သူငယ်တန်းမတက်ရသေးသည့် အသက် (၆) နှစ်ပြည့်ကလေးများကို ပထမတန်းသို့ တက်ခွင့်ပြု
edge.com.mm
|
2020-07-09

** Unicode **

ယခုပညာသင်နှစ် မူလတန်းအဆင့်ကျောင်းအပ်နှံရေးသတင်းပတ်အဖြစ် သြဂုတ်ပထမပတ်တွင် ပြုလုပ်ရန် စီစဉ်နေသည်။

အသက် (၅)နှစ်ပြည့် ချိန်တွင် သူငယ်တန်းမတက်ခဲ့ရ သော အသက် (၆) နှစ်ပြည့်ပြီး ကလေးများကို ပထမတန်းသို့ တက်ခွင့်ပြုမည်ဟု ပညာရေးဝန် ကြီးဌာနက အသိပေးကြေညာ ထားပါတယ်။

လာမည့် ၂၀၂၀-၂၁ ပညာသင်နှစ် မူလတန်းအဆင့်ကျောင်းသား/သူများအတွက် ကျောင်းအပ် နှံရေးသီတင်းပတ်ကို သြဂုတ်လ ပထမပတ်တွင် ပြုလုပ်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။

အသက် (၅) နှစ်ပြည့်သူတိုင်းအား သူငယ်တန်း(KG)တွင်လည်းကောင်း၊ အသက် (၆) နှစ် ပြည့်သူတိုင်းအား ပထမတန်း (Grade-1) တွင်လည်းကောင်း၊ ကျောင်းနေအရွယ်အားလုံး ကျောင်းအပ်လက်ခံရန် ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်ရာ မူလတန်း ကျောင်းသားများအတွက် အသိပေးချက်တွင် ဖော်ပြထားပါတယ်။

၂၀၁၇-၁၈ ပညာသင်နှစ် ကတည်းက ပထမတန်းကို သင်ရိုးညွှန်းတမ်းအသစ် ပြောင်းထား ပြီးသင်ရိုးသစ်ပထမတန်းသည် သူငယ်တန်း မတက်ဖူးသည့် ကလေးငယ်များပါ တိုက်ရိုက်သင် နိုင်၍ ယင်းသို့ တက်ခွင့်ပြုခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသ ကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

‘‘သူငယ်တန်းက ကလေးတွေကို ကစားတာ၊ ကတာ၊ ခုန်တာမျိုးကို သင်ပေးတာ။ အရင်ကလို အရေး၊ အဖတ်၊ အတွက် Heavy တွေမပါသေးတော့ ကလေးက သူငယ်တန်းမတက်ဖြစ်ဖူးလား၊ ဒါဆို သူ (၆) နှစ်ပြည့် ပြီလား၊ ပြည့်ရင် ပထမတန်း တန်းတက်လို့ရတဲ့ သဘောပေါ့။ ဖြစ်နိုင်ရင် သူငယ်တန်းကစတက်၊ မတက်နိုင်ရင် တစ်တန်း တန်းတက်လည်း (၆)နှစ်ကလေး ဉာဏ်ရည်နဲ့ဆို မီတဲ့သဘောပေါ့’’ ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြပါတယ်။

ကျောင်းဖွင့်ချိန်တွင် အ သက်(၆)နှစ်ပြည့်ရန် သုံးလအလိုအထိ ကလေးများသည်လည်း သက်ဆိုင်ရာထောက်ခံချက်များ ဖြင့် ပထမတန်းသို့ တိုက်ရိုက် တက်နိုင်ကြောင်း အခြေခံပညာဦးစီးဌာနက သတ်မှတ်ထားပါတယ်။

အသက် (၆) နှစ်ပြည့်ရန် တစ်လလိုပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်၊ နှစ်လလိုပါက မြို့နယ်ပညာရေးမှူး၏ ထောက်ခံချက်၊ သုံးလလိုပါက တိုင်းဒေသကြီး နှင့်ပြည်နယ် ပညာရေးညွှန်ကြား ရေးမှူး၏ ထောက်ခံချက်ဖြင့် ကျောင်းအပ်ရမည်ဖြစ်ပါတယ်။

ကျောင်းအပ်နှံရာတွင် ကျောင်းအပ်မည့်ကလေး၏ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း များ တင်ပြရမည်ဖြစ်ပြီး အသက် အရွယ်ပြည့်မီခြင်းရှိ/မရှိ ယင်းအချက်အလက်များဖြင့် တိုက်ဆိုင် စစ်ဆေးမည်ဖြစ်ပါတယ်။

သို့သော် မွေးစာရင်းမရှိသေးသော ကလေးများကိုမိဘဝန်ခံချက်ဖြင့် ကျောင်းအပ်လက်ခံရန် ညွှန်ကြားထားပါတယ်။

Kindergarten (73) သူငယ်တန်းအဆင့်ကျောင်းများ နှင့်ပတ်သက်ပြီး (၇၃) ခုရှာရန်နှိပ်ပါ။

ပညာရေးဝန်ကြီးဌာနက သူငယ်တန်း + ၁၂ တန်း ပညာရေးစနစ်သစ်ကို ၂၀၁၆-၁၇ ပညာသင်နှစ်က စတင်အကောင် အထည်ဖော်နေပြီး ပြီးခဲ့သည့် ပညာသင်နှစ်အထိ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ ဆဋ္ဌမတန်းတို့ကို သင်ရိုးသစ်များဖြင့် သင်ကြားနေပါတယ်။

လာမည့်ပညာသင်နှစ်တွင် စတုတ္ထတန်း(Grade-4)၊ သတ္တ မတန်း(Grade-7)နှင့် ဒသမတန်း (Grade-10) ကို သင်ရိုးသစ်ဖြင့် စတင်သင်ကြားမည်ဖြစ်ပါတယ်။

Credit; 7Day News

** Zawgyi **

#သူငယ်တန်း
#ပထမ
#ပညာသင်နှစ်
#ပညာရေး
#ထောက်ခံချက်

Some text some message..