ကြောင်တစ်ကောင် မွေးတော့မယ်ဆိုရင် ဒီအချက်တွေကို သည်းခံနိုင်ဖို့ လိုပါတယ်…
auntymay.com
|
2021-01-05

ကြောင်လေးတွေကို ချစ်တယ်ဆိုတာ လွယ်ပေမယ့် ကြောင်လေးတွေကို ကိုယ်တိုင် မွေးထားနိုင်ဖို့ဆိုတာကတော့ မလွယ်ပါဘူး။ ကြောင် တစ်ကောင်မွေးတယ်ဆိုတာ ကလေးတစ်ယောက် မွေးရင် မလွယ်သလိုမျိုးကို ဖြစ်နေတတ်ပါတယ်။ ကြောင်တွေက သိပ်ကို ချစ်ဖို့ ကောင်းတယ်ဆိုပေမယ့် မွေးတဲ့အခါ အချစ်တွေ မြဲနေဖို့ဆိုတာ မလွယ်ပါဘူး။ ကြောင်လေး တစ်ကောင်ကို မွေးမယ်ဆိုရင်တော့ ဒီလိုအချက်တွေကို သည်းခံနိုင်မှသာ ဖြစ်နိုင်ပါတယ်နော်။


ကြောင်သေးပန်းတာ

ကြောင်မွေးတဲ့အခါ အရင်ဆုံး ကြုံရမှာကတော့ ကြောင်သေးပန်းတဲ့ ကိစ္စရပ်ပဲ ဖြစ်ပါတယ်။ ကြောင်တွေက သူတို့ သေးပန်းထားတဲ့ နေရာကို အနံ့စွဲနေတယ်ဆိုရင် နောက်တစ်ကြိမ်ထပ်ပြီး သေးပန်းတာမျိုး လုပ်လေ့ ရှိပါတယ်။ ဒီအတွက် စစချင်းမှာ သည်းခံရင်း နေရာတွေကို အနံ့ မစွဲအောင် သန့်ရှင်းရေးလည်း လုပ်ရသလို သူတို့ အညစ်အကြေးတွေ စွန့်ဖို့ကိုလည်း သင်ပေးရအုံးမှာပါ။


freepic.diller/Freepik


နေမကောင်းလို့ အန်တာ

ကြောင်တွေက ပိုးကောင်တွေကို စားမိတာမျိုး၊ အစာမကြေ ဖြစ်တာမျိုးတွေနဲ့ နေမကောင်းတဲ့အခါမျိုးတွေမှာ အန်တတ်ကြပါသေးတယ်။ ဒီအတွက် ကြောင်အန်ထားတာတွေကို လိုက်ရှင်းဖို့လည်း မရွံတတ်ဖို့ လိုပါသေးတယ်။


ကြောင်ချေးပါတဲ့အခါ

ကြောင်တွေက သူများအိမ်ဘေးမှာ သွားပြီး ချေးပါတာမျိုး၊ အိမ်ထဲက သန့်ရှင်းရေး လုပ်ရခက်တဲ့နေရာတွေမှာ ချေးပါချထားတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ကြောင်စမွေးတဲ့အခါမှာတော့ ဒီအချက်ကို သည်းခံရင်း သန့်ရှင်းရေးလည်း လုပ်ရရင်းနဲ့ သူတို့ကို စနစ်တကျ အညစ်အကြေးစွန့်တတ်အောင် လေ့ကျင့်ပေးရမှာပါ။


KamranAydinov/Freepik


နေမကောင်းတဲ့အခါမှာ

ကြောင်တွေ နေမကောင်း ဖြစ်တာ၊ ရောဂါ ဖြစ်တာကိုလည်း သိဖို့ လိုပါသေးတယ်။ ကိုယ့်ကြောင်လေး ဘာဖြစ်လို့ ဖြစ်မှန်းမသိရင် ပိုပြီး ဝေဒနာ ပြင်းထန်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီအတွက် ဆေးလိမ်းပေးရတာ၊ ဆေးခန်းကို ခေါ်သွားရတာတွေလည်း ရှိပါတယ်။ ကုန်ကျစရိတ်ပါ ပြင်ရမှာပါ။


mariiaboiko/Freepik


စိတ်ပူရမယ်

ကြောင်တွေက လွတ်လွတ်လပ်လပ် နေတတ်ကြတဲ့ အကောင်လေးတွေ ဖြစ်ပါတယ်။ အိမ်ပြင်လျှောက်သွားမယ်၊ ပြီးရင် ဒဏ်ရာရပြီး ပြန်လာမယ်၊ ဒါတွေကိုလည်း လိုက်ကြည့်ပြီး ကုပေးရအုံးမှာပါ။ တခါတလေ အိမ်ကို ပြန်မလာတာမျိုးလည်း လုပ်တတ်ကြပါတယ်။


ပစ္စည်းတွေ ပြဲမယ်

ကြောင်တွေက အိမ်မှာ ရှိတဲ့ ဆိုဖာတွေ၊ ခြင်ထောင်တွေနဲ့ ခုံတွေကို လက်သည်းနဲ့ ခြစ်နေတာမျိုးလည်း လုပ်တတ်ကြပါတယ်။ ဒီလိုမျိုး ပစ္စည်းတွေ ထိခိုက်ရင်လည်း ကိုယ့်ကြောင်လေးကို သည်းခံနိုင်မှသာ ကြောင်မွေးလို့ ရမှာပါ။


Freepik.com


အိမ်စောင့်နေရမယ်

ညနေဘက် အိမ်ပြန်ချိန်ရောက်လို့ အိမ်ပြန်မလာသေးတာမျိုး၊ ညအိပ်တဲ့အထိ အိမ်ပြန်မရောက်လို့ တံခါးမပိတ်ရဘဲ စောင့်နေရတာမျိုးလည်း ရှိတတ်ပါသေးတယ်။


အကောင်တွေ ဆွဲလာတာမျိုး

ကြောင်တွေက သတ္တဝါသေးသေးတွေကို ခုတ်ပြီး ဆော့တာမျိုးတွေ လုပ်ပြီးတဲ့အခါ သခင်အတွက်ဆိုပြီး အိမ်ကို ပြန်သယ်လာတာမျိုးတွေ လုပ်တတ်ပါတယ်။ ဒီလိုမျိုး သူတို့ သေလာတဲ့ အကောင်သေတွေကိုလည်း လွှင့်ပစ်ရဲဖို့ လိုပါသေးတယ်။

Kham


#သန့်ရှင်းရေး
#အညစ်အကြေး
#အကောင်
#တံခါးမ
#ဆိုဖာ

Some text some message..