** Unicode **
#လူတွေ့စစ်ဆေးခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ
(၁)စိတ်အခြေအနေစစ်ဆေးခြင်း
(၂)လူတွေ့နှုတ်ဖြေစစ်ဆေးခြင်း
(၁)စာရွက်စာတမ်းများ
- တက္ကသိုလ်ဝင်စာမေးပွဲအောင်လတ်မှတ်မူရင်း၊ ဘွဲ့လတ်မှတ်မူရင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်း၊ အိမ်ထောင်စုစာရင်းမူရင်း၊
(၂)ဥပဓိရုပ်/ဝတ်စားဆင်ယင်မှု
- ဝတ်စားဆင်ယင်ပုံမှ ဆရာဥပဓိရုပ် ပေါ်မပေါ် ကြည့်ခြင်း ဖြစ်ပါတယ်။ ဆရာ/ဆရာမ အင်္ဂါရပ်နှင့်အညီသပ်သပ်ရပ်ရပ် ဝတ်ရန်။ လက်သည်း ခြေသည်းညှပ်သွားပါ။
- ယောက်ျားလေး ဆရာများ အဖြူနှင့်အစိမ်း၊ အဖြူမှာ စတစ်၊ အင်္ကျီ အပေါ်မှာ တိုက်ပုံ ဝတ်ဆင်သွားပါ။ ဖိနပ်ကို ခြေညှပ် သားရေ (သို့) ကတ္တီပါ စီး၍သွားပါ ဆံပင်ကိုလှဲပြီး သပ်သပ်ရပ်ရပ်ဖြီးသွားပါ။ ဆရာများ အကျီင်္ကို လက်မခေါက်ထားပါနှင့်။
- မိန်းကလေး ဆရာမများ အဖြူနှင့်အစိမ်း ဆံထုံးထုံးပြီး အပေါ်မှာ ပုဝါအစိမ်းခြုံသွားပါ။
ဖိနပ်ကတော့ ဒေါက်ဖိနပ်မရပါ။ အပါး slipperအဖြူ ဆို ပိုကောင်းပါသည်။ အဖြူမှာ ခါးတိုဖြစ်ရပါမည်။
(၃)လက်တွေ့စစ်ဆေးခြင်း
- စာသားပေးပြီး နောက်တစ်နေရာတွင် စာကူးရေးခိုင်းပါလိမ့်မည်။လက်ရေးလှဖို့ထက် အဖြတ်အတောက်မှန်မှု၊ သပ်ရပ်မှု၊ အမှားနည်းစွာ ကူးရေးနိုင်မှု၊ ရှင်းလင်းမှုကိုသာ အဓိက ထားပါသည်။
- မူလတန်းသင်ခန်းများမှ မှတ်မိသည့်ကဗျာရွတ်ခိုင်းပါသည်။ သင့်ရဲ့ဆရာ ဆရာမဖြစ်လာတော့မည့် အသံနေအသံထား ဌာန်ကရိုဏ်းကျမှု စစ်ခြင်းဖြစ်ပါသည်။စကားသံပီသ ရှင်းလင်းစွာ ရွတ်ပါ။လေ့ကျင့်သွားပါ။
- အားကစားလုပ်သလားမေးပါလိမ့်မယ်။ သင့်ရဲ့ အားကစားကျန်းမာရေးလိုက်စားမှု မေးခြင်းဖြစ်ပါသည်။
ခြင်းလုံးဆိုလျှင် ကစားနည်းကစားပုံ ဘောလုံးဆိုလျင်လည်း ကစားကွက်များမေးပါလိမ့်မယ်။
မိန်းကလေးများ ကာယလုပ်ပါသည်လို့သာ ဖြေပါ။
လေ့ကျင့်ခန်း လုပ်ခိုင်းတတ်ပါတယ်။
- လမ်းလျှောက်ခိုင်းလည်း ခါးကိုမတ်ပြီး သေချာလေး လျှောက်ပြပါ။
- သင့်ရဲ့ ခြေလက်အဂါင်္စစ်ပါလိမ့်မည်။ မစုံလျှင် ပိုနေလျှင်ကျနိုင်ပါသည်။ ယောက်ျားလေးများ ခြေသလုံးထိကြည့်ပါသည်။ တက်တူးစစ်သည်ဟုထင်ပါတယ်။
( ကောလိပ်တက် သင်တန်း လူတွေ့စစ်လျှင် ယောက်ျားလေးများ အင်္ကျီချွတ်၍ တက်တူးစစ်ပါသည်။ ပါလျင် ပြန်လွှတ်သည်များ ရှိပါသည်။ ယခုလူတွေ့ အကျီချွတ်မစစ်ပါ။)
(၄)မေးမြန်းခြင်း
- မေးသမျှသည် စကားသံပီသမှု၊ ဖြေပုံဖြေနည်း၊ စကားပြတ်သားမှု၊ ပြောဆိုပုံကို အဓိကထားပါသည်။
- မေးလို့မဖြေနိုင်ပါက စိတ်ထဲမထားပါနှင့်။မတုန်လှုပ်ပါနှင့်။ စိုးရိမ်မှုမဖြစ်ပါနှင့်။ ပုံမှန်အတိုင်းသာ နောက်မေးသမျှကို အေးအေးသက်သာစွာ ဖြေကြားပေးလိုက်ပါ။
- သင့်နာမည် အမိ အဖ နာမည် နေရပ်လိပ်စာပါမေးပါလိမ့်မည်။
- ဆရာ/ဆရာမ အလုပ်ကို ဘာကြောင့်လုပ်တာလဲ၊ ဘာလို့ဆရာဖြစ်ချင်လဲ၊ ပညာရေးကိုဘယ်လိုမြင်လဲ ဟုမေးတတ်သဖြင့် အကြောင်းပြချက်ကို ချက်ချင်းဖြေပေးပါ။
- စာအုပ်ဖတ်လား ဘာစာအုပ်ဖတ်လဲ အဲ့စာအုပ်အကြောင်းပြောပါ။....အစရှိသဖြင့် အမေးများပါတယ်
မသိရင် မသိပူးဟုပွင့်ပွင့်လင်းလင်းပြောပါ။
(၅)လေ့ကျင့်စရာ/လေ့လာစရာ
၁ ။ မြန်မာအက္ခရာဗျည်း၃၃လုံး(ကမှအ)နှင့်သရ ၈လုံးကို ရေးနည်းမှန်ကန်စွာလေ့ကျင့်ပါ။
၂ ။ အင်္ဂလိပ်အက္ခရာ ၂၆လုံးနှင့်( 1 to 10 ) (၁ မှ ၁၀ ထိ) ရေးနည်းမှန်ကန်စွာလေ့ကျင့်ပါ။
၃ ။ အထက်ပါ (၂) ချက်ကို Blackboardနှင့်မြေဖြူကိုသုံးပြီးလေ့ကျင့်ပါ။
၄ ။ ကဗျာရွတ်ခိုင်းချင်း ၊ သီချင်းဆိုခိုင်းချင်းများရှိသည့်အတွက် ယခင်သူငယ်တန်းဖတ်စာအုပ်မှကဗျာများနှင့်(မိဘဝတ်၊သားသမီးဝတ်၊ဆရာဝတ်၊တပည့်ဝတ်) နိုင်ငံတော်သီချင်း ၊ ဇာတိမာန်သီချင်း ၊ မြန်မာ့ကျောင်းသားသီချင်းနှင့်အခြားသီချင်းများလေ့လာထားပါ။
၅ ။ ပညာရေးဆောင်ပုဒ်များ ၊ ပညာရေးရည်မှန်းချက်များလေ့လာထားပါ။
၆ ။ တက္ကသိုလ်ဝင်တန်းအောင်သည်ခုနှစ် ၊ ဘွဲ့ရသည့်ခုနှစ်ကိုမှတ်ထားပါ(တချို့ကမေ့နေတတ်လို့ပါ)
၇ ။ လိုအပ်သောစာရွက်စာတမ်းများကို တစ်စုတစ်စည်းထဲ ဖိုင်အိတ်အကြည်ဖြင့်ထည့်ယူပါ။
၈။ ဖိုင်အိတ်ကိုစားပွဲပေါ်သို့(လုံးဝ)မတင်ပါနှင့် မိမိပေါင်ပေါ်တွင်ထားပါ။
၉။ ဖြေဆိုမည့်အခန်းတွင်းသို့ရောက်လျှင် နှုတ်ဆတ်ပါ။
၁၀။ ထိုင်ခွင့်တောင်းပါ။
၁၁။ ထိုင်နိုင်ပါသည်ဆိုမှထိုင်ပါ။
၁၂။ ခါးကိုမတ်မတ်ထားပြီးထိုင်ပါ ခေါင်းကိုတည့်တည့်ထားပါ။ေ
၁၃။ မေးသည့်မေးခွန်းကို ဂရုတစိုက်နားထောင်ပါ။
၁၄။ မေးခွန်းများကိုရလျှင်ဖြေဆိုပါ ။ မရလျင် မရကြောင်းပြောပါ(လေ့လာဆဲပါဟု မဖြေပါနှင့်)
၁၅။ "ဟုတ်ကဲ့" သုံးပါ "အင်း"မသုံးပါနှင့်။
၁၆။ မေးခွန်းများမေးပြီးလို့ ပြန်နိုင်ပါသည်ဟုခိုင်းလျှင် "ကျေးဇူးတင်ပါသည် ပြန်ခွင့်ပြုပါ" ဟုပြောပြီးမှအခန်းအတွင်းမှထွက်ပါ။
၁။အခြေခံပညာရေးဆိုသည်မှာ ဘာကိုဆိုလိုသလဲ။
အဖြေ - အခြေခံပညာရေးဆိုသည်မှာ နိုင်ငံသားတိုင်းတတ်မြောက်ရန် သတ်မှတ်ထားသော ပညာအခြေခံကို သင်ယူတတ်မြောက်စေရန်နှင့် နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကိုဖြစ်စေ၊ အဆင့်မြင့်ပညာကိုဖြစ်စေ ဆက်လက်သင်ယူနိုင်စေရန် သင်ကြားလေ့ကျင့်ပေးသည့် ပညာရေးကိုဆိုလိုသည်။
၂။ကျောင်းသား ဆိုသည်မှာ ဘာကိုဆိုလိုသလဲ။
အဖြေ - ကျောင်းသားဆိုသည်မှာ အခြေခံပညာအဆင့်တွင် သတ်မှတ်ထားသော အသိပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထား အယူအဆအမြင်များကို ပညာသင်ကြားသင်ယူမှု နည်းစနစ်များနှင့်အညီ လေ့လာဆည်းပူးသင်ယူသူ အားလုံးကိုဆိုသည်။
၃။ဆရာ ဆိုသည်မှာ ဘာကိုဆိုလိုသလဲ။
အဖြေ - ဆရာဆိုသည်မှာ အခြေခံပညာအဆင့်တစ်ခုတွင် သင်ယူသူများ၏ အသိပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထားအမြင်အယူအဆများကို ဖွံ့ဖြိုးတိုးတတ်စေရန် စီစဉ်ပံ့ပိုးပေးခြင်း တာဝန်များကို ထမ်းဆောင်သည့် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူကို ဆိုသည်။
၄။အခြေခံပညာရေး ပညာသင်နှစ်စုစုပေါင်း ဘယ်လောက်လဲ။
အဖြေ - သူငယ်တန်းပညာရေးပြီးသည့်နောက် ပညာသင်နှစ်စုစုပေါင်း (၁၂)နှစ်။
၅။ စနစ်သစ် အခြေခံပညာရေးအဆင့်များနဲ့ အတန်းများက ဘာတွေလဲ။
အဖြေ - (၁)ပထမတန်းမှ ပဉ္စမတန်းအထိ မူလတန်းအဆင့်ပညာရေး။
(၂)ဆဌမတန်းမှ နဝမတန်းအထိ အလယ်တန်းအဆင့်ပညာရေး။
(၃)ဒသမတန်းမှ ဧကာဒသမတန်း၊ ဒွါဒသမတန်းတို့ပါဝင်သည့် အထက်တန်းအဆင့်ပညာရေး။
၆။မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍ(၂)ရပ်က ဘာလဲ။
အဖြေ - (၁)အခြေခံပညာရေး (၂)အဆင့်မြင့်ပညာရေး။
၇။ ပညာရေးဝန်ကြီးဌာန၏ရည်ရွယ်ချက်နှင့်တာဝန်က ဘာလဲ။
အဖြေ - (၁) ကျောင်းနေအရွယ်လူငယ်အားလုံးပညာသင်ယူခွင့်ရှိစေရန်။
(၂) မြန်မာနိူင်ငံ၏ပညာရေးအဆင့်အတန်းမြင့်မာလာစေရန်။
၁။ ပညာရေးဝန်ကြီး -Dr.မျိုးသိမ်းကြီး
၂။ ပညာရေး ဒုတိယဝန်ကြီး -ဦးဝင်းမော်ထွန်း
၃။ ပညာရေးဝန်ကြီးဌာနဆောင်ပုဒ် -“စိတ်ဓာတ်၊စည်းကမ်း၊ပညာ”
၄။ ပညာရေးဆောင်ပုဒ် -“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့။”
၅။ ဘက်စုံပညာရေး ဆောင်ပုဒ် -“ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသ၊ သက်မွေး ဘက်စုံပညာရေး။”
၆။ မိဘ ဆရာ အသင်းဆောင်ပုဒ် -“မိဘဆရာပူးပေါင်း ကလေးပညာကောင်း။”
၇။ ကျောင်းကောင်စီဆောင်ပုဒ် - (၁) အများအကျိုးဆောင်ကိုယ့်အကျိုးအောင်။ (၂) စုပေါင်းညီညာအောင်ကြောင်းဖြာ။
၈။ စာပေဗိမာန်ဆောင်ပုဒ် -“အမှောင်ခွင်း၍အလင်းဆောင်အံ့။”
၉။ ပညာတန်ဆောင်ဆောင်ပုဒ် -“ပညာ၊သမာ၊အာဘာ နတ္ထိ။”
၈။စာတတ်မြောက်ရေးနေ့ဆောင်ပုဒ် -"စာတတ်မြောက်ရေးဆောင်ရွက်စို့ငြိမ်းချမ်းရေးကိုတည်ဂေဆာက်ဖို့"
၉။ဆရာများနေ့ဆောင်ပုဒ် -"လူဘောင်အဖွဲအစည်းစဉ်ဆက်မပြတ်တိုး၊တတ်ရေးဆရာ့စွမ်းရည်မြှင့်တင်ပေး"
၁၁။ နာယကဂုဏ်(၆)ပါး -“ထကြွ ၊နိုးကြား၊ သနား၊ သည်းခံ၊ဝေဖန်၊ထောက်ရှု”
၁၂။ အ နာယကဂုဏ် (၆) ပါး -“ကဏန်း၊ ပုတ်သင်၊ ဝါးပင်၊ လိပ်မျိုး၊နွားသိုး၊ ခွေးအ ( မြေခွေး )”
၁၃။ကမ္ဘာ့ဆရာများနေ့ အောက်တိုဘာလ၅ရက်(ဆရာများနေ့ကို ၁၉၆၆တွင်စတင်ခဲ့သည်။)
၁၄။အအအ မှာ အရေး၊အဖတ်၊အတွက်
၁၅။အအအပြိုင်တူရွက်ဆိုသောစကားလုံး ဝ ထ က လ သ
** ဆရာ့ဝတျငါးပါး
၁။အတတ်လည်းသင် ၂။ ပဲ့ပြင်ဆုံးမ ၃။ သိပ္ပမချန်
၄။ဘေးရန် ဆီးကာ ၅။သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။
** တပည့်ဝတ်ငါးပါး
၁။ညီညာထကြွ ၂။ဆုံးမနာယူ ၃။ လာမူကြိုဆီး
၄။ထံနီးလုပ်ကြွေး ၅။ သင်တွေးအံရွတ်
တပည့်ဝတ် မချွတ်ငါးခုသာ။
** ကျောင်း၏ကျင့်ရာ ခုနှစ်ဖြာ
၁။ကျောင်း၏မြင့်မြတ်ခြင်းဆိုသည်မှာ ဆရာသမားကိုရိုသေလေးစားခြင်း၊
၂။ကျောင်း၏အနှစ်သာရမှာ စည်းကမ်းရှိခြင်း၊စာကြိုးစားခြင်း။
၃။ကျောင်း၏ငြိမ်းချမ်းခြင်းဆိုသည်မှာ တစ်ဦးပေါ်တစ်ဦး မေတ္တာသစ္စာရှိခြင်း။
၄။ကျောင်း၏ကျက်သရေဆိုသည်မှာ ကျောင်း၏ ဝန်းကျင်သန့်ရှင်းစင်ကြယ်ခြင်း။
ကျောင်း၏ဂုဏ်သတင်းဆိုသည်မှာ အများအကျိုးသယ်ပိုးဆောင်ရွက်ခြင်း။
၆။ကျောင်း၏ပျော်ရွှင်ခြင်းဆိုသည်မှာ စည်းလုံးညီညွတ်ခြင်း။
၇။ကျောင်း၏ပင်မအလုပ်ဆိုသည်မှာ နိုင်ငံသားကောင်းမွေးထုတ်ပေးခြင်း။
** ကျောင်းကောင်စီ၏ သစ္စာ အဓိဋ္ဌာန် (၄) ချက်မှာ
၁။မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်။
၂။မိမိအတန်းကိုကောင်းအောင်ကြိုးစားမည်။
၃။မိမိကျောင်းကိုကောင်းအောင်ကြိုးစားမည်။
၄။မိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်။
- စည်းကမ်းလိုက်နာမှုနှစ်မျိုး - (၁)အကြောက်တရားနှင့်ယှဉ်သည့်လိုက်နာမှု၊ (၂)အသိတရားနှင့်ယှဉ်သည့်လိုက်နာမှု။
- ကျောင်းလုပ်ငန်းစွမ်းဆောင်မှုအဆင် (၁၂) ချက်ကိုခွဲခြားထားသည့်အပိုင်း (၂) ပိုင်းမှာ
၁။စီမံအုပ်ချုပ်ရေးအပိုင်း ၂။သင်ကြားရေးအပိုင်း။
- မြန်မာ့ပညာရေး ရည်မှန်းချက်
"မျက်မှောက်ကာလဖြစ်သော ပညာခေတ်စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနိုင်သော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်"
- မြန်မာနိုင်ငံ၏ပညာရေး မူဝါဒ (၄) ရပ်
(၁)အခြေခံပညာကို လူတိုင်းသင်ယူခွင့်ရရှိစေရန်။
(၂)ကိုယ်ကျင့်တရား စာရိတ္တမြင့်မားမှုကို အခြေခံရန်။
(၃)နိုင်ငံတော်တည်ဆောက်မှုအတွက် လိုအပ်သော သိပ္ပံနှင့်နည်းပညာအပါအဝင် ပညာရပ်အသီးသီးကို တိုးတက်ပြန့်ပွားစေရန်။
(၄)နိုင်ငံတော်၏ ကျေးဇူးသစ္စာခံပြီး နိုင်ငံတော်တည်ဆောက်မှုအတွက်အလုပ်အကျွေးပြုမည့် အတတ်ပညာရှင် အသိပညာရှင်များ။
(၅)ကျွမ်းကျင်သည့်လုပ်သားကောင်းများနှင့်လက်တွေ့လုပ်ဆောင်နိုင်မည့် တတ်ကျွမ်းသော ပညာရှင်များမွေးထုတ်ပေးရန်။
၂၀၁၇-၁၈ ပညာသင်နှစ် ပထမတန်း သင်ရိုးသစ် ပြဌာန်းဖတ်စာများမှာ စုစုပေါင်း (၁၀) အုပ်ပါဝင်သည်။ယင်းတို့မှာ -
၁။ မြန်မာဖတ်စာ
၂။ English Text
၃။ သင်္ချာ
၄။ လူမှုရေး
၅။ သိပ်ပံ
၆။ စာရိတ္တနှင့်ပြည်သူ့နီတိ
၇။ ကာယပညာ
၈။ အနုပညာ (ဂီတ)
၉။ အနုပညာ (ပန်းချီ)
၁၀။ ဘဝတွက်တာ ကျွမ်းကျင်စရာ ဟူ၍ ပြဌာန်းထားပါတယ်။
** စနစ်သစ် အခြေခံပညာရေး **
- KG+5+4+3
KG+မူလတန်းပညာရေး+အလယ်တန်းပညာရေး + အထက်တန်းပညာရေး
- မူလတန်းပညာရေး
ပထမတန်း-ဒုတိယတန်း-တတိယတန်း-စတုတ္ထတန်း-ပဉ္စမတန်း
- အလယ်တန်းပညာရေး
ဆဌမတန်း-သတ္တမတန်း-အဌမတန်း-နဝမတန်း
-အထက်တန်းပညာရေး
ဒသမတန်း-ဧကဒသမတန်း-ဒွာဒသမတန်း
** ဘာသာရပ်ဆိုင်ရာ ရည်ရွယ်ချက်များ **
မြန်မာစာ
- စာရေး၊ စာဖတ် ဝါသနာပါလာစေရန်။
- ရေးထုံး၊ သတ်ပုံ စသည် မှန်ကန်စေရန်။
အင်္ဂလိပ်
- ဘာသာစကားနယ်ပယ် ကျွမ်းကျင်စေရန်။
- နိုင်ငံတကာနှင့်ဝင်ဆံ့ ရင်ဘောင်တန်းနိုင်စေရန်။
သင်္ချာ
- ဘဝပြဿနာများကို တိတိကျကျ ဖြေရှင်းနိုင်စေရန်။
- မှန်ကန်သော ဖြေရှင်းမှုဖြင့် အခက်အခဲမှ ကျော်လွှားနိုင်စေရန်။
သမိုင်း
- မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်လာစေရန်။
- မိမိနိင်ငံဧ၊်အချုပ်အချာ အာဏာကို ကာကွယ်စောင့်ရှောက်နိုင်စေရန်။
ပထဝီ
- ရေထု မြေထုနှင့် သဘာဝလောကကို ချစ်မြတ်နိုးတတ်စေရန်။
- နိုင်ငံဧ၊် နယ်နိမိတ်ကို ကာကွယ်စောင့်ရှောက်လိုစိတ် ဖြစ်ပေါ်လာစေရန်။
သိပ်ပံ
- စွန့်စားတီထွင်လိုစိတ် ဖြစ်ပေါ်လာစေရန်။
- ခေတ်နှင့်အညီ တိုးတက်နေသော နည်းပညာများ သိရှိလာစေရန်။
ပညာယူနည်း (၃) သွယ်
၁။ ကျောင်းတွင်းပညာရေး(Formal Education)
၂။ ကျောင်းပြင်ပပညာရေး(Non-Formal Education)
၃။ ကိုယ်တိုင်သတ်မှတ်သင်ယူပညာရေး(Informal Education)
၄။ လူတိုင်းအတွက်ပညာရေး -Education For All.
၅။ လူတိုင်းအကျုံးဝင်ပညာရေး -Inclusive Education
၆။ မသင်မနေရပညာရေး -Compulsory Education Law.
၇။ MOE- Ministry of Education ပညာရေးဝန်ကြီးဌာန
၈။ DBE- Department of Basic Education အခွခေံပညာဦးစီးဌာန
၉။ SAT- Senior Assistant Teacher အထက်တန်းပြ ဆရာ / ဆရာမ
၁၀။ JAT- Junior Assistant Teacher အလယ်တန်းပြ ဆရာ / ဆရာမ
၁၁။ PAT - Primary Assistant Teacher မူလတန်းပြ ဆရာ / ဆရာမ
-ဆရာ့ကျင့်ဝတ်
အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ၊သိပ္ပမချန်၊ဘေးရန်ဆီးကား၊သင့်ရာအပ်ပို့၊ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ"
- ဆရာကောင်းဖြစ်ဖို့အငါးလုံးရှောင်
၁။ အဂတိတရားလေးပါးရှောင်ပါ။
၂။ အရှက်မရှိလူမျိုး အလဇ္ဇီဖြစ်ခြင်းကိုရှောင်ပါ။
၃။ အချောင်ခိုမှု့ရှောင်ပါ။
၄။ အစွန်းရောက်မှုကိုရှောင်ပါ။
၅။ အသပြာလောက၏လွှမ်းမိုးမှုကိုရှောင်ပါ။
- ဆရာကောင်းဖြစ်ဖို့စငါးလုံးဆောင်
၁။ စိတ်ဓာတ်ခိုင်မာခြင်း
၂။ စေတနာမှန်ခြင်း
၃။ စည်းကမ်းရိုသေလိုက်နာခြင်းနှင့်စာရိတ္တကောင်းခြင်း
၄။ စာပေကိုစနစ်တကျလေ့လာခြင်း
၅။ စိစစ်ဝေဖန်သည့်အလေအ့ကျင့်ပျိုးထောင်ခြင်း
(ဆရာ၊ ပညာနှင့်ပတ်သတ်သော စကားပုံသာ အဓိကကြည့်ပါ)
၁။ ပညာရဲရင့် ၊ ပွဲလယ်တင့်
၂။ ပညာရှိလျက် ၊ ဒေါသဖျက်
၃။ပညာရှိ ၊ သတိဖြစ်ခဲ
၄။ ပညာဟူသည် မြတ်ရွှေအိုး ၊ ဥစ္စာဟူသည် မျက်လှည့်မျိူ း
၅။ ပညာရှိအမျက် ၊ ပြင်မထွက်
၆။ ပညာရှိတွေးကြည့်က ၊ ပြေးကြည့်သည်ထိမှန်သည်
၇။ ပညာရွှေအိုး ၊ လူမခိုး
၈။ ပညာအလင်းရောင် ၊ ဘဝတန်ဆောင်
၉။ အတတ်ပညာနှင့်တူသော ၊ မိတ်ဆွေသည်မရှိ
၁၀။ ပညာနှင့်တူသော ၊ အလင်းရောင်သည်မရှိ
၁၁။ ပညာသမာ ၊ အာဘာ နတ်ထိ
၁၂။ သတိမမူ ၊ ဂူမမြင်
၁၃။ ပညာမရှိ ၊ သူ၏ဝန်ထမ်း
၁၄။ မေးဖန်များ ၊ စကားရ
၁၅။ ဆရာကောင်းတပည့် ၊ ပန်းကောင်းပန်
၁၆။ ဆရာ့ထက် ၊ တပည့်လက်ဆောင်းထက်
၁၇။ ဆရာမပြ ၊ နည်းမကျ
၁၈။ ပိုးသာကုန် ၊ မောင်ပုံ စောသ်းမတတ်
၁၉။ ပညာလိုသော် မပျင်းနှင့် ၊ ဥစ္စာလိုသော် မငြင်းနှင့်
၂၀။ ပညာကိုရှေ့ ၊ ဥစ္စာကိုနောက်
၂၁။ ပညာမြင့် မှ လူမျိူ းတင့်မည်
၂၂။ ပညာရှာ ၊ ပမာသူဖုန်းစား
၂၃။ တပည့်မကောင်း ၊ ဆရာ့ခေါင်း
၂၄။ နှုတ်တစ်ရာ ၊ စာတစ်လုံး
၂၅။ စာတစ်လုံး ၊ ဘုရားတစ်ဆူ
၂၆။ လက်ဦးဆရာမည်ထိုက်စွာ ၊ ပုဗ္ဗာစရိယ မိနှင့်ဖ
၂၇။ သတိတမံ ၊ ဉာဏ်မြေကတုတ် ၊ ချွန်းနှယ်အုပ်
၂၈။ ကောင်းမှုမြတ်နိုး ၊ ကောင်းအောင်ကြိုး၍ ၊ ကောင်းကြိုးကိုယ်၌ တည်စေသော် ( မင်း )
၂၉။ ဆရာသည်သာ ၊ အခရာ
၃၀။ အမျိူ းသားစည်းကမ်းအစ ၊ စာသင်ကျောင်းက
၃၁။ ဗလငါးတန် ဖွံ့ဖြိုးဖို့ ၊ စာအုပ် စာပေ လေ့လာစို့
၃၂။ မူးယစ်ကင်းစင် ဒို့ကျောင်းတစ်ခွင်
၃၃။ မူးယစ်ဆန့်ကျင် အောင်ပွဲဆင်
၃၄။ မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ်လူသစ် ဘဝသစ်
၃၅။ အားကစားမြှင့်တင် စိတ်လန်းရွှင် ဆန့်ကျင်မူးယစ်ဆေး
၃၆။ မရှိတာထက် ၊ မသိတာကခက်
၃၇။ မင်းခယောက်ကျား ၊ ကမ်းနားသစ်ပင်
၃၈။ ဆေးကောင်းလျှင် ၊ သန်းခေါင်း
၃၉။ ကျောက်ကြီးငါးခို ၊ မီးကြီးငြမ်းခို
၄၀။ အသွင်မတူ ၊ အိမ်သူမဖြစ်
၄၁။ လူအမျိုးမျိုး ၊ စိတ်အထွေထွေ
၄၂။ အကောင်သေးသော်လည်း ၊ အဆိပ်ရှိသည်
၄၃။ ပါးစပ်ဟ အူမမြင်
၄၄။ သစ်တောသစ်ပင်ဒို့ချစ်ခင် နှစ်စဉ်စိုက်ပျိုးအလှတိုး
၄၅။ လျှပ်စစ်သုံးလျှင် သတိယှဉ် ဝန်အားမမျှ မသုံးရ
၄၆။ လိုလျှင်ကြံဆ နည်းလမ်းရ
၄၇။ ပျက်အစဉ်ပြင်ခဏ
၄၈။ ဆရာများ သားသေ
၄၉။ အလိုကြီး အရနည်း
၅၀။ မလာချင်လျှင် ခရီးဝေး ၊ လာချင်လျှင်အနီးလေး
တချို့အချက်အလက်များသည် ကူးယူထားပါသောကြောင့် Credit ပေးပါသည်။
အားလုံးသောဖြေဆိုသူများ အောင်မြင်ထွန်းပေါက်၍ ဆရာ၊ဆရာမကောင်းများ ဖြစ်ပေါ်ကြပါစေ။
Credit: Sai Aung Khant - Taungoo
** Zawgyi **

(၂) မြန်မာနိုင်ငံ၏ပညာရေးအဆင့်အတန်းမြင့်မာလာစေရန်။
၁။ ပညာရေးဝန်ကြီး -Dr.မျိုးသိမ်းကြီး
၂။ ပညာရေး ဒုတိယဝန်ကြီး -ဦးဝင်းမော်ထွန်း
၃။ ပညာရေးဝန်ကြီးဌာနဆောင်ပုဒ် -“စိတ်ဓာတ်၊စည်းကမ်း၊ပညာ”
၄။ ပညာရေးဆောင်ပုဒ် -“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့။”
၅။ ဘက်စုံပညာရေး ဆောင်ပုဒ် -“ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသ၊ သက်မွေး ဘက်စုံပညာရေး။”
၆။ မိဘ ဆရာ အသင်းဆောင်ပုဒ် -“မိဘဆရာပူးပေါင်း ကလေးပညာကောင်း။”
၇။ ကျောင်းကောင်စီဆောင်ပုဒ် - (၁) အများအကျိုးဆောင်ကိုယ့်အကျိုးအောင်။ (၂) စုပေါင်းညီညာအောင်ကြောင်းဖြာ။
၈။ စာပေဗိမာန်ဆောင်ပုဒ် -“အမှောင်ခွင်း၍အလင်းဆောင်အံ့။”
၉။ ပညာတန်ဆောင်ဆောင်ပုဒ် -“ပညာ၊သမာ၊အာဘာ နတ္ထိ။”
၈။စာတတ်မြောက်ရေးနေ့ဆောင်ပုဒ် -"စာတတ်မြောက်ရေးဆောင်ရွက်စို့ငြိမ်းချမ်းရေးကိုတည်ဂေဆာက်ဖို့"
၉။ဆရာများနေ့ဆောင်ပုဒ် -"လူဘောင်အဖွဲအစည်းစဉ်ဆက်မပြတ်တိုး၊တတ်ရေးဆရာ့စွမ်းရည်မြှင့်တင်ပေး"
၁၁။ နာယကဂုဏ်(၆)ပါး -“ထကြွ ၊နိုးကြား၊ သနား၊ သည်းခံ၊ဝေဖန်၊ထောက်ရှု”
၁၂။ အ နာယကဂုဏ် (၆) ပါး -“ကဏန်း၊ ပုတ်သင်၊ ဝါးပင်၊ လိပ်မျိုး၊နွားသိုး၊ ခွေးအ ( မြေခွေး )”
၁၃။ကမ္ဘာ့ဆရာများနေ့ အောက်တိုဘာလ၅ရက်(ဆရာများနေ့ကို ၁၉၆၆တွင်စတင်ခဲ့သည်။)
၁၄။အအအ မှာ အရေး၊အဖတ်၊အတွက်
၁၅။အအအပြိုင်တူရွက်ဆိုသောစကားလုံး ဝ ထ က လ သ
** ဆရာ့ဝတ်ငါးပါး
၁။အတတ်လည်းသင် ၂။ ပဲ့ပြင်ဆုံးမ ၃။ သိပ္ပမချန်
၄။ဘေးရန် ဆီးကာ ၅။သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။
** တပည့်ဝတ်ငါးပါး
၁။ညီညာထကြွ ၂။ဆုံးမနာယူ ၃။ လာမူကြိုဆီး
၄။ထံနီးလုပ်ကြွေး ၅။ သင်တွေးအံရွတ်
တပည့်ဝတ် မချွတ်ငါးခုသာ။
** ကျောင်း၏ကျင့်ရာ ခုနှစ်ဖြာ
၁။ကျောင်း၏မြင့်မြတ်ခြင်းဆိုသည်မှာ ဆရာသမားကိုရိုသေလေးစားခြင်း၊
၂။ကျောင်း၏အနှစ်သာရမှာ စည်းကမ်းရှိခြင်း၊စာကြိုးစားခြင်း။
၃။ကျောင်း၏ငြိမ်းချမ်းခြင်းဆိုသည်မှာ တစ်ဦးပေါ်တစ်ဦး မေတ္တာသစ္စာရှိခြင်း။
၄။ကျောင်း၏ကျက်သရေဆိုသည်မှာ ကျောင်း၏ ဝန်းကျင်သန့်ရှင်းစင်ကြယ်ခြင်း။
ကျောင်း၏ဂုဏ်သတင်းဆိုသည်မှာ အများအကျိုးသယ်ပိုးဆောင်ရွက်ခြင်း။
၆။ကျောင်း၏ပျော်ရွှင်ခြင်းဆိုသည်မှာ စည်းလုံးညီညွတ်ခြင်း။
၇။ကျောင်း၏ပင်မအလုပ်ဆိုသည်မှာ နိုင်ငံသားကောင်းမွေးထုတ်ပေးခြင်း။
** ကျောင်းကောင်စီ၏ သစ္စာ အဓိဋ္ဌာန် (၄) ချက်မှာ
၁။မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်။
၂။မိမိအတန်းကိုကောင်းအောင်ကြိုးစားမည်။
၃။မိမိကျောင်းကိုကောင်းအောင်ကြိုးစားမည်။
၄။မိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်။
- စည်းကမ်းလိုက်နာမှုနှစ်မျိုး - (၁)အကြောက်တရားနှင့်ယှဉ်သည့်လိုက်နာမှု၊ (၂)အသိတရားနှင့်ယှဉ်သည့်လိုက်နာမှု။
- ကျောင်းလုပ်ငန်းစွမ်းဆောင်မှုအဆင် (၁၂) ချက်ကိုခွဲခြားထားသည့်အပိုင်း (၂) ပိုင်းမှာ
၁။စီမံအုပ်ချုပ်ရေးအပိုင်း ၂။သင်ကြားရေးအပိုင်း။
- မြန်မာ့ပညာရေး ရည်မှန်းချက်
"မျက်မှောက်ကာလဖြစ်သော ပညာခေတ်စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနိုင်သော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်"
- မြန်မာနိုင်ငံ၏ပညာရေး မူဝါဒ (၄) ရပ်
(၁)အခြေခံပညာကို လူတိုင်းသင်ယူခွင့်ရရှိစေရန်။
(၂)ကိုယ်ကျင့်တရား စာရိတ္တမြင့်မားမှုကို အခြေခံရန်။
(၃)နိုင်ငံတော်တည်ဆောက်မှုအတွက် လိုအပ်သော သိပ္ပံနှင့်နည်းပညာအပါအဝင် ပညာရပ်အသီးသီးကို တိုးတက်ပြန့်ပွားစေရန်။
(၄)နိုင်ငံတော်၏ ကျေးဇူးသစ္စာခံပြီး နိုင်ငံတော်တည်ဆောက်မှုအတွက်အလုပ်အကျွေးပြုမည့် အတတ်ပညာရှင် အသိပညာရှင်များ။
(၅)ကျွမ်းကျင်သည့်လုပ်သားကောင်းများနှင့်လက်တွေ့လုပ်ဆောင်နိုင်မည့် တတ်ကျွမ်းသော ပညာရှင်များမွေးထုတ်ပေးရန်။
၂၀၁၇-၁၈ ပညာသင်နှစ် ပထမတန်း သင်ရိုးသစ် ပြဌာန်းဖတ်စာများမှာ စုစုပေါင်း (၁၀) အုပ်ပါဝင်သည်။ယင်းတို့မှာ -
၁။ မြန်မာဖတ်စာ
၂။ English Text
၃။ သင်္ချာ
၄။ လူမှုရေး
၅။ သိပ္ပံ
၆။ စာရိတ္တနှင့်ပြည်သူ့နီတိ
၇။ ကာယပညာ
၈။ အနုပညာ (ဂီတ)
၉။ အနုပညာ (ပန်းချီ)
၁၀။ ဘဝတွက်တာ ကျွမ်းကျင်စရာ ဟူ၍ ပြဌာန်းထားပါတယ်။
** စနစ်သစ် အခြေခံပညာရေး **
- KG+5+4+3
KG+မူလတန်းပညာရေး+အလယ်တန်းပညာရေး + အထက်တန်းပညာရေး
- မူလတန်းပညာရေး
ပထမတန်း-ဒုတိယတန်း-တတိယတန်း-စတုတ္ထတန်း-ပဉ္စမတန်း
- အလယ်တန်းပညာရေး
ဆဌမတန်း-သတ္တမတန်း-အဌမတန်း-နဝမတန်း
-အထက်တန်းပညာရေး
ဒသမတန်း-ဧကဒသမတန်း-ဒွာဒသမတန်း
** ဘာသာရပ်ဆိုင်ရာ ရည်ရွယ်ချက်များ **
မြန်မာစာ
- စာရေး၊ စာဖတ် ဝါသနာပါလာစေရန်။
- ရေးထုံး၊ သတ်ပုံ စသည် မှန်ကန်စေရန်။
အင်္ဂလိပ်
- ဘာသာစကားနယ်ပယ် ကျွမ်းကျင်စေရန်။
- နိုင်ငံတကာနှင့်ဝင်ဆံ့ ရင်ဘောင်တန်းနိုင်စေရန်။
သင်္ချာ
- ဘဝပြဿနာများကို တိတိကျကျ ဖြေရှင်းနိုင်စေရန်။
- မှန်ကန်သော ဖြေရှင်းမှုဖြင့် အခက်အခဲမှ ကျော်လွှားနိုင်စေရန်။
သမိုင်း
- မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်လာစေရန်။
- မိမိနိင်ငံဧ၊်အချုပ်အချာ အာဏာကို ကာကွယ်စောင့်ရှောက်နိုင်စေရန်။
ပထဝီ
- ရေထု မြေထုနှင့် သဘာဝလောကကို ချစ်မြတ်နိုးတတ်စေရန်။
- နိုင်ငံဧ၊် နယ်နိမိတ်ကို ကာကွယ်စောင့်ရှောက်လိုစိတ် ဖြစ်ပေါ်လာစေရန်။
သိပ္ပံ
- စွန့်စားတီထွင်လိုစိတ် ဖြစ်ပေါ်လာစေရန်။
- ခေတ်နှင့်အညီ တိုးတက်နေသော နည်းပညာများ သိရှိလာစေရန်။
ပညာယူနည်း (၃) သွယ်
၁။ ကျောင်းတွင်းပညာရေး(Formal Education)
၂။ ကျောင်းပြင်ပပညာရေး(Non-Formal Education)
၃။ ကိုယ်တိုင်သတ်မှတ်သင်ယူပညာရေး(Informal Education)
၄။ လူတိုင်းအတွက်ပညာရေး -Education For All.
၅။ လူတိုင်းအကျုံးဝင်ပညာရေး -Inclusive Education
၆။ မသင်မနေရပညာရေး -Compulsory Education Law.
၇။ MOE- Ministry of Education ပညာရေးဝန်ကြီးဌာန
၈။ DBE- Department of Basic Education အခြေခံပညာဦးစီးဌာန
၉။ SAT- Senior Assistant Teacher အထက်တန်းပြ ဆရာ / ဆရာမ
၁၀။ JAT- Junior Assistant Teacher အလယ်တန်းပြ ဆရာ / ဆရာမ
၁၁။ PAT - Primary Assistant Teacher မူလတန်းပြ ဆရာ / ဆရာမ
-ဆရာ့ကျင့်ဝတ်
အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ၊သိပ္ပမချန်၊ဘေးရန်ဆီးကား၊သင့်ရာအပ်ပို့၊ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ"
- ဆရာကောင်းဖြစ်ဖို့အငါးလုံးရှောင်
၁။ အဂတိတရားလေးပါးရှောင်ပါ။
၂။ အရှက်မရှိလူမျိုး အလဇ္ဇီဖြစ်ခြင်းကိုရှောင်ပါ။
၃။ အချောင်ခိုမှု့ရှောင်ပါ။
၄။ အစွန်းရောက်မှုကိုရှောင်ပါ။
၅။ အသပြာလောက၏လွှမ်းမိုးမှုကိုရှောင်ပါ။
- ဆရာကောင်းဖြစ်ဖို့စငါးလုံးဆောင်
၁။ စိတ်ဓာတ်ခိုင်မာခြင်း
၂။ စေတနာမှန်ခြင်း
၃။ စည်းကမ်းရိုသေလိုက်နာခြင်းနှင့်စာရိတ္တကောင်းခြင်း
၄။ စာပေကိုစနစ်တကျလေ့လာခြင်း
၅။ စိစစ်ဝေဖန်သည့်အလေအ့ကျင့်ပျိုးထောင်ခြင်း
(ဆရာ၊ ပညာနှင့်ပတ်သတ်သော စကားပုံသာ အဓိကကြည့်ပါ)
၁။ ပညာရဲရင့် ၊ ပွဲလယ်တင့်
၂။ ပညာရှိလျက် ၊ ဒေါသဖျက်
၃။ပညာရှိ ၊ သတိဖြစ်ခဲ
၄။ ပညာဟူသည် မြတ်ရွှေအိုး ၊ ဥစ္စာဟူသည် မျက်လှည့်မျို း
၅။ ပညာရှိအမျက် ၊ ပြင်မထွက်
၆။ ပညာရှိတွေးကြည့်က ၊ ပြေးကြည့်သည်ထိမှန်သည်
၇။ ပညာရွှေအိုး ၊ လူမခိုး
၈။ ပညာအလင်းရောင် ၊ ဘဝတန်ဆောင်
၉။ အတတ်ပညာနှင့်တူသော ၊ မိတ်ဆွေသည်မရှိ
၁၀။ ပညာနှင့်တူသော ၊ အလင်းရောင်သည်မရှိ
၁၁။ ပညာသမာ ၊ အာဘာ နတ်ထိ
၁၂။ သတိမမူ ၊ ဂူမမြင်
၁၃။ ပညာမရှိ ၊ သူ၏ဝန်ထမ်း
၁၄။ မေးဖန်များ ၊ စကားရ
၁၅။ ဆရာကောင်းတပည့် ၊ ပန်းကောင်းပန်
၁၆။ ဆရာ့ထက် ၊ တပည့်လက်ဆောင်းထက်
၁၇။ ဆရာမပြ ၊ နည်းမကျ
၁၈။ ပိုးသာကုန် ၊ မောင်ပုံ စောသ်းမတတ်
၁၉။ ပညာလိုသော် မပျင်းနှင့် ၊ ဥစ္စာလိုသော် မငြင်းနှင့်
၂၀။ ပညာကိုရှေ့ ၊ ဥစ္စာကိုနောက်
၂၁။ ပညာမြင့် မှ လူမျို းတင့်မည်
၂၂။ ပညာရှာ ၊ ပမာသူဖုန်းစား
၂၃။ တပည့်မကောင်း ၊ ဆရာ့ခေါင်း
၂၄။ နှုတ်တစ်ရာ ၊ စာတစ်လုံး
၂၅။ စာတစ်လုံး ၊ ဘုရားတစ်ဆူ
၂၆။ လက်ဦးဆရာမည်ထိုက်စွာ ၊ ပုဗ္ဗာစရိယ မိနှင့်ဖ
၂၇။ သတိတမံ ၊ ဉာဏ်မြေကတုတ် ၊ ချွန်းနှယ်အုပ်
၂၈။ ကောင်းမှုမြတ်နိုး ၊ ကောင်းအောင်ကြိုး၍ ၊ ကောင်းကြိုးကိုယ်၌ တည်စေသော် ( မင်း )
၂၉။ ဆရာသည်သာ ၊ အခရာ
၃၀။ အမျို းသားစည်းကမ်းအစ ၊ စာသင်ကျောင်းက