**Unicode**
(၂၀၂၀-၂၀၂၁) ပညာသင်နှစ်တွင် အခြေခံပညာစတုတ္ထတန်း၊ သတ္တမတန်း၊ ဒသမတန်းတို့ကို သင်ရိုးညွှန်းတမ်းအသစ်ပြောင်းမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောသည်။
လာမည့်ဇွန်လတွင်စတင်မည့် (၂၀၂၀-၂၀၂၁) ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်တွင် စတုတ္ထတန်း (Grade-4)၊ အလယ်တန်းအဆင့်တွင် သတ္တမတန်း (Grade-7) ကိုသင်ရိုးသစ်ဖြင့်သင်ကြားမည်ဖြစ်သည်။ အထက်တန်းအဆင့်ဒသမတန်း (Grade-10) ကိုပါသင်ရိုးသစ်ပြောင်းမည်ဟုသိရသည်။
အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းသည် " နောက်နှစ်မှာ Grade-4၊ Grade-7၊ Grade-10 (၃) တန်းပြောင်းမယ်။ Grade-4 က Grade-3 ကနေဆက်သွားမယ်။ Grade-7 ကတော့ အခု Grade-6 ကနေဆက်သွားမယ်။ Grade-10 ကတော့ Upper Secondary ဖြစ်တဲ့ အထက်တန်းအဆင့်မှာ ပြောင်းလဲမှာပါ " ဟု ဆိုသည်။
လာမည့်နှစ်တွင် အထက်တန်းအဆင့်၏ ပထမဆုံးအတန်းဖြစ်သည့် ဒသမတန်း (Grade-10) ကို သင်ရိုးညွှန်းတမ်းအသစ်စပြောင်းမည်ဖြစ်၍ အလယ်တန်းအဆင့်၏ နောက်ဆုံးအတန်းဖြစ်သည့် အဋ္ဌမတန်း (Grade-9) အောင်မြင်သူများသည် လာမည့်နှစ်အထက်တန်းအဆင့်တက်ချိန်တွင် သင်ရိုးသစ်ဒသမတန်း ( Grade-10) တွင် တက်ရမည်ဖြစ်သည်။ ထိုကျောင်းသား၊ ကျောင်းသူများသည် ဒသမတန်း (Grade-10) ပြီးဆုံးပါက ဧကာဒသမတန်း (Grade-11)၊ ဒွါဒသမတန်း (Grade-12) ဆက်တက်ရမည်ဖြစ်သည်။
ယခုနှစ်တွင်သင်ရိုးဟောင်းအတိုင်းသင်ယူနေသည့် နဝမတန်း (Grade-10) ကျောင်းသားများသည်ပုံမှန်အတိုင်း သင်ရိုးဟောင်း ဒသမတန်း (Grade-11) ကိုတက်ရမည်ဖြစ်သည်။ အခြေခံပညာမူလတန်း သင်ရိုးညွှန်းတမ်းအသစ်ရေးဆွဲနိုင်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ အလယ်တန်းနှင့် အထက်တန်းသင်ရိုးညွှန်းတမ်းအသစ်များအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့က ပညာရေးဝန်ကြီးဌာနသို့ နည်းပညာနှင့် ဘဏ္ဍာရေးပံ့ပိုးထားသည်။
Read More:>>>
အနုပညာသင်တန်းတက်ရောက်ရင်း အထက်တန်းအဆင့် သင်ယူပြီးမြောက်ကြောင်းလက်မှတ်ရယူလိုပါက
အခြေခံပညာရေးကို သူငယ်တန်းအပါအဝင် မူလတန်း ငါးနှစ်၊ အလယ်တန်း လေးနှစ်၊ အထက်တန်း သုံးနှစ် (သူငယ်တန်း + ၁၂ တန်း) စနစ်သစ်အဖြစ် စတင်ပြောင်းလဲနေသည်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် KG၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် Grade-1၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် Grade-2၊ ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် Grade-3 နှင့် Grade-6 တို့ကိုသင်ရိုးညွှန်းတမ်းအသစ်များဖြင့် စတင်သင်ကြားနေသည်။
Employment Agencies (228) အလုပ်အကိုင်အေဂျင်ဆီများနှင့် ပတ်သက်ပြီး (၂၂၈) ခုရှာရန်နှိပ်ပါ။
အခြေခံပညာတွင် ယခင်က သူငယ်တန်းမှ ဒသမတန်းအထိ (၁၁) တန်း တက်ရောက်ရသော်လည်း စနစ်သစ်အရ သူငယ်တန်းမှ ဒွါဒသမတန်းအထိ (၁၃) တန်းတက်ရောက်ရမည်ဖြစ်သည်။
Source: 7Day News
**Zawgyi**