** Unicode **
ဘာသာရပ်အသစ်များ ပါသည့် အထက်တန်းသင်ရိုးသစ် (ဒသမတန်း-Grade 10)ကို ယခုကျောင်းဖွင့်ချိန်တွင် စသင်မည်ဖြစ်ပါတယ်။
ဒသမတန်း (Grade-10) ဘာသာရပ် ပုံနှိပ်စာအုပ်များကို ဆရာ/ဆရာမများ လေ့လာနိုင်ရန် ပညာရေးဝန်ကြီးဌာနက မေလ (၁၀) ရက်တွင် အခြေခံပညာဦးစီးဌာန ဝက်ဘ်ဆိုက်တွင် လွှင့်တင်ထားပြီး သင်ရိုးသစ်တွင် လူမှုရေး သိပ္ပံ (ပထဝီဝင်+သမိုင်း+ ဘောဂဗေဒ)၊ လူမှုရေးသိပ္ပံ (ပထဝီဝင်+သမိုင်း)၊ သိပ္ပံ (ဓာတုဗေဒ+ရူပ ဗေဒ+ဇီဝဗေဒ) စသည့် ဘာသာရပ်အသစ်များ ထပ်တိုးထားပါတယ်။
အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ‘‘အရင်တုန်းက သိပ္ပံသမားက လူမှုရေးအကြောင်း ဘာမှမသိ ဘူး။ ဘောဂဗေဒအကြောင်း၊ ပထဝီ၊ သမိုင်း သူမသိဘူး။ သိပ္ပံပဲ သူသိတယ်။ သမိုင်းအကြောင်းကို သိပ္ပံသမားက ဘာမှ မသိလို့မရဘူး။ သိသင့်သိထိုက်တဲ့အခြေခံ သမိုင်းအချက်အလက်တွေ သိကိုသိရမယ်။ အဲဒါကြောင့် ပေါင်း စည်းသိပ္ပံတို့၊ ပေါင်းစည်းဝိဇ္ဇာတို့ သင်ရမှာ။ သိပ္ပံ Pure ယူတဲ့သူက ဝိပ္ပံပေါင်းစည်းဘာသာကို သင်ရ မယ်။ ဝိဇ္ဇာသန့်သန့်ယူတဲ့သူက သိပ္ပံပေါင်းစည်းဘာသာကို ယူရ မယ်’’ဟုပြောကြားခဲ့ပါတယ်။
သင်ရိုးသစ် ဒသမတန်း (Grade-10)တွင် ဘာသာတွဲ လေးခု ပါဝင်မည်ဖြစ်ပြီး ကျောင်းသားကျောင်းသူသည် ထိုဘာသာတွဲ လေးခုအနက် နှစ်သက်ရာ ဘာသာတွဲတစ်ခုကို ရွေးချယ်သင်ယူရမည်ဖြစ်ကာ ဘာသာရပ်အသစ်များကိုလည်း သက်ဆိုင်ရာ ဘာသာတွဲတစ်ခုစီတွင် ထည့်သွင်းထားပါတယ်။
အတွဲ(၁)တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ လူမှုရေးသိပ္ပံ(ပထဝီဝင် + သမိုင်း + ဘောဂ ဗေဒ)၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယ+ပန်းချီ+ဂီတ ဘာသာရပ်များ၊ အတွဲ(၂)တွင် မြန်မာစာ၊အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ရူပဗေဒ၊ လူမှုရေးသိပ္ပံ (ပထဝီဝင်+သမိုင်း)စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင် စရာ၊ ကာယ+ပန်းချီ+ဂီတ ဘာ သာရပ်များ ပါဝင်ပါတယ်။
အတွဲ(၃)တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ၊ သိပ္ပံ (ဓာတုဗေဒ+ရူပဗေဒ+ဇီဝဗေဒ)၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယ+ပန်းချီ+ ဂီတ ဘာသာရပ်များ၊ အတွဲ(၄)တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ စိတ်ကြိုက်မြန်မာစာ၊ ဘောဂဗေဒ၊ လူမှုရေးသိပ္ပံ (ပထဝီဝင်+ သမိုင်း)၊ သိပ္ပံ (ဓာတုဗေဒ+ရူပဗေဒ+ဇီဝဗေဒ)၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်း ကျင်စရာ၊ ကာယ+ပန်းချီ+ဂီတ ဘာသာရပ်များ ပါဝင်ပါတယ်။
ဘာသာတွဲတစ်ခုစီတွင် ဘာသာရပ် (၁၀) ခု ပါဝင်သော် လည်း အဓိကဘာသာရပ်များကိုသာ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရမည်ဖြစ်ပြီး ကျန်ဘာသာ ရပ်များကို ကျောင်းတွင်းစစ်စာ မေးပွဲများတွင်သာ စစ်ဆေးမည် ဟု ဦးကိုလေးဝင်းကဆိုပါတယ်။
သင်ရိုးဟောင်းတွင် နဝမတန်း (Grade-10)၊ ဒသမတန်း(Grade-11) အတန်းနှစ်တန်းကို အခြေခံပညာ အထက်တန်းအဆင့်ဟု သတ်မှတ်ခဲ့သော်လည်း သင်ရိုးသစ်၌ အထက်တန်းအဆင့်တွင် ဒသမတန်း (Grade-10)၊ ဧကဒသမတန်း (Grade-11)၊ ဒွါဒသမတန်း (Grade-12) ဟူသည့် အတန်းသုံးတန်းတက်ရ မည်ဟု ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။
International Universities (Private) (16) နိုင်ငံတကာတက္ကသိုလ်နှင့် ကောလိပ်များ နှင့်ပတ်သက်ပြီး (၁၆)ခု ရှာရန်နှိပ်ပါ။
လာမည့် ကျောင်းဖွင့်ချိန် တွင် အထက်တန်းအဆင့်၏ ပထမဆုံးအတန်းဖြစ်သည့် ဒသမတန်း(Grade-10)ကို သင်ရိုးညွှန်းတမ်း အသစ်စပြောင်းမည်ဖြစ်ပါတယ်။
အလယ်တန်းအဆင့် သင်ရိုးဟောင်းတွင် နောက်ဆုံးအတန်း ဖြစ်သည့် အဋ္ဌမတန်း (Grade-9)ကို ပြီးခဲ့သည့်နှစ်က တက်ရောက် အောင်မြင်သူများသည် လာမည့်ကျောင်းဖွင့်ချိန်၌ အထက်တန်းအဆင့် တက်ရာတွင် သင်ရိုးသစ် ဒသမတန်း (Grade-10)၌ တက်ရမည်ဖြစ်ပါတယ်။
Credit: 7Day News
** Zawgyi **