ငယ်ရွယ်စဉ်ကကျောင်းသားဘဝ သင်ကြားခဲ့သော ကျင့်ဝတ်များ
edge.com.mm
|
2020-03-06

** Unicode **

ဘယ်ကျင့်ဝတ်တွေကို မှတ်မိသေးလဲ ???

** မြတ်ပညာ

ပညာပြည့်၀ နှလုံးလှသော်

ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင်

ကျဉ်းကျယ် ထွင်းဖောက် ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏။

** မြတ်ဆရာ

ရှေးရှုမေတ္တာ၊ ကရုဏာနှင့်

နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း

ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍

ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ

ဆရာဟူလော့။

** မိဘကျင့်ဝတ်

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လက်

အတတ်သင်စေ၊ ပေးဝေနှီးရင်း

ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်

ဖခင်မယ်တို့တာ။

Hindi (3) ဟိနြၤူ စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။

** ဆရာကျင့်ဝတ်

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ

သိပ္ပမချန်၊ ဘေးရန်ဆီးကာ

သင့်ရာအပ်ဖို့၊ ဆရာတို့

ကျင့်ဖို့ ဝတ်ငါးဖြာ။

** သားသမီးကျင့်ဝတ်

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ

မွေခံထိုက်စေ၊ လှူမျှဝေ၍

စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်

ကျင့်ဖွယ်သားတို့တာ။

** တပည့်ကျင့်ဝတ်

ညီညာထကွှ၊ ဆုံးမနာယူ

လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး

သင်တွေးအံရွတ်၊ တပည့်ဝတ်

မချွတ်ငါးခုသာ။

Read More;>>> ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်ဆိုင်ရာ အထောက်အကူပြုဆောင်းပါးများ

** နာယကဂုဏ် ခြောက်ပါး

ထကြွ၊ နိုးကြား၊ သနား သည်းခံ

ဝေဖန်ထောက်ရှု၊ ဤခြောက်ခု

ကြီးသူကျင့်ဝတ်သာ။


(www.edge.com.mm)
 

** Zawgyi **

ဘယ်ကျင့်ဝတ်တွေကို မှတ်မိသေးလဲ ???

** မြတ်ပညာ

ပညာပြည့်၀ နှလုံးလှသော်

ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင်

ကျဉ်းကျယ် ထွင်းဖောက် ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏။

** မြတ်ဆရာ

ရှေးရှုမေတ္တာ၊ ကရုဏာနှင့်

နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း

၀မ်းတွင်မသို၊ ဟုတ်တိုင်းဆို၍

ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ

ဆရာဟူလော့။

** မိဘကျင့်ဝတ်

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လက်

အတတ်သင်စေ၊ ပေးဝေနှီးရင်း

ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်

ဖခင်မယ်တို့တာ။

** ဆရာကျင့်ဝတ်

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ

သိပ္ပမချန်၊ ဘေးရန်ဆီးကာ

သင့်ရာအပ်ဖို့၊ ဆရာတို့

ကျင့်ဖို့ ဝတ်ငါးဖြာ။

Hindi (3) ဟိနြၤူ စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။

** သားသမီးကျင့်ဝတ်

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ

မွေခံထိုက်စေ၊ လှူမျှဝေ၍

စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်

ကျင့်ဖွယ်သားတို့တာ။

** တပည့်ကျင့်ဝတ်

ညီညာထကြွ၊ ဆုံးမနာယူ

လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး

သင်တွေးအံရွတ်၊ တပည့်ဝတ်

မချွတ်ငါးခုသာ။

Read More;>>> ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်ဆိုင်ရာ အထောက်အကူပြုဆောင်းပါးများ

** နာယကဂုဏ် ခြောက်ပါး

ထကြွ၊ နိုးကြား၊ သနား သည်းခံ

ဝေဖန်ထောက်ရှု၊ ဤခြောက်ခု

ကြီးသူကျင့်ဝတ်သာ။


(www.edge.com.mm)
 



#ကျင့်ဝတ်
#ဆရာ
#သင်တန်း
#အတတ်
#ကရုဏာ

Some text some message..