သူတို့ရဲ့ တက်တူးထိုးထားတဲ့ နေရာကို ကြည့်ပြီး တစ်စုံတစ်ယောက်ရဲ့ အကြောင်း မြောက်များစွာကို ကျွန်မတို့ပြောပြနိုင်ပါတယ်။ တက်တူးဟာ ခန္ဓာကိုယ်ပေါ်ရောက်လာတဲ့အခါ ကျွန်မတို့ခန္ဓာကိုယ်ဟာ ကျွန်မတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေအကြောင်း ပုန်းကွယ်ထားတဲ့ အမှန်တရားနှင့် သင်ခန်းစာတွေကို သယ်ဆောင်ပေးမယ့် ဗလာကင်းဗတ်စ တစ်ခုဖြစ်ပါတယ်။
လေ့လာသူတစ်ယောက်ဖြစ်တဲ့ Harris poll ရဲ့ ၂၀၁၅ ခုနှစ်က လေ့လာမှုအရ အမေရိကန်လူမျိုး ၁၀ ယောက်လျှင် ၃ ယောက် (၂၉%) ဟာ အနည်းဆုံးတက်တူး တစ်ခုစီရှိကြပါတယ်။ တက်တူးတစ်ခုစီတိုင်းမှာ အလွန်အတွင်းကျတဲ့ တစ်စုံတစ်ခု- ပုံပြင်တစ်ပုဒ်၊ အတွေ့အကြုံတစ်ခု၊ အမှတ်တရတစ်ခု၊ ခံစားချက်တစ်ခု ပြီးတော့ တစ်စုံတစ်ယောက်အပေါ် ချစ်မြတ်နိုးခြင်း (သို့) သဘောထားတစ်ခုကို မှတ်တမ်းတင်ထားကြပါတယ်။
လက်တွေ့စိတ်ပညာရှင် Vinita Mehta ရဲ့ ရှင်းပြချက်အရ ”တက်တူးထိုးခြင်းကို လူကြိုက်များလာတာနဲ့အမျှ လူမှုသိပ္ပံပညာရဲ့ အာရုံစူးစိုက်ခြင်းတွေလည်း လက်ခံရရှိလာကြပါတယ်” လို့ ပြောခဲ့ဖူးပါတယ်။ Anglia Ruskin တက္ကသိုလ်ရဲ့ Viren Swami လေ့လာမှုအရ တက်တူးဟာ လူတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အမှန်တကယ်ဖော်ပြနိုင်ပါတယ်တဲ့။ လေ့လာမှုအရ သင့်ရဲ့ တက်တူးတွေဟာ သင့်ကို ”သင်ဟာ extrovert တစ်ယောက်ဖြစ်ပြီး လူမှုဆက်ဆံရေးအင်မတန်ကောင်းမွန်တယ်”၊ သင်ဟာ အတွေ့အကြုံအသစ်တွေနဲ့ စွန့်စားမှုအသစ်တွေကို ရှာဖွေရတာကြိုက်သူ နောက်ဆုံး ထူးခြားခြင်း/ ပြိုင်ဘက်ကင်းခြင်းအပေါ်မှာ ပြင်းထန်သောအာရုံခံစားမှုတစ်ခုကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်လို့ ဆိုကြပါတယ်။ ဒီကနေ့ ပြောပြချင်တာက သင်ထိုးထားတဲ့ တက်တူးနေရာက ပြောပြမယ့် သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်းပါ။
၁။ မျက်နှာပေါ်က တက်တူး
မျက်နှာပေါ်မှာ တက်တူးထိုးထားသူတွေဟာ လုံးဝအမှန်အကန်ရဲရင့်သူ၊ သတ္တိရှိသူဖြစ်ပြီး အာဏာပုန်ကန်သူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီ့တက်တူးတွေဟာ အမြဲတမ်းထူးခြားနေပြီး သပ်သပ်ရပ်ရပ်ထိုးထားတဲ့အခါ အတော်လေးကို အထင်ကြီးစရာကောင်းပါတယ်။ MysticalRavenက တစ်ဦးချင်းစီကို ” မျက်နှာမှာ တက်တူးထိုးထားသူတွေဟာ ရှေးခေတ်လူမှုရေးစံနှုန်းတွေကို ဆန့်ကျင်ပုန်ကန်သူတစ်ယောက်ဖြစ်နေတတ်ပါတယ်။ သင့်ရဲ့ မျက်နှာပေါ်မှာ ဆေးစက်ချဖို့ ဘာကြောင့်ရွေးချယ်ရတာလဲဆိုရင် သင့်ဘဝလမ်းတစ်လျှောက်မှာ သင့်ကို ကဲ့ရဲ့ဝေဖန်ကြမယ့် လူတွေကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိ စိတ်ဓာတ်ပြတ်ပြတ်သားသားနဲ့ ရင်ဆိုင်နိုင်မယ့် လူတစ်ယောက်လို့ ဖော်ပြနေတာဖြစ်တယ်”လို့ ပြောပြခဲ့ပါတယ် ။
၂။ နားရွက်နောက်က တက်တူး
လူအများစုဟာ သူတို့ရဲ့ ဒီခန္ဓာကိုယ်အစိတ်အပိုင်းမှာ တက်တူးထိုးထားတယ်ဆိုရင် သူတို့ချစ်မြတ်နိုးရသူတွေ ၊ အိမ်မွေးတိရစ္ဆာန်တွေ၊ နတ်ဆိုးတွေ (သို့) သူတို့ချစ်မြတ်နိုးတဲ့ တေးဂီတတွေ မှတ်တမ်းတင်ထားကြတာဖြစ်ပါတယ်။ Higher Perspective ရဲ့ ဖော်ပြချက်အရ သင့်ရဲ့ နားနောက်မှာ တက်တူးထိုးထားတယ်ဆိုရင် သင်ဟာ ထူးခြားသောဝတ်စားဆင်ယင်မှုတွေကို ကြိုက်နှစ်သက်သူဖြစ်ပြီး သင့်ရဲ့ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ကိုယ့်သင် ပွင့်လင်းပြီး လွတ်လပ်သူတစ်ယောက်အဖြစ်ပဲ ထုတ်ဖော်ပြသရတာကို နှစ်သက်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ လူတွေဟာ နားတွေရဲ့ နောက်ကွယ်မှာ တက်တူးဒီဇိုင်းထွင်ထားခြင်းဟာ လွတ်လပ်သောစိတ်ဝိညာဉ်ရှိသူတစ်ယောက်လို့လည်း ဆိုလိုပါတယ်။ ဒီလိုလူတွေဟာ တက်တူးကြီးက ထင်ထင်ရှားရှားဖြစ်နေမှာကို စိုးရိမ်တတ်ပြီး တစ်ချိန်တည်းမှာပဲ တစ်ချို့လူတွေကို ပြသချင်တဲ့ ဆန္ဒတွေရှိတတ်ကြပါတယ်။
၃။ လည်ပင်းက တက်တူး
လည်ပင်းက တက်တူးဟာ လူတိုင်းမြင်တွေ့နိုင်တဲ့နေရာမှာ ရှိနေပါတယ်။ သတ္တိရှိခြင်းနှင့် ရဲရင့်ခြင်းတို့ရဲ့ အဓိကအကျဆုံးနေရာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ထိရှလွယ်တဲ့နေရာတွေဖြစ်တာကြောင့် လုံးဝနာကျင်ပါလိမ့်မယ်။ နောက်ပြီး ရဲရင့်ခြင်း၊ သန်မာခြင်းနှင့် ပညာရှိခြင်းတွေရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ လည်ပင်းပေါ်မှာ တက်တူးထိုးထားတဲ့ အမျိုးသမီးတွေဟာ အမှီအခိုကင်းပြီး လွတ်လပ်သူတွေဖြစ်ကြပါတယ်။ နောက်ပြီး သူတို့ရဲ့ ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက်တွေဟာ ပြောင်းလွယ်ပြင်လွယ်ရှိတတ်ကြသူတွေလည်း ဖြစ်ပါတယ်။
၄။ ရင်ဘတ်ပေါ်က တက်တူး
ဒီတက်တူးက သူ့အတွက် အမှန်တကယ်အဖိုးတန်ပြီး အဓိပ္ပာယ်ရှိတဲ့နေရာတစ်ခုရဲ့ အမှတ်အသားဖြစ်ပါတယ်။ သို့ပေမယ့် တက်တူးရဲ့ အရေးပါမှုဟာ ၎င်းရဲ့ အရွယ်အစားအပေါ်မှာ မူတည်ပါတယ်။ အမျိုးသားတစ်ယောက်အတွက် ရင်ဘတ်က တက်တူးဟာ သူတို့ကို အလွန်ယုံကြည်မှုရှိစေတယ်လို့ ဆိုကြပါတယ်။ သို့ပေမယ့် အမျိုးသမီးတွေအတွက် ရင်ဘတ်တက်တူးဟာ ချစ်ခြင်းမေတ္တာနဲ့ ဆက်သွယ်နေတဲ့ လက္ခဏာဖြစ်ပါတယ်။
ရင်ဘတ်က တက်တူးဟာ လည်ပင်း ၊ နံရိုးနှင့် လက်တွေမှာရှိတဲ့ အခြားတက်တူးတွေနှင့် ဆက်သွယ်မှုရှိနိုင်ပါတယ်။ Higher Perspective က ရှင်းပြတာကတော့ နေရာတော်တော်များများမှာ တက်တူးထိုးသူတွေများစွာအတွက် ရင်ဘတ်တက်တူးဟာ ဒီအရာအာလုံးနဲ့ ချိတ်ဆက်ထားနိုင်ပြီး တက်တူးတစ်ခုချင်းစီရဲ့ အဓိပ္ပာယ်ကိုလည်း စုပေါင်းရှာတွေ့နိုင်တယ်လို့ ပြောခဲ့ကြပါတယ်။
၅။ လက်မောင်းပေါ်က တက်တူး
လက်မောင်းပေါ်က တက်တူးဟာ ကျယ်ပြန့်သော အဓိပ္ပာယ်တွေရှိပေမယ့်လည်း တက်တူးအရွယ်အစားအပေါ် မူတည်ပါတယ်။ သင့်ရဲ့ လက်မောင်းပေါ်မှာ အရွယ်အစားငယ်တဲ့တက်တူးရှိနေတယ်ဆိုရင် ရိုင်းစိုင်းသလိုဖြစ်နေပေမယ့်လည်း သတိရှိသူတစ်ယောက်ရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ လက်တစ်ဝက်လောက်အထိအပြည့်တက်တူးထိုးထားသူဆိုရင် အနုပညာကို ပြချင်သူဖြစ်ပေမယ့် အရံအသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုတော့ လုပ်နေတုန်းပါပဲ။ လက်အပြည့်တက်တူးရှိသူတွေကတော့ သူတို့ရဲ့ အနုပညာနဲ့ ပတ်သက်ပြီး လူတွေဘယ်လိုထင်ထင် ဂရုမစိုက်တတ်ကြပါဘူး။ တဇွတ်ထိုးသမားတွေပေါ့။
သို့ပေမယ့် သင့်ရဲ့ အတွင်းစိတ်အရ လက်ရုံးကြွက်သားတွေမှာ တက်တူးထိုးခြင်းဟာ သင်ဟာ ကမ္ဘာကြီးကို တစ်ခုခုဝေမျှချင်တယ်ဆိုတာ ဖော်ပြနေပါတယ်။ လူတွေကို သင်တက်တူးထိုးထားတယ်ဆိုရင် တိတ်တဆိတ်သတိပြုမိစေချင်ပါတယ်။ သင့်လက်မောင်းတွေမှာ တက်တူးထိုးထားခြင်းဟာ သင့်ဘဝကို သင်ကိုယ်တိုင်ပဲ တာဝန်ယူချင်တယ်လို့ ဆိုလိုပါတယ်။
၆။ လက်ဖျံက တက်တူး
လက်ဖျံတက်တူးတွေကို လက်ရှည်အင်္ကျီတွေနဲ့ ဖုံးအုပ်ထားနိုင်ပေမယ့်လည်း ဒီတက်တူးနေရာချထားခြင်းကို နှစ်သက်သောသူတွေဟာ လူတိုင်းကို မိမိတို့ရဲ့ တက်တူးတွေပြသဖို့ နှစ်သက်ကြပါတယ်။ ဒီခန္ဓာကိုယ်အစိတ်အပိုင်းမှာ တက်တူးထိုးထားသူတွေဟာ ခက်ခဲသူ၊ ရဲရင့်သူတစ်ယောက်ဖြစ်ပြီး တစ်ခြားလူတွေရဲ့ ဆွဲဆောင်မှုတွေကို နှစ်သက်ကြောင်းဖော်ပြနေခြင်းပါ။ လက်ဖျံတက်တူးထိုးခြင်းဟာ လူတစ်ယောက်ရဲ့ ဘဝကို ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်ကို အားဖြည့်ပေးနိုင်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
Ref- themindjournal