မသန်စွမ်းသူများနဲ့ အခြေခံလူတန်းစားတွေအတွက် ဆေးဖိုးငွေနဲ့ အဝတ်အထည် အစားအသောက်တွေလှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ
celezone.net
|
2020-11-18



ကလေးတွေရဲ့ဘဝကိုကယ်တင်စောင့်ရှောက်ရုံတင်မကဘဲ အခြေခံလူတန်းစားတွေရဲ့ဘဝကိုပါ စာနာစိတ်နဲ့ တတ်နိုင်သလောက် ကူညီနေတဲ့ မေမေခိုင်နှင်းဝေတစ်ယောက် ဒီနေ့မှာလည်း မသန်စွမ်းသူ အယောက် (၁၀၀) အတွက် ဆေးဖိုးငွေ (၂၀၀၀၀) နဲ့ အခြေခံလူတန်းစား အိမ်ခြေ (၁၀၀) အတွက် အဝတ်အထည်နဲ့ အစားအသောက်တွေ လှူဒါန်းပေးခဲ့ပြန်ပါပြီပရိသတ်ကြီးရေ။






ချို့တဲ့သူတွေအတွက်တော့ ငွေ (၂၀၀၀၀) ဆိုတာ အတိုင်းအတာတစ်ခုထိတော့ ဖူလုံသွားနိုင်ခဲ့တာအသေအချာပါပဲ။ ဆောင်းတွင်းလည်းရောက်လာပြီဖြစ်တာမို့ မေတ္တာနဲ့ပေးတဲ့ အဝတ်အထည်တွေဟာ ခန္ဓာကိုယ်ကိုသာမက စိတ်နှလုံးကိုပါ နွေးထွေးစေတော့မှာပါ။ အမြဲတမ်းကူညီတတ်တဲ့ မေမေခိုင်နှင်းဝေရဲ့ ပရဟိတစိတ်လေးဟာ လေးစားစရာကောင်းပါတယ်။





သူမရဲ့အလှူပုံရိပ်လေးတွေကို ” ဒီနေ့ အလှူလေးကတော့ မသန်စွမ်း ညီအစ်ကိုမောင်နှမများ အယောက် (၁၀၀) တို့အား ဆေးဖိုးငွေ (၂) သောင်းကျပ်နှင့် အခြေခံလူတန်းစား အိမ်ခြေ (၁၀၀) တို့အား အဝတ်အထည်နှင့် အစားသောက်များ လှူဒါန်းပေးခဲ့ပါတယ်။ ကျမနှင့် အတူ အိမ်ခြေ (၂၀၀) စာ (တန်ဖိုးငွေ ဆယ်သိန်း) အတွက် လက်ဖက်၊အကြော်စုံများ လှူဒါန်းပေးပါသော ” ရှမ်းရွှေတောင် ” ရှုးရှဲ လက်ဖက်၊ အာဟာရဖြည့်စွက်စာ ဆန်ပြုတ်ထုတ်များ လှူဒါန်းပေးပါ သော ညီမလေး ” Di ” နှင့် ခုနှစ်ရက်သားသမီး အလှူရှင်များ အားလုံးကို အထူးကျေးဇူးတင်ရှိ ပါတယ်ရှင်။ တကယ်ခက်ခဲနေသူများရရှိသွားပါသောကြောင့် အလှူရှင်များအားလုံး ကုသိုလ် တရားပွားများစေပြီး နောက်နောင်လဲ ယခုလိုနေရာများသို့ သွားရောက်လှူဒါန်းနိုင်ပါကြောင်း ဝေမျှ ပေးလိုက်ပါတယ်ရှင် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။


Happy – Cele Zone
Photo – Khine Hnin Wai


#အဝတ်အထည်
#အိမ်ခြေ
#လူတန်းစား
#နှင်းဝေ
#လက်ဖက်

Some text some message..