
BTS အဖွဲ့ဝင် J-Hope ရဲ့အမဖြစ်သူ Jung Ji-woo က သူမစေ့စပ်ထားတဲ့ အကြောင်းကို ပြောပြလိုက်ပါတယ်။ မကြာသေးခင်းက Jung Ji-woo ဟာ insatgram ပေါ်မှာ သူမပရိတ်သတ်တွေရဲ့ မေးခွန်းတစ်ချို့ကို ဖြေကြားပေးခဲ့တာပါ။ ဒီသတင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။
View this post on Instagram
하루만 쉬다올게요
A post shared by
지우
(@mejiwoo103) on
ပရိတ်သတ်တစ်ယောက်က သူမရဲ့ လက်မှာဝတ်ထားတဲ့ လက်စွပ်ကို သတိထားမိပြီး “ မင်းရဲ့လက်မှာဝတ်ထားတာ စေ့စပ်လက်စွပ်လား” ဆိုပြီး မေးမြန်းခဲ့တာပါ။ Jung Ji-woo က “ ဟုတ်ပါတယ် ကျွန်မ နောက်နှစ်မှာ လက်ထပ်တော့မယ် ဒီကိစ္စကို ပရိတ်သတ်တွေကို ဘယ်လိုပြောရမှန်း မသိဖြစ်နေခဲ့တာပါ အရင်က ကျွန်မရဲ့ personal life နဲ့ပတ်သက်ပြီး တစ်ခါမှ မပြောဖူးပါဘူး” ဆိုပြီး ဖြေကြားခဲ့ပါတယ်။
View this post on Instagram
키킼키킼
A post shared by
지우
(@mejiwoo103) on
သူမက ဆက်လက်ပြီး “ ကျွန်မ ဒီအကြောင်းကို ပြောဖို့ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက စဉ်းစားနေခဲ့ပြီး တစ်ခါတစ်လေ အိပ်မက်တွေတောင် မက်ပါတယ် ကျွန်မက သဘာဝကျကျလေး အသိပေးချင်ခဲ့တာ အခုတော့ ပြောလိုက်ပြီ” ဆိုပြီး ပြောကြားခဲ့ပါတယ်နော်။
View this post on Instagram
직접 만든 바구니 선물하러 총총총
A post shared by
지우
(@mejiwoo103) on
သူမရဲ့ အနာဂတ်ခင်ပွန်းလောင်နဲ့ ပတ်သက်ပြီးတော့ “ ကျွန်မတို့ ဖြည်းဖြည်းချင်း တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုတွေနဲ့ နားလည်မှုတွေရှိတဲ့ ဘဝလေးကို တည်ဆောက်သွားမှာပါ ကျွန်မတို့က တကယ့်ကို ထူးခြားစွာ ဆုံတွေ့ခဲ့ကြတာပါ ပြီးတော့ ထူးခြားစွာပဲ ချိတ်ဆက်မိခဲ့ကြတယ် ကျွန်မသူနဲ့ရှိနေရင် ပျော်ပါတယ်” ဆိုပြီး သူမတို့ရဲ့ အကြောင်းလေးကို ပြောပြသွားခဲ့ပါတယ်။
View this post on Instagram
_
A post shared by
지우
(@mejiwoo103) on
ဒီသတင်းကို ကြားတဲ့ ကမ္ဘာတစ်ဝန်းက BTS fan တွေကတော့ သူမအတွက် နွေးထွေးတဲ့ ဂုဏ်ပြုစကားလေးတွေကို သူမထံကို ပို့ပေးခဲ့ကြပါတယ်နော်။
Khin