ဓာတ်ပုံ - စိန်သီး
မြန်မာ့ပင်လယ်ပြင်တွင် ရေသယံဇာတရှားပါးလာမှုကို သုတေသနဆောင်ရွက်မည်
မြန်မာ့ပင်လယ်ပြင်တွင် ရေသယံ ဇာတရှားပါးလာမှု ကြုံတွေ့နေရခြင်း ကြောင့် နော်ဝေနိုင်ငံနှင့်ပူးပေါင်းကာ သုတေသန လုပ်ငန်းများကို လုပ်ဆောင် မည်ဖြစ်ကြောင်း သိရသည်။
ရေသယံဇာတလျော့နည်းမှုနှင့် အတူ ဈေးကွက်မဝင်သောငါးသေး များသာ ကျန်ရှိသောကြောင့် ပင်လယ် ပြင်ငါးဖမ်းစက်လှေများသည် တစ် ကြိမ်တစ်ခါမှ မကြုံဖူးသော ရေသယံ ဇာတရှားပါးမှုကို နှစ်လကျော်ရင်ဆိုင် နေရခြင်းဖြစ်သည်။
''မြန်မာ့ပင်လယ်ပြင်မှာ ငါးကြီး၊ ငါးကောင်းတွေရှားသွားပါပြီ။ ငါး သေးငါးမွှားတွေပဲ ကျန်တယ်ဆိုတာက ငါးကြီးတွေ မစားလို့ ကျန်နေတာလို့ ယူဆလို့ ရပါတယ်။ သုတေသနလုပ်ငန်း မှာ ငါးကြီးရှားပါးလာမှုအပြင် ပင်လယ် ပြင်မှာ ပလတ်စတစ်အမှိုက် ပေါများ လာတာကိုလည်း တွေ့ရတယ်။ ဒါ ကြောင့် ငါးလုပ်ငန်းဦးစီးဌာန တစ်ခု တည်းမဟုတ်ဘဲ မြိတ်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ပုသိမ်တက္ကသိုလ် များနဲ့ နော်ဝေနိုင်ငံ ပူးပေါင်းပြီး ပင် လယ်ပြင်ငါးမျိုးစိတ်တွေရဲ့ အခြေ အနေကို သိရှိဖို့ ဆက်လက်သုတေသန ပြုသွားမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာဒေါ်ယဉ်ယဉ်မိုးက ပြော သည်။
ကမ်းနီး၊ ကမ်းဝေးငါးဖမ်းဆီးရာ တွင် နှစ်စဉ်ဇွန်၊ ဇူလိုင်၊ သြဂုတ်သုံးလ သည် ငါးမဖမ်းဆီးရရာသီအဖြစ် တားမြစ်ထားပြီး ပင်လယ်ပြင်၌ ငါးမျိုး စိတ်ပေါက်ဖွားမှုအချိန်ကာလ မတူ ညီသော်လည်း ငါးအများဆုံးပေါက် ဖွားသော ရာသီကို သုတေသနပြု လုပ်၍ ငါးမဖမ်းဆီးရ ရာသီကို ပြန် လည်သတ်မှတ်ခြင်းဖြင့် ပင်လယ်ပြင် ရေသယံဇာတကို ထိန်းသိမ်းစောင့် ရှောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
''တစ်နိုင်ငံလုံးငါး၊ ပုစွန် စတဲ့ ရေ သယံဇာတကို ဘယ်လိုကာကွယ်ထိန်း သိမ်းလိုက်နာ စောင့်ရှောက်မလဲဆိုတာ ဆွေးနွေးပြီး ရလဒ်အတိုင်း လိုက်နာ ဆောင်ရွက်မယ်ဆိုရင် အချိန်မီနိုင်ပါ သေးတယ်။ ယခင်နှစ် ဒီရာသီတွေမှာ ငါးဖမ်းလို့ရသေးတယ်။ ဒီနှစ်ငါးဖမ်း လို့မရဘူး ပျောက်သွားပြီ၊ ငါးဖမ်း စက်လှေတွေလည်းအခက်အခဲတွေ ရှိနေတယ်။ ဘာ့ကြောင့်လျော့နည်း သွားတယ်ဆိုတာ အကြောင်းအမျိုး မျိုးလည်းရှိနိုင်မယ်''ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
၁၉၇၉–၁၉၈ဝ ခုနှစ်ကမြန်မာ့ ပင်လယ်ပြင်ရှိငါး၊ ပုစွန်သယံဇာတ နှင့် ၂ဝ၁၃ -ခုနှစ်မှ ၂ဝ၁၈- ခုနှစ်ထိ ရေသယံဇာတဆန်းစစ်ချက်အရ များစွာ ကွာခြားခဲ့ရာရေပေါ်ငါး ၁ဝ ရာခိုင်နှုန်း နှင့် ရေအောက်၃၃ရာခိုင်နှုန်းသာ ကျန်ရှိပြီး ၂ဝ၂ဝ ပြည့်နှစ်တွင်ငါးကြီး များ ဖမ်းဆီးနိုင်ခြင်းမရှိခြင်းသည် ပင်လယ်ပြင် သုတေသနလုပ်ငန်းများ ကို မြန်ဆန်စွာလုပ်ကိုင်ရန်လိုအပ် ကြောင်း နှိုးဆော်လျက်ရှိသည်။
''ပင်လယ်ပြင်မှာ ငါးအသေးပဲ ကျန်ရှိတာဟာ အဲ့ဒီငါးသေးတွေကို စားတဲ့ငါးကြီးတွေမရှိတော့လို့ ငါးသေး ငါးမွှားတွေပဲတွေ့ရတာပါ။ ငါးမဖမ်းရ သုံးလပိတ်ပြီးနောက် ပြန်ဖွင့်တဲ့အချိန် မှာ ငါးတွေ ထူးထူးခြားခြားဖမ်းဆီး နိုင်ခဲ့တယ်။ ဇန်ဝါရိီလကစပြီးငါးလုံးဝ မမိတော့ဘူး။ စိုးရိမ်ဖွယ်ငါးနည်းသွားပြီ လို့ ဖမ်းဆီးတဲ့သူတွေကပြောတယ်။ ဒီလိုကိစ္စမျိုး ဖြစ်လာနိုင်တယ်ဆိုတာ လွန်ခဲ့သော ဆယ်စုနှစ်များစွာထဲက တင်ပြဖူးပါတယ်။ အခုကြုံတွေ့နေ ရပြီ။ ပင်လယ်ပြင်သာမကဘူး၊ ရေချို ပိုင်းမှာလည်း ငါးရှားလာပြီ။ ဒါပေမဲ့ ရေချိုပိုင်းမှာ ငါးသားဖောက်ကနေ ပြန်ပြီးမွေးလို့ရသေးတယ်။ ရေသယံ ဇာတ လျော့နည်းပျောက်ကွယ်လာ တာကို ဒီနေ့ပင်လယ်ပြင်က သံချောင်း ခေါက် အချက်ပြလိုက်တာပါပဲ။ ကုသ တဲ့နည်းတွေနဲ့ မြန်မြန်ပြန်လည်ထိန်း သိမ်းဖို့လိုအပ်နေပါပြီ''ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တိုး နန္ဒာတင်က ပြောသည်။