ဂီယာဝိုင်ကို ဘယ်အချိန်တွေမှာ လဲပေးသင့်လဲ?
ကားတစ်စီး ပုံမှန်မောင်းနေသူတို့က များသောအားဖြင့် အင်ဂျင်ဝိုင်ကို ပုံမှန်လဲပေးလေ့ရှိသည့်အပြင် လူအများစု အင်ဂျင်ဝိုင် လဲသင့်တဲ့အကြောင်းကိုသာ အပြောများကြပေမယ့် ဂီယာဝိုင်ကို ဘယ်အချိန်မှ လဲပေး သင့်တယ်ဆိုတာကိုတော့ သိသူနည်းပါတယ်။
အခုဖော်ပြမည့် အကြောင်းက ဂီယာဝိုင်ကို ဘယ်လိုအချိန်မျိုးမှာ လဲပေးသင့်တယ်ဆိုတာပါပဲ။ ယာဉ်မောင်းတိုင်း ကလည်း သိထားသင့်တာကြောင့် ဘယ်လိုအချိန်အခါမျိုး၊ ဘယ်လောက်အကြာမှာ ဂီယာဝိုင်ကို ပုံမှန်လဲပေး သင့်တယ်ဆိုတာကို ရေး သားဖော်ပြလိုက်ရပါတယ်။
ဂီယာဝိုင်ကတော့ အရည်ပျစ်တဲ့ ချောဆီတစ်မျိုးပဲ ဖြစ်ပါတယ်။ ဂီယာဝိုင်ကို ကားတော်တော်များများမှာ manual transmission ၊ front axles (differentials) တွေမှာ ထည့်ပါတယ်။ ကိုယ့်ကားထဲမှာ ဘယ်ကားအစိတ်အပိုင်းက ဂီယာဝိုင်ကို အသုံးပြုလဲ သိချင်ရင်တော့ Owner’s manual မှာ ကြည့်လို့ရပါတယ်။ တစ်ကားနဲ့တစ်ကား မတူပါဘူး။ ဒါပေမယ့် ဂီယာဝိုင်ကလည်း ပုံမှန်လဲပေးသင့်တဲ့ လိုအပ် ထောက်ပံ့ပစ္စည်းအဖြစ် ရှိနေပါတယ်။
မော်တော်ယာဉ်တွေမှာ များသောအားဖြင့် ဂီယာဝိုင်ကို သုံးတဲ့ ကားအစိတ်အပိုင်း(၂)ခု ရှိပါတယ်။ Transfer case နဲ့ rear differential တို့ပါ။ ထို့အတွက်ကြောင့်လည်း ဂီယာဝိုင်ပုံမှန်လဲပေးဖို့ ဂရုစိုက်သင့်သည်။ မလဲ ပေးခဲ့သည်ရှိသော သင့်ကားလိုရာ ရောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။
ကားကို အကြမ်းပတမ်းမောင်းတဲ့သူတွေဆို မိုင် ၃၀၀၀၀ နဲ့ မိုင် ၅၀၀၀၀ ကြားရောက်တဲ့အခါ လဲသင့်ပါတယ်။ ပုံမှန်မောင်းရင်တော့ မိုင် ၆၀၀၀၀ ကနေ မိုင် ၈၀၀၀၀ ကြားနဲ့ မသန့်ရှင်းတော့တဲ့အခါမှာ ဂီယာဝိုင်လဲသင့်တယ် လို့ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ညွှန်းဆိုမှုတွေပြုထားပါတယ်။ ဒါဟာ ကားထုတ်လုပ်ရေး ကုမ္ပဏီတိုင်း လိုလို ညွှန်ကြားထားခြင်းမျိုး ဖြစ်တာကြောင့် ကားကိုမိုင်ငါးသောင်းလောက် ခရီးနှင်ပြီးပြီးဆိုရင် အကောင်းဆုံး ကတော့ ဂီယာဝိုင်ကို ဖောက်ပြီးလဲလိုက်တာ အကောင်းဆုံးပါ။
နောက်ပြီး အသုံးမပြုဘဲ အချိန်ကြာမြင့်စွာ ပစ်ထားတဲ့ ကားတွေကိုလည်း လမ်းပေါ်တွင် ထုတ်စီးတော့မယ် ဆိုရင်လည်း အင်ဂျင်ဝိုင်းအပြင် ဂီယာဝိုင်ကိုပါ တစ်ပါတည်း လဲပေးသင့်ပါတယ်။
ဂီယာဝိုင်မှာလည်း စေးပစ်တဲ့ အရည်တစ်မျိုး ဖြစ်သည့်အတွက် အသုံးပြုမှု မရှိတော့လျှင် အစွမ်းသတ္တိ လျော့နည်းလာတတ်သည့် သဘော တွင် ရှိသည်။ ထို့အပြင် ဂီယာဝိုင်ထည့်ရတဲ့ ကားအစိတ်အပိုင်းအချို့ ရေထဲကျ သွားခဲ့ရင်သော်လည်းကောင်း ဂီယာဝိုင် ယိုစိမ့်မှုတွေရှိခဲ့ရင်သော် လည်းကောင်း Gearbox seal တွေကို ချက်ချင်းပြင်ပေးပြီး ဂီယာဝိုင်လဲပေးဖို့ လိုအပ်ပါတယ်။ အဆိုပါ အချက်တွေဟာ မဖြစ်မနေလုပ်ပေးရမယ့် အရာတွေပါပဲ။
အတိကျဆုံး Recommendation ကတော့ သင့်ကားရဲ့ maintenance schedule ကိုပုံမှန်စစ်ဆေးပေးတာပါပဲ။ အကယ်၍ ဂီယာဝိုင်နောက်ဆုံးလဲခဲ့တဲ့အချိန်ကို မမှတ်မိတော့ရင်လဲ သင်ပြနေကျ servicing မှာ ဂီယာဝိုင် level နဲ့ အခြေအနေတွေကို စစ်ဆေးပြီး ပုံမှန်လဲပေးတာက သင့်ကားကို ပုံမှန်စောင့်ရှောက်တာနဲ့ အတူတူပါပဲ။
Zawgyi

VEHICLE SPARE PARTS နှင့်ဆိုင်သော လုပ်ငန်း ၂၅၃၀ ခုကိုရှာဖွေရန် ဤနေရာကိုနှိပ်ပါ။
Credit: CG GPS Myanmar