မော်လမြိုင်ကျွန်းမြို့နယ်ရှိ စာစစ်ဌာန ၁၂ ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေရန် ၄၄၈၇ ဦး စာရင်းပေး
mmtimes.com
|
2020-02-29



မော်လမြိုင်ကျွန်းမြို့နယ်ရှိ စာစစ်ဌာန ၁၂ ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေရန် ၄၄၈၇ ဦး စာရင်းပေး

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် မြို့နယ်အတွင်းစာစစ်ဌာန ၁၂ ခုဖွင့်လှစ်ထားရှိပြီး ကျောင်းသား ၂၀၃၃ ဦးနှင့် ကျောင်းသူ ၂၄၅၄ ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုကြရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာစစ်ဌာနအလိုက် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများမှာ အထက (၁) မော်ကျွန်း ၁၁၉၈ ဦး၊ အထက (၂) မော်ကျွန်း ၇၅၃ ဦး၊ အမက အေ ၉ လမ်း ၂၀ဝ၊ အထက ကြောင်ထောက် ၂၀၂ ဦး၊ အထက ပျားမွတ်လျှော်ချောင်း ၁၈၈ ဦး၊ အထက ကျော်ဇံ ၁၉၇ ဦး၊ အထက အောက်မအူတုံး ၂၅၇ ဦး၊ အထက ကျိုက်ပိ ၅၆၀နှင့် အထက လှိုင်းဘုန်း ၁၅၆ ဦးတို့ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ရာ တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ်ပြားများကို မြို့နယ်အတွင်းရှိ စာစစ် ဌာန ၁၂ ခုတို့တွင် ဖေဖော်ဝါရီ ၂၀ ရက်မှစတင်ပြီး စနစ်တကျထုတ်ပေး လျက်ရှိရာ ကျောင်းသား ကျောင်းသူများစာစစ်ဌာနအလိုက် ဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ယူလျက်ရှိကြသည်။


#အထက
#စာစစ်ဌာန
#တက္ကသိုလ်ဝင်တန်း
#မော်လမြိုင်ကျွန်း
#စာမေးပွဲ

Some text some message..