လျှပ်တပြက် အင်္ဂလိပ်ဝါကျများ
ရိုးရာဓလေ့နှောသော လျှပ်တပြက်ဝါကျများနှင့် အခြားနေ့စဉ်သုံးဝါကျများကို တင်ပြပေးလိုက်ပါတယ်
God bless you! - ဘုရားသခင် သင့်အားကောင်းချီးပေးပါစေ။
တစ်ဦးတစ်ယောက်က နှာချေရာတွင ်အခြားသူတစ်ယောက်က လျှပ်တပြက်ပြောဆိုသောစကားဖြစ်သည်။ ပညာဗဟုသုတ မဖွံ့ဖြိုသေးသော ဟိုးရှေးပဝေသဏီက လူတစ်ဦးနှာချေလျှင် မကောင်းဆိုးဝါးဝင်ပူးသည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် ထိုမကောင်းဆိုးဝါးထွက်သွားစေရန်အတွက် နှာချေသည့်သူအား ဘုရားသခင်သင့်အားကောင်းချီးပေးပါစေဟု ဆုတောင်းပေးခြင်းဖြစ်သည်။ နှာချေသူအနေဖြင့် “Thanks You” ပြန်လည်တုန့်ပြန်လေ့ရှိသည်။ [
အင်္ဂလိပ်စာသင်ကြားသည့် ဆရာ/ဆရာမများကို ရှာဖွေလိုလျှင်
]
Touch wood! - သဈသားထိ
သူငယ်ချင်းနှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင် စကားဆုံမိလျှင် လျှပ်တပြက်အော်လိုက်သော ဝါကျဖြစ်သည်။ စကားလုံးတစ်လုံးကို ပြိုင်တူပြောမိလျှင် နီးရာသစ်သားတစ်မျိုးမျိုးကို လက်နှင့်ထိ၍ “Touch wood!” ဟု စတင်အော်နိုင်ပြီး ဆုတေင်းသူအတွက် ဆုတောင်းပြည့်သည်ဟု ဆိုကြသည်။
Cross my heart! - ဘုရားစူးပါစရေဲ့။
မိမိအနေဖြင့် မိမိပြောဆိုသောစကားသည် လုံး၀ အမှားအယွင်းမရှိ၊ အမှန်သာဖြစ်ကောင်း ပိုမိုခိုင်လုံစေရန်အတွက် ပြောဆိုသည့်စကားပြောသည်။ ထိုဝါကျကိုပြောဆိုနေစဉ် တစ်ချိန်တည်းမှာပဲ မိမိနှလုံးကို ညာလက်ညှိုးဖြင့် ကြက်ခြေခတ်ရသည်။ ထိုဝါကျ၏အပြည့်အစုံမှာ “Cross my heart and hope to die” ဟူ၍ဖြစ်သည်။ မြန်မာဆန်ဆန်ပြောရလျှင်ဖြင့် - “ဘုရားစူး၊ မိုးကြိုးပစ်” ဟူ၍ . . .
Keep your fingers crossed! - အောင်မြင်ဖို့ ဆုတောင်းနေကြ
တစ်စုံတစ်ခုပြုလုပ်ရာတွင် အောင်မြင်မည်၊ မအောင်မြင်မည်ကို မသိရှိရသေးသောအခါ ( ဥပမာ - စာမေးပွဲအောင်စာရင်း . . ) သူငယ်ချင်းများအား အောင်မြင်မှုအတွက် ဆုတောင်းနေကြဟု ဆိုလိုသော ဝါကျဖြစ်သည်။ ထိုဝါကျကိုပြောဆိုရာတွင် လက်ညှိုးနှင့်လက်ခလယ်တို့အား မုန့်ကြိုးလိမ်သဏ္ဍာန် လိမ်ထားရသည်။
One for all and all for one - သှားအတူ - လာအတူ၊ လုပျအတူ - ခံအတူ
ထိုဝါကျကို သူငယ်ချင်းအုပ်စုများကြားတွင် အသုံးပြုကြသည်။ အလွန်ခင်မင်ရင်းနှီးသော သူငယ်ချင်းများသည် တစ်ဦးနှင့်တစ်ဦး စိတ်တူ၊ ကိုယ်တူ၊ ဝါသနာတူ၊ လုပ်လည်းအတူ၊ ခံရလည်အတူတူကို ပြောလိုရာတွင် ထိုလျှပ်ပြက်ဝါကျကို အသုံးပြုသည်။
Look who’s talking! - နားရှိလို့သာကြားရတယ်။
တစ်စုံတစ်ဦးပြောသောစကာသည် ယုံရခက်သည့်သဘောဖြင့် ပြန်လည်တုန့်ပြန်လိုက်သော ဝါကျဖြစ်ပါသည်။
Business is business - စီးပွားရေးကတော့စီးပွားရေးပဲ။
အရောင်းအဝယ်၊ စီးပွားရေးကိစ္စရပ်များဆောင်ရွက်ရာတွင် သူငယ်ချင်း၊ မိတ်ဆွေဟူသောအသိကို ခေတ္တလျှစ်လျူရှုပြီး စီးပွားရေးဆန်ဆန် ပြုမူဆောင်ရွက်ရာတွင် အသုံးပြုသည်။
Say ‘cheese!’ - ပြုံးပါ။
ထိုလျှပ်တပြက်ဝါကျတိုလေးမှာ ဓာတ်ပုံဆရာတို့ လက်သုံးစကားဖြစ်သည်။ အချို့လူများသည် ဓာတ်ပုံအရိုက်ခံရာတွင် ပြုံးရမှာကိုရှက်သလို၊ မပြုံးတတ်သလိုလိုနှင့် အခက်ကြုံနေတတ်သည်။ အုပ်စုလိုက် ဓာတ်ပုံအရိုက်ခံရာတွင်လည်း အချို့ကပြုံး၊ အချို့ကမပြုံးနှင့် မညီမညာ ကြည့်ရရုပ်ဆိုးနေတတ်သည်။ ထိုအခါမျိုးတွင် ဓာတ်ပုံအရိုက်ခံသူများ တစ်ညီတစ်ညာတည်း လှလှပပကလေး ပြုံးရအောင် ဓာတ်ပုံဆရာက “Say Cheese” ဟု ပြောလိုက်ခြင်းဖြစ်သည်။ Cheese ဟုပြောလိုက်စဉ်တွင် ထိုပြောသူ၏ပါးစပ်မှာ သွားကလေးများ မပေါ့်တပေါ်နှင့် အလွန်ကျက်သရေရှိသော အပြုံးကလေးကို ပန်ဆင်သယောင် ဖြစ်နေတတ်သည်။
Gotcha! - မိပြီ။
လူတစ်ဦးတစ်ယောက် ခိုးချောင်ခိုးဝှက် ပြုလုပ်သည်ကို လက်ပူးလက်ကြပ်မိလျှင်သော်လည်းကောင်း၊ တစ်ယောက်ယောက်ကို အငိုက်ဖမ်းရာတွင်လည်းကောင်း၊ ကိုယ်စင်ထားသောထောင်ချောက်အတွင်းသို့ သားကောင်ကျရောက်လာလျှင်သော်လည်းကောင်း “မိပြီ” ဟု အဓိပ္ပာယ်ဆောင်သည့် Gotcha! လျှပ်တပြက် စကာလုံးကို အော်တတ်ကြသည်။ Gotcha! သည် I have got you! မှနေ၍ I have got ya! သို့ပြောင်းကာ နောက်ဆုံးတွင် Gotcha! ဟူ၍ အတိုကောက်ပြောင်းသွားဖြင်းဖြစ်သည်။
There’s one born every minute! - အချဉ်ဖမ်းရတာ လွယ်ပါတယ်။
လူတစ်ဦးသည် အခြားသူတစ်ဦးကို ကလိမ်ဉာဏ်စင်၍ အောင်မြင်စွာလှည့်စားနိုင်ခဲ့လျှင် “အချဉ်မိပြီ” “အချဉ်ဖမ်းရတာလွယ်ပါတယ်” စသဖြင့် ဝင့်ကြွားစွာဂုဏ်ယူတတ်ကြသည်။ အင်္ဂလိပ်စကားပြောနိုင်ငံအတော်များများတွင် “အချဉ်” မိလျှင် “There’s one born every minute!” ဟူ၍ ဂုဏ်ယူကြွေးကြော်တတ်သည်။ ထိုဝါကျကို “ကမ္ဘာ့ကလိန်ဝိဇ္ဇာကြီး” ဟု အမည်တွင်ခဲ့သော “ပီ-တီဘားနမ်း” (P.T Barnum) (1810-1891) က တီထွင်ခဲ့ခြင်းဖြစ်သည်။
Boys will be boys - ယောက်ျားလေးတွေပဲ ဒီလောက်တော့ရှိမှာပေါ့။
ယောက်ျားလေး - ကလေးတို့သဘာ၀ ခုန်ပေါက်မြူးတူးဆော့ကစားတတ်သည်ကို အဆန်းမဟုတ်ကြောင်း ဖော်ပြသော ဝါကျဖြစ်သည်။ မိန်းကလေးများကို ရည်ညွန်းလိုလျှင် Boys နေရာတွင် Girls အစားထိုး၍ Girls will be girls ဟု ပြောတတ်ကြသည်။
Ref: Top English Magazine
လျှပ်တပြက် အင်္ဂလိပ်ဝါကျများ
ရိုးရာဓလေ့နှောသော လျှပ်တပြက်ဝါကျများနှင့် အခြားနေ့စဉ်သုံးဝါကျများကို တင်ပြပေးလိုက်ပါတယ်
God bless you! - ဘုရားသခင် သင့်အားကောင်းချီးပေးပါစေ။
တစ်ဦးတစ်ယောက်က နှာချေရာတွင ်အခြားသူတစ်ယောက်က လျှပ်တပြက်ပြောဆိုသောစကားဖြစ်သည်။ ပညာဗဟုသုတ မဖွံ့ဖြိုသေးသော ဟိုးရှေးပဝေသဏီက လူတစ်ဦးနှာချေလျှင် မကောင်းဆိုးဝါးဝင်ပူးသည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် ထိုမကောင်းဆိုးဝါးထွက်သွားစေရန်အတွက် နှာချေသည့်သူအား ဘုရားသခင်သင့်အားကောင်းချီးပေးပါစေဟု ဆုတောင်းပေးခြင်းဖြစ်သည်။ နှာချေသူအနေဖြင့် “Thanks You” ြပန်လည်တုန့်ပြန်လေ့ရှိသည်။
Touch wood! - သစ်သားထိ
သူငယ်ချင်းနှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင် စကားဆုံမိလျှင် လျှပ်တပြက်အော်လိုက်သော ဝါကျဖြစ်သည်။ စကားလုံးတစ်လုံးကို ပြိုင်တူပြောမိလျှင် နီးရာသစ်သားတစ်မျိုးမျိုးကို လက်နှင့်ထိ၍ “Touch wood!” ဟု စတင်အော်နိုင်ပြီး ဆုတေင်းသူအတွက် ဆုတောင်းပြည့်သည်ဟု ဆိုကြသည်။ [
အင်္ဂလိပ်စာသင်ကြားသည့် ဆရာ/ဆရာမများကို ရှာဖွေလိုလျှင်
]
Cross my heart! - ဘုရားစူးပါစေရဲ့။
မိမိအနေဖြင့် မိမိပြောဆိုသောစကားသည် လုံး၀ အမှားအယွင်းမရှိ၊ အမှန်သာဖြစ်ကောင်း ပိုမိုခိုင်လုံစေရန်အတွက် ပြောဆိုသည့်စကားပြောသည်။ ထိုဝါကျကိုပြောဆိုနေစဉ် တစ်ချိန်တည်းမှာပဲ မိမိနှလုံးကို ညာလက်ညှိုးဖြင့် ကြက်ခြေခတ်ရသည်။ ထိုဝါကျ၏အပြည့်အစုံမှာ “Cross my heart and hope to die” ဟူ၍ဖြစ်သည်။ မြန်မာဆန်ဆန်ပြောရလျှင်ဖြင့် - “ဘုရားစူး၊ မိုးကြိုးပစ်” ဟူ၍ . . .
Keep your fingers crossed! - အောင်မြင်ဖို့ ဆုတောင်းနေကြ
တစ်စုံတစ်ခုပြုလုပ်ရာတွင် အောင်မြင်မည်၊ မအောင်မြင်မည်ကို မသိရှိရသေးသောအခါ ( ဥပမာ - စာမေးပွဲအောင်စာရင်း . . ) သူငယ်ချင်းများအား အောင်မြင်မှုအတွက် ဆုတောင်းနေကြဟု ဆိုလိုသော ဝါကျဖြစ်သည်။ ထိုဝါကျကိုပြောဆိုရာတွင် လက်ညှိုးနှင့်လက်ခလယ်တို့အား မုန့်ကြိုးလိမ်သဏ္ဍာန် လိမ်ထားရသည်။
One for all and all for one - သွားအတူ - လာအတူ၊ လုပ်အတူ - ခံအတူ
ထိုဝါကျကို သူငယ်ချင်းအုပ်စုများကြားတွင် အသုံးပြုကြသည်။ အလွန်ခင်မင်ရင်းနှီးသော သူငယ်ချင်းများသည် တစ်ဦးနှင့်တစ်ဦး စိတ်တူ၊ ကိုယ်တူ၊ ဝါသနာတူ၊ လုပ်လည်းအတူ၊ ခံရလည်အတူတူကို ပြောလိုရာတွင် ထိုလျှပ်ပြက်ဝါကျကို အသုံးပြုသည်။
Look who’s talking! - နားရှိလို့သာကြားရတယ်။
တစ်စုံတစ်ဦးပြောသောစကာသည် ယုံရခက်သည့်သဘောဖြင့် ပြန်လည်တုန့်ပြန်လိုက်သော ဝါကျဖြစ်ပါသည်။
Business is business - စီးပွားရေးကတော့စီးပွားရေးပဲ။
အရောင်းအဝယ်၊ စီးပွားရေးကိစ္စရပ်များဆောင်ရွက်ရာတွင် သူငယ်ချင်း၊ မိတ်ဆွေဟူသောအသိကို ခေတ္တလျှစ်လျူရှုပြီး စီးပွားရေးဆန်ဆန် ပြုမူဆောင်ရွက်ရာတွင် အသုံးပြုသည်။
Say ‘cheese!’ - ပြုံးပါ။
ထိုလျှပ်တပြက်ဝါကျတိုလေးမှာ ဓာတ်ပုံဆရာတို့ လက်သုံးစကားဖြစ်သည်။ အချို့လူများသည် ဓာတ်ပုံအရိုက်ခံရာတွင် ပြုံးရမှာကိုရှက်သလို၊ မပြုံးတတ်သလိုလိုနှင့် အခက်ကြုံနေတတ်သည်။ အုပ်စုလိုက် ဓာတ်ပုံအရိုက်ခံရာတွင်လည်း အချို့ကပြုံး၊ အချို့ကမပြုံးနှင့် မညီမညာ ကြည့်ရရုပ်ဆိုးနေတတ်သည်။ ထိုအခါမျိုးတွင် ဓာတ်ပုံအရိုက်ခံသူများ တစ်ညီတစ်ညာတည်း လှလှပပကလေး ပြုံးရအောင် ဓာတ်ပုံဆရာက “Say Cheese” ဟု ပြောလိုက်ခြင်းဖြစ်သည်။ Cheese ဟုပြောလိုက်စဉ်တွင် ထိုပြောသူ၏ပါးစပ်မှာ သွားကလေးများ မပေါ့်တပေါ်နှင့် အလွန်ကျက်သရေရှိသော အပြုံးကလေးကို ပန်ဆင်သယောင် ဖြစ်နေတတ်သည်။
Gotcha! - မိပြီ။
လူတစ်ဦးတစ်ယောက် ခိုးချောင်ခိုးဝှက် ပြုလုပ်သည်ကို လက်ပူးလက်ကြပ်မိလျှင်သော်လည်းကောင်း၊ တစ်ယောက်ယောက်ကို အငိုက်ဖမ်းရာတွင်လည်းကောင်း၊ ကိုယ်စင်ထားသောထောင်ချောက်အတွင်းသို့ သားကောင်ကျရောက်လာလျှင်သော်လည်းကောင်း “မိပြီ” ဟု အဓိပ္ပာယ်ဆောင်သည့် Gotcha! လျှပ်တပြက် စကာလုံးကို အော်တတ်ကြသည်။ Gotcha! သည် I have got you! မှနေ၍ I have got ya! သို့ပြောင်းကာ နောက်ဆုံးတွင် Gotcha! ဟူ၍ အတိုကောက်ပြောင်းသွားဖြင်းဖြစ်သည်။
There’s one born every minute! - အချဉ်ဖမ်းရတာ လွယ်ပါတယ်။
လူတစ်ဦးသည် အခြားသူတစ်ဦးကို ကလိမ်ဉာဏ်စင်၍ အောင်မြင်စွာလှည့်စားနိုင်ခဲ့လျှင် “အချဉ်မိပြီ” “အချဉ်ဖမ်းရတာလွယ်ပါတယ်” စသဖြင့် ဝင့်ကြွားစွာဂုဏ်ယူတတ်ကြသည်။ အင်္ဂလိပ်စကားပြောနိုင်ငံအတော်များများတွင် “အချဉ်” မိလျှင် “There’s one born every minute!” ဟူ၍ ဂုဏ်ယူကြွေးကြော်တတ်သည်။ ထိုဝါကျကို “ကမ္ဘာ့ကလိန်ဝိဇ္ဇာကြီး” ဟု အမည်တွင်ခဲ့သော“ပီ-တီဘားနမ်း” (P.T Barnum) (1810-1891) က တီထွင်ခဲ့ခြင်းဖြစ်သည်။
Boys will be boys - ယောက်ျားလေးတွေပဲ ဒီလောက်တော့ရှိမှာပေါ့။
ယောက်ျားလေး - ကလေးတို့သဘာ၀ ခုန်ပေါက်မြူးတူးဆော့ကစားတတ်သည်ကို အဆန်းမဟုတ်ကြောင်း ဖော်ပြသော ဝါကျဖြစ်သည်။ မိန်းကလေးများကို ရည်ညွန်းလိုလျှင် Boys နေရာတွင် Girls အစားထိုး၍Girls will be girls ဟု ပြောတတ်ကြသည်။
Ref: Top English Magazine