ဇာဇာထက်ကတော့ Sexy Model တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ ဇာဇာထက်ကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ပညာရေးဘက်ကိုလည်း မလပ်ဟင်းအောင်ကြိုးစားနေခဲ့ပြီး မကြာသေးခင်ကပဲ ဒီပလိုမာစာမေးပွဲကို အောင်မြင်ကာ တတိယမြောက် ဘွဲ့ကိုမကြာခင်အချိန်မှာ ယူရတော့မှာလည်း ဖြစ်ပါတယ်။
ဇာဇာထက်ကတော့ ဘွဲ့ယူရတော့မှာဖြစ်ပေမဲ့ ဘွဲ့ယူမယ့်အချိန်မှာ မိခငိဖြစ်သူ အနားရှိနေမနေနိုင်တာကြောင့် အားငယ်မိနေတဲ့အကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်လာခဲ့ပါတယ်။ “အမေ့အဝတ်အစားတော်တော် များများကို အမေဆုံးသွားတဲ့နောက်ပိုင်းအကုန်ပေးလှူပြစ်တာ အိမ်ပြောင်းခါနီးအမေ ကြိုက်တဲ့ဝတ်စုံလေးတွေသေချာပြန်သိမ်းရင်း လွမ်းလို့မျက်ရည်ကျမိသေး။
သမီးဒီပလိုမာစာမေးပွဲအောင်တယ် အမေ။ အမေပြောသလို ဒီဇိုင်နာနဲ့အပ်ပြီးသမီး အကောင်းစားချိတ်လေးနဲ့ ဘွဲ့တက်ယူရတော့မှာ အမေမရှိတော့အားမရှိဘူးအမေရာ။လွမ်းတယ်အမေ။”လို့ မိခင်ဖြစ်သူကို လွမ်းဆွတ်တမ်းတနေခဲ့တာပါ။ CeleZone ပရိသတ်ကြီးရေ မိခင်ဖြစ်သူအနားမှာ မရှိနေတာကြောင့် လွမ်းဆွတ်နေတဲ့ ဇာဇာထက်ကို အားပေးစကားလေးတွေပြောပေးခဲ့ကြပါဦး။
Chilli – CeleZone
Source – Zar Zar Htet