ကမ္ဘာကျော်သူများအကြောင်း (၂)
ဆာအိုက်ဆက် နယူတန်
Sir Isaac Newton
Born ၁၆၄၂--၁၇၂၇
အင်္ဂလန်
Known for ဂန္တဝင်သိပ္ပံပညာရှင်
ဆာအိုက်ဆက် နယူတန် (Sir Isaac Newton) (၁၆၄၃ ဇန္နဝါရီလ ၄ - ၁၇၂၇ မတ်လ ၃၁) သည် အင်္ဂလိပ်လူမျိုး ရူပဗေဒပညာရှင်၊ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒပညာရှင်၊ အတွေးအခေါ်ပညာရှင်၊ အဂဿဂိရတ်ပညာရှင် တစ်ဦးဖြစ်ပြီး ကမ္ဘာ့သမိုင်းတွင် ဩဇာလွှမ်းမိုးမှု ကြီးမားသူတစ်ဦးအဖြစ် အများက ယူဆထားသည်။နယူတန်သည် ၁၆၈၇ ခုနှစ်တွင် ကမ္ဘာမြေကြီး၏ဆွဲငင်အားနှင့် သက်ဆိုင်သည့် နိယာမများကို ထုတ်ပြန်ခဲ့သည်။ ယင်း လှုပ်ရှားမှုဆိုင်ရာ နယူတန် နိယာမ သုံးရပ်သည် နောက်နှစ်ပေါင်း သုံးရာကျော်အတွင်း ရူပဗေဒလောကအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်ခဲ့သည်ဟု ဆိုနိုင်သည်။
နယူတန်သည်လည်း ပထမဦးဆုံးသော အဝေးကြည့်မှန်ပြောင်းကို တီထွင်ခဲ့သူ ဖြစ်သည်။အဖြူရောင် အလင်းတန်းများ သုံးမြှောင့်ဖန်တုန်းအား ဖြတ်သန်းစဉ် ရောင်စဉ် ၇ မျိုးအဖြစ် ဖြာထွက်သွားခြင်းကို အခြေခံ၍ အရောင်သီအိုရီကိုလည်း ထုတ်ပြန်ခဲ့သည်။ သူသည် အေးခဲခြင်း နိယာမကို ရေးသားခဲ့သည့်အပြင် အသံ၏ အရှိန်နှုန်းကိုလဲ လေ့လာခဲ့သည်။
ယနေ့ခေတ် သိပ္ပံပညာမှာ အံ့မခမ်းပင် ဖြစ်သည်။ ၁၇ ရာစုက သင်္ချာ နှင့် သိပ္ပံပညာရှင် ဆာအိုင်းဇက်နယူတန် ၏ သီအိုရီများ ၊ လေ့လာတွေ့ရှိချက်များ ၊ နိယာမများသာ မရှိပါလျှင် သိပ္ပံပညာလည်း ရှိမည် မဟုတ်တော့ပါ။ နောင်လာ နောက်သားများအတွက် အလွန်ကျေးဇူးများသော သိပ္ပံပညာ၏ အခြေခံသဘောတရားများကို ဖော်ထုတ်ခဲ့သော ဆာအိုင်းဇက်နယူတန်၏ ကျေးဇူးကား ကြီးမှားလှပါပေသည်။
ဆာအိုင်းဇက်နယူတန်ကို ၁၆၄၂ တွင် England နိုင်ငံ Woolsthorpe ၌ မွေးဖွားသည်။ မြေပိုင်ရှင်မျိုးရိုးဖြစ်သည်။ သူသည်မွေးဖွားစဉ်က အချိန်မတိုင်မီ လမစေ့ဘဲ မွေးလာခဲ့သော premature baby ဖြစ်သဖြင့် အလွန်သေးကွေးသည်။ နယူတန်၏ ဖခင်ဖြစ်သူမှာ သူ့ကို မမွေးဖွားမီ ၃လအလိုက ကွယ်လွန်သွားခဲ့၍ နယူတန်မှာ ဖတဆိုးလေးဖြစ်သည်။ မိခင်ဖြစ်သူမှာ သူ ၂နှစ်သားအရွယ်တွင် နောက်အိမ်ထောင်ပြုကာ နယူတန်ကို အဖွားထံတွင် ထားခဲ့လေသည်။ သူသည် ငယ်စဉ်ဘဝတွင် ကျန်းမာရေး အလွန် ချူချာကာ အခြားသော ကလေးများကဲ့သို့ ခုန်ပေါက်ပြေးလွှား မကစားနိုင်ပေ။ နေနာရီ၊ သစ်သားတိုင်ကပ်နာရီများဖြင့်သာ ဆော့ကစား ၍ ပျော်ရွှင်ခဲ့လေသည်။ စာဖတ်ခြင်းနှင့် ဂျာနယ်များ စုဆောင်းခြင်းကို ဝါသနာပါလေသည်။
သူနေထိုင်ရာ ရွာလေးက ကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက်တွင် Grantham Grammar School သို့သွားရောက် ပညာသင်ကြားသည်။ ကျောင်းမှတ်တမ်းများအရ သူသည် ကျောင်းတွင် အညံ့ဆုံးနှင့် ကျောင်းစာတွင် အာရုံ စူးစိုက်မှု မရှိဆုံး ကျောင်းသားဖြစ်သည်။ ဂရမ်သမ်ကျောင်းသည် သူ့အိမ်မှ ၅မိုင်ခန့်သာ ကွာဝေးသော်လည်း ဘယဆေးဆရာတစ်ဦး၏ နေအိမ်တွင် နေထိုင်ကာ ကျောင်းတက်ခဲ့သည်။ဘယဆေးဆရာ၏ သမီးဖြစ်သူ Miss Storey နှင့်ရည်ငံကာ စေ့စပေ်ကြောင်းလမ်းခဲ့သည်။
နယူတန်၏ဦးလေး ဖြစ်သူက တိုက်တွန်းသဖြင့် အသက် ၁၉ နှစ်သားအရွယ်တွင် Cambridge University သို့ သွားရောက်ပညာသင်ကြားခဲ့သည်။ ၁၆၆၁ ဇွန်လ ၅ရက်နေ့တွင် သူသည် Trinity College ၊ Cambridge သို့ဝင်ရောက်ခဲ့သည်။ သူသည် အခြားကျောင်းသား များထက် အသက်ကြီးပြီး Trinity College ကောလိပ်တွင် ပညာသင်စရိတ်ကို အခြား ကျောင်းသားများ၏ အစေခံအလုပ်ကို လုပ်ကာ ရှာဖွေခဲ့လေသည်။
နယူတန်သည် တွင် ဥပဒေ ပညာရပ်ကိုသင်ယူခဲ့သည်။ Aristotle ၊ Descartes ၊ Gassendi ၊ Hobbes ၊Boyle တို့၏ ဒဿနိကဗေဒ ကိုလေ့လာ သင်ယူခဲ့သည်။ ဂယ်လီလီယို၏ နက္ခတ္တဗေဒ က သူ့အား အထူး ဆွဲဆောင်ခဲ့ပြီး Kepler ၏ Optics ကိုလည်း လေ့လာ သင်ယူခဲ့သည်။ သု့အတွေးများ၏ မှတ်တမ်းသဖွယ်ဖြစ်သော Quaestiones Quaedam Philosophicae (Certain Philosophical Questions) စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် ပလေတိုသည် ကျွန်တော်၏ သူငယ်ချင်း ဖြစ်သည်။ အရစ္စတိုတယ်သည် ကျွန်တော်၏ သူငယ်ချင်းဖြစ်သည်။ သို့သော် ကျွန်တော်၏ အကောင်းဆုံး သူငယ်ချင်းမှာ အမှန်တရားဖြစ်သည်ဟု ရေးသားခဲ့သည်။
၁၆၆၃ နွေနှောင်းရာသီတွင် သူသည် သင်္ချာဘာသာရပ်ကို စတင်ကာ စိတ်ဝင်စားခဲ့သည်။ သင်္ချာဘာသာရပ်နှင့် ဆက်နွယ်ကာ နက္ခတ္တဗေဒ ဘာသာရပ်ကိုလည်း လေ့လာခဲ့သည်။ ၁၆၆၃ ပြီလ ၂၈ ရက်တွင် ကောလိပ်၏ ပညာသင်ဆုရ ကျောင်းသားအဖြစ် ရွေးချယ်ခြင်းကို ခံရသည်။ နယူတန်သည် ကျောင်းပညာရပ်များတွင်သာ စိတ်ဝင်စားနေရာ သူ၏ အချစ်ဇာတ်လမ်းမှာ အေးစက်သွားခဲ့ပြီး စေ့စပ်ထားသော ချစ်သူ Miss Storey က အခြားလူတစ်ယောက်နှင့် လက်ထပ်သွားလဲ့လေသည်။ နယူတန်သည် အချစ်ကို တန်ဖိုးထား မြတ်နိုးလေသူ ဖြစ်သဖြင့် နောက်ထပ် အချစ်မရှာ ၊ အိမ်ထောင်လည်း မပြုပေ။
၁၆၆၅ ဧပြီလတွင် ဘီအေဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်တွင်ပင် ကြောက်မက်ဖွယ် ကောင်းသော ပလိပ်ရောဂါဆိုးကြီးက ဥရောပသို့ ကူးစက်လာရာ တက္ကသိုလ်များကို ၂နှစ်ခန့်ပိတ်လိုက်သဖြင့် သူ့ဇာတိဖြစ်သော Woolsthorpe သို့ပြန်လာရသည်။
နယူတန်သည် အိမ်မှာနေစဉ်အတွင်း သင်္ချာဘာသာရပ်ကို မပြတ်လေ့လာနေခဲ့သည်။ ကျောင်းပိတ်ထား ၍အိမ်မှာနေစဉ် ၂ နှစ်အတွင်းတွင် သချာၤ နှင့် ရူပဗေဒ ဆိုင်ရာ ပြ နာများကို တွေ့ရှိ ဖြေရှင်းနိုင်ခဲ့သည်။ ကမ္ဘာ မြေကြီးဆွဲအားနိယာမ (The Law of Universal Gravitation) ၊ အဖြူရောင်သည် သက်တန့်ရောင်စဉ်များဖြင့် ဖွဲ့စည်းထားကြောင်း (The Theory of Optics) ၊ သင်္ချာဘာသာရပ်ဖြစ်သော integral and differential calculus များကို ရှာဖွေတွေ့ရှိခဲ့သည်။
နေအိမ်ခြံဝင်းအတွင်းတွင်ထိုင်နေစဉ် ပန်းသီးပင်ပေါ်မှ ပန်းသီးကြွေကျသည်ကို တွေ့ရှိ၍ ကမ္ဘာမြေကြီးဆွဲအားကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။ ဂြိုလ်များ၏ ပတ်လမ်းများကို တွေ့ရှိခဲ့သည်။ ဂျူပီတာဂြိုလ်၏ အရံဂြိုလ်များနှင့် ပတ်လမ်းများကို တွေ့ရှိခဲ့သည်။ နယူတန်သည် ၁၆၇၁ တွင် De Methodis Serierum Fluxionum (On the Methods of Series of Fluxions) စာအုပ်ကို လက်တင်ဘာသာဖြင့် ရေးသားခဲ့သော်လည်း မထုတ်ဝေဖြစ်ခဲ့ပေ။၁၇၃၆ တွင်မှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။
နယူတန်သည် သူ၏ ရှာဖွေတွေ့ရှိသည်များကို စာအုပ်ထုတ်ဝေရန် အမြဲစိတ်မပါ ဖြစ်လေ့ရှိသည်။ ပလိပ်ရောဂါဆိုးကြီး ကင်းစင်ပပျောက်ပြီးနောက် ၁၆၆၇ တွင် Cambridge University ပြန်ဖွင့်သောအခါ ကျောင်းပြန်တက်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် မဟာဝိဇာ ဘွဲ့ကို ရရှိခဲ့သည်။ ၁၆၆၉ တွင် အသက် ၂၇ နှစ်မပြည့်မီတွင် သင်္ချာပါမောက္ခ ရာထူးရရှိလဲ့သည်။ ၁၆၈၄တွင် De Motu စာအုပ်ကို ထုတ်ဝေခဲ့ပြီး အာကာသသိပ္ပံကို ရှင်းပြနိုင်ခဲ့သည်။
နောင် ၂နှစ်အကြာတွင် သိပ္ပံပညာရပ်ဆိုင်ရာ သမိုင်းကြောင်းတွင် အရေးပါဆုံး ၊ အရေးအကြီးဆုံးဖြစ်သော Philosophiae Naturalis Principia Mathematica (The Mathematical Principles of Natural Philosophy) စာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။ ၁၆၉၃ တွင် အာရုံကြော ချွတ်ယွင်းအားနည်းမှု ဝေဒနာကို ပြင်းထန်စွာ ခံစားရပြီး နာမကျန်းဖြစ်ခဲ့သည်။ ၁၆၉၆ တွင် Warden and the Master of Mint ရာထူးကို ရခဲ့သော်လည်း လန်ဒန်သို့ ထွက်ခွာလာခဲ့သည်။
၁၇၀၃ တွင် Royal Society ၏ ဥက္ကဋ္ဌ ရာထူးကို ရရှိခဲ့ပြီး နှစ်စဉ် ပြန်လည်ရွေးချယ် တင်မြှောက်ခြင်းကို ခံရလေသည်။ ၁၇၀၅တွင် အန်းဘုရင်မ (Queen Ann) က နယူတန်အား ပထမဦးဆုံးသော သိပ္ပံပညာရှင် အဖြစ် သူကောင်းပြုခဲ့ငည်။ ၁၇၁၇တွင် လက်တင်ဘာသာဖြင့် ထုတ်ဝေခဲ့သော စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည် ထုတ်ဝေခဲ့သည်။ ၁၇၂၇ ၊မတ်လ ၂၀ ရက်နေ့တွင် လန်ဒန်၌ ကွယ်လွန်ခဲ့သည်။
ကိုးကား
http://www.adherents.com/adh_influ.html
"The Early Period (1608–1672)". James R. Graham's Home Page. Retrieved on 2009-02-03

"The Early Period (1608–1672)". James R. Graham's Home Page. Retrieved on 2009-02-03.