
ဥရောပ ကားအများစုနဲ့ နည်းပညာမြင့် ဂျပန်ကားတွေမှာအသုံးပြုလာကြတဲ့ Dual Clutch Transmission အကြောင်း
ကျနော်တို့ ကားလောက လူတွေ ၊ ကားမောင်းသူတွေ အများဆုံး သိကြတဲ့ ဂီယာအမျိုးအစားက Manual Gear နဲ့ Auto Gear အမျိုးအစားဆိုပြီး နှစ်မျိုးရှိတယ်လို့ အကြမ်းမျဉ်းသိထားကြပါတယ် ။
Manual ဂီယာဘောက်ဆိုတာကတော့ ဟိုးအရင် ကားတွေမှာပါတဲ့ Clutch နင်းပြီး ဂီယာပြောင်းရ (No.1, No.2, No.3, No.4 etc.) ၊ ဂီယာထိုးရတဲ့ ကားတွေဖြစ်ပြီး ၊ အခုနောက်ပိုင်းမော်ဒယ်မြင့်ကားတွေမှာတော့ Manual Gear တွေလို အမြဲရွှေ့ပြောင်းနေစရာ မလိုဘဲ ဂီယာတခါထိုးပြီးရင် အလိုအလျောက် ဂီယာအရွှေ့ အပြောင်း လုပ်ပေးတဲ့ အော်တိုဂီယာစနစ်သုံး ဂီယာဘောက်တွေ ဖြစ်ပေါ်လာပါပြီ ။
Dual Clutch Transmission ဆိုတာဘာလဲ?
Dual Clutch Transmission ဆိုတာကို မြန်မာလို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ Clutch ပြား နှစ်ခုပါတဲ့ ဂီယာဘောက်အမျိုးအစားပါ ။ ဒါပေမယ့် သူရဲ့ တကယ့်အလုပ်လုပ်ကို ကြည့်ပြီးပြောမယ် ဆိုရင်တော့ Manual Gear ပုံစံဖြစ်ပေမယ့် ကားမောင်းသူက Clutch ကိုနင်း ဂီယာပြောင်းစရာမလိုဘဲ အတွင်းပိုင်းမှာ Clutch နစ်ခု တပ်ဆင်ထားပြီး ဂီယာတွေကို အော်တိုချိတ်ဆက်ကစားနိုင်အောင် လုပ်ပေးတဲ့ ဂီယာဘောက်အမျိုးအစားပါ ။ဒါကြောင့် ဒီဂီယာဘောက်အမျိုးအစားကို Automated Manual Transmission လို့လည်းခေါ်ဆိုကြပါတယ် ။
Clutch တခုတည်းပါတဲ့ Manual Gear Box တွေ ဘယ်လိုအလုပ်လုပ်သလဲ?
Dual Clutch Transmission ဂီယာဘောက်အမျိုးအစားကို နားလည်သဘောပေါက်ဖို့ သူနဲ့သဘောတရား ဆင်တူတဲ့ Manual Gear Box အကြောင်းကို အနည်းငယ်နားလည်ဖို့လိုအပ်ပါတယ် ။ ဟိုးအရင်ခေတ် ကားဟောင်းတွေကစလို့ ယနေ့ခေတ် အချိန်အခါထိ Manual Gear Box တွေကို သုံးစွဲနေကြတုန်းပါ ။ ကျနော်တို့ ကားတွေ ရှေ့ကို ဒါမှမဟုတ် နောက်ကို ရွေ့လျားသွားလာနိုင်ဖို့ ဂီယာဘောက်တွေကို သုံးကြပါတယ် ၊ ဘာလို့ဂီယာဘောက်တွေကို သုံးစွဲရတာလဲဆိုရင်တော့ ကျနော်တို့ကားတွေမှာ သုံးနေတဲ့ ကားအင်ဂျင်တွေရဲ့ လည်ပတ်မှုစွမ်းရည်ဟာ ကားရှေ့တိုးနောက်ဆုတ်လုပ်ဖို့ လည်ပတ်ရတဲ့ ဘီးတွေနဲ့ တိုက်ရိုက်ချိတ်ဆက် လည်ပတ်နိုင်တဲ့ စွမ်းရည်မရှိလို့ပါပဲ ။ ဒါကြောင့် ကားအင်ဂျင်တွေရဲ့ လည်ပတ်မှုစွမ်းအားကို ဂီယာဘောက်တွေရဲ့ ပင်နီယံတွေကနေ တဆင့် ကားအောက်ပိုင်း ဆက်စပ်ပစ္စည်း တွေနဲ့ ချိတ်ဆက်ပြီးမှသာ ကားဘီးတွေကို လည်ပတ်စေရတာပါ ။ လည်ပတ်နေတဲ့ ကားအင်ဂျင်ကို ဂီယာဘောက်သာ မပါဘဲ ကားဘီးတွေနဲ့တိုက်ရိုက်ချိတ်ဆက် လည်ပတ်မယ်ဆို အဲ့ဒီအင်ဂျင်ကြိမ်းသေ ထိုးရပ်သွားမှာပါ ။
ဒါကြောင့် Manual Gear ကားတွေမှာ ဂီယာအချိတ်အဆက်မမှန်တာတွေ ၊ Clutch မနိုင်နင်းတာတွေဖြစ်ရင် ကားအင်ဂျင်ထိုးရပ် စက်သေတာတွေကိုဖြစ်တာဟာ ဒီသဘောတရားကြောင့်ပါပဲ ။ ဒါကြောင့် ကားအင်ဂျင်ရဲ့ လည်ပတ်မှုစွမ်းအားကို ဂီယာဘောက်တွေက တဆင့်ပြောင်းလဲပြီးမှသာ အနှေးအမြန် လည်ပတ်မှုနှုန်းတွေနဲ့ ကားကို သွားစေတာပါ ။
Clutch ဆိုတာကတော့ အင်ဂျင်ရဲ့လည်ပတ်မှုစွမ်းအား (Torque) ကို ဂီယာဘောက်နဲ့ အဓိက ချိတ်ဆက်ပေးတာ (ဝါ) အဆက်ဖြတ်ပေးတာကို အဓိက လုပ်ဆောင်တဲ့အရာပါ ။ ဘာဖြစ်လို့ ဒီလိုခွာပေး ကပ်ပေးရသလဲဆိုရင်တော့ ကားအင်ဂျင်က လည်ပတ်နေတဲ့အချိန် ဂီယာကို ထိုးလိုက်မယ်ဆိုရင် ကားအင်ဂျင်ရဲ့ လည်ပတ်မှုတွေက ဂီယာတွေဆီကို တိုက်ရိုက်ရုတ်ချည်းဝင်ရောက်သွားပြီး ဂီယာ အဝင်ကြမ်းတာ ဒါမှမဟုတ် ဂီယာဝင်သွားပြီး ဂီယာရဲ့ ရုတ်တရက် ဆောင့်ရုန်းအားကို အင်ဂျင် လည်ပတ်နှုန်း က လိုက်ပါလည် မပေးနိုင်တာ တွေဖြစ်ပေါ်လာပြီး စက်ထိုးသေတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ် ။ ဒါကြောင့် အင်ဂျင် လည်ပတ်နေတဲ့ အချိန် ဂီယာထိုးမယ်ဆိုရင် အင်ဂျင်နဲ့ ဂီယာဘောက်ကို အဆက်အသွယ် ဖြတ်ထားဖို့ လိုအပ်ပါတယ် ။
ကျနော်တို့ Manual ဂီယာကားတွေကို ကားအင်ဂျင်စက်နှိုးတော့မယ်ဆိုရင် များသောအားဖြင့် Clutch ကိုနင်းထားပြီး အင်ဂျင်နဲ့ ဂီယာဘောက်ကို အဆက်ဖြတ်ထားကာ အင်ဂျင်ကို စက်နှိုး ၊ အင်ဂျင်နိုးသွားမှကြိုက်နှစ်သက်ရာ ဂီယာထိုးပြီး Clutch ကို ပြန်လွှတ်ကာ အင်ဂျင်နဲ့ ဂီယာဘောက်ကို ပြန်လည်ချိတ်ဆက် ပေးတဲ့ နည်းစနစ်နဲ့သွားရတာဖြစ်ပါတယ် ။ ဒါမှဂီယာတခုနဲ့ တခုအရွေ့အပြောင်း ညင်သာပြီး အင်ဂျင် ကလည်း သာသာယာယာ လိုက်ပါလည်ပတ်ပေးနိုင်မှာဖြစ်ပါတယ် ။
ဂီယာတခုနဲ့ တခု အပြောင်းအလဲ လုပ်တိုင်းလည်း ဒီနည်းစနစ်နဲ့ပဲ Clutch ကိုနင်းပြီး အင်ဂျင်နဲ့ ဂီယာ ဘောက်ကို အဆက်ဖြတ်ကာ ဂီယာတွေ အရွေ့အပြောင်းလုပ်ရပါတယ် ။
Dual Clutch Transmission ကရော ဘယ်လိုအလုပ်လုပ်သလဲ ?
Dual Clutch Transmission ဆိုတာကတော့ Manual Gear လို ခြေထောက်နဲ့ နင်းစရာ Clutch Pedal မပါဘဲ ဂီယာဘောက်ထဲမှာ Clutch ပွားနှစ်ခုပါဝင်တဲ့ ဂီယာဘောက်အမျိုးအစားပါ ။ အဲ့ဒီ Clutch တွေကိုတော့ Electronic နဲ့ Hydraulic စနစ်တွေကို သုံးပြီး ထိန်းချုပ်မောင်းနှင်ပါတယ် ။ Clutch ပြားနှစ်ခုဖြစ်တဲ့ အတွက် Clutch A နဲ့ Clutch B လို့ပဲ အလွယ်မှတ်ထားနိုင်ပါတယ် ။ ဒီ Dual Clutch Transmission မှာ ဂီယာတွေကို မောင်းနှင်ဖို့ Shaft နှစ်ခုပါဝင်ပြီး Clutch A က မ ဂဏန်း ဂီယာတွေကို ထိန်းချုပ်ထားပါတယ် ၊ ဥပမာ ( 1,3,5) ။ ကျန်တဲ့ Clutch B ကတော့ စုံ ဂဏန်း ဂီယာတွေကို ထိန်းချုပ်ထားပါတယ် ၊ ဥပမာ (2,4,6) ။
Dual Clutch Transmission က Manual Gear ကို Auto စနစ်နဲ့ ပေါင်းစပ်ထားတာလို့ အပေါ်မှာပြောခဲ့ ဖူးပါတယ် ။ ဘာကြောင့် ဒီလိုပေါင်းစပ်ထားတာလဲ ဘာအားသာချက်တွေရှိသလဲ ထပျရှင်းပြချင်ပါတယ် ။ အပေါ်မှာပြောခဲ့တဲ့ Manual Transmission မှာ ဂီယာတခါထိုးမယ်ဆို Clutch တခါနင်းပြီး အင်ဂျင်နဲ့ ဂီယာဘောက်ကို အဆက်ဖြတ် ၊ ဂီယာထိုးပြီးမှပြန်ဆက်ပေးတာကို သိပြီးဖြစ်ပါမယ် ။ ဒီလို ဂီယာတခါထိုးတိုင်း Clutch တခါနင်းရတဲ့အတွက် ၊ ဂီယာဘောက်နဲ့ အင်ဂျင်အဆက်ပြတ်ပြီး အင်ဂျင်ကနေလာတဲ့ Power တွေ ဆုံးရှုံးပြီး ၊ Acceleration ဆိုတဲ့ အရှိန်အဟုန်လျော့ကျမှုတွေဖြစ်ပေါ်စေပါတယ် ။ ဘယ်လောက်ကျွမ်းကျင်တဲ့ ယာဉ်မောင်းဖြစ်ပါစေ ၊ ဂီယာတခါထိုးတိုင်း အင်ဂျင်နဲ့ ဂီယာဘောက် အဆက်ပြတ်ပြတ်သွားတာမို့ စွမ်းအားဆုံးရှုံးမှုတွေဖြစ်ပေါ်စေပါတယ် ။ ဒါကြောင့် ဒီလို အင်ဂျင်ကနေ လာတဲ့ စွမ်းအားတွေ မဆုံးရှုံးရလေအောင် Clutch နှစ်ခုပါဝင်တဲ့ နောက်ဆုံးပေါ် Dual Clutch Transmission တွေကို သုံးစွဲလာကြတာပါ ။
Dual Clutch Transmission ရဲ့ အားသာချက်က ဂီယာအရွေ့အပြောင်းလုပ်တဲ့အခါမှာ Manual Gear တွေလို ဂီယာတခုခြင်းအရွေ့အပြောင်းလုပ်ဖို့ Clutch အကပ်အခွာ လုပ်စရာမလိုအောင် ဂီယာတွေကို ကြိုတင် ချိတ်ဆက် နည်းကို အသုံးပြုထားတာပါ ။ ဘယ်လိုကြိုတင်ချိတ်ဆက်ထားတာလဲဆိုတာ ရှင်းပြပါ့မယ် ။ Dual Clutch Transmission မှာ နံပါတ် 1 ဂီယာကို Clutch A ကနေ ချိတ်ဆက်ပြီး မောင်းနှင်နေတဲ့အချိန် ၊ နံပါတ် 2 ဂီယာ ပြောင်းဖို့အတွက် ကြိုတင်ချိတ်ဆက်ထားပြီးသားပါ ၊ အဲ့အချိန် Clutch A က လွှတ်ပြီး ၊ Clutch B နဲ့က ရုတ်တရက် ကပ်သွားပြီး နံပါတ် 2 ဂီယာကို ဆက်လက်မောင်းနှင်ပါတယ် ၊ နံပါတ် 2 ဂီယာနဲ့ မောင်းနှင်နေချိန်မှာပဲ နံပါတ် 3 ဂီယာက ကြိုတင်ချိတ်ဆက်ထားပါတယ် ၊ အဲ့အချိန် Clutch B က ကွာသွားပြီး ၊ Clutch A နဲ့ပြန်ချိတ်ဆက်ကာ နံပါတ် 3 ဂီယာကို ဆက်လက်လည်ပတ်စေပါတယ် ။
သက်ဆိုင်ရာ Cluch နဲ့ မချိတ်ဆက်ခင် ဂီယာတွေဟာ Free လည်ပတ်မှုပုံစံနဲ့ လိုက်လံ ကြိုတင်ချိတ်ဆက်ထားပြီး သက်ဆိုင်ရာ Clutch တွေကပ်သွားတာနဲ့ ဂီယာတွေချိတ်ဆက်မိကာ လည်ပတ်စေတာမျိုးပါ ။ Throttle Position တို့ ၊ Vehicle Speed တို့ , Brake Pedal တို့အပေါ်မှာ အာရုံခံပြီး ဂီယာတွေရဲ့ အရွေ့အပြောင်းတွေကို Dual Clutch Transmission Module ကနေ ဂီယာဘောက်အတွင်းက Clutch တွေ ၊ ဂီယာအရွေ့အပြောင်းတွေကို ထိန်းချုပ်မောင်းနှင်စေခိုင်းပါတယ် ။ Computerize စနစ်တွေ ၊ Solenoid တွေ ၊ Hydraulic စနစ်တွေပေါင်းစပ်ထိန်းချုပ်ထားတာမို့ ဂီယာအရွေ့အပြောင်းကို Millisecond အတွင်းအပြောင်းအလဲလုပ်နိုင်သည်အထိ လျင်မြန်ပါတယ် ။ ဒါကြောင့် Manual Gear တွေလို မလိုအပ်ဘဲ အင်ဂျင်ပါဝါတွေဆုံးရှုံးတာ ၊ အရှိန်ကျတာတွေမဖြစ်ဘဲ ၊ အရှိန်လျှင်လျှင်မြန်မြန်နဲ့ ချောချောမွေ့မွေ့ မောင်းနှင်နိုင်ပြီး အရှိန်အတက်အကျ လျှင်လျှင်မြန်မြန် လိုသလို ပြောင်းရွှေ့နိုင်တာမို့ နောက်ဆုံးပေါ် ပြိုင်ကားတွေ မှာပါ သုံးစွဲလာကြပါတယ် ။
နောက်ဒီ Dual Clutch Transmission တွေရဲ့အားသာချက်တခုက ဆီစားနှုန်းသက်သာစေတာပါ ၊ ဂီယာအပြောင်းအရွေ့မှာ အင်ဂျင်ရဲ့စွမ်းအားတွေ မဆုံးရှုံးဘဲ လြှင်လျှင်မြန်မြန် အရွေ့အပြောင်းလုပ်နိုင်တာမို့ ဆီစားနှုန်းသက်သာစေမှာတော့ အမှန်ပါ ။
ဒါပေမယ့် ဒီ Dual Clutch Transmission တွေရဲ့ အားနည်းချက်တွေကတော့ နည်းပညာမြင့် တည်ဆောက်ရတာမို့ တန်ဖိုးကြီးမြင့်တာ ၊ အပိုပစ္စည်းရှားပါးတာ ၊ ပြုပြင်ရခက်ခဲတာတွေပါ ။
Dual Clutch Transmission ဂီယာဘောက်အမျိုးအစားကားတွေကို ကမ္ဘာ့နေရာ အသီးသီးက နာမည်ကြီး ကားကုမ္ပဏီ အမျိုးမျိုးက မတူကွဲပြားတဲ့ နည်းပညာတွေနဲ့ ထုတ်လုပ်နေတာမို့ မျိုးတူမူကွဲ အများကြီးရှိနိုင်ပါသေးတယ် ။ အခုဖော်ပြတဲ့ အချက်တွေကတော့ Dual Clutch Transmission နဲ့ပတ်သတ်တဲ့ အခြေခံအကြောင်းအရာလေးတွေပါခမျာ ။
စာဖတ်သူ မိတ်ဆွေညီကိုမောင်နှမ များအားလုံး နည်းပညာဗဟုသုတကြွယ်ဝကြပါစေဗျာ ။
Zawgyi
ဥရောပ ကားအများစုနဲ့ နည်းပညာမြင့် ဂျပန်ကားတွေမှာအသုံးပြုလာကြတဲ့ Dual Clutch Transmission အကြောင်း
ကျနော်တို့ ကားလောက လူတွေ ၊ ကားမောင်းသူတွေ အများဆုံး သိကြတဲ့ ဂီယာအမျိုးအစားက Manual Gear နဲ့ Auto Gear အမျိုးအစားဆိုပြီး နှစ်မျိုးရှိတယ်လို့ အကြမ်းမျဉ်းသိထားကြပါတယ် ။
Manual ဂီယာဘောက်ဆိုတာကတော့ ဟိုးအရင် ကားတွေမှာပါတဲ့ Clutch နင်းပြီး ဂီယာပြောင်းရ (No.1, No.2, No.3, No.4 etc.) ၊ ဂီယာထိုးရတဲ့ ကားတွေဖြစ်ပြီး ၊ အခုနောက်ပိုင်းမော်ဒယ်မြင့်ကားတွေမှာတော့ Manual Gear တွေလို အမြဲရွှေ့ပြောင်းနေစရာ မလိုဘဲ ဂီယာတခါထိုးပြီးရင် အလိုအလျောက် ဂီယာအရွှေ့ အပြောင်း လုပ်ပေးတဲ့ အော်တိုဂီယာစနစ်သုံး ဂီယာဘောက်တွေ ဖြစ်ပေါ်လာပါပြီ ။
Dual Clutch Transmission ဆိုတာဘာလဲ?
Dual Clutch Transmission ဆိုတာကို မြန်မာလို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ Clutch ပြား နှစ်ခုပါတဲ့ ဂီယာဘောက်အမျိုးအစားပါ ။ ဒါပေမယ့် သူရဲ့ တကယ့်အလုပ်လုပ်ကို ကြည့်ပြီးပြောမယ် ဆိုရင်တော့ Manual Gear ပုံစံဖြစ်ပေမယ့် ကားမောင်းသူက Clutch ကိုနင်း ဂီယာပြောင်းစရာမလိုဘဲ အတွင်းပိုင်းမှာ Clutch နစ်ခု တပ်ဆင်ထားပြီး ဂီယာတွေကို အော်တိုချိတ်ဆက်ကစားနိုင်အောင် လုပ်ပေးတဲ့ ဂီယာဘောက်အမျိုးအစားပါ ။ဒါကြောင့် ဒီဂီယာဘောက်အမျိုးအစားကို Automated Manual Transmission လို့လည်းခေါ်ဆိုကြပါတယ် ။
Clutch တခုတည်းပါတဲ့ Manual Gear Box တွေ ဘယ်လိုအလုပ်လုပ်သလဲ?
Dual Clutch Transmission ဂီယာဘောက်အမျိုးအစားကို နားလည်သဘောပေါက်ဖို့ သူနဲ့သဘောတရား ဆင်တူတဲ့ Manual Gear Box အကြောင်းကို အနည်းငယ်နားလည်ဖို့လိုအပ်ပါတယ် ။ ဟိုးအရင်ခေတ် ကားဟောင်းတွေကစလို့ ယနေ့ခေတ် အချိန်အခါထိ Manual Gear Box တွေကို သုံးစွဲနေကြတုန်းပါ ။ ကျနော်တို့ ကားတွေ ရှေ့ကို ဒါမှမဟုတ် နောက်ကို ရွေ့လျားသွားလာနိုင်ဖို့ ဂီယာဘောက်တွေကို သုံးကြပါတယ် ၊ ဘာလို့ဂီယာဘောက်တွေကို သုံးစွဲရတာလဲဆိုရင်တော့ ကျနော်တို့ကားတွေမှာ သုံးနေတဲ့ ကားအင်ဂျင်တွေရဲ့ လည်ပတ်မှုစွမ်းရည်ဟာ ကားရှေ့တိုးနောက်ဆုတ်လုပ်ဖို့ လည်ပတ်ရတဲ့ ဘီးတွေနဲ့ တိုက်ရိုက်ချိတ်ဆက် လည်ပတ်နိုင်တဲ့ စွမ်းရည်မရှိလို့ပါပဲ ။ ဒါကြောင့် ကားအင်ဂျင်တွေရဲ့ လည်ပတ်မှုစွမ်းအားကို ဂီယာဘောက်တွေရဲ့ ပင်နီယံတွေကနေ တဆင့် ကားအောက်ပိုင်း ဆက်စပ်ပစ္စည်း တွေနဲ့ ချိတ်ဆက်ပြီးမှသာ ကားဘီးတွေကို လည်ပတ်စေရတာပါ ။ လည်ပတ်နေတဲ့ ကားအင်ဂျင်ကို ဂီယာဘောက်သာ မပါဘဲ ကားဘီးတွေနဲ့တိုက်ရိုက်ချိတ်ဆက် လည်ပတ်မယ်ဆို အဲ့ဒီအင်ဂျင်ကြိမ်းသေ ထိုးရပ်သွားမှာပါ ။
ဒါကြောင့် Manual Gear ကားတွေမှာ ဂီယာအချိတ်အဆက်မမှန်တာတွေ ၊ Clutch မနိုင်နင်းတာတွေဖြစ်ရင် ကားအင်ဂျင်ထိုးရပ် စက်သေတာတွေကိုဖြစ်တာဟာ ဒီသဘောတရားကြောင့်ပါပဲ ။ ဒါကြောင့် ကားအင်ဂျင်ရဲ့ လည်ပတ်မှုစွမ်းအားကို ဂီယာဘောက်တွေက တဆင့်ပြောင်းလဲပြီးမှသာ အနှေးအမြန် လည်ပတ်မှုနှုန်းတွေနဲ့ ကားကို သွားစေတာပါ ။
Clutch ဆိုတာကတော့ အင်ဂျင်ရဲ့လည်ပတ်မှုစွမ်းအား (Torque) ကို ဂီယာဘောက်နဲ့ အဓိက ချိတ်ဆက်ပေးတာ (ဝါ) အဆက်ဖြတ်ပေးတာကို အဓိက လုပ်ဆောင်တဲ့အရာပါ ။ ဘာဖြစ်လို့ ဒီလိုခွာပေး ကပ်ပေးရသလဲဆိုရင်တော့ ကားအင်ဂျင်က လည်ပတ်နေတဲ့အချိန် ဂီယာကို ထိုးလိုက်မယ်ဆိုရင် ကားအင်ဂျင်ရဲ့ လည်ပတ်မှုတွေက ဂီယာတွေဆီကို တိုက်ရိုက်ရုတ်ချည်းဝင်ရောက်သွားပြီး ဂီယာ အဝင်ကြမ်းတာ ဒါမှမဟုတ် ဂီယာဝင်သွားပြီး ဂီယာရဲ့ ရုတ်တရက် ဆောင့်ရုန်းအားကို အင်ဂျင် လည်ပတ်နှုန်း က လိုက်ပါလည် မပေးနိုင်တာ တွေဖြစ်ပေါ်လာပြီး စက်ထိုးသေတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ် ။ ဒါကြောင့် အင်ဂျင် လည်ပတ်နေတဲ့ အချိန် ဂီယာထိုးမယ်ဆိုရင် အင်ဂျင်နဲ့ ဂီယာဘောက်ကို အဆက်အသွယ် ဖြတ်ထားဖို့ လိုအပ်ပါတယ် ။
ကျနော်တို့ Manual ဂီယာကားတွေကို ကားအင်ဂျင်စက်နှိုးတော့မယ်ဆိုရင် များသောအားဖြင့် Clutch ကိုနင်းထားပြီး အင်ဂျင်နဲ့ ဂီယာဘောက်ကို အဆက်ဖြတ်ထားကာ အင်ဂျင်ကို စက်နှိုး ၊ အင်ဂျင်နိုးသွားမှ ကြိုက်နှစ်သက်ရာ ဂီယာထိုးပြီး Clutch ကို ပြန်လွှတ်ကာ အင်ဂျင်နဲ့ ဂီယာဘောက်ကို ပြန်လည်ချိတ်ဆက် ပေးတဲ့ နည်းစနစ်နဲ့သွားရတာဖြစ်ပါတယ် ။ ဒါမှ ဂီယာတခုနဲ့ တခုအရွေ့အပြောင်း ညင်သာပြီး အင်ဂျင် ကလည်း သာသာယာယာ လိုက်ပါလည်ပတ်ပေးနိုင်မှာဖြစ်ပါတယ် ။
ဂီယာတခုနဲ့ တခု အပြောင်းအလဲ လုပ်တိုင်းလည်း ဒီနည်းစနစ်နဲ့ပဲ Clutch ကိုနင်းပြီး အင်ဂျင်နဲ့ ဂီယာ ဘောက်ကို အဆက်ဖြတ်ကာ ဂီယာတွေ အရွေ့အပြောင်းလုပ်ရပါတယ် ။
Dual Clutch Transmission ကရော ဘယ်လိုအလုပ်လုပ်သလဲ ?
Dual Clutch Transmission ဆိုတာကတော့ Manual Gear လို ခြေထောက်နဲ့ နင်းစရာ Clutch Pedal မပါဘဲ ဂီယာဘောက်ထဲမှာ Clutch ပြားနှစ်ခုပါဝင်တဲ့ ဂီယာဘောက်အမျိုးအစားပါ ။ အဲ့ဒီ Clutch တွေကိုတော့ Electronic နဲ့ Hydraulic စနစ်တွေကို သုံးပြီး ထိန်းချုပ်မောင်းနှင်ပါတယ် ။ Clutch ပြားနှစ်ခုဖြစ်တဲ့ အတွက် Clutch A နဲ့ Clutch B လို့ပဲ အလွယ်မှတ်ထားနိုင်ပါတယ် ။ ဒီ Dual Clutch Transmission မှာ ဂီယာတွေကို မောင်းနှင်ဖို့ Shaft နှစ်ခုပါဝင်ပြီး Clutch A က မ ဂဏန်း ဂီယာတွေကို ထိန်းချုပ်ထားပါတယ် ၊ ဥပမာ ( 1,3,5) ။ ကျန်တဲ့ Clutch B ကတော့ စုံ ဂဏန်း ဂီယာတွေကို ထိန်းချုပ်ထားပါတယ် ၊ ဥပမာ (2,4,6) ။
Dual Clutch Transmission က Manual Gear ကို Auto စနစ်နဲ့ ပေါင်းစပ်ထားတာလို့ အပေါ်မှာပြောခဲ့ ဖူးပါတယ် ။ ဘာကြောင့် ဒီလိုပေါင်းစပ်ထားတာလဲ ဘာအားသာချက်တွေရှိသလဲ ထပ်ရှင်းပြချင်ပါတယ် ။ အပေါ်မှာပြောခဲ့တဲ့ Manual Transmission မှာ ဂီယာတခါထိုးမယ်ဆို Clutch တခါနင်းပြီး အင်ဂျင်နဲ့ ဂီယာဘောက်ကို အဆက်ဖြတ် ၊ ဂီယာထိုးပြီးမှ ပြန်ဆက်ပေးတာကို သိပြီးဖြစ်ပါမယ် ။ ဒီလို ဂီယာတခါထိုးတိုင်း Clutch တခါနင်းရတဲ့အတွက် ၊ ဂီယာဘောက်နဲ့ အင်ဂျင်အဆက်ပြတ်ပြီး အင်ဂျင်ကနေလာတဲ့ Power တွေ ဆုံးရှုံးပြီး ၊ Acceleration ဆိုတဲ့ အရှိန်အဟုန်လျော့ကျမှုတွေဖြစ်ပေါ်စေပါတယ် ။ ဘယ်လောက်ကျွမ်းကျင်တဲ့ ယာဉ်မောင်းဖြစ်ပါစေ ၊ ဂီယာတခါထိုးတိုင်း အင်ဂျင်နဲ့ ဂီယာဘောက် အဆက်ပြတ်ပြတ်သွားတာမို့ စွမ်းအားဆုံးရှုံးမှုတွေဖြစ်ပေါ်စေပါတယ် ။ ဒါကြောင့် ဒီလို အင်ဂျင်ကနေ လာတဲ့ စွမ်းအားတွေ မဆုံးရှုံးရလေအောင် Clutch နှစ်ခုပါဝင်တဲ့ နောက်ဆုံးပေါ် Dual Clutch Transmission တွေကို သုံးစွဲလာကြတာပါ ။
Dual Clutch Transmission ရဲ့ အားသာချက်က ဂီယာအရွေ့အပြောင်းလုပ်တဲ့အခါမှာ Manual Gear တွေလို ဂီယာတခုခြင်းအရွေ့အပြောင်းလုပ်ဖို့ Clutch အကပ်အခွာ လုပ်စရာမလိုအောင် ဂီယာတွေကို ကြိုတင် ချိတ်ဆက် နည်းကို အသုံးပြုထားတာပါ ။ ဘယ်လိုကြိုတင်ချိတ်ဆက်ထားတာလဲဆိုတာ ရှင်းပြပါ့မယ် ။ Dual Clutch Transmission မှာ နံပါတ် 1 ဂီယာကို Clutch A ကနေ ချိတ်ဆက်ပြီး မောင်းနှင်နေတဲ့အချိန် ၊ နံပါတ် 2 ဂီယာ ပြောင်းဖို့အတွက် ကြိုတင်ချိတ်ဆက်ထားပြီးသားပါ ၊ အဲ့အချိန် Clutch A က လွှတ်ပြီး ၊ Clutch B နဲ့က ရုတ်တရက် ကပ်သွားပြီး နံပါတ် 2 ဂီယာကို ဆက်လက်မောင်းနှင်ပါတယ် ၊ နံပါတ် 2 ဂီယာနဲ့ မောင်းနှင်နေချိန်မှာပဲ နံပါတ် 3 ဂီယာက ကြိုတင်ချိတ်ဆက်ထားပါတယ် ၊ အဲ့အချိန် Clutch B က ကွာသွားပြီး ၊ Clutch A နဲ့ပြန်ချိတ်ဆက်ကာ နံပါတ် 3 ဂီယာကို ဆက်လက်လည်ပတ်စေပါတယ် ။
သက်ဆိုင်ရာ Cluch နဲ့ မချိတ်ဆက်ခင် ဂီယာတွေဟာ Free လည်ပတ်မှုပုံစံနဲ့ လိုက်လံ ကြိုတင်ချိတ်ဆက်ထားပြီး သက်ဆိုင်ရာ Clutch တွေကပ်သွားတာနဲ့ ဂီယာတွေချိတ်ဆက်မိကာ လည်ပတ်စေတာမျိုးပါ ။ Throttle Position တို့ ၊ Vehicle Speed တို့ , Brake Pedal တို့အပေါ်မှာ အာရုံခံပြီး ဂီယာတွေရဲ့ အရွေ့အပြောင်းတွေကို Dual Clutch Transmission Module ကနေ ဂီယာဘောက်အတွင်းက Clutch တွေ ၊ ဂီယာအရွေ့အပြောင်းတွေကို ထိန်းချုပ်မောင်းနှင်စေခိုင်းပါတယ် ။ Computerize စနစ်တွေ ၊ Solenoid တွေ ၊ Hydraulic စနစ်တွေပေါင်းစပ်ထိန်းချုပ်ထားတာမို့ ဂီယာအရွေ့အပြောင်းကို Millisecond အတွင်းအပြောင်းအလဲလုပ်နိုင်သည်အထိ လျင်မြန်ပါတယ် ။ ဒါကြောင့် Manual Gear တွေလို မလိုအပ်ဘဲ အင်ဂျင်ပါဝါတွေဆုံးရှုံးတာ ၊ အရှိန်ကျတာတွေမဖြစ်ဘဲ ၊ အရှိန်လျှင်လျှင်မြန်မြန်နဲ့ ချောချောမွေ့မွေ့ မောင်းနှင်နိုင်ပြီး အရှိန်အတက်အကျ လျှင်လျှင်မြန်မြန် လိုသလို ပြောင်းရွှေ့နိုင်တာမို့ နောက်ဆုံးပေါ် ပြိုင်ကားတွေ မှာပါ သုံးစွဲလာကြပါတယ် ။
နောက်ဒီ Dual Clutch Transmission တွေရဲ့အားသာချက်တခုက ဆီစားနှုန်းသက်သာစေတာပါ ၊ ဂီယာအပြောင်းအရွေ့မှာ အင်ဂျင်ရဲ့စွမ်းအားတွေ မဆုံးရှုံးဘဲ လျှင်လျှင်မြန်မြန် အရွေ့အပြောင်းလုပ်နိုင်တာမို့ ဆီစားနှုန်းသက်သာစေမှာတော့ အမှန်ပါ ။
ဒါပေမယ့် ဒီ Dual Clutch Transmission တွေရဲ့ အားနည်းချက်တွေကတော့ နည်းပညာမြင့် တည်ဆောက်ရတာမို့ တန်ဖိုးကြီးမြင့်တာ ၊ အပိုပစ္စည်းရှားပါးတာ ၊ ပြုပြင်ရခက်ခဲတာတွေပါ ။
Dual Clutch Transmission ဂီယာဘောက်အမျိုးအစားကားတွေကို ကမ္ဘာ့နေရာ အသီးသီးက နာမည်ကြီး ကားကုမ္ပဏီ အမျိုးမျိုးက မတူကွဲပြားတဲ့ နည်းပညာတွေနဲ့ ထုတ်လုပ်နေတာမို့ မျိုးတူမူကွဲ အများကြီးရှိနိုင်ပါသေးတယ် ။ အခုဖော်ပြတဲ့ အချက်တွေကတော့ Dual Clutch Transmission နဲ့ပတ်သတ်တဲ့ အခြေခံအကြောင်းအရာလေးတွေပါခမျာ ။
စာဖတ်သူ မိတ်ဆွေညီကိုမောင်နှမ များအားလုံး နည်းပညာဗဟုသုတကြွယ်ဝကြပါစေဗျာ ။
အိတ်ဇောနှင့်ပတ်သက်၍လုပ်ငန်းပေါင်း ၁၂၄ ခုကိုရှာဖွေရန်ဤနေရာကိုနှိပ်ပါ။
Lynn Za Nee ( P.T.U )
Myanmar Automobile Equipment Directory