
ဘွဲ့မရသေးခင် ကိုယ့်စရိတ် ကိုယ်ရှာချင်တဲ့ ဝင်ငွေတစ်ခု လိုချင်တဲ့ ကျောင်းသားတွေအဖို့ နိုင်ငံခြားမှာလို အချိန်အလုပ်တွေ ဝင်လုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ အချိန်ပိုင်း အလုပ်တွေ မရှိပေမယ့်လည်း တစ်ချို့သော အရည်အချင်းတွေ ကိုယ့်မှာ ရှိမယ်ဆိုရင်တော့ ကိုယ်အဆင်ပြေတဲ့အချိန်မှာ အလုပ်လုပ်ပေးရင်း ကျောင်းတစ်ဖက်နဲ့ ငွေရှာလို့ ရတဲ့ အလုပ်အကိုင်တွေ ရှိနေပါတယ်။ ဒါကြောင့် ဘွဲ့မရသေးခင် အလုပ်တစ်ခုခု လုပ်ချင်တဲ့ လူငယ်တွေ ရွေးချယ်နိုင်တဲ့ အလုပ်တွေကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ Audio transcription
ဒါကတော့ ကွန်ပျူတာမှာ စာစီစာရိုက်လုပ်နိုင်တဲ့ အရည်အချင်းရယ်၊ စိတ်ရှည်မှုနဲ့ တိကျမှန်ကန်စွာ နားထောင်နိုင်တဲ့ အကြားစွမ်းရည် ရှိရင် ရပါတယ်။ အသံဖိုင်တွေကို စာသားအဖြစ် ပြန်လည် ပြောင်းလဲပေးရတာမျိုး ဖြစ်ပါတယ်။ ကိုယ်က အလုပ်အပေါ် မြန်မြန်နဲ့ မှန်မှန် လုပ်နိုင်ရင် ကိုယ့်အတွက် ဝင်ငွေကောင်းကောင်း ရှာနိုင်တဲ့ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအလုပ်တွေကို Freelance အလုပ်တွေ လာအပ်တဲ့ Platform တွေမှာ ရှာလို့ ရပါတယ်။

Photo by samer daboul from Pexels
၂။ Content Writer/ Copy Writer
စာရေးတာလည်း ဝါသနာပါပြီး စာလုံးပေါင်းသတ်ပုံတွေ မှန်ကန်အောင် သုံးတတ်ပြီး လူစိတ်ဝင်စားအောင် စကားပြောဆိုတတ်ရင် ဒီအလုပ်က အတော် အဆင်ပြေပါတယ်။ ကြော်ငြာတွေနဲ့ တစ်ချို့သော Content Company တွေအတွက်လည်း အလုပ်လုပ်ပေးလို့ ရပါတယ်။ ဒီအတွက် ကိုယ့်မှာ ကွန်ပျုတာ ရှိနေရင် ပိုကောင်းပါတယ်။ ဒီအလုပ်တွေကိုလည်း Freelance တွေအတွက် အလုပ်အပ်တဲ့ Online Platform မှာ ရှာဖွေလို့ ရပါတယ်နော်။

Photo by Vlada Karpovich from Pexels
၃။ Traslation
ကိုယ်က အင်္ဂလိပ်စာဘာသာစကားကို တတ်မြောက်ထားတယ်ဆိုရင် ဒီအလုပ်ကလည်း ကျောင်းသားတွေအတွက် သင့်လျော်ပါတယ်။ ဘာသာပြန်ပေးရတာ ဖြစ်ပြီး စာရွက်စာတမ်းတွေကို ဘာသာပြန်ပေးရတာမျိုးလည်း ရှိသလို၊ ဗီဒီယို အတိုလေးတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဘာသာပြန်ရတာလည်း ရှိပါတယ်။ ဒီအလုပ်တွေကလည်း ကိုယ့်အားလပ်ချိန်မှာ လုပ်လို့ ရပြီး ရုံးတွေ သွားစရာ မလိုတဲ့ အလုပ်ပါပဲ။

Photo by Yan from Pexels
၄။ Photographer
ကိုယ်က ဓာတ်ပုံရိုက်တာလည်း ဝါသနာပါတယ်။ စနစ်တကျလည်း ဓာတ်ပုံရိုက်တာ၊ ကင်မရာကိုင်တာကို လေ့လာထားတယ်ဆိုရင် ကင်မရာတစ်လုံးနဲ့ Laptop တစ်လုံး ရှိရင် ကိုယ့်တစ်နိုင်တစ်ပိုင် အားလပ်ချိန်လေးမှာ ဓာတ်ပုံရိုက်ကူးတာမျိုး လုပ်လို့ ရပါတယ်။ ကိုယ့်သူငယ်ချင်းတွေကို ဓာတ်ပုံရိုက်ပေးတာ၊ စုံတွဲတွေနဲ့ အထိမ်းအမှတ်နေ့တွေအတွက် အမှတ်တရ ဓာတ်ပုံရိုက်တာမျိုးကို ပြုလုပ်နိုင်ပါတယ်။
Kham