လေ့လာမှတ်သားစရာ မြန်မာဘန်းစကားများ
sayar.com.mm
|
2020-07-21

လေ့လာမှတ်သားစရာ မြန်မာဘန်းစကားများ

မြန်မာဘန်းစကားများရဲ့ဆိုလိုရင်းများကို လေ့လာမှတ်သားနိုင်စေဖို့ရန်ရည်ရွယ်ပြီး မျှဝေပေးလိုက်ပါတယ်

ကညာစစ်သည် (နှေးကွေးလေးလံစွာပြုခြင်း)
အပျိုစင်မိန်းကလေးများသည် ရဲတင်းဖျတ်လတ်ခြင်း နည်းပါး၍ မရဲတရဲ မဝံ့တဝံ့နှင့် ရှက်စနိုးအမူအရာဖြင့် နှေးကွေးဇာချဲ့၍ ပြုမူလှုပ်ရှားတတ်ကြသည်ဖြစ်ရာ တစ်စုံတစ်ရာနှေးကွေးလေးလံစွာ ကနွဲ့ကလျ လှုပ်ရှားဆောင်ရွက်နေသူအား အပျိုကလေးတစ်ယောက်ကဲ့သို့ပြုလုပ်နေလေရော့သလားဟု အပြစ်တင်သောအားဖြင့် ကညာစစ်နေသည်ဟု တင်စားပြောဆိုကြသည်။

ကလိန်စေ့ငြမ်းစင်သည်။ (မဖြစ်နိုင်သည်ကို လုပ်ကြံသည်)
ကလိန်မှ ကလိန်သီး၏အစေ့သည် ပြောင်ချော၍နေသည်။ ထိုကလိန်စေ့ကို တစ်စေ့ပေါ်တွင်တစ်စေ့ လျောမကျစေရန် ဆင့်တင်ရန် ခက်ခဲလှပေသည်။ ထိုသို့ မဖြစ်နိုင်ဘဲလျက် အလွန်မြင့်သော လူတက်ရောက်စရာ ငြမ်းအဖြစ်ဆင်သည်ဟု ဆိုသည်မှာ အလွန့်အလွန် မဖြစ်နိုင်သော အလုပ်တစ်ခုကို လုပ်နေကြောင်း လေးနက်အောင် ပမာပြုခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မဖြစ်နိုင်သည်ကို ပြုလုပ်သည်ဖြစ်စေ၊ ပြောသည်ဖြစ်စေ တင်စားသုံးသည်။ သို့ရာတွင် “ကလိမ်”ဟူသောအသံနှင့် “ဆင်” ဟူသောအသုံးကိုစွဲ၍ “လိမ်လည်၍ ဉာဏ်ဆင်သည်” ဟူ၍လည်း အမှတ်ထားကာ သုံးကြသည်။

ကြိုးကိုင်သည် / ကြိုးဆွဲသည် (သြဇာပေး၍ စေစားထိန်းကိုင်သည် / သူတစ်ပါးကို ခြယ်လှယ်သည်)
ရုပ်သေးကပြသည့်အခါတွင် ရုပ်သေးရုပ်လေးများကို လိုသလို လှုပ်ရှားစေရန် အရုပ်ကြိုးကိုကိုင်၍ စေစားလှုပ်ရှားပေးရသည်ဖြစ်ရာ စေစား၍ လိုရင်းကို ပြုပြင်ပေးနေသောအခါ “ကြိုးကိုင်သည်” မိမိအလိုကျ ပြုမူစေရန် ချယ်လှယ်စီမံခြင်း၊ သြဇာလွှမ်းမိုးခြင်းမျိုးကို “ကြိုးဆွဲသည်” ဟု ဆိုကြသည်။

ကာလနဂါး (အအိပ်ကြီးသောသူ)
မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ကို ရပြီးနောက် နေရဉ္စရာမြစ်တွင် ဃနာနို့ဆွမ်းကို ဘုန်းပေးပြီးသော် ရွှေခွက်ကိုမျှောတော်မူရာ ရှေးဘုရားရှင်တို့၏ ရွှေခွက်တို့မြှုပ်ရာအရပ်သို့ရောက်လျှင် ရွှေခွက်နစ်၍ ရှေးရေခွက်တို့နှင့်ထိလျက် အသံမြည်လေသည်။ ထိုအသံကို အိပ်ပျော်နေသော ကာလနဂါးနိုး၍ ကြားလေသော် “သြော် ဘုရားတစ်ဆူ ပွင့်ပြန်လေပြီ” ဟု ဆိုမြည်းလေသည်။ ကာလနဂါးသည် ဘုရားတစ်ဆူပွင့်မှ တစ်ကြိမ်နိုးသည်ဟု ဆိုသည်။ ထိုနဂါးကိုစွဲ၍ အအိပ်ကြီးသူ၊ အအိမ်မက်သူတို့အား တင်စား၍ခေါ်သည်။

ချောသည် (သေသည်)
မွန်ဘာသာ (ချိတ်) ဖြစ်၍ အသံထွက်မှာ “ချော” ဟူ၍ဖြစ်သည်။ “သေသည်” ဟု အဓိပ္ပာယ်ရသည်။ ဘန်းစကားအဖြစ် အသုံးပြုကြရာတွင် အချို့က ချောမွတ်ပြီးပြတ်သည့် မြန်မာစကားဟု အထင်ရှိ၍ ကိစ္စချောသည် “သေသည်” ကို တင်စားသုံးနှုန်းကြသည်။

ခြေရာတိုင်းသည် (တုပသည်၊ အန်တုသည်)
ခြင်္သေ့သားငယ်သည် ဖခင်ခြင်္သေ့နှင့်ခွန်အားစွမ်းအင်ခြင်း တူ/မတူကို ခြေရာချင်းတိုင်း၍ကြည့်ရာ ခြေရာအရွယ်အစားချင်းတာမျှလာသောအခါ အင်အားတူပြီဟူ၍ ဖခင်ကို အန်တုသည့် ပုံဝတ္ထုအားမှီး၍ ဖက်ပြိုင်ခြင်း၊ အန်တုခြင်းတို့ကို တင်စား၍ ခိုင်းနှိုင်းသည်။

ခွင်ကျသည် (အနေအသားကျသည်၊ တိုက်ဆိုင်အပ်စပ်သည်)
ဗိသုကာပညာရပ်တွင် အခုံးနှင့်အခွက် အလာစာနှင့်ဘောင်ခွေ၊ တွင်းနှင့်စို့ အံကျကိုက်ညီ၍ နေသားတကျရှိခြင်းကို ခွင်ကျသည်ဟု ဆိုသည်။ ထိုသဘေကိုတင်စား၍ မိမိအပ်စပ်သောနေရာနှင့် အရည်အချင်း တိုင်ဆိုင်မိခြင်းကိုလည်းကောင်း။ ပုံမှန်နေသားတကျရှိခြင်းကိုလည်းကောင်း ခွင်ကျသည်ဟု ဆိုသည်။

ချွတ်ခြုံကြသည် (အလွန်ဆင်းရဲသည်)
ဆင်းရဲလွန်းသောသူသည် ခြုံစရာစောင်မရှိ၍ အဝတ်တစ်ထည်ကို နေ့အခါဝတ်၍ ညအခါ ချွတ်ခြုံရသည်။ ဒါဝတ်အဖြစ်တစ်လှည့်၊ ခြုံလွှာအဖြစ်တစ်လှည့် တစ်ထည်တည်းကိုသာ အသုံးပြုရသော ဘဝကို ချွတ်ခြုံကျသည်ဟု ဆိုသည်။ အလွန်ဆင်းရဲခြင်း၊ ခေါင်းပါးခြင်းကို ခိုင်းနှိုင်းအဆုံးပြုသည်။

ချက်ကြွေ (ဇာတိရပ်မြေ၊ မွေးဖွားရာဒေသ)
ကလေးငယ်သည် မွေးဖွားပြီးနောက် ရက်အနည်းငယ်အတွင်း ချက်တိုင်ခြောက်၍ ချက်ကြွေကျလေရာ ထိုသို့ချက်ကြွေသောအရပ်သည် မွေးဖွားရာအရပ်ပင်ဖြစ်၍ တင်စားသောအားဖြင့် ဇာတိရပ်မြေကို ချက်ကြွေဟုပင်ခေါ်သည်။ ထိုကြွေသောချက်ကို မြှုပ်ရာအရပ်ကို အစွဲပြု၍ ချက်မြှုပ်ရာအရပ်ဟုလည်း ခေါ်ကြသည်။

ချောက်တွန်းသည်/ချောက်ကျသည်။ (ဂျောက်တွန်းသည်) (အပြစ်ကျအောင် တွန်းပို့၍ အဆိုးဘက်သို့နှစ်သည်)
လူတစ်ဦးတစ်ယောက်အား အမြင့်သို့တွန်းမတင်ဘဲ ချောက်ကမ်းပါးအတွင်းသို့ တွန်းချဘိသကဲ့သို့ အမှား၊ အပြစ်၊ အရှုံးစသော အဆိုးဘက်သို့ ကျရောက်လေအောင် စေတနာအရေခြံလျှက် ဆွဲဆောင်တွန်းပို့ခြင်းပြုသည်ကို တင်စား၍ သုံးသည်။

ဂေါ်သည် (နောက်ပိုးသည်၊ လူပျိုလှည့်သည်)
ဤစကားမှာ သင်္ဂဇာစကားပုံတွင် ပါဝင်သော ရသေ့တစ်ပါးနှင့် မယ်သီလတစ်ပါးသ်ည စင်ပေါ်တွင် အိပ်ကြရာ တစ်ဦးကတစ်ဦးကို အိပ်ပျော်၍ ဟောက်သံ ဂေါ်ဂေါ်ဟူသောအသံနှင့်အတူ မိမိပြောလိုရာကို အိပ်ပျော်ရင်း ယောင်ဟန်ပြု၍ ကာမဂုဏ်စကားပြောကြပုံ ဝတ္ထုကိုစွဲ၍ သုံးကြသည်။

ဒက်ထိတိုးသည် (တိုက်ရိုက်တည့်မတ်စွာ တိုက်ဆိုင်သည်
မြင်းပွဲတွင် ပြိုင်မြင်းနှစ်ကာင်စလုံး တညီတည်း တစ်ပြိုင်တည်း အတူပန်းဝင်သည့်ပွဲကို အင်္ဂလိပ်ဘသာဖြင့် (Dead Heat) အသံထွက်အားဖြင့် ဒက်ထိဟုခေါ်သည်။ ထိုသို့ နှစ်ကောင်တိုက်ညီခြင်းကို တင်စား၍ စာမေးပွဲမေးခွန်းနှင့် ကျက်ထားသောစာပုဒ်တို့ အံကိုက်ကျခြင်း၊ မီးရထားနှစ်စင်း တစ်ချိန်တည်း အရေက်တူခြင်း စသည်တို့ကို ဒက်ထိတိုးသည်။ ဒက်ထိရောက်သည်ဟု ဆိုကြသည်။။ မြန်မစကာဟုပင် အချို့မှတ်ထင်ကြသည်။

ဒုံရင်းဆိုက်သည်။ (ပင်ရင်းနေရာ ပြန်ရောက်သည်)
ပြေးပွဲများတွင် စ၍ တာထွက်ရာအစကို ဒုံဟုခေါ်၍ ပန်းဝင်ရာ တာအဆုံးကို ပန်းတိုင်ဟု ခေါ်လေသည်။ ထို့ကြောင့် အရင်းအစသို့ ပြန်ရောက်ခြင်းကို ဒုံရင်းဆိုက်သည်၊ ဒုံရင်းကျသည်ဟု တင်စား၍ ဆိုသည်။

ဒေါင်းတောက်သည် (အနှံ့အပြားရှာဖွေသည်)
ဥဒေါင်းငှက်မျာသည် ကြက်များအစာကောက်သကဲ့သို့ ဆက်ကာ ဆက်က လည်ငေါက်၍ ဟိုဟိုသည်သည် နှုတ်သီးတောက်လေ့ရှိသည်။ ထိုနည်းပမာကို တင်စား၍ နေရာအနှံ့အပြားလှည့်ကာ မနားမနေ ရှာဖွေခြင်းကို ဒေါင်းတောက်အောင်ရှာသည်ဟု သုံးစွဲကြလေသည်။

နောင်ကြဉ်သည် (အနာဂတ်အတွက် တစ်ဖန်မကျူးလွန်ဝံ့အာင် သင်ခန်းစာရသည်)
လူတစ်ဦးတစ်ယောက်သည် တစ်ကြိမ်တစ်ခါတွင် အမှားအယွင်းပြုမိ၍ လက်တွေ့အပြစ်ခံယူရရှိသောအခါ နောင်အနာဂတ်တွင် ထိုသို့ထပ်မံပြုမိခဲ့လျှင် တွေ့ကြုံရမည့်အပြစ်ကိုသိပြီးဖြစ်၍ နောင်အခါတွင် ရှောင်ကြဉ်ရလာက်အောင် အသိစွဲမြဲခိုင်မာ၍ အမှန်ကိုသိရှိလာသည်ကို အကြောင်းပြု၍ ထိုသို့သင်ခန်းစာရခြင်းကို နောင်ကြဉ်သည်ဟုဆိုသည်။

ပါစားပေးသည် (အခွင့်သာပေးသည်)
ပုဆစ်ကြွေကစားရာတွင် ကြွေနှစ်ပွင့်ကို “ပါ” ဟုခေါ်ရာ တစ်ဘက်အား လက်ရည်အသာပေး၍ ကစားလိုသဖြင့် ပါစားပေးသည်ဟု အစွဲပြု၍ အခွင့်အရေးပေးခြင်း၊ အလိုလိုက်ခြင်း မျက်နှာသာပေးခြင်းတို့ကို ဆိုသည်။

သရေပွဲ (အရှံုံးအနိုင်မရှိသည့်ပွဲ)
မွန်စကား (စရာ)။ မည်သည့်ဘက်ကမှ အရှုံးအနိုင်မရှိ၊ နှစ်ဖက်ခြေစွမ်းလက်စွမ်းညီ၊ ဉာဏ်စွမ်းညီ အပြီးသတ်သော ကစားပွဲဟူသမျှကိုသရေပွဲဟူခေါ်သည်။ နှစ်ဖက်ဂုဏ်သရေပျက်သောပွဲဟု ဆိုလိုသည်။

Credit : လှသမိန်ရေးသားသည့် ဘန်းစကားအနက်အဓိပ္ပာယ်စာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။

#ဘန်းစကား
#အသံ
#ခြင်္သေ့
#စကား
#ပုံဝတ္ထု

Some text some message..