
                                                                                                        ကြောင်ချစ်သူတွေ အမြဲ ကြုံရတက်တဲ့ ကိစ္စတစ်ခု ရှိပါတယ်။ တစ်ခြားတော့ မဟုတ်ပါဘူး။ အဲတာကတော့ ကြောင်လေးတွေရဲ့ အိပ်စရာနေရာကို ပေါက်ကရနေရာတွေ ရွေးပြီးအိပ်တက်တာပဲ ဖြစ်ပါတယ်။ ဘယ်သူမဆိုတော့ ကိုယ်ချစ်တဲ့ ကလေးလေးတွေကို သူ့အိပ်ယာလေးနဲ့သူအိပ်စေချင်တာပဲနော်။ ဒါပေမယ့် ကြောင်လေးတွေကတော့ သူတို့စိတ်ထင်တဲ့နေရာတွေမှာပဲ ရွေးပြီးအိပ်လေ့ရှိပါတယ်။ အကြောင်းအရင်းကို လေ့လာကြည့်လိုက်တဲ့ အခါမှာတော့…  အေးတဲ့နေရာတွေကိုရှောင်တာ  
                                                                                                

                                                                                                freepik by nndanko 
ကြောင်လေးတွေမှာ နွေးစေတဲ့ အမွှေးနှနှလေးတွေ ရှိပေမယ့် ကြောင်လေးတွေက အေးတဲ့နေရာတွေကို ရှောင်လေ့ရှိပါတယ်တဲ့။ ကြောင်လေးတွေရဲ့ အပူချိန်က ၈၆ ဒီဂရီဖာရင်ဟိုက်ကနေ ၁၀၀ ဒီဂရီကြားထဲမှာ ရှိပါတယ်တဲ့။ လူတွေရဲ့ အပူချိန်ထက် ၂၀ ဒီဂရီတောင်ပိုပြီး မြင့်မားနေတာပဲ ဖြစ်ပါတယ်။ အိမ်တော်တော်များများရဲ့ အပူချိန်တွေက ၇၂ ဒီဂရီပဲရှိတက်ပြီး ကြောင်လေးတွေမှာ ပုံမှန်ရှိတဲ့ဒီဂရီထက် ပိုပြီးနိမ့်နေလို့ ကြမ်းပြင်တွေက ကြောင်လေးတွေနဲ့ အရမ်းအေးနေတက်ပါတယ်တဲ့။ အဲတာကြောင့် သူတို့လေးတွေရဲ့ အပူချိန်ကို ထိန်းပေးနိုင်တဲ့ ကတ်ထူဘူးလိုမျိုးတွေမှာ ဝင်ရောက်အိပ်လေ့ရှိတာပါတဲ့။  လုံခြုံလို့  
စက္ကူဘူးလေးတွေကို ကြောင်လေးတွေက သူတို့အတွက် လုံခြုံတဲ့နေရာလို့ သတ်မှတ်ထားလေ့ ရှိပါတယ်တဲ့။ စက္ကူဘူးလေးတွေ ဆိုတာထက် နေရာကျဉ်းကျဉ်းလေးတွေက သူတို့အတွက် လုံခြုံတယ်လို့ ခံစားရတာပါဆိုပြီး ပြောခဲ့တဲ့ သူကတော့ Nicholas Dodman ဆိုတဲ့ ဆရာတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေရာကျဉ်းကျဉ်းလေးတွေမှာ နေရတာကို သူတို့အတွက် အန္တရာယ်ကင်းတယ်လို့ ခံစားရတာကြောင့်လဲ ဖြစ်ပါတယ်တဲ့။  အမြင့်ကြိုက်လို့  
                                                                                                

                                                                                                shutterstock By one photo 
ကိုးလို့ကန့်လန့်နေရာတွေ ဖြစ်တဲ့ ဘီဗိုပေါ်တက်အိပ်တာတို့ တံခါးစောင်းအပေါ်တက်တာတို့ က ကြောင်လေးတွေရဲ့ အကြိုက်ပဲနော်။ ကိုယ်တွေသာကြည့်ရင်း ပြုတ်ကျလားစိတ်ပူနေပေမယ့် သူတို့ကတော့ အေးဆေးပါပဲ။ အေးဆေးရတဲ့ အကြောင်းရင်းကလဲ အဲ့ဒီလိုအမြင့်မှာ တက်နေရင်းနဲ့ ပတ်ဝန်းကျင်ကိုလဲ လေ့လာလို့ရသလို သူတို့ကိုရန်ပြုမယ့်အရာတွေကိုလဲ တစ်ခါထဲ ကြည့်ထားပြီူ ကာကွယ်ထားတာပဲ ဖြစ်ပါတယ်တဲ့။  စိတ်ငြိမ်စေလို့  
စက္ကူဘူးတွေထဲ ဝင်အိပ်ခြင်းဟာ ကြောင်တွေရဲ့ စိတ်ကိုငြိမ်စေပါတယ်တဲ့။ ဘူးတွေထဲ ဝင်အိပ်ရင် ကြောင်လေးတွေရဲ့ စိတ်ဖိစီးမှုတွေက ၃ ရက်စာလောက် လျော့ကျသွားတက်ပါတယ်တဲ့။ နေရာအသစ်ကိုရောက်နေရင်တောင် ဘူးတွေထဲဝင်အိပ်နေရင် သူတို့အတွက် အိမ်ရောက်နေသလိုပါပဲတဲ့။  ဖက်ထားတယ်ဆိုတဲ့ ခံစားချက်  
                                                                                                

                                                                                                freepik by lenamay 
ကြောင်လေးတွေက သူတို့ကိုယ်လုံးနဲ့ မဆန့်တဲ့ ဘူးတွေထဲကို အတင်းဝင်အိပ်တဲ့ အကြောင်းရင်းကတော့ သူတို့ကိုဖက်ထားတယ်ဆိုတဲ့ ခံစားချက်ရလို့ပဲ ဖြစ်ပါတယ်တဲ့။ လှုပ်မရ ပြုမရဖြစ်နေတာကိုက သူတို့အတွက် အဆင်ပြေနေပြီး အဖက်ခံထားရတဲ့ ခံစားချက်ရပါတယ်တဲ့။  အနှောင့်ယှက်ကင်းကင်း အိပ်ချင်လို့  
                                                                                                

                                                                                                freepik -freepik 
ကြောင်လေးတွေက တစ်နေ့ကို ၁၈ နာရီထိအိပ်ပါတယ်တဲ့။ လူတွေလိုပဲ သူတို့အိပ်ချိန်မှာ နှောင့်ယှက်ရင် အရမ်းမုန်းပါတယ်တဲ့။ အဲတာကြောင့် လူမသိသူမသိ ချောင်လေးတွေ ဘူးတွေထဲ ဝင်အိပ်ပြီး ကိုယ်ရောင်ဖျောက်တက်တဲ့ ကြောင်လေးတွေပဲ ဖြစ်ပါတယ်။ အနှောင့်အယှက်ကင်းကင်းအိပ်ဖို့ လူတွေကိုပုန်းပြီးပဲ အိပ်ကြပါတယ်တဲ့။ 
TPS