်လိုပြဿနာရပ်တွေပဲဖြစ်လာလာ ဘ ယ်လိုဒုက္ခတွေပဲကြုံလာလာ တခြားလူတွေရဲ့ပယောဂကြောင့်သာ ဒီလိုဖြစ်လာရတယ်လို့တွေးထင်တတ်ကြပါတယ်။
တခြားလူတွေကိုပဲအပြစ်တင်တတ်ကြလေ့ရှိတယ်။ သူတို့ကြောင့်ဖြစ်တာလို့မယူဆတဲ့အတွက် ဘာတာဝန်မှယူပေးစရာမလိုဘူးလို့လဲမှတ်ယူထားတတ်ကြပါတယ်။ တခြားလူတွေကိုသာ အကြောင်းမရှိအကြောင်းရှာပြီး တခြားသူတာဝန်ဖြစ်ရအောင်လုပ်တတ်ကြပါတယ်။
ဒီလိုလုပ်တာဟာ သူတို့ရဲ့အမှားကိုသူတို့လက်သင့်မခံနိုင်အောင် လုပ်နေတဲ့အရာတွေရှိနေလို့ပါပဲ။ အဲ့ဒါကတော့ ငါလုပ်တာကအမြဲကောင်းတယ် ငါသာလျှင်အားလုံးထက်ပိုကောင်းအောင်လုပ်ဆောင်နိုင်တယ်ဆိုတဲ့
မသိစိတ်ထဲမှာသေချာဖမ်းဆုပ်ထားတဲ့ ခံစားချက်၊အတွေးတွေကို သူတို့ကြောင့်တစုံတခုမှားယွင်းလာတဲ့အခါမှာ သူတို့ကိုယ်တိုင်ရင်မဆိုင်ရဲဖြစ်တတ်ကြတာကြောင့်ပါပဲ။
ဒါကြောင့်လဲ ဘယ်သူမပြုမိမိအမှုဆိုတာမျိုးကိူလက်မခံဘဲ တခြားလူကိုသာအကြောင်းရှာပြီးတာဝန်ပုံချတတ်ကြပါတယ်။ သင်ရောဒီလိုလူတွေနဲ့ဆုံဖူးပါသလား။ ဆုံလာတဲ့အခါမှာသင်ဘယ်လိုဆက်ဆံပြုမူသလဲ။ ဒီလိုလူတွေနဲ့ဆုံခဲ့ရတဲ့ သင့်အတွေ့အကြုံလေးတွေအပြင် သူတို့နဲ့ဘယ်လိုမျိုး ပေါင်းသင်းဆက်ဆံသလဲဆိုတာလေးတွေကိုလဲ ကွန့်မန့်လေးရေးပြီး ဝေမျှခဲ့ပါဦးနော်။
#Lifestyle_Myanmar
#May_Htet
REF_ brightside