သင့်ထက်တောင် Selfie အဆွဲတော်ကြတဲ့ ချစ်စရာတိရစ္ဆာန်လေးများ
mystylemyanmar.com
|
2020-10-14

အားလုံးပဲ မင်္ဂလာပါနော်။ စာဖတ်သူက ဓာတ်ပုံရိုက် ဝါသနာပါတဲ့သူတစ်ယောက်လား။ လူလစ်ရင် လစ်သလို Selfie ဆွဲလေ့ရှိပါသလား။

ဖေ့ဘွတ်ခ်က ဆယ်လီတွေ မော်ဒယ်လေးတွေဆိုရင် ဓာတ်ပုံရိုက်တာ ဝါသနာပါကြပြီး ဓာတ်ပုံရိုက်လိုက်တိုင်း ပို့စ်အမျိုးမျိုးပေးတတ်ကြပါတယ်။ ဒါပေမဲ့ ကမ္ဘာကျော်ဆယ်လီတွေမှ မော်ဒယ်လှလှလေးတွေမှ ပို့စ်ပေးကျွမ်းတာမဟုတ်ပါဘူး။ အခုဖော်ပြပေးမယ့် ဓာတ်ပုံလေးတွေကို ကြည့်ပြီးသွားတဲ့အခါ “အော်… သူတို့တောင်မှ ကိုယ့်ထက် ပို့စ်ပေးကြမ်းလှချည်လား” လို့တောင် ထင်မှတ်သွားရမှာပဲဖြစ်ပါတယ်။

အဆင်သင့်ဖြစ်ပြီဆိုရင် ဓာတ်ပုံလေးတွေကို တစ်ချက်လောက်ရှိုးလိုက်ရအောင်နော်။

ဒီလိုဓာတ်ပုံမျိုးကတော့ Like ပေါင်း ထောင်ချီရမယ့် ဓာတ်ပုံလေးပါပဲ




မျက်စိတစ်ဖက်မှိတ်ပြပြီး အထာပေးနေတဲ့ ချစ်စရာကြောင်လေး




စာဖတ်သူက သူ့ရဲ့ Selfie ပုံလေးကို ကြိုက်ရဲ့လားလို့ သူက သိချင်နေရှာတာ




ကိုယ့်ကောင်မလေးက ကိုယ့်ကို အချစ်ပိုနေလို့ အပျော်လွန်နေတဲ့ ရုပ်ကြီးနဲ့




ကြည့်ပါဦး… ကင်မရာရှေ့မှာ ဆရာကြီးအထာနဲ့ ဂိုက်ဖမ်းနေရလို့ ပျော်နေတာ




မိသားစုဓာတ်ပုံလေး




ဓာတ်ပုံရိုက်လိုက်တိုင်း လျှာလေး တစ်လစ် တစ်လစ်နဲ့ လျှာထုတ်တတ်တဲ့ သူငယ်ချင်းတွေရှိရင် မန်းရှင်းခေါ်ခဲ့ဦးနော်




Bff နဲ့ ပို့စ်အတူတူပေးနေတာ




LA မှာ အပန်းဖြေနေရလို့ ပျော်နေတဲ့ ခွေးကလေး




ငါးခူပြုံး ပြုံးနေတဲ့ ဖြူကောင်လေး




မော်ဒယ်ဆိုတာကတော့ မိတ်ကပ်မလိမ်းထားလည်း မော်ဒယ်ပါပဲ




လူသားကလေးလေးက ဒန်းစီးချင်သော်လည်း မိမိမှာ ဒန်းပေါ်က ဆင်းပေးဖို့ အစီအစဉ် လုံးဝမရှိသောအခါ




လှောင်အိမ်ထဲက လွတ်မြောက်သွားလို့ ပျော်ရွှင်နေတဲ့ရုပ်




Sexy ကျကျ ပို့စ်ပေးနေတဲ့ ဘဲပေါက်လေး




ဒီမှာကတော့ Covid ကြောင့် ကမ်းခြေမသွားနိုင်ဘူးလေ။ ယူတို့ကတော့ ကမ်းခြေမှာ အပန်းဖြေနေတယ်တဲ့လား




“အို့… ငါ့ကို ဓာတ်ပုံရိုက်နေတာပဲ။ သဘာဝကျကျလေးနဲ့ လှလှလေးနေမှ”




မိမိဖုန်းရဲ့ အရှေ့ကင်မရာကို မတော်တဆဖွင့်မိလိုက်တဲ့အခါ မြင်လိုက်ရတဲ့ မြင်ကွင်းအနေအထား




Source: Brightside.me

By MyStyle Myanmar


#ပို့စ်
#မော်ဒယ်
#ဓာတ်ပုံ
#Selfie
#လျှာလေး

Some text some message..