
ကားအင်ဂျင်အတွက် အရေးအပါဆုံး အရာများတွင် အင်ဂျင်ဝိုင်လည်း ပါပါတယ်။
ကားတစ်စီး၏ အင်ဂျင်ကို ကောင်းစွာဂရုစိုက်ခြင်းသည် ကားပိုင်ဆိုင်သောသူတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ကား၏ အင်ဂျင်ကို ဂရုစိုက်ရန် အကောင်းဆုံးနည်းလမ်းများအနက်မှတစ်ခုမှာ ကားအတွက် အသင့်တော်ဆုံး ဖြစ်သည့် အင်ဂျင်ဝိုင်များထဲမှ အရည်အသွေး အကောင်းဆုံး အင်ဂျင်ဝိုင်ကို သုံးစွဲခြင်း ဖြစ်ပါတယ်။ အင်ဂျင်ဝိုင်ဟာ ကားအင်ဂျင်ရဲ့ အသက်သွေး ဖြစ်ပါတယ်။အင်ဂျင်ဝိုင်ကို ဂရုမစိုက်ရင် အင်ဂျင်နာပါတယ်။ ကားကို လက်ထဲ ရေရှည်ထားမယ်ဆိုရင် အင်ဂျင်ပိုင်း ပြုပြင်ရတဲ့ စရိတ်တွေ တက်လာလိမ့်မယ်။ ကံခေရင် ဘယ်လိုပဲ ပြင်ပါသော်လညး အရင်လို ပြန်မကောင်းနိုင်တော့ဘူး။အင်ဂျင်ထဲကို အင်ဂျင်ဝိုင် ထည့်ပေးရတဲ့ အဓိက ရည်ရွယ်ချက်က အင်ဂျင်ထဲမှာ လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေအကြား ပွတ်တိုက်တဲ့အခါ ချောမွေ့နေစေဖို့ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း အင်ဂျင်ဝိုင်ကို ချောဆီ လို့ အမည်ပေးခဲ့ကြတာ ဖြစ်ပါတယ်။အင်ဂျင် အလုပ်လုပ်နေတဲ့ အခါ အထဲမှာ ပေါက်ကွဲမီးလောင်းတယ်။ အပူတွေ ထွက်တယ်။ ဟိ တက်တယ်။
အဲဒီ အပူတွေကို ရေက သယ်သွားပေးတယ်။ အင်ဂျင်ဝိုင်ကလည်း အပူတွေကို ယူထားပေးတယ်။အင်ဂျင်ထဲမှာ လောင်စာဆီကို ပေါက်ကွဲပေးတဲ့အခါ မလိုလားတဲ့ ဓာတု ဘေးထွက်ပစ္စည်းတွေ ထွက်တယ်။ အဲဒီ ဓာတု ဘေးထွက်ပစ္စည်းတွေကို အင်ဂျင်ဝိုင်က ဆွဲသိမ်းပေးတယ်။ အဲဒါကြောင့် အင်ဂျင်ဝိုင်ဟာ ကြာလာရင် ညစ်ထေးလာပြီး အသစ်လဲပေးကြရတယ်။မီးလောင် ပေါက်ကွဲဖို့အတွက် လေကို ယူသုံးတယ်။ လေထဲမှာ အောက်ဆီဂျင်ပါတယ်။ အောက်ဆီဂျင်က ဓာတ်ပေါင်းစပ်ပြီး အောက်ဆိုက်အဖြစ်ကို ရောက်တယ်။ အဲဒီ အောက်ဆိုက် ဓာတ်ပေါင်းတွေဟာ ကောင်းကျိုး မပေးဘူး။ အင်ဂျင်အသား သံချေးတက်တယ်။ အဲဒီလို အောက်ဆိုဒ် ဖြစ်ပြီး သံချေးတက် ပျက်စီးတာ လျော့နည်းအောင်လည်း အင်ဂျင်ဝိုင်က လုပ်ပေးပါတယ်။ အမျိုးအစား ညံ့ဖျင်းတဲ့ အင်ဂျင်ဝိုင်တွေဟာ အဲဒီတာဝန်ကို ထမ်းဆောင်ပေးခြင်း မရှိပါဘူး။
အင်ဂျင်ဝိုင် အရည်အသွေးကို SAE Rating ဆိုတဲ့ SAE အဆင့် သတ်မှတ်ချက်ဖြင့် ပြောဆိုကြတယ်။ SAE က Society of Automotive Engineers ကိုဆိုလိုပါတယ်။ မော်တော်ယာဉ်ဆိုင်ရာ အင်ဂျင်နီယာများ အသင်း ဖြစ်ပါတယ်။SAE အဆင့်သတ်မှတ်ချက်မှာ အဓိက အချက် ၂ ချက် ရှိတယ်။လုပ်ငန်းတာဝန်များနဲ့ စေးပျစ်ခြင်း အပျစ်အကြဲ တို့ ဖြစ်ပါတယ်။SAE Rating ကို ကိန်းဂဏန်းနဲ့ အက္ခရာတို့ သုံးစွဲပြီး ဖော်ပြပါတယ်။ဥပမာ 5W-30 ဆိုပြီး ဖော်ပြထားရင် W ဟာ ဆောင်းရာသီလို အေးတဲ့အပူချိန်မှာ စမ်းသပ်ကြည့်တဲ့အခါ စေးပျစ်ခြင်း အတန်းအစား 5 ရှိတာတွေ့ရကြောင်း အသိပေးထားတာ ဖြစ်ပါတယ်။အင်ဂျင် အေးစက်နေတဲ့ မနက်ခင်းမှာ စက်နှိုးမယ် ဆိုပါစို့။ 5W အင်ဂျင်ဝိုင်က 10W အင်ဂျင်ဝိုင်ထက် ပိုကောင်း ပိုသင့်တော်ပါတယ်။ အေးလို့ ဆီခဲတာ နည်းပါးတဲ့အတွက် အင်ဂျင်ထဲ ဆီပြေးတာ ပိုကောင်းနေစေပါတယ်။ 30 ကတော့ အင်ဂျင်ပူပြီး ရေဆူမှတ် ရောက်တဲ့အခါမှာ ရှိနေတဲ့ စေးပျစ်ခြင်း အဆင့်ကို ရည်ညွှန်းပါတယ်။မနက်ဖက် အင်ဂျင်ကို နှိုးတဲ့အခါ တစ်ညလုံး အိပ်ထားတာကြောင့် အင်ဂျင်မှာ ဆီတွေ အပြည့်အဝ နေရာ မယူရသေးဘူး။ အင်ဂျင်လည်နေရင်းမှာ ဆီတွေ နေရာယူလိုက်ကြတယ်။ အဲဒီလို နေရာမယူခင် စပ်ကြား ဆီခြောက်ခြောက်ဖြင့် လည်နေတာကို dry running လို့ ခေါ်ဝေါ်ကြတယ်။ dry running ကြာရင် အင်ဂျင်နာတယ်။ အချိန်တိုတောင်းလေ ကောင်းလေ ဖြစ်ပါတယ်။SAE Rating နှစ်မျိုး 5W-30 နဲ့ 10W-30 တို့ကို ယှဉ်ပြီး စဉ်းစားကြည့်ရင် အေးစက်နေတဲ့ အင်ဂျင် စက်စနှိုးစဉ်မှာ 5W က dry running ကြာချိန် 10W ထက် ပိုတိုတောင်းမှာ ဖြစ်ပါတယ်။ 0W က 5W ထက် အချိန်ပိုတိုတောင်းမှာ ဖြစ်ပါတယ်။စက်ပူပြီးချိန်မှာတော့ 5W-30 နဲ့ 10W-30 ဟာ တန်ဖိုး 30 ဖြစ်နေတာချင်း တူနေလို့ စေးပျစ်မှု အတူတူ ဖြစ်နေကြမှာ ဖြစ်ပါတယ်။မိမိကားရဲ့ အင်ဂျင်အတွက် ဘယ်လို ရာသီဥတုမှာ ဘယ်အမျိုးအစား သုံးရမလဲဆိုတာ owner's manual ကားပိုင်ရှင် လက်စွဲမှာ ကြည့်ရှု မှတ်သားထားသင့်ပါတယ်။ဈေးကွက်ထဲမှာ ခိုင်မာသေချာတဲ့ အမှတ်တံဆိပ်ကို ရွေးပြီးသုံးမှ ပုံးမှာ ဖော်ပြထားတဲ့ SAE Rating အတိုင်း အထဲမှာထည့်ပေးလိုက်တဲ့ အင်ဂျင်ဝိုင်ဟာ အမှန်အကန် ဖြစ်မယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။zawgyi
ကားအင်ဂျင်ရဲ့ အသက်သွေးကားအင်ဂျင်အတွက် အရေးအပါဆုံး အရာများတွင် အင်ဂျင်ဝိုင်လည်း ပါပါတယ်။
ကားတစ်စီး၏ အင်ဂျင်ကို ကောင်းစွာဂရုစိုက်ခြင်းသည် ကားပိုင်ဆိုင်သောသူတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ကား၏ အင်ဂျင်ကို ဂရုစိုက်ရန် အကောင်းဆုံးနည်းလမ်းများအနက်မှတစ်ခုမှာ ကားအတွက် အသင့်တော်ဆုံး ဖြစ်သည့် အင်ဂျင်ဝိုင်များထဲမှ အရည်အသွေး အကောင်းဆုံး အင်ဂျင်ဝိုင်ကို သုံးစွဲခြင်း ဖြစ်ပါတယ်။ အင်ဂျင်ဝိုင်ဟာ ကားအင်ဂျင်ရဲ့ အသက်သွေး ဖြစ်ပါတယ်။
အင်ဂျင်ဝိုင်ကို ဂရုမစိုက်ရင် အင်ဂျင်နာပါတယ်။ ကားကို လက်ထဲ ရေရှည်ထားမယ်ဆိုရင် အင်ဂျင်ပိုင်း ပြုပြင်ရတဲ့ စရိတ်တွေ တက်လာလိမ့်မယ်။ ကံခေရင် ဘယ်လိုပဲ ပြင်ပါသော်လညး အရင်လို ပြန်မကောင်းနိုင်တော့ဘူး။အင်ဂျင်ထဲကို အင်ဂျင်ဝိုင် ထည့်ပေးရတဲ့ အဓိက ရည်ရွယ်ချက်က အင်ဂျင်ထဲမှာ လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေအကြား ပွတ်တိုက်တဲ့အခါ ချောမွေ့နေစေဖို့ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း အင်ဂျင်ဝိုင်ကို ချောဆီ လို့ အမည်ပေးခဲ့ကြတာ ဖြစ်ပါတယ်။အင်ဂျင် အလုပ်လုပ်နေတဲ့ အခါ အထဲမှာ ပေါက်ကွဲမီးလောင်းတယ်။ အပူတွေ ထွက်တယ်။ ဟိ တက်တယ်။ အဲဒီ အပူတွေကို ရေက သယ်သွားပေးတယ်။ အင်ဂျင်ဝိုင်ကလည်း အပူတွေကို ယူထားပေးတယ်။အင်ဂျင်ထဲမှာ လောင်စာဆီကို ပေါက်ကွဲပေးတဲ့အခါ မလိုလားတဲ့ ဓာတု ဘေးထွက်ပစ္စည်းတွေ ထွက်တယ်။ အဲဒီ ဓာတု ဘေးထွက်ပစ္စည်းတွေကို အင်ဂျင်ဝိုင်က ဆွဲသိမ်းပေးတယ်။ အဲဒါကြောင့် အင်ဂျင်ဝိုင်ဟာ ကြာလာရင် ညစ်ထေးလာပြီး အသစ်လဲပေးကြရတယ်။မီးလောင် ပေါက်ကွဲဖို့အတွက် လေကို ယူသုံးတယ်။ လေထဲမှာ အောက်ဆီဂျင်ပါတယ်။ အောက်ဆီဂျင်က ဓာတ်ပေါင်းစပ်ပြီး အောက်ဆိုက်အဖြစ်ကို ရောက်တယ်။ အဲဒီ အောက်ဆိုက် ဓာတ်ပေါင်းတွေဟာ ကောင်းကျိုး မပေးဘူး။ အင်ဂျင်အသား သံချေးတက်တယ်။ အဲဒီလို အောက်ဆိုဒ် ဖြစ်ပြီး သံချေးတက် ပျက်စီးတာ လျော့နည်းအောင်လည်း အင်ဂျင်ဝိုင်က လုပ်ပေးပါတယ်။ အမျိုးအစား ညံ့ဖျင်းတဲ့ အင်ဂျင်ဝိုင်တွေဟာ အဲဒီတာဝန်ကို ထမ်းဆောင်ပေးခြင်း မရှိပါဘူး။အင်ဂျင်ဝိုင် အရည်အသွေးကို SAE Rating ဆိုတဲ့ SAE အဆင့် သတ်မှတ်ချက်ဖြင့် ပြောဆိုကြတယ်။ SAE က Society of Automotive Engineers ကိုဆိုလိုပါတယ်။ မော်တော်ယာဉ်ဆိုင်ရာ အင်ဂျင်နီယာများ အသင်း ဖြစ်ပါတယ်။
SAE အဆင့်သတ်မှတ်ချက်မှာ အဓိက အချက် ၂ ချက် ရှိတယ်။
လုပ်ငန်းတာဝန်များနဲ့ စေးပျစ်ခြင်း အပျစ်အကြဲ တို့ ဖြစ်ပါတယ်။SAE Rating ကို ကိန်းဂဏန်းနဲ့ အက္ခရာတို့ သုံးစွဲပြီး ဖော်ပြပါတယ်။
ဥပမာ 5W-30 ဆိုပြီး ဖော်ပြထားရင် W ဟာ ဆောင်းရာသီလို အေးတဲ့အပူချိန်မှာ စမ်းသပ်ကြည့်တဲ့အခါ စေးပျစ်ခြင်း အတန်းအစား 5 ရှိတာတွေ့ရကြောင်း အသိပေးထားတာ ဖြစ်ပါတယ်။
အင်ဂျင် အေးစက်နေတဲ့ မနက်ခင်းမှာ စက်နှိုးမယ် ဆိုပါစို့။ 5W အင်ဂျင်ဝိုင်က 10W အင်ဂျင်ဝိုင်ထက် ပိုကောင်း ပိုသင့်တော်ပါတယ်။ အေးလို့ ဆီခဲတာ နည်းပါးတဲ့အတွက် အင်ဂျင်ထဲ ဆီပြေးတာ ပိုကောင်းနေစေပါတယ်။ 30 ကတော့ အင်ဂျင်ပူပြီး ရေဆူမှတ် ရောက်တဲ့အခါမှာ ရှိနေတဲ့ စေးပျစ်ခြင်း အဆင့်ကို ရည်ညွှန်းပါတယ်။မနက်ဖက် အင်ဂျင်ကို နှိုးတဲ့အခါ တစ်ညလုံး အိပ်ထားတာကြောင့် အင်ဂျင်မှာ ဆီတွေ အပြည့်အဝ နေရာ မယူရသေးဘူး။ အင်ဂျင်လည်နေရင်းမှာ ဆီတွေ နေရာယူလိုက်ကြတယ်။ အဲဒီလို နေရာမယူခင် စပ်ကြား ဆီခြောက်ခြောက်ဖြင့် လည်နေတာကို dry running လို့ ခေါ်ဝေါ်ကြတယ်။ dry running ကြာရင် အင်ဂျင်နာတယ်။ အချိန်တိုတောင်းလေ ကောင်းလေ ဖြစ်ပါတယ်။SAE Rating နှစ်မျိုး 5W-30 နဲ့ 10W-30 တို့ကို ယှဉ်ပြီး စဉ်းစားကြည့်ရင် အေးစက်နေတဲ့ အင်ဂျင် စက်စနှိုးစဉ်မှာ 5W က dry running ကြာချိန် 10W ထက် ပိုတိုတောင်းမှာ ဖြစ်ပါတယ်။ 0W က 5W ထက် အချိန်ပိုတိုတောင်းမှာ ဖြစ်ပါတယ်။
စက်ပူပြီးချိန်မှာတော့ 5W-30 နဲ့ 10W-30 ဟာ တန်ဖိုး 30 ဖြစ်နေတာချင်း တူနေလို့ စေးပျစ်မှု အတူတူ ဖြစ်နေကြမှာ ဖြစ်ပါတယ်။မိမိကားရဲ့ အင်ဂျင်အတွက် ဘယ်လို ရာသီဥတုမှာ ဘယ်အမျိုးအစား သုံးရမလဲဆိုတာ owner's manual ကားပိုင်ရှင် လက်စွဲမှာ ကြည့်ရှု မှတ်သားထားသင့်ပါတယ်။
ဈေးကွက်ထဲမှာ ခိုင်မာသေချာတဲ့ အမှတ်တံဆိပ်ကို ရွေးပြီးသုံးမှ ပုံးမှာ ဖော်ပြထားတဲ့ SAE Rating အတိုင်း အထဲမှာထည့်ပေးလိုက်တဲ့ အင်ဂျင်ဝိုင်ဟာ အမှန်အကန် ဖြစ်မယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။