စကားပြောစွမ်းရည် (Speaking Skill) ကို သင်ယူလေ့လာခြင်း
Reading Skill ရှိရင် အင်္ဂလိပ် (အခြားဘာသာစကားတစ်ခု) စကားပြောနိုင်တယ်. . .
Grammar တတ်ရင် အင်္ဂလိပ် (အခြားဘာသာစကားတစ်ခု) စကားပြောနိုင်တယ် . . .
စာများများဖတ်ရင် စကားပြောစွမ်းရည် (Speaking Skill) အလိုလိုရတယ် . . .
ဝါဟာရ (Vocabulary) များများသိရင် စကားပြောလို့ရတယ် . . . .ဆိုတာတွေက မဟုတ်ပါဘူး။
Speaking Skill ဟာ Language Skill (၄)ခုထဲက တစ်ခုအပါအဝင်ဖြစ်ပြီး Skill စွမ်းရည်တစ်ခုစီတိုင်းအတွက် သူ့တတ်ကျွမ်းဖို့လိုအပ်တဲ့ အရည်အချင်းတွေ အစိတ်အပိုင်းတွေ ရှိပါတယ်။ ဥပမာ စာဖတ်စွမ်းရည် Reading Skill မှာ သူ့ sub-skill အခွဲတွေရှိသလို Speaking Skill မှာလည်း သူ့သက်ဆိုင်ရာ Sub-sill တွေ ရှိပါတယ်။
Speaking လို့ပြောတဲ့နေရာမှာ ပထမဦးဆုံး Monologue နဲ့ Dialogue ကို ခွဲခြားရပါလိမ့်မယ်။ ပြောသူရဲ့ ပါးစပ်ကထွက်တိုင်း Speaking လို့ပြောလို့ရပေမယ့် တစ်ယောက်ထဲက အခြာတစ်ယောက် (သို့) တစ်စုကို ပြောတာကို Monologue လို့ ခေါ်ပါတယ်။ တစ်ဖက်သတ်ပြောတာကို ဆိုလိုပါတယ်။ ဒီလိုစကားပြောနည်းထဲမှာ Lecture ဟောပြောသင်ကြားပို့ချခြင်း၊ sermon တရားဟောခြင်းတို့ပါဝင်ပါတယ်။
Dialogue ကတော့ အနည်းဆုံး နှစ်ဦး၊ နှစ်ယောက် ပါရှိရပါတယ်။ အပြန်အလှန် ပြောဆိုခြင်းဖြစ်ပါတယ်။ တစ်ယောက်က ပြောတာကို ဒုတိယတစ်ယောက်ကနားထောင်ပြီး ဒုတိယတစ်ယောက်က ပြန်ဖြေတာ၊ တုံ့ပြန်တာတွေကို ပထမတစ်ယောက်က နားထောင်ရပါတယ်။ အဲသလို ပြောသူနဲ့ နားထောင်သူတို့ အခန်းကဏ္ဍပြောင်းပြီး အပြန်အလှန် ဆက်ဆံဆက်သွယ်တာကို Dialogue လို့ ခေါ်ပါတယ်။
တစ်ဖန် Speaking ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးအစားတွေ ထပ်ခွဲထားတာကတော့ Social Conversation (လူမှုရေး အလ္လာပ၊ သလ္လာပ)၊ Academic Discussion (ပညာရပ်ဆိုင်ရာ ဆွေးနွေးခြင်း)၊ Interview (အင်တာဗျူး)၊ Social Function (e.g. Requesting (ခွင့်တောင်းခြင်း)၊ Inviting (ဖိတ်ကြားခြင်း)၊ Apologizing (တောင်းပန်ခြင်း)၊ Asking for / Giving Advice (အကြံဉာဏ်ပေးခြင်း၊ အကြံဉာဏ် ရယူခြင်း)၊ Telling Stories (ပုံပြောခြင်း)၊ Narrating (အဖြစ်အပျက် အတွေ့အကြုံတို့ကို စီကာပတ်ကုံးပြောပြခြင်း)၊ Telling Joke (ဟာသပြောခြင်း)၊ Problem Solving (ပြသာနစ်ခုကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာခြင်း၊ Taking part in meetings (ဆွေးနွေးပွဲတွင် ဝင်ရောက်ပါဝင်ဆွေးနွေးခြင်း)၊ Oral Presentation (လူပုံလည် ပရိတ်သတ်ရှေ့တွေ အကြောင်းအရာတစ်ခုကို တင်ပြပြောဆိုခြင်း၊ Service Transaction (ဝန်ဆောင်မှုကိစ္စများကို အပြန်အလှန် အတုံ့အလှည့်ပြု ဆွေးနွေးခြင်း) စသည်တို့ ပါဝင်ပါတယ်။
Social Conversation ဆိုတဲ့ လူမှုရေး၊ အလ္လာပ၊ သလ္လာပ စကား အပြန်အလှန် ပြောဆိုခြင်းကို လေ့လာကြည့်ကြပါစို့။ ဒီ Speaking Skill အမျိုးအစားအောက်မှာ ဘာတွေ အကျုံးဝင်ပါသလဲ . . . ?
(1) Conversation Skill
(2) Language Aspect
(3) Topic/Ideas
(4) Thinking Skill
(5) Social တို့ ပါဝင်ပါတယ်။
(၁) Conversation Skill ဆိုတာက စကားကို ဘယ်လိုစပြောရမယ်၊ ဘယ်ကစပြောရမယ်၊ ဘာအကြောင်းအရာမျိုးနဲ့ စရတယ်၊ ဘယ်လို ချဲ့ထွင်ပြောဆိုရတယ်၊ တစ်ဖက်သားကို စကားအဆက်မပြတ်သွားအောင် ဘယ်လိုကူညီထောက်ပံ့ရတယ်၊ မရှင်းတာကို ဘယ်လိုပြန်မေးရတယ်။ နားလည်/မလည် ဘယ်လိုစုံစမ်းရတယ်၊ စကားဘယ်လို ဖြတ်ပြောရတယ်။ စကားဖြတ်ပြောခံရရင် မူလပြောနေတဲ့ အကြောင်းအရာဆီကို ပြန်သွားရတယ်၊ အကြောင်းအရာ ဘယ်လိုပြောင်းရတယ်၊ ပြောဆိုခြင်းကို ဘယ်လိုရုပ်သိမ်းရတယ်၊ ဘယ်လိုအဆုံးသတ်ရတယ်၊ ပြောစရာအကြောင်းအရာ စဉ်းစားနေတဲ့အချိန်၊ စကားလုံးရှာနေရတဲ့အချိန်မှာ ဘယ်လို အချိန်ဆွဲရတယ် စသည်တို့အားလုံး တတ်ကျွမ်းခြင်းကို ဆိုလိုပါတယ်။ ဒါတွေက တကူးတက သင်ယူလေ့ကျင့်ရတဲ့ စွမ်းရည်တွေပဲဖြစ်ပါတယ်။
(၂) Language Aspect ဆိုတာကတော့ သမာရိုးကျ ဘာသာစကား သင်ယူခြင်းပဲဖြစ်ပါတယ်။ အဲ့ဒီ့အပိုင်းမှာ Grammar နဲ့ Vocabulary အပြင် Pronunciation နဲ့ ှSentence Structure တို့ ပါဝင်ပါတယ်။ အသံထွက် မှန်ကန်ပီသဖို့၊ သဒ္ဒါမှန်ကန်ဖို့၊ ဝါကျတည်ဆောက်ပုံတွေမှန်ကန်ဖို့၊ ဝေါဟာရကြွယ်ဝဖို့ လိုအပ်တဲ့အပိုင်းဖြစ်ပါတယ်။ Social Conversation မှာ မရှိမြစ်တဲ့အပိုင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ပထမတန်းက ဒသမတန်းအတိ၊ တက္ကသိုလ်မှာ ဘွဲ့ရတဲ့အထိ Language Aspect ကို သင်ယူခဲ့ရပါတယ်။ ဒါပေမယ့် conversation skill / Social conversation အပိုင်းမှာ အားနည်းတဲ့အတွက် စကားပြောဆိုရာမှာ အခက်အခဲတွေရှိတယ်၊ အဆင်မပြေတာတွေရှိတယ်ဆိုတာကို သတိပြုမိကြမှာပါ။ ဒီ့အတွက် Language Aspect အပြင် conversation skill လည်း အများကြီး လိုအပ်ပါတယ်။
(၃) Topic / Idea ပိုင်းကတော့ စကားအပြန်အလှန်ပြောဆိုခြင်းရဲ့အကြောင်းအရာပိုင်း၊ အိုင်ဒီယာအပိုင်းပဲဖြစ်ပါတယ်။ ဒီမှာ စာဖတ်ခြင်းရဲ့တန်ဖိုးကို တွေ့မြင်ရမှာပါ။ စာများများဖတ်ညပီး ဗဟုသုတများများရှိတဲ့သူမှာ ပြောစရာအကြောင်းအရာတွေ ပိုရှိနေကြပါတယ်။ နောက်တစ်ခုကတော့ စကားပြော Idea မရှိတဲ့၊ မထုတ်တတ်တဲ့ကိစ္စပါ။ ဥပမာ “Talking about your family” ဆိုတဲ့ Topic မှာ ဘယ်လိုအကြောင်းအရာတွေပါဝင်ရပါမလဲ၊ ဘာတွေထည့်ပြောရမလဲ၊ ဘာတွေမေးမြန်းသင့်တယ်ဆိုတဲ့ Idea မရှိရင် စကားအသွားအလာက ခြောက်သွေ့ရပ်တန့်သွားပြီး အူတူတူ အတတကြီး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် Generating Idea on a topic ဆိုတဲ့ အတတ်ကို သင်ကြားပေးဖို့၊ သင်ယူလေ့ကျင့်တတ်မြောက်ဖို့ အထူးလိုအပ်ပါတယ်။ ဥပမာ IELTS စာမေးပွဲမျိုးမှာဆိုရင် ဖြေဆိုသူက ကတ်ပြားတစ်ခု ပေးပါတယ်။ အဲ့ဒီ့ကတ်ပြားပေါ်မှာ ပြောရမယ့် အကြောင်းအရာ ရိုက်နှိပ်ပါရှိပါတယ်။ အဲ့ဒါကို တစ်မိနစ်စဉ်းစားပြီးနောက် တောက်လျှောက်ပြောရပါတော့တယ်။ အဲ့ဒီ့အချိန်မှာ idea မထုတ်တတ်ရင် ပြောစရာစကား မရှိတဲ့အတွက် အောင်မြင်မှာမဟုတ်ပါဘူး။
(၄) Thinking Skill ဆိုတာကတော့ စဉ်းစားတတ်ခြင်းစွမ်းရည်ဖြစ်ပါတယ်။ အပြန်အလှန် စကားပြောကြတဲ့အချိန်မှာ တစ်ဘက်စကားကို နားထောင်ရင်း ဘာပြန်ပြောရမလဲ၊ ဘာမေးမြန်းရမလဲ၊ ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို နားထောင်ရင်းမှာပဲ တစ်ချိန်တည်း စဉ်းစားနေရပါတယ်။ ပြောနေတဲ့အကြောင်းအရာကို ဘက်ပေါင်းစုံက စဉ်းစားနေရပါတယ်။ ပြောနေတဲ့အကြောင်းအရာကို ဘက်ပေါင်းစုံက စဉ်းစားနိုင်လေ စကားက စည်ပင်လေပဲဖြစ်ပါတယ်။ ဒီလို ရုတ်တရက် စဉ်းစားတတ်အောင်လည်း လေ့ကျင့်ပျိုးထောင်ယူရပါတယ်။ စဉ်းစားပြီးစကားပြောတတ်သူနဲ့ မစဉ်းစားဘဲစကားပြောတတ်သူဟာ များစွာ ကွာခြင်းပါတယ်။
(၅) လူနှစ်ယောက်အပြန်အလှန် စကားပြောဆိုခြင်းဟာ လူမှုရေးကိစ္စတစ်ခုဖြစ်ပါတယ်။ အဲ့ဒါကြောင့် Conversation မှာ Social Skill ဟာ မလွဲမသွေ ဝင်လာပါတော့တယ်။ လူမှုဆက်ဆံရေးစွမ်းရည်ဟာ Conversation မှာ အလွန်အရေးပါပါတယ်။ လူလူချင်း ဆက်ဆံရာမှာ လူမှုရေးစိတ်ဓာတ်ရှိဖို့ လိုအပ်ပါတယ်။ ခင်မင်မှုကိုပြခြင်း၊ ဖော်ရွေခြင်း၊ မျက်နှာထားရွှင်ပြခြင်း၊ လူလူချင်း စာနာထောက်ထားခြင်း၊ အခက်အခဲများ အပြန်အလှန်ကူညီခြင်း၊ လေးစားခြင်း စတဲ့စိတ်ဓာတ်တွေဟာ အပြန်အလှန် စကားပြောဆိုသူရဲ့မျက်နှာအမူအရာ၊ လေသံ၊ ဆက်ဆံရေး၊ စကားလုံးအသုံးအနှုန်းတို့နဲ့ သက်ဆိုင်သလို နားထောင်သူရဲ့ နေထိုင်ပြုမူပြောဆိုပုံနဲ့လည်း ပတ်သက်ပါတယ်။ ဘယ်လောက်တော်တော် ဘယ်လောက်တတ်တတ် လူမှုရေးညံ့ဖျင်းရင် စကားမပြောချင်ကြတာဟာ ဒီ Social Skill အရေးပါမှုကို သက်သေပြနေပါတယ်။
နောက်ဆုံးအချက်ကတော့ Cultural Ways of Speaking ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုအရ ပြဌာန်းထားတဲ့ စကားပြောပုံပြောနည်းနဲ့ အခြားလူမျိုးတွေရဲ့ ယဉ်ကျေးမှုအသီးသီးက ပြဌာန်းထားတဲ့ ပြောပုံပြောနည်းတွေ ကွာခြားကြပါတယ်။ အင်္ဂလိပ်စကားလုံးတွေကို အင်္ဂလိပ်သဒ္ဒါနည်းနဲ့ ဝါကျမှန်မှန်စီပြီး အသံထွက်မှန်ရုံနဲ့ အပြန်အလှန် စကားပြောတဲ့အခါမှာ အသက်မပါဘဲ တောင့်တောင့်ကြီး ဖြစ်နေတတ်တာဟာ ဒီ Cultural Way ကြောင့်ပါပဲ။ ကျွန်တော်တို့ မြန်မာစကားပြောနည်းက လိုရင်းတိုရှင်းနည်းပဲဖြစ်ပါတယ်။ မေးတာကိုဖြေ၊ အပိုမပြောနဲ့ဆိုတာဖြစ်ပါတယ်။ အင်္ဂလိပ်နည်းကတော့ မေးတာကို ပြည့်ပြည့်စုံစုံနဲပ သိုင်းသိုင်းဝိုင်းဝိုင်းဖြေနည်းပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မြန်မာလူမျိုးတွေက မေးခွန်းတွေကို သိပ်မကြိုက်ကြပါဘူး။ ဒါကြောင့် အမေးနည်းတယ်။ အခြားစကားပြောနည်းတွေမှာတော့ အကြောင်းအရာတစ်ခုကို ထဲထဲဝင်ဝင်သိချင်တဲ့အတွက် မေးခွန်းတွေကို ဆက်တိုက်မေးတတ်တာကို တွေ့ရပါတယ်။ မေးခွန်းတွေမေးတဲ့အခါမှာလည်း Information Question တွေဖြစ်တဲ့အတွက် who, when where, why, how တွေ တစ်သီတစ်သန်းကြီးမေးတာမျိုးမဟုတ်ဘဲ intonation question တွေ၊ tag question တွေ၊ indirect question တွေနဲ့ tone လေသံကို လျှော့မေးတာမျိုးတွေ ဖြစ်ပါတယ်။
အချုပ်ပြောရရင် Speaking Skill ဆိုတာ အလိုလိုတ်တာမျိုးမဟုတ်တဲ့အတွက် အချိန်ပေးပြိး သင်သူရတဲ့ စွမ်းရည်ဖြစ်ပါတယ်။ Good Speaker, Good conversationalist တစ်ယောက်ဖြစအာင်ဖို့အတွက် အထက်ပါ skill တွေအားလုံး ဖွံ့ဖြိုးတိုးတက်လောအောင် အစဉ်တစိုက် ကြိုးစားအားထုတ် သင်ယူလေ့ကျင့်ဖို့ လိုအပ်ပါတယ်။ တကယ်တတ်ကျွမ်းချင်ရင် အချိန်၊ ကြိုးစားအားထုတ်မှုနဲ့ \တတ်မြောက်လိုခြင်း ဆန္ဒတို့ကို အရင်းအနှီးစိုက်ထုတ်ရမှာ ဧကန်မလွဲဖြစ်ပါတယ်။
စကားပြောစွမ်းရည် (Speaking Skill) ကို သင်ယူလေ့လာခြင်း
Reading Skill ရှိရင် အင်္ဂလိပ် (အခြားဘာသာစကားတစ်ခု) စကားပြောနိုင်တယ် . . .
Grammar တတ်ရင် အင်္ဂလိပ် (အခြားဘာသာစကားတစ်ခု) စကားပြောနိုင်တယ် . .
စာများများဖတ်ရင် စကားပြောစွမ်းရည် (Speaking Skill) အလိုလိုရတယ် . . .
ဝါဟာရ (Vocabulary) များများသိရင် စကားပြောလို့ရတယ် . . . .ဆိုတာတွေက မဟုတ်ပါဘူး။
Speaking Skill ဟာ Language Skill (၄)ခုထဲက တစ်ခုအပါအဝင်ဖြစ်ပြီး Skill စွမ်းရည်တစ်ခုစီတိုင်းအတွက် သူ့တတ်ကျွမ်းဖို့လိုအပ်တဲ့ အရည်အချင်းတွေ အစိတ်အပိုင်းတွေ ရှိပါတယ်။ ဥပမာ စာဖတ်စွမ်းရည် Reading Skill မှာ သူ့ sub-skill အခွဲတွေရှိသလို Speaking Skill မှာလည်း သူ့သက်ဆိုင်ရာ Sub-sill တွေ ရှိပါတယ်။
Speaking လို့ပြောတဲ့နေရာမှာ ပထမဦးဆုံး Monologue နဲ့ Dialogue ကို ခွဲခြားရပါလိမ့်မယ်။ ပြောသူရဲ့ ပါးစပ်ကထွက်တိုင်း Speaking လို့ပြောလို့ရပေမယ့် တစ်ယောက်ထဲက အခြာတစ်ယောက် (သို့) တစ်စုကို ပြောတာကို Monologue လို့ ခေါ်ပါတယ်။ တစ်ဖက်သတ်ပြောတာကို ဆိုလိုပါတယ်။ ဒီလိုစကားပြောနည်းထဲမှာ Lecture ဟောပြောသင်ကြားပို့ချခြင်း၊ sermon တရားဟောခြင်းတို့ပါဝင်ပါတယ်။
Dialogue ကတော့ အနည်းဆုံး နှစ်ဦး၊ နှစ်ယောက် ပါရှိရပါတယ်။ အပြန်အလှန် ပြောဆိုခြင်းဖြစ်ပါတယ်။ တစ်ယောက်က ပြောတာကို ဒုတိယတစ်ယောက်ကနားထောင်ပြီး ဒုတိယတစ်ယောက်က ပြန်ဖြေတာ၊ တုံ့ပြန်တာတွေကို ပထမတစ်ယောက်က နားထောင်ရပါတယ်။ အဲသလို ပြောသူနဲ့ နားထောင်သူတို့ အခန်းကဏ္ဍပြောင်းပြီး အပြန်အလှန် ဆက်ဆံဆက်သွယ်တာကို Dialogue လို့ ခေါ်ပါတယ်။
တစ်ဖန် Speaking ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးအစားတွေ ထပ်ခွဲထားတာကတော့ Social Conversation (လူမှုရေး အလ္လာပ၊ သလ္လာပ)၊ Academic Discussion (ပညာရပ်ဆိုင်ရာ ဆွေးနွေးခြင်း)၊ Interview (အင်တာဗျူး)၊ Social Function (e.g. Requesting (ခွင့်တောင်းခြင်း)၊ Inviting (ဖိတ်ကြားခြင်း)၊ Apologizing (တောင်းပန်ခြင်း)၊ Asking for / Giving Advice (အကြံဉာဏ်ပေးခြင်း၊ အကြံဉာဏ် ရယူခြင်း)၊ Telling Stories (ပုံပြောခြင်း)၊ Narrating (အဖြစ်အပျက် အတွေ့အကြုံတို့ကို စီကာပတ်ကုံးပြောပြခြင်း)၊ Telling Joke (ဟာသပြောခြင်း)၊ Problem Solving (ပြသာနစ်ခုကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာခြင်း၊ Taking part in meetings (ဆွေးနွေးပွဲတွင် ဝင်ရောက်ပါဝင်ဆွေးနွေးခြင်း)၊ Oral Presentation (လူပုံလည် ပရိတ်သတ်ရှေ့တွေ အကြောင်းအရာတစ်ခုကို တင်ပြပြောဆိုခြင်း၊ Service Transaction (ဝန်ဆောင်မှုကိစ္စများကို အပြန်အလှန် အတုံ့အလှည့်ပြု ဆွေးနွေးခြင်း) စသည်တို့ ပါဝင်ပါတယ်။
Social Conversation ဆိုတဲ့ လူမှုရေး၊ အလ္လာပ၊ သလ္လာပ စကား အပြန်အလှန် ပြောဆိုခြင်းကို လေ့လာကြည့်ကြပါစို့။ ဒီ Speaking Skill အမျိုးအစားအောက်မှာ ဘာတွေ အကျုံးဝင်ပါသလဲ . . . ?
(1) Conversation Skill
(2) Language Aspect
(3) Topic/Ideas
(4) Thinking Skill
(5) Social တို့ ပါဝင်ပါတယ်။
(၁) Conversation Skill ဆိုတာက စကားကို ဘယ်လိုစပြောရမယ်၊ ဘယ်ကစပြောရမယ်၊ ဘာအကြောင်းအရာမျိုးနဲ့ စရတယ်၊ ဘယ်လို ချဲ့ထွင်ပြောဆိုရတယ်၊ တစ်ဖက်သားကို စကားအဆက်မပြတ်သွားအောင် ဘယ်လိုကူညီထောက်ပံ့ရတယ်၊ မရှင်းတာကို ဘယ်လိုပြန်မေးရတယ်။ နားလည်/မလည် ဘယ်လိုစုံစမ်းရတယ်၊ စကားဘယ်လို ဖြတ်ပြောရတယ်။ စကားဖြတ်ပြောခံရရင် မူလပြောနေတဲ့ အကြောင်းအရာဆီကို ပြန်သွားရတယ်၊ အကြောင်းအရာ ဘယ်လိုပြောင်းရတယ်၊ ပြောဆိုခြင်းကို ဘယ်လိုရုပ်သိမ်းရတယ်၊ ဘယ်လိုအဆုံးသတ်ရတယ်၊ ပြောစရာအကြောင်းအရာ စဉ်းစားနေတဲ့အချိန်၊ စကားလုံးရှာနေရတဲ့အချိန်မှာ ဘယ်လို အချိန်ဆွဲရတယ် စသည်တို့အားလုံး တတ်ကျွမ်းခြင်းကို ဆိုလိုပါတယ်။ ဒါတွေက တကူးတက သင်ယူလေ့ကျင့်ရတဲ့ စွမ်းရည်တွေပဲဖြစ်ပါတယ်။
(၂) Language Aspect ဆိုတာကတော့ သမာရိုးကျ ဘာသာစကား သင်ယူခြင်းပဲဖြစ်ပါတယ်။ အဲ့ဒီအပိုင်းမှာ Grammar နဲ့ Vocabulary အပြင် Pronunciation နဲ့ ှSentence Structure တို့ ပါဝင်ပါတယ်။ အသံထွက် မှန်ကန်ပီသဖို့၊ သဒ္ဒါမှန်ကန်ဖို့၊ ဝါကျတည်ဆောက်ပုံတွေမှန်ကန်ဖို့၊ ဝေါဟာရကြွယ်ဝဖို့ လိုအပ်တဲ့အပိုင်းဖြစ်ပါတယ်။ Social Conversation မှာ မရှိမြစ်တဲ့အပိုင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ပထမတန်းက ဒသမတန်းအတိ၊ တက္ကသိုလ်မှာ ဘွဲ့ရတဲ့အထိ Language Aspect ကို သင်ယူခဲ့ရပါတယ်။ ဒါပေမယ့် conversation skill / Social conversation အပိုင်းမှာ အားနည်းတဲ့အတွက် စကားပြောဆိုရာမှာ အခက်အခဲတွေရှိတယ်၊ အဆင်မပြေတာတွေရှိတယ်ဆိုတာကို သတိပြုမိကြမှာပါ။ ဒီအတွက် Language Aspect အပြင် conversation skill လည်း အများကြီး လိုအပ်ပါတယ်။
(၃) Topic / Idea ပိုင်းကတော့ စကားအပြန်အလှန်ပြောဆိုခြင်းရဲ့အကြောင်းအရာပိုင်း၊ အိုင်ဒီယာအပိုင်းပဲဖြစ်ပါတယ်။ ဒီမှာ စာဖတ်ခြင်းရဲ့တန်ဖိုးကို တွေ့မြင်ရမှာပါ။ စာများများဖတ်ညပီး ဗဟုသုတများများရှိတဲ့သူမှာ ပြောစရာအကြောင်းအရာတွေ ပိုရှိနေကြပါတယ်။ နောက်တစ်ခုကတော့ စကားပြော Idea မရှိတဲ့၊ မထုတ်တတ်တဲ့ကိစ္စပါ။ ဥပမာ “Talking about your family” ဆိုတဲ့ Topic မှာ ဘယ်လိုအကြောင်းအရာတွေပါဝင်ရပါမလဲ၊ ဘာတွေထည့်ပြောရမလဲ၊ ဘာတွေမေးမြန်းသင့်တယ်ဆိုတဲ့ Idea မရှိရင် စကားအသွားအလာက ခြောက်သွေ့ရပ်တန့်သွားပြီး အူတူတူ အတတကြီး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် Generating Idea on a topic ဆိုတဲ့ အတတ်ကို သင်ကြားပေးဖို့၊ သင်ယူလေ့ကျင့်တတ်မြောက်ဖို့ အထူးလိုအပ်ပါတယ်။ ဥပမာ IELTS စာမေးပွဲမျိုးမှာဆိုရင် ဖြေဆိုသူက ကတ်ပြားတစ်ခု ပေးပါတယ်။ အဲ့ဒီကတ်ပြားပေါ်မှာ ပြောရမယ့် အကြောင်းအရာ ရိုက်နှိပ်ပါရှိပါတယ်။ အဲ့ဒါကို တစ်မိနစ်စဉ်းစားပြီးနောက် တောက်လျှောက်ပြောရပါတော့တယ်။ အဲ့ဒီအချိန်မှာ idea မထုတ်တတ်ရင် ပြောစရာစကား မရှိတဲ့အတွက် အောင်မြင်မှာမဟုတ်ပါဘူး။
(၄) Thinking Skill ဆိုတာကတော့ စဉ်းစားတတ်ခြင်းစွမ်းရည်ဖြစ်ပါတယ်။ အပြန်အလှန် စကားပြောကြတဲ့အချိန်မှာ တစ်ဘက်စကားကို နားထောင်ရင်း ဘာပြန်ပြောရမလဲ၊ ဘာမေးမြန်းရမလဲ၊ ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို နားထောင်ရင်းမှာပဲ တစ်ချိန်တည်း စဉ်းစားနေရပါတယ်။ ပြောနေတဲ့အကြောင်းအရာကို ဘက်ပေါင်းစုံက စဉ်းစားနေရပါတယ်။ ပြောနေတဲ့အကြောင်းအရာကို ဘက်ပေါင်းစုံက စဉ်းစားနိုင်လေ စကားက စည်ပင်လေပဲဖြစ်ပါတယ်။ ဒီလို ရုတ်တရက် စဉ်းစားတတ်အောင်လည်း လေ့ကျင့်ပျိုးထောင်ယူရပါတယ်။ စဉ်းစားပြီးစကားပြောတတ်သူနဲ့ မစဉ်းစားဘဲစကားပြောတတ်သူဟာ များစွာ ကွာခြင်းပါတယ်။
(၅) လူနှစ်ယောက်အပြန်အလှန် စကားပြောဆိုခြင်းဟာ လူမှုရေးကိစ္စတစ်ခုဖြစ်ပါတယ်။ အဲ့ဒါကြောင့် Conversation မှာSocial Skill ဟာ မလွဲမသွေ ဝင်လာပါတော့တယ်။ လူမှုဆက်ဆံရေးစွမ်းရည်ဟာ Conversation မှာ အလွန်အရေးပါပါတယ်။ လူလူချင်း ဆက်ဆံရာမှာ လူမှုရေးစိတ်ဓာတ်ရှိဖို့ လိုအပ်ပါတယ်။ ခင်မင်မှုကိုပြခြင်း၊ ဖော်ရွေခြင်း၊ မျက်နှာထားရွှင်ပြခြင်း၊ လူလူချင်း စာနာထောက်ထားခြင်း၊ အခက်အခဲများ အပြန်အလှန်ကူညီခြင်း၊ လေးစားခြင်း စတဲ့စိတ်ဓာတ်တွေဟာ အပြန်အလှန် စကားပြောဆိုသူရဲ့မျက်နှာအမူအရာ၊ လေသံ၊ ဆက်ဆံရေး၊ စကားလုံးအသုံးအနှုန်းတို့နဲ့ သက်ဆိုင်သလို နားထောင်သူရဲ့ နေထိုင်ပြုမူပြောဆိုပုံနဲ့လည်း ပတ်သက်ပါတယ်။ ဘယ်လောက်တော်တော် ဘယ်လောက်တတ်တတ် လူမှုရေးညံ့ဖျင်းရင် စကားမပြောချင်ကြတာဟာ ဒီ Social Skill အရေးပါမှုကို သက်သေပြ နေပါတယ်။
နောက်ဆုံးအချက်ကတော့ Cultural Ways of Speaking ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုအရ ပြဌာန်းထားတဲ့ စကားပြောပုံပြောနည်းနဲ့ အခြားလူမျိုးတွေရဲ့ ယဉ်ကျေးမှုအသီးသီးက ပြဌာန်းထားတဲ့ ပြောပုံပြောနည်းတွေ ကွာခြားကြပါတယ်။ အင်္ဂလိပ်စကားလုံးတွေကို အင်္ဂလိပ်သဒ္ဒါနည်းနဲ့ ဝါကျမှန်မှန်စီပြီး အသံထွက်မှန်ရုံနဲ့ အပြန်အလှန် စကားပြောတဲ့အခါမှာ အသက်မပါဘဲ တောင့်တောင့်ကြီး ဖြစ်နေတတ်တာဟာ ဒီ Cultural Way ကြောင့်ပါပဲ။ ကျွန်တော်တို့ မြန်မာစကားပြောနည်းက လိုရင်းတိုရှင်းနည်းပဲဖြစ်ပါတယ်။ မေးတာကိုဖြေ၊ အပိုမပြောနဲ့ဆိုတာဖြစ်ပါတယ်။ အင်္ဂလိပ်နည်းကတော့ မေးတာကို ပြည့်ပြည့်စုံစုံနဲပ သိုင်းသိုင်းဝိုင်းဝိုင်းဖြေနည်းပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မြန်မာလူမျိုးတွေက မေးခွန်းတွေကို သိပ်မကြိုက်ကြပါဘူး။ ဒါကြောင့် အမေးနည်းတယ်။ အခြားစကားပြောနည်းတွေမှာတော့ အကြောင်းအရာတစ်ခုကို ထဲထဲဝင်ဝင်သိချင်တဲ့အတွက် မေးခွန်းတွေကို ဆက်တိုက်မေးတတ်တာကို တွေ့ရပါတယ်။ မေးခွန်းတွေမေးတဲ့အခါမှာလည်း Information Question တွေဖြစ်တဲ့အတွက် who, when where, why, how တွေ တစ်သီတစ်သန်းကြီးမေးတာမျိုးမဟုတ်ဘဲ intonation question တွေ၊ tag question တွေ၊ indirect question တွေနဲ့ tone လေသံကို လျှော့မေးတာမျိုးတွေ ဖြစ်ပါတယ်။
အချုပ်ပြောရရင် Speaking Skill ဆိုတာ အလိုလိုတ်တာမျိုးမဟုတ်တဲ့အတွက် အချိန်ပေးပြိး သင်သူရတဲ့ စွမ်းရည်ဖြစ်ပါတယ်။ Good Speaker, Good conversationalist တစ်ယောက်ဖြစအာင်ဖို့အတွက် အထက်ပါ skill တွေအားလုံး ဖွံ့ဖြိုးတိုးတက်လောအောင် အစဉ်တစိုက် ကြိုးစားအားထုတ် သင်ယူလေ့ကျင့်ဖို့ လိုအပ်ပါတယ်။ တကယ်တတ်ကျွမ်းချင်ရင် အချိန်၊ ကြိုးစားအားထုတ်မှုနဲ့ တတ်မြောက်လိုခြင်း ဆန္ဒတို့ကို အရင်းအနှီးစိုက်ထုတ်ရမှာ ဧကန်မလွဲဖြစ်ပါတယ်။
(Ref: The Light English – No.92, Aug2002 (Zin Lin Khant – Y.E.S)