သင်ရိုးသစ်တွင်ပြောင်းလဲ ပြင်ဆင်မည့် Sex Education
edge.com.mm
|
2020-05-24

** Unicode **

လာမည့်ကျောင်းဖွင့်ရာသီတွင် စတင်သင်ကြားတော့မည့် ဒသမတန်းသင်ရိုးသစ်မှ လိင်ပညာပေးဆိုင်ရာ (Sex Education) သင်ခန်းစာများကို ပြည်သူ့အသံ နားထောင်၍ မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ပြန်လည်ပြင်ဆင်တော့မည်ဟု အခြေခံပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

ဒသမတန်း သင်ရိုးသစ်၏ “ဘဝတွက်တာ ကျွမ်းကျင်စရာ” ဘာသာရပ်တွင် ထည့်သွင်းရေးဆွဲထားသော ရောဂါကင်းဝေး ကျန်းမာရေးသင်ခန်းစာ၊ မျိုးဆက်ပွားကျန်းမာရေး နှင့် ဆယ်ကျော်သက်အရွယ်များ ပေါင်းသင်းဆက်ဆံရေး သင်ခန်းစာများတွင် ပြန်လည်သုံးသပ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

ထိုကိစ္စများကို ရှင်းလင်းရန် ယနေ့ နေပြည်တော်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာ ဦးစီးဌာနက ဦးဆောင်၍ သတင်းစာရှင်းလင်းပွဲ ဖြစ်လုပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ထိုသင်ခန်းစာများမှာ လာမည့် ဇူလိုင်လ စာသင်ကျောင်းများ ပြန်ဖွင့်လျှင် စတင် သင်ကြားရမည် ဖြစ်သောကြောင့် ထိုကာလမတိုင်ခင် ပြင်ဆင်နိုင်ရန် ကြိုးပမ်းနေပြီး သင်ကြားရမည့် ဆရာ/ဆရာမအား ယခုကာလ သင်တန်ပေးနေမှုတွင်လည်း ဝေဖန်မှုများရှိနေသည့် လိင်ပညာပေးသင်ခန်းစာများ ပါဝင်သည့် ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်ထဲမှ အခန်း(၄)နှင့်(၅) ကိုမသင်ယူစေပဲ ခေတ္တဆိုင်းငံထားကြောင်းသိရပါတယ်။

ဦးကိုလေးဝင်းက “အရင်ဆုံးတော့ ပြည်သူ့အသံနားထောင်ပြီး ကျနော်တို့ ပြင်စရာရှိတာတွေပြင်မယ်။ ဓလေ့ထုံးစံတွေ ယဉ်ကျေးမှုတွေ ဘယ်လောက်များ ကွာဟနေလဲ၊ ကွာဟနေတာကိုတော့ ကျနော်တို့ ပြန်ပြီးတော့မှ ကွာဟမှု အနည်းဆုံးဖြစ်အောင် ကျနော်တို့ကြိုးစားဖို့ရှိတယ်” ဟု ပြောပါတယ်။

သို့သော် ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်စာအုပ်ကို ဆရာလမ်းညွှန်နှင့် ကျောင်းသားအတွက် ဖတ်စာအုပ်ပါ နှစ်မျိုးစလုံး ရိုက်နှိပ်ထုတ်ဝေပြီး ဖြစ်သောကြောင့် ပြန်လည်ပြင်ဆင်လျှင်လည်း နောက်ဆက်တွဲစာအုပ်ဖြင့် ပြင်ဆင်ချက် ထုတ်ဝေရမည်ဖြစ်ပြီး ယခုကျောင်းဖွင့်ချိန်အမှီ ပြင်ဆက်ချက်မပြီးပါက ထိုဖတ်စာအုပ်များကို ကျောင်းသားများထံ ဖြန့်ဝေခြင်းကိုလည်း ခေတ္တဆိုင်းငံ့မည်ဟု ဆိုပါတယ်။

ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်၏ သင်ခန်းစာတခုဖြစ်သော ထွန်းထွန်းနှင့်ချိုချို ဆိုသည့် သင်ခန်းစာမှာ ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့ခဲ့ပြီး ဝေဖန်မှုအများပြား ထွက်ပေါ်လာခြင်း၊ ထိုသင်ခန်းစာကို မသင်ကြားသင့်ကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်း စသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်းသင်းကလည်း ထိုသင်ခန်းစာများနှင့်ပတ်သက်၍ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်ရန် မေလ ၂၀ ရက်နေ့က ပြည်သူ့လွှတ်တော်သို့ အရေးကြီးအဆိုတင်ခဲ့သော်လည်း လွှတ်တော်က လက်မခံဘဲ ပယ်ချခဲ့သည်ဟုပြောပါတယ်။

ဒေါက်တာမောင်သင်းက “သင်ရိုးညွှန်းတမ်းဆိုတာ အားလုံးက ကိုယ်သင်ချင်တိုင်း သင်တာထက်ကို ယဉ်ကျေးမှုကို ထိခိုက်ပွန်းပဲ့စေတဲ့ဥစ္စာမျိုး မဖြစ်အောင် ပြင်ဖို့လိုတာပေါ့။ ပြင်မယ်ဆိုတာက ဖတ်စာအုပ်ကိုတင် ပြင်လို့မရဘူး။ ဘယ်သူက ဒီပညာတွေကိုပေးမှာ လဲဆိုတဲ့ စနစ်ကြီးတခုလုံးကို ပြင်ဆင်စေချင်တာ။ ရှင်းရှင်းပြောရရင် ကလေးတွေကို ဆေးပေးတာ၊ အခုကဘေးဖြစ်နေလို့ဗျာ။ လူမှုအသိုင်းအဝန်းအရ ကျနော်တို့က ကန့်ကွက်ရတာ” ဟုပြောပါတယ်။

ထိုသင်ခန်းစာများနှင့်ပတ်သက်၍လည်း ဆရာနှင့်တပည့် သင်ကြားသည့်ပုံစံက မသင့်တော်ဘဲ ကျောင်းကျန်းမာရေးဌာနမှ လိင်ပညာပေးနှင့်ပတ်သက်၍ အထူးပြုလေ့လာထားသော ဆရာဝန်များက သင်ကြားပေးလျှင် ပိုမိုသင့်တော်ကြောင်း ၎င်းက ပြောပါတယ်။

ထိုသို့ဝေဖန်မှုများရှိနေသော်လည်း ယခုသင်ရိုးညွှန်းတမ်းများကို သက်ဆိုင်ရာ ပညာရှင်များက အချိန်ယူရေးဆွဲခဲ့ပြီး ကျောင်းသားကျောင်းသူများကို စမ်းသပ်သင်ကြားမှုများ ပြုလုပ်ပြီးမှသာ သင်ရိုးညွှန်းတမ်းကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုပါတယ်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ဧပြီထိ သက်ငယ်မုဒိမ်းမှု (၉၂၄) မှုဖြစ်ပွားခဲ့ပြီး ထိုသို့ အနုတ်လက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှုများမဖြစ်ပွားရန် ဆယ်ကျော်သက်များအတွက် မျိုးဆက်ပွားကျန်းမာရေး၊ လိင်ပညာပေးများကို မဖြစ်မနေ သင်ကြားပေးရန် လိုအပ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောပါတယ်။

၎င်းက “အဲလိုမျိုး အနုတ်လက္ခဏာဆောင်တဲ့ဥစ္စာမျိုးတွေ မဖြစ်စေချင်ဘူး။ မဖြစ်စေချင်တဲ့အတွက်ကြောင့် ကျမတို့နိုင်ငံတခုတည်း ထူးခြားပြီး သင်နေတာမဟုတ်ဘူး။ ဆယ်ကျော်သက်အရွယ်ဆိုတာ အင်မတန် မှားနိုင်တယ် ကျမတို့ အားလုံးဖြတ်သန်း လာခဲ့တာ” ဟု ပြောပါတယ်။

ပြည်မြို့မှ ကျောင်းသားမိဘတဦးဖြစ်သူ ကိုရဲသွင်ဟိန်းက ၎င်း၏ တတိယတန်းအရွယ် သမီးဖြစ်သူကို ပညာသင်ကြားပေးနေသည့် ပုဂ္ဂလိက စာသင်ကျောင်းတခုတွင် မိန်းကလေးများကို ခွဲကာ ရာသီသွေးပေါ်ခြင်း ကိစ္စရပ်များကို ဆရာမများက သီးသန့်သင်ကြားပေးသည့် စနစ်တခုကို စတင်ကျင့်သုံးနေပြီး ယခုကဲ့သို လိင်ပညာပေးကိစ္စရပ်များမှာလည်း ကျောင်းသားကျောင်သူများ လမ်းမှားမရောက်ရန် စနစ်တကျ သင်ကြားပေးသင့်သည်ဟုဆိုပါတယ်။

“ဆယ်တန်းကို ကိုယ်တွေလည်း ဖြတ်သန်းခဲ့တာပဲ အဲဒီအရွယ်မှာ အဲဒီထက်မကဘူး သိနေပြီ။ ဒါတွေကလိမ်လို့မရဘူး။ ပြဌာန်းစာအုပ်ထဲမှာ ထည့်သင်တာလည်း ကောင်းတယ်။ နောက်ဆက်တွဲမှာဖြစ်လာမယ့် ဆိုးကျိုးလိုမျိုး ဟာတွေကို သေချာချာ သင်ပေးသင့်တယ်။ စနစ်တကျသင်နိုင်ရင် ကလေးတွေအတွက် ကောင်းတယ်”ဟု ၎င်းကပြောပါတယ်။

မြန်မာနိုင်ငံတွင် ဘဝတွက်တာ ကျမ်းကျင်စရာဘာသာရပ်ကို ကျောင်းသား/သူများ၏ အသက်အရွယ်အလိုက် လူမှုဘဝတွင် လိုက်လျောညီထွေ နေထိုင်တတ်စေရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၁၉၉၈ ခုနှစ် ပညာရေးမြှင့်တင်မှု အစီအစဉ်ရ အခြေခံပညာအဆင့်တွင် ထည့်သွင်းသင်ကြားခဲ့သည့် ဘာသာရပ်တခုဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှသိရပါတယ်။

Bookshops (470) စာအုပ်အရောင်းဆိုင်များနှင့် ပတ်သက်ပြီး (၄၇၀) ခုရှာရန်နှိပ်ပါ။

ထိုဘာသာရပ်ကို ၂၀၀၃-၂၀၀၄ ခုနှစ်တွင် UNICEF ၏ နည်းပညာအကူအညီဖြင့် ပြန်လည်ပြုစု၍ သင်ကြားခဲ့ပြီးနောက် NLD အစိုးရလက်ထက် ၂၀၁၆ နှစ်မှစ၍ ယခုသင်ရိုးသစ်များ၏ သင်ကြားသင်ယူမှု မျှော်မှန်းချက်များ၊ ရလဒ်များနှင့် ကိုက်ညီအောင် သင်ခန်းစာများကို တည်းဖြတ် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ထိုသို့တည်းဖြတ်ပြင်ဆင်ရာတွင် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပြန်သူ့ကျန်းမာရေး ဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနတို့မှ ကျွမ်းကျင်ပညာရှင်များ၊ ပညာရေးကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ ပူးပေါင်းပြုစုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။

Credit: Irrawaddy
 
** Zawgyi **

#သင်ခန်းစာ
#ဦးစီးဌာန
#လိင်ပညာ
#ဘာသာရပ်
#ဘဝတွက်တာကျွမ်းကျင်စရာ

Some text some message..