စိတ်ဝင်စားဖွယ်ကောင်းလှတဲ့ Period Table နဲ့ Element များအကြောင်း
sayar.com.mm
|
2020-11-16

စိတ်ဝင်စားဖွယ်ကောင်းလှတဲ့ Period Table နဲ့ Element များအကြောင်း


Periodic Table ဆိုတာ ဘာလဲသိပါသလား ???


Periodic Table က Element တွေကို စီထားတဲ့ ဇယားတစ်ခုပါ ။ ဒီဇယားထဲမှာဆို Element တွေကို သူတို့ရဲ့ တည်ဆောက်ပုံ (Element Structure) တွေအရ နေရာချထားတာပဲဖြစ်ပါတယ် ။ Element Structure ဆိုတာက Element တစ်ခုထဲမှာ ပါဝင်တဲ့ ပရိုတွန်( Proton ) နဲ့ အီလက်ထရွန် ( Electron ) အရေအတွက် ပေါ်မူတည်ပြီး ခွဲခြားတာပါ ။ ဒီ့အတွက်ကြောင့် Periodic Table က ဓာတုဗေဒဘာသာရပ်အရ အခြေခံအကျဆုံး လေ့လာချက်တစ်ခုဖြစ်ပါတယ် ။ ဒါကြောင့် တက္ကသိုလ်ဝင်တန်း ဓာတုဗေဒသင်ရိုးစာအုပ် ရဲ့ Chapter ( 1 ) မှာ Period Table ကို အခြေခံထားတဲ့ ဓာတုဗေဒပညာရပ်အတွက် မသိမဖြစ် သိရှိရမယ့် အခြေခံသဘောတရားများကို ထည့်သွင်းဖော်ပြထားပါတယ်။


ဖတ်စာအုပ်ထဲမှာ မပါဝင်တဲ့ Period Table ရဲ့ စိတ်ဝင်စားဖွယ် အချက်များကို အတူတူ လေ့လာကြည့်ရအောင်။


Periodic Table ကို တီထွင်ခဲ့တဲ့ လူ က ဘယ်သူလဲ ??
ဒီဇယား ကို တီထွင်ခဲ့တဲ့လူ ကတော့ ရုရှားလူမျိုး ဓာတုဗေဒပညာရှင် “ ဒီမစ်ထရစ် မန်ဒီလိ(ဗ်) ” ဖြစ်ပါတယ် ။ ၁၈၆၉ ခုနှစ် မှာ ရှာတွေ့ခဲ့တာဖြစ်ပြီး သူက ဒီ Periodic Table ကို Element တွေ ကို တကယ် မထုတ်ဖော်ခင်မှာ သူတို့ရဲ့ ဂုဏ်သတ္တိတွေကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ဖို့ အသုံးပြုခဲ့တာပါ ။


Periodic Table ထဲမှ Element အမျိုးအစား (၉ )မျိုး
1. Alkali Metals
2. Alkaline Metals
3. Transition Metals
4. Post-transition Metals
5. Metalloids
6. Nonmetals
7. Halogens
8. Noble Gases
9. Lanthanides and Actinides တို့ဖြစ်ပါတယ် ။


အထက်ကဖော်ပြခဲ့တဲ့ အရာတွေအပြင် အခြား စိတ်ဝင်စားစရာကောင်းတဲ့အချက်များကတော့ -

( ၁ ) ကာဗွန်
ကာဗွန် က Element အားလုံးထဲမှာ အထူးခြားဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက မတူညီတဲ့ Compound ၁၀ မီလီယမ်ထိကို ပြောင်းလဲနိုင်ပါတယ်တဲ့ ။ ဒါ့အပြင် ကာဗွန် က နေ့စဉ်ဘဝမှာ တကယ့်ကို အရေးကြီးတဲ့ Element ဖြစ်ပါတယ် ။ ဥပမာ ပြောရရင် နေ့စဉ်အသုံးပြုနေတဲ့ မီးသွေးဆိုတာကလည်း ကာဗွန်ဒြပ်ပေါင်းစုဖြစ်သလို အလွန်တရာ တန်ဖိုးရှိလှတဲ့ "စိန်" ဆိုသည်မှာလည်း ကာဗွန်ဒြပ်ပေါင်းပါပဲ။


( ၂ ) ဖရန်ဆီယမ် ( Francium )
ဖရန်ဆီယမ် က ကမ္ဘာပေါ်မှာ အရှားဆုံး Element တစ်ခုဖြစ်ပါတယ် ။ သုတေသီတွေက ဒီ Element ဟာ ကမ္ဘာပေါ်မှာ နှစ်တစ်ထောင်မှ တစ်အောင်စ ၊ နှစ်အောင်စ လောက်ပဲ ဖြစ်နိုင်ပါတယ် လို့ သတ်မှတ်ကြပါတယ် ။


( ၃ ) ဂျေ ( J )
Periodic Table မှာ မပါတဲ့ တစ်ခုတည်းသော Letter ကတော့ ဂျေ ( J ) ဖြစ်ပါတယ်တဲ့ ။


( ၄ ) အာဂျန်တီနား
အာဂျန်တီနားနိုင်ငံ ရဲ့ နာမည် က Silver (Ag) ကို အစွဲပြုပေးထားတာဖြစ်ပါတယ် ။ လက်တင် ဘာသာအရ ( Argentum ) ကို မှီးပြီး အာဂျန်တီနား ( Argentina ) လို့ မှည့်ထားတာပါ။


( ၅ ) ဟီလီယမ် ( Helium )
ဟီလီယမ် ကို ကမ္ဘာပေါ်မှာ ရှာတွေ့ပေမဲ့ ပထမဆုံး ရှာတွေ့တာက “နေ” ပေါ်မှာ ရှာတွေ့တာ ဖြစ်ပါတယ်။


ဒီနေ့အတွက် လေ့လာခဲ့ရတဲ့ Element တွေ လေးတွေကို စိတ်ဝင်စားကြမယ်ထင်ပါတယ်။
နောက်ထပ်လည်း ဒီလို အပျင်းလည်းပြေ ဗဟုသုတ လည်း ရစေမဲ့ အကြောင်းအရာလေး တွေကို ဆက်လက် တင်ပြပေးသွားမှာမို့ စောင့်နေပေးပါ ။



စိတ်ဝင်စားဖွယ်ကောင်းလှတဲ့ Period Table နဲ့ Element များအကြောင်း


Periodic Table ဆိုတာ ဘာလဲသိပါသလား ???


Periodic Table က Element တွေကို စီထားတဲ့ ဇယားတစ်ခုပါ ။ ဒီဇယားထဲမှာဆို Element တွေကို သူတို့ရဲ့ တည်ဆောက်ပုံ (Element Structure) တွေအရ နေရာချထားတာပဲဖြစ်ပါတယ် ။ Element Structure ဆိုတာက Element တစ်ခုထဲမှာ ပါဝင်တဲ့ ပရိုတွန်( Proton ) နဲ့ အီလက်ထရွန် ( Electron ) အရေအတွက် ပေါ်မူတည်ပြီး ခွဲခြားတာပါ ။ ဒီအတွက်ကြောင့် Periodic Table က ဓာတုဗေဒဘာသာရပ်အရ အခြေခံအကျဆုံး လေ့လာချက်တစ်ခုဖြစ်ပါတယ် ။ ဒါကြောင့် တက္ကသိုလ်ဝင်တန်း ဓာတုဗေဒသင်ရိုးစာအုပ် ရဲ့ Chapter ( 1 ) မှာ Period Table ကို အခြေခံထားတဲ့ ဓာတုဗေဒပညာရပ်အတွက် မသိမဖြစ် သိရှိရမယ့် အခြေခံသဘောတရားများကို ထည့်သွင်းဖော်ပြထားပါတယ်။


ဖတ်စာအုပ်ထဲမှာ မပါဝင်တဲ့ Period Table ရဲ့ စိတ်ဝင်စားဖွယ် အချက်များကို အတူတူ လေ့လာကြည့်ရအောင်။


Periodic Table ကို တီထွင်ခဲ့တဲ့ လူ က ဘယ်သူလဲ ??
ဒီဇယား ကို တီထွင်ခဲ့တဲ့လူ ကတော့ ရုရှားလူမျိုး ဓာတုဗေဒပညာရှင် “ ဒီမစ်ထရစ် မန်ဒီလိ(ဗ်) ” ဖြစ်ပါတယ် ။ ၁၈၆၉ ခုနှစ် မှာ ရှာတွေ့ခဲ့တာဖြစ်ပြီး သူက ဒီ Periodic Table ကို Element တွေ ကို တကယ် မထုတ်ဖော်ခင်မှာ သူတို့ရဲ့ ဂုဏ်သတ္တိတွေကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ဖို့ အသုံးပြုခဲ့တာပါ ။


Periodic Table ထဲမှ Element အမျိုးအစား (၉ )မျိုး
1. Alkali Metals
2. Alkaline Metals
3. Transition Metals
4. Post-transition Metals
5. Metalloids
6. Nonmetals
7. Halogens
8. Noble Gases
9. Lanthanides and Actinides တို့ဖြစ်ပါတယ် ။


အထက်ကဖော်ပြခဲ့တဲ့ အရာတွေအပြင် အခြား စိတ်ဝင်စားစရာကောင်းတဲ့အချက်များကတော့ -

( ၁ ) ကာဗွန်
ကာဗွန် က Element အားလုံးထဲမှာ အထူးခြားဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက မတူညီတဲ့ Compound ၁၀ မီလီယမ်ထိကို ပြောင်းလဲနိုင်ပါတယ်တဲ့ ။ ဒါ့အပြင် ကာဗွန် က နေ့စဉ်ဘဝမှာ တကယ့်ကို အရေးကြီးတဲ့ Element ဖြစ်ပါတယ် ။ ဥပမာ ပြောရရင် နေ့စဉ်အသုံးပြုနေတဲ့ မီးသွေးဆိုတာကလည်း ကာဗွန်ဒြပ်ပေါင်းစုဖြစ်သလို အလွန်တရာ တန်ဖိုးရှိလှတဲ့ "စိန်" ဆိုသည်မှာလည်း ကာဗွန်ဒြပ်ပေါင်းပါပဲ။


( ၂ ) ဖရန်ဆီယမ် ( Francium )
ဖရန်ဆီယမ် က ကမ္ဘာပေါ်မှာ အရှားဆုံး Element တစ်ခုဖြစ်ပါတယ် ။ သုတေသီတွေက ဒီ Element ဟာ ကမ္ဘာပေါ်မှာ နှစ်တစ်ထောင်မှ တစ်အောင်စ ၊ နှစ်အောင်စ လောက်ပဲ ဖြစ်နိုင်ပါတယ် လို့ သတ်မှတ်ကြပါတယ် ။


( ၃ ) ဂျေ ( J )
Periodic Table မှာ မပါတဲ့ တစ်ခုတည်းသော Letter ကတော့ ဂျေ ( J ) ဖြစ်ပါတယ်တဲ့ ။


( ၄ ) အာဂျန်တီနား
အာဂျန်တီနားနိုင်ငံ ရဲ့ နာမည် က Silver (Ag) ကို အစွဲပြုပေးထားတာဖြစ်ပါတယ် ။ လက်တင် ဘာသာအရ ( Argentum ) ကို မှီးပြီး အာဂျန်တီနား ( Argentina ) လို့ မှည့်ထားတာပါ။


( ၅ ) ဟီလီယမ် ( Helium )
ဟီလီယမ် ကို ကမ္ဘာပေါ်မှာ ရှာတွေ့ပေမဲ့ ပထမဆုံး ရှာတွေ့တာက “နေ” ပေါ်မှာ ရှာတွေ့တာ ဖြစ်ပါတယ်။


ဒီနေ့အတွက် လေ့လာခဲ့ရတဲ့ Element တွေ လေးတွေကို စိတ်ဝင်စားကြမယ်ထင်ပါတယ်။
နောက်ထပ်လည်း ဒီလို အပျင်းလည်းပြေ ဗဟုသုတ လည်း ရစေမဲ့ အကြောင်းအရာလေး တွေကို ဆက်လက် တင်ပြပေးသွားမှာမို့ စောင့်နေပေးပါ ။


#ဇယား
#ကာဗွန်
#ဓာတုဗေဒ
#အာဂ
#Silver

Some text some message..