ဘုရားသခင်အပေါ်မှာ သင်ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ဘာသာတရားအကြောင်းပြောဆိုခြင်းက ပဋိပက္ခတွေကို ဖြစ်စေနိုင်ပါတယ်။ လူတွေက အလွန်အကျွံယုံကြည်မှုတွေကို မကြာခဏဆိုသလို လေးစားစွာထုတ်ဖော်ပြောဆိုတတ်ကြပါတယ်။ ဘုရားသခင်ကို ယုံကြည်သောသူတွေကို နားလည်ဖို့ သင့်မှာပွင့်လင်းသောစိတ်သဘောထားနှင့် နားထောင်ဖို့၊ သင်ယူဖို့ အတွက် လိုလိုလားလားရှိဖို့လိုပါတယ်။
၁။ မတူညီသော ဝတ်ပြုရေးနေအိမ်များသို့ လည်ပတ်ပါ
ဘုရားမဲ့ဝါဒီတစ်ယောက်အနေနဲ့ မိမိကိုယ်ကိုဘာသာရေးအတွေးအခေါ်အမျိုးမျိုးနှင့် လုံးဝသီခြားခွဲထုတ်ထားဖို့ လွယ်ကူပါတယ်။ သို့ပေမယ့် ၎င်းက သင့်တိုးတက်ရေးအတွက် အထောက်အကူမဖြစ်စေပါဘူး။ သင်တတ်နိုင်သလောက် များပြားလှသောဘာသာရေးဝန်ဆောင်မှုတွေကို သွားရောက်ကြည့်ရှုပါ။ လူများနိုင်သမျှ လူတော်တော်များများနှင့် ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးစားပါ။ တနင်္ဂနွေနေ့တိုင်း ဝတ်ပြုသွားတဲ့ခရစ်ယာန်မိတ်ဆွေတစ်ဦးကို သင့်ကိုခေါ်ဖို့ ပြောပါ။ ဂျူးသူငယ်ချင်းကိုလည်း သူတို့ရဲ့ ဥပုသ်နေ့ညစာစားပွဲမှာ သင့်ကိုဖိတ်ဖို့ ပြောပါ။ မွတ်စလင်မိတ်ဆွေတစ်ယောက်နဲ့အတူ ဗလီကျောင်းသို့ လိုက်ပါ။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းသို့ သွားပါ။ ကွန်ဖြူးရှပ်ဝါဒီဘုရားကျောင်းသို့သွားပါ။ ကွန်ဖြူးရှပ်ဝါဒီတွေက ဘုရားသခင်ကို မယုံကြည်တာကြောင့် ဖွဲ့စည်းထားတဲ့ဘာသာတရားက သင့်အတွက်ပိုသဘာဝကျတယ်လို့ ခံစားရမိနိုင်ပါတယ်။
သင့်အနားမှာ လောကလူသားချင်းစာနာတဲ့ လူ့အဖွဲ့အစည်းနဲ့ ဝန်းရံပါ။ လူသားချင်းစာနာမှုဆိုတာ တရားသေအယူဝါဒမဟုတ်ဘဲ ကျင့်ဝတ်နှင့် ကျိုးကြောင်းဆင်ခြင်မှုအပေါ်မှာ အဓိကအခြေခံပါတယ်။
မတူညီသောဘာသာရေးကျမ်းစာဖတ်ပါ
အခြားဘယ်လိုအရာကမှ မရှိဘူးဆိုရင် ဘုရားသခင်ဆိုတာ ဘာသာရေးနှင့် ယုံကြည်မှုက သမိုင်းကြောင်းကို များစွာပုံသွင်းပေးခဲ့ပါတယ်။ တတ်နိုင်သမျှ ဘာသာရေးစာသားတွေကို ဖတ်ရှုခြင်းက သင့်အတွက် သမိုင်းကြောင်းအရ အထောက်အကူပြုနိုင်ပြီး သင့်ရဲ့ယုံကြည်ချက်က ဘုရားသခင်ကိုယုံကြည်သူတွေရဲ့ ထင်မြင်ချက်တွေကို နားလည်သယောင်ယောင်ရှိပါလိမ့်မယ်။ ဒါ့ကြောင့် ခရစ်ယာန်ဘာသာကို ပိုမိုနားလည်ဖို့ သမ္မာကျမ်းစာကို ဖတ်ပါ။ ဂျူးဘာသာကို ပိုမိုနားလည်ဖို့ တိုရာ(Torah)ကို ဖတ်ပါ။ အစ္စလာန်ဘာသာကို ပိုမိုနားလည်နိုင်ဖို့အတွက် ကုရ်အာန်နှင့် ဆွန်နာကို ဖတ်ပါ။ ဗုဒ္ဓဘာသာကို ပိုမိုနားလည်ဖို့ ပိဋကတ်သုံးပုံ( Tripitaka) ကိုဖတ်ပါ။ ဟိန္ဒူဘာသာကို ပိုမိုနားလည်ဖို့ Ghagavad- Gita ကို ဖတ်ပါ။ ကွဲပြားခြားနားသောဘာသာတရားတွေကို ခြုံငုံသုံးသပ်ချက်ကို ရယူဖို့ ဟူစတန်စမစ်ရဲ့ ကမ္ဘာ့ဘာသာတရားများဆိုတဲ့ စာအုပ်ကိုဖတ်ပါ။
၃။ ဘာသာမတူသောလူတွေနဲ့ ဆွေးနွေးပါ
သင်နှင့် ကွဲပြားခြားနားသူတွေကို နားလည်ဖို့အကောင်းဆုံးကတော့ သင်သဘောမတူခြင်းနှင့် အဘယ်ကြောင့်ဆိုတဲ့အကြောင်းအရာကို ပွင့်လင်းရိုးသားစွာ ဆွေးနွေးခြင်းဖြစ်ပါတယ်။ ဘာသာတရားအကြောင်းဆွေးနွေးတဲ့အခါ နားထောင်ခြင်းက စကားပြောသလိုပဲ အရေးကြီးတယ်ဆိုတာ သတိပြုပါ။ ကိုယ့်ကိုယ်ကိုယ် တစ်ဖက်လူရဲ့ ဖိနပ်နေရာက နေတတ်ဖို့ကြိုးစားပါ။ အချိန်တိုင်းရိုသေလေးစားပါ။ တစ်စုံတစ်ဦးရဲ့ အမြင်ကို လေးစားခြင်းက သင်သဘောတူတယ်လို့ မဆိုလိုပါဘူး။
၄။ လူတွေကို ပြောင်းလဲဖို့မကြိုးစားပါနဲ့
စနစ်တကျဖွဲ့စည်းထာသော ဘာသာရေးဆိုင်ရာ ပြဿနာကြီးတစ်ခုက ယုံကြည်သူတွေအနေနဲ့ မယုံကြည်သူတွေကို ဘာသာပြောင်းဖို့ ဖိအားပေးလေ့ရှိကြတာပါ။ ဘုရားမဲ့ဝါဒီသမားတွေကလည်း ဒီအရာတွေနဲ့ မလွတ်ကင်းနိုင်ပါဘူး။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးနှင့် တွေ့တဲ့အခါ သူတို့ဘာလုပ်သင့်တယ်ဆိုတာမျိုး သူတို့ကိုမရှင်းပြပါနှင့်။ အဲဒီ့အစား သူတို့စကားပြောတဲ့အခါ နားထောင်ပြီး သူတို့ဘယ်ကလာတယ်ဆိုတာ နားလည်အောင်ကြိုးစားပါ။ တစ်ဦးနှင့် တစ်ဦးဆက်သွယ်တဲ့အခါ ဘာသာတရားက စကားစမြည်အဖြစ်သာ ပျံ့နှံ့စေပါ။ စာနာပြီး သူတစ်ပါးရဲ့ ခံစားချက်တွေကို အသိအမှတ်ပြုပါ။
၅။ ဘုရားသခင်ကို ယုံကြည်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို စဉ်းစားပါ
ဘာသာရေးဓလေ့ထုံးစံတွေကို စောင်ကြည့်ခြင်းက လူတွေရဲ့ စိတ်နေသဘောထားကို လူမှုအသိုင်းအဝိုင်းနှင့်အတူ နေပေးခြင်းက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြုပါတယ်။ သင်ကိုယ်တိုင်မယုံကြည်ပေမယ့် တစ်ခြားလူတွေရဲ့ ဘဝအရည်အသွေးကို တိုးတက်စေကြောင်းသင်နားလည်ခြင်းက သူတို့ရဲ့ ရွေးချယ်မှုတွေကို နားလည်ဖို့ကူညီနိုင်ပါလိမ့်မယ်။ ဘာသာရေးတရားတော်တော်များများက ခွင့်လွှတ်ခြင်းနှင့် သည်းခံခြင်းအကြောင်းတရားတွေကို ဟောပြောခြင်းက စိတ်ကျန်းမာရေးပိုမိုကောင်းမွန်လာခြင်းနှင့်လည်း ဆက်စပ်မှုတွေရှိနေပါတယ်။ ဘုရားသခင်ကို ယုံကြည်ခြင်းက ကင်ဆာရောဂါနှင့် ဦးနှောက်ဒဏ်ရာကဲ့သို့သော ကျန်းမာရေးအခြေအနေတွေကို ပြန်လည်ကောင်းမွန်လာစေတဲ့အတွက် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုပေးပါလိမ့်မယ်။ စိတ်ကျရောဂါကုသမှုခံယူတဲ့အခါ ဘုရားသခင်ကို ယုံကြည်တာက အထောက်အကူဖြစ်စေပါလိမ့်မယ်။
၆။ သင့်ရဲ့ ပုဂ္ဂိုလ်ရေးဘက်လိုက်မှုကို ဘေးဖယ်ထားပါ
ဘာသာရေးအတွေးအခေါ်က ပဋိပက္ခတွေနှင့် စစ်ပွဲတွေဖန်တီးတဲ့နေရာမှာ အဓိကကျတာသေချာပါတယ်။ ဒါဟာ အကြမ်းဖက်မှုသီးသန့်ကိုပဲဆိုလိုတာမဟုတ်ပါဘူး။ ဆင်းရဲနွမ်းပါးမှု၊ လူမှုမညီမျှမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတွေကလည်း အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။ သင့်စကားလုံးတွေကို ရွေးချယ်ပြီးသင်ပြောတဲ့အရာအတွက် သင့်ကိုယ်သင်တာဝန်ယူပါ။ ဘုရားသခင်ကို ယုံကြည်သောသူတွေကို မယုံကြည်သူတစ်ဦးအနေနဲ့ သင်မျှော်လင့်သော တူညီသောရိုသေလေးစားမှုနဲ့ ဆက်ဆံပါ။
၇။ ဆွေးနွေးမှုအစမှာ နှစ်ဦးနှစ်ဖက်စလုံးကို ဘုရားသခင်ကို တူညီသောအဓိပ္ပာယ်ဖွင့်ပါ
တစ်ခါတရံမှာ လူအမျိုးမျိုးတို့က ဘုရားသခင်နှင့် ပတ်သက်ပြီးတော့ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးရှိပါတယ်။ ဘုရားသခင်ကိုယုံကြည်သူတစ်ဦးဦးနှင့် စကားမပြောခင်မှာ နှစ်ဦးစလုံးက ဘုရားသခင်ကို တူညီသောအဓိပ္ပာယ်ဖွင့်ဆိုဖို့သေချာစေပါတယ်။ ဘာသာရေးဆိုင်ရာ ဆွေးနွေးမှုတွေမပြုလုပ်ခင် သူတို့ဘုရားသခင်မှာ ဘယ်လိုအကြောင်းအရာတွေကို လက်ခံယုံကြည်တယ်၊ ပါဝင်တယ်ဆိုတာ စကားပြောနေသူကို မေးမြန်းပါ။ မတူညီသောအချက်တွေကို စစ်ဆေးပါ။ ဒါက တစ်ယောက်နဲ့တစ်ယောက်အငြင်းပွားခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။
Lifestyle_Myanmar
Nyein_Thu
Ref- wikihow