မေဂျာမျိုးစုံ လျှောက်လို့ရတဲ့ MEXT ဘွဲ့ကြိုပညာသင်ဆု
sayar.com.mm
|
2021-01-30

ဆေးဘက်ဆိုင်ရာ ဘာသာရပ်တွေဖြစ်တဲ့ Medicine, Dentistry နဲ့ Architecture , Civil Engineering, Business, Law စတဲ့ မေဂျာမျိုးစုံ လျှောက်လို့ရတဲ့ MEXT ဘွဲ့ကြိုပညာသင်ဆု က မကြာမီ လျှောက်လွှာခေါ်တော့မှာမို့ ခုကတည်းက ကြိုတင်ပြင်စရာရှိတာတွေ ပြင်ဆင်ထားလို့ရအောင် MEXT Scholarship အကြောင်းကို ရေးလိုက်တာဖြစ်ပါတယ်။

• MEXT Scholarship မှာ ဆယ်တန်းအမှတ်ကန့်သတ်ချက်လည်း မရှိပါဘူး။ ဆယ်တန်းအမှတ် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ လျှောက်လို့ရပါတယ်။

•MEXT Scholarship က တော်တော်နာမည်ကြီးတာရယ် ရေးဖြေစာမေးပွဲလည်း ဖြေရတာမို့ သည်ပညာသင်ဆုက လွယ်လွယ်နဲ့ မရနိုင်ဘူးဆိုတာ သိထားစေချင်ပါတယ်။

•ပြီးတော့သည်ပညာသင်ဆုရဲ့ Application Process က တခြားစကောလားရှစ်နဲ့ လုံးဝမတူပါဘူး။ အဲ့ဒါကဘာလဲဆိုတော့ Application Essay တွေကိုရေးပြီး လျှောက်ရတာ မဟုတ်ဘဲ ရေးဖြေစာမေးပွဲဖြေရတာပါ။ ရေးဖြေစာမေးပွဲတွေအောင်မှသာ အင်တာဗျူးခေါ်ခံရမှာ ဖြစ်ပါတယ်။

•အဲ့ကြောင့် ကိုယ့်ဘက်က ဘာစာမှ မလုပ်ထားရင် ရေးြဖေစာမေးပွဲ ြဖေနိုင်မှာ မဟုတ်ပါဘူး။

•စာတွေကြိုလုပ်ထားလို့ရအောင် 2007-2016 မေးခွန်းဟောင်းတွေကိုလည်း အောက်က Link ထဲဝင်ပြီး Save ထားလို့ရပါတယ်။

•ဆယ်တန်းအမှတ်နည်းလို့ ဒါမှမဟုတ် အြကောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံက ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကို မတက်နိုင်ဘူးဆိုရင် MEXT Scholarship အတွက် အချိန်သေချာပေး ကြိုးစားပြင်ဆင်ပြီး လျှောက်ကြည့်စေချင်ပါတယ်။

#MEXTစကောလားရှစ်ဆိုတာဘာလဲ
ဂျပန်ဝန်ကြီး ဌာနတစ်ခုဖြစ်တဲ့ The Ministry of Education, Culture , Sports & Technology (MEXT) က ဂျပန်မှာ ကျောင်းတက်ဖို့ နိုင်ငံတကာကျောင်းသားတွေကို ပေးအပ်ချီးမြှင့်တဲ့ ပညာသင်ဆု တစ်ခု ဖြစ်ပါတယ်။

#ပညာသင်ဆုမှာဘာတွေပါဝင်လဲ
•ဘွဲ့ရတဲ့အထိ ကျောင်းစရိတ်ကင်းလွတ်ခွင့်
• လစဉ်နေထိုင်စားသောက်စရိတ်အတွက် 117,000 Yen (မြန်မာငွေ တစ်လကို ၁၅ သိန်းဝန်းကျင်)
• လေယာဉ်စရိတ်

#ဘာမေဂျာတွေလျှောက်လို့ရလဲ
⭕ (1) Social Sciences and Humanities
☘️ Social Sciences and Humanities A
1. Law 2. Politics 3. Pedagogy 4. Sociology 5. Literature 6. History 7. Japanese Language 8. Others (excluding “1. Economics” and “2. Business Administration” in Humanities B.)

☘️ Social Sciences and Humanities - B
1. Economics 2. Business Administration

⭕ (2) Natural Sciences
☘️ Natural Sciences - A
⚫ Science (1. Mathematics 2. Physics 3. Chemistry)
⚫ Electric and Electronic Studies (4. Electronics 5.Electrical Engineering 6. Information Engineering)
⚫ Mechanical Studies (7. Mechanical Engineering 8. Naval Architecture)
⚫ Civil Engineering and Architecture (9. Civil Engineering 10. Architecture 11. Environmental Engineering)
⚫ Chemical Studies (12. Applied Chemistry 13. Chemical Engineering 14. Industrial Chemistry 15. Textile Engineering)
⚫ Other Fields (16. Metallurgical Engineering 17. Mining Engineering 18. Maritime Engineering 19. Biotechnology)

☘️ Natural Sciences - B
⚫ Agricultural Studies (1. Agriculture 2. Agricultural Chemistry 3. Agricultural Engineering 4. Animal Science 5. Veterinary Medicine 6. Forestry 7. Food Science 8. Fisheries)
⚫ Hygienic Studies (9. Pharmacy 10. Hygienics 11. Nursing)
⚫ Science (12. Biology)

☘️ Natural Sciences C
1. Medicine 2. Dentistry

#ရွေးချယ်ခံရတဲ့ပထမဆုံးနှစ်မှာဘာလုပ်ရမှာလဲ

•Social Sciences & Humanities ထဲက ဘာသာရပ်ကို ရွေးချယ်တဲ့သူက Tokyo University of Foreign Studies မှာ တက်ရမှာ ဖြစ်ပြီးတော့
•Natural Sciences ထဲက ဘာသာရပ်ကို ရွေးချယ်တဲ့သူကတော့ Osaka University မှာ တစ်နှစ်တက်ရမှာ ဖြစ်ပါတယ်။

#သည်ပထမဆုံးနှစ်မှာဘာတွေသင်ရမှာလဲ
ပထမဆုံးနှစ်မှာ Preparatory Course တက်ရမှာ ဖြစ်ပါတယ်။ Preparatory Course မှာဘာတွေပါဝင်မှာလဲဆိုတော့ ဂျပန်စာကို တစ်နှစ် Intensive သင်ရမှာဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်အတွက် လိုအပ်တာတွေကို ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။

#တက္ကသိုလ်ကဘယ်ချိန်လျှောက်ရမလဲ
တစ်နှစ်ကြာတဲ့ Preparatory Course ကိုတက်ပြီးမှသာ တက္ကသိုလ်ကို လျှောက်ရမှာ ဖြစ်ပါတယ်။

#Direct_Placementဆိုတာဘာလဲ
Direct Placement ဆိုတာ Preparatory Course မတက်ဘဲ တက္ကသိုလ်ကို တန်းတက်တာ ဖြစ်ပါတယ်။
•ဂျပန်စာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားပါက Preparatory Course ကိုမတက်ဘဲ တက္ကသိုလ်ကို တန်းလျှောက်လို့ရပါတယ်။
• ကိုယ်လျှောက်မယ့်တက္ကသိုလ် နဲ့ ကိုယ်ရွေးချယ်တဲ့ ဘာသာရပ်က ဂျပန်စာမလိုဘူးဆိုရင် Preparatory Course မတက်ဘဲ တက္ကသိုလ်ကို တန်းလျှောက်လို့ ရပါတယ်။

#ဘယ်သူတွေလျှောက်လို့ရလဲ

•မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
• April 2, 1996 နောက်ပိုင်း မွေးဖွားတဲ့သူ ဖြစ်ရပါမယ်။ ြပောရမယ်ဆိုရင် ၂၅ နှစ်အောက်ဆို လျှောက်လို့ရပါတယ်။ (သည်ဟာက 2020 ရဲ့ Guideline ထဲကပါ)
• အထက်တန်း အောင်မြင်ထားသူ ဖြစ်ရပါမယ်။
• ဂျပန်စာကို စိတ်အားထက်သန်စွာ လေ့လာလိုသူဖြစ်ရပါမယ်။
• etc

#ရွေးချယ်ခံရရင်ဘယ်တော့သွားတက်ရမလဲ

နောက်နှစ်April မှာ ဂျပန် သွားရမှာဖြစ်ပါတယ်။

#ဂျပန်မှာကျောင်းဘယ်နှနှစ် သွားတက်ရမှာလဲ
ကိုယ်ရွေးချယ်တဲ့မေဂျာပေါ်မူတည်ပြီးတော့ အနည်းဆုံး ၄ နှစ် အများဆုံး ၇ နှစ် တက်ရမှာ ဖြစ်ပါတယ်။

#သည်စကောလားရှစ်ဘယ်လိုလျှောက်ရမလဲ
အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်တော့ Form တင်တာ အပါအဝင် အဆင့် (၅) ဆင့်ရှိတယ်လို့ ပြောလို့ရပါတယ်။

⭕ STEP 1 : လိုအပ်တဲ့စာရွက်စာတမ်းနဲ့ Form တွေဖြည့်ပြီး တင်ရပါမယ်။ (ဘာစာရွက်စာတမ်းတွေလိုအပ်လဲ၊ ဘာဖောင်တွေ ဖြည့်ရမလဲဆိုတာ သူတို့လျှောက်လွှာခေါ်တဲ့ချိန်ကျ Page မှာ အသေးစိတ် ပြန်တင်ပေးပါမယ်)

⭕ STEP 2 : MAJA မှာ ရေးဖြေစာမေးပွဲ ဖြေရပါမယ်။
⭕ STEP 3 : MAJA မှာ အင်တာဗျူးဖြေရပါမယ်။
⭕ STEP 4 : ဂျပန်သံရုံးကလုပ်တဲ့ ရေးဖြေစာမေးပွဲဖြေရပါမယ်။
⭕STEP 5: ဂျပန်သံရုံးကစစ်မယ့် အင်တာဗျူး ဖြေရပါမယ်။ အဲ့ဒါအောင်ရင်တော့ စကောလားရှစ်ရပါပြီ။
(တစ်ဆင့်ချင်းစီအောင်မှသာ နောက်တစ်ဆင့် တက်နိုင်မှာပါ)

#ရေးြဖေကဘယ်ဘာသာရပ်တွေဖြေရမလဲ
ကိုယ့်ရွေးတဲ့ Courses ပေါ်မူတည်ပြီး ဖြေရတဲ့ ဘာသာရပ်တွေက မတူပါဘူး။
? Social Sciences and Humanities A နဲ့ B ကိုရွေးရင် (၃) ဘာသာ ဖြေရပါမယ်။
➡️ Japanese, English, and Mathematics(A)

? Natural Sciences A ကိုရွေးရင် (၅) ဘာသာဖြေရပါမယ်။
➡️ Japanese, English, Mathematics(B), Chemistry, and Physics

? Natural Sciences B နဲ့ C ကိုရွေးရင် (၅) ဘာသာဖြေရပါမယ်။
➡️ Japanese, English, Mathematics(B), Chemistry, and Biology

#စာမေးပွဲဖြေတဲ့အချိန်ဂျပန်ဘာသာမဖြေလို့ရလား
ရပါတယ်။ ကိုယ်က ဂျပန်စာ မလုပ်ရသေးရင် ဂျပန်ဘာသာရပ်ကို မဖြေလည်း ရပါတယ်။ ကျန်တဲ့ ဘာသာရပ်တော့ မဖြစ်မနေ ဖြေရမှာ ဖြစ်ပါတယ်။

#စာမေးပွဲဖြေဖို့ဘာတွေပြင်ဆင်ထားရမလဲ
မေးခွန်းဟောင်းတွေကို အောက်က Link ထဲဝင်ပြီး လေ့ကျင့်ထားလို့ရပါတယ်။
◾ 2007-2016 မေးခွန်းဟောင်းများ
https://onmyrandommind.wordpress.com/2016/09/18/soal-s1/

#သည်စကောလားရှစ်ရဖို့ခက်လား
သည်ပညာသင်ဆုက စာမေးပွဲအောင်မှသာ အင်တာဗျူးခေါ်ခံရမှာ ဖြစ်တဲ့အတွက်ကြောင့် အချိန်လချီပေးပြီး စာလုပ်ထားဖို့လိုပါတယ်။ စာတွေကလည်း လုံးဝ မလွယ်ပါဘူး။ အချိန်အများကြီးပေးပြီး စာတွေကို ကြိုလုပ်ထားမှသာ ဖြေနိုင်မှာ ဖြစ်ပါတယ်

#လျှောက်လွှာဘယ်ချိန်ခေါ်လေ့ရှိလဲ
နှစ်တိုင်း April-May မှာ လျှောက်လွှာခေါ်လေ့ ရှိပါတယ်။ လျှောက်လွှာခေါ်တဲ့ချိန်ကျရင် Page မှာ အသေးစိတ် တင်ပေးမယ်နော်။
MEXT Scholarship ရဖို့က လုံးဝ မလွယ်တာမို့ လျှောက်လွှာမခေါ်ခင်ကတည်းက စာတွေကို ကြိုပြင်ဆင်ထားဖို့ လိုပါတယ်။

(Note : အပေါ်က အချက်အလက်တွေက၂၀၂၀ တုန်းက ထုတ်ထားတဲ့ MEXT Application Guidelines ကိုကြည့်ပြီးရေးထားတာဖြစ်တာမို့ သည် ၂၀၂၁ မှာ အပြောင်းအလဲ ရှိချင်လည်း ရှိနိုင်ပါတယ်ဆိုတဲ့အကြောင်းကို သိထားစေချင်ပါတယ်)

ကိုယ်နဲ့အတူတူ လျှောက်စေချင်တဲ့ သူငယ်ချင်း (သို့) ညီလေးညီမလေးတွေကို Mention ခေါ်လိုက်ပါအုံး

Credit : Guide with Mahuyar

ဆေးဘက်ဆိုင်ရာ ဘာသာရပ်တွေဖြစ်တဲ့ Medicine, Dentistry နဲ့ Architecture , Civil Engineering, Business, Law စတဲ့ ေမဂျာမျိုးစုံ လျှောက်လို့ရတဲ့ MEXT ဘွဲ့ကြိုပညာသင်ဆု က မကြာမီ လျှောက်လွှာခေါ်တော့မှာမို့ ခုကတည်းက ကြိုတင်ပြင်စရာရှိတာတွေ ပြင်ဆင်ထားလို့ရအောင် MEXT Scholarship အကြောင်းကို ရေးလိုက်တာဖြစ်ပါတယ်။

• MEXT Scholarship မှာ ဆယ်တန်းအမှတ်ကန့်သတ်ချက်လည်း မရှိပါဘူး။ ဆယ်တန်းအမှတ် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ လျှောက်လို့ရပါတယ်။

•MEXT Scholarship က တော်တော်နာမည်ကြီးတာရယ် ရေးဖြေစာမေးပွဲလည်း ဖြေရတာမို့ သည်ပညာသင်ဆုက လွယ်လွယ်နဲ့ မရနိုင်ဘူးဆိုတာ သိထားစေချင်ပါတယ်။

•ပြီးတော့သည်ပညာသင်ဆုရဲ့ Application Process က တခြားစကောလားရှစ်နဲ့ လုံးဝမတူပါဘူး။ အဲ့ဒါကဘာလဲဆိုတော့ Application Essay တွေကိုရေးပြီး လျှောက်ရတာ မဟုတ်ဘဲ ရေးဖြေစာမေးပွဲဖြေရတာပါ။ ရေးဖြေစာမေးပွဲတွေအောင်မှသာ အင်တာဗျူးခေါ်ခံရမှာ ဖြစ်ပါတယ်။

•အဲ့ကြောင့် ကိုယ့်ဘက်က ဘာစာမှ မလုပ်ထားရင် ရေးဖြေစာမေးပွဲ ဖြေနိုင်မှာ မဟုတ်ပါဘူး။

•စာတွေကြိုလုပ်ထားလို့ရအောင် 2007-2016 မေးခွန်းဟောင်းတွေကိုလည်း အောက်က Link ထဲဝင်ပြီး Save ထားလို့ရပါတယ်။

•ဆယ်တန်းအမှတ်နည်းလို့ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံက ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကို မတက်နိုင်ဘူးဆိုရင် MEXT Scholarship အတွက် အချိန်သေချာပေး ကြိုးစားပြင်ဆင်ပြီး လျှောက်ကြည့်စေချင်ပါတယ်။

#MEXTစကောလားရှစ်ဆိုတာဘာလဲ
ဂျပန်ဝန်ကြီး ဌာနတစ်ခုဖြစ်တဲ့ The Ministry of Education, Culture , Sports & Technology (MEXT) က ဂျပန်မှာ ကျောင်းတက်ဖို့ နိုင်ငံတကာကျောင်းသားတွေကို ပေးအပ်ချီးမြှင့်တဲ့ ပညာသင်ဆု တစ်ခု ဖြစ်ပါတယ်။

#ပညာသင်ဆုမှာဘာတွေပါဝင်လဲ
•ဘွဲ့ရတဲ့အထိ ကျောင်းစရိတ်ကင်းလွတ်ခွင့်
• လစဉ်နေထိုင်စားသောက်စရိတ်အတွက် 117,000 Yen (မြန်မာငွေ တစ်လကို ၁၅ သိန်းဝန်းကျင်)
• လေယာဉ်စရိတ်

#ဘာမေဂျာတွေလျှောက်လို့ရလဲ
⭕ (1) Social Sciences and Humanities
☘️ Social Sciences and Humanities A
1. Law 2. Politics 3. Pedagogy 4. Sociology 5. Literature 6. History 7. Japanese Language 8. Others (excluding “1. Economics” and “2. Business Administration” in Humanities B.)

☘️ Social Sciences and Humanities - B
1. Economics 2. Business Administration

⭕ (2) Natural Sciences
☘️ Natural Sciences - A
⚫ Science (1. Mathematics 2. Physics 3. Chemistry)
⚫ Electric and Electronic Studies (4. Electronics 5.Electrical Engineering 6. Information Engineering)
⚫ Mechanical Studies (7. Mechanical Engineering 8. Naval Architecture)
⚫ Civil Engineering and Architecture (9. Civil Engineering 10. Architecture 11. Environmental Engineering)
⚫ Chemical Studies (12. Applied Chemistry 13. Chemical Engineering 14. Industrial Chemistry 15. Textile Engineering)
⚫ Other Fields (16. Metallurgical Engineering 17. Mining Engineering 18. Maritime Engineering 19. Biotechnology)

☘️ Natural Sciences - B
⚫ Agricultural Studies (1. Agriculture 2. Agricultural Chemistry 3. Agricultural Engineering 4. Animal Science 5. Veterinary Medicine 6. Forestry 7. Food Science 8. Fisheries)
⚫ Hygienic Studies (9. Pharmacy 10. Hygienics 11. Nursing)
⚫ Science (12. Biology)

☘️ Natural Sciences C
1. Medicine 2. Dentistry

#ရွေးချယ်ခံရတဲ့ပထမဆုံးနှစ်မှာဘာလုပ်ရမှာလဲ
•Social Sciences & Humanities ထဲက ဘာသာရပ်ကို ရွေးချယ်တဲ့သူက Tokyo University of Foreign Studies မှာ တက်ရမှာ ဖြစ်ပြီးတော့
•Natural Sciences ထဲက ဘာသာရပ်ကို ရွေးချယ်တဲ့သူကတော့ Osaka University မှာ တစ်နှစ်တက်ရမှာ ဖြစ်ပါတယ်။

#သည်ပထမဆုံးနှစ်မှာဘာတွေသင်ရမှာလဲ
ပထမဆုံးနှစ်မှာ Preparatory Course တက်ရမှာ ဖြစ်ပါတယ်။ Preparatory Course မှာဘာတွေပါဝင်မှာလဲဆိုတော့ ဂျပန်စာကို တစ်နှစ် Intensive သင်ရမှာဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်အတွက် လိုအပ်တာတွေကို ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။

#တက္ကသိုလ်ကဘယ်ချိန်လျှောက်ရမလဲ
တစ်နှစ်ကြာတဲ့ Preparatory Course ကိုတက်ပြီးမှသာ တက္ကသိုလ်ကို လျှောက်ရမှာ ဖြစ်ပါတယ်။

#Direct_Placementဆိုတာဘာလဲ
Direct Placement ဆိုတာ Preparatory Course မတက်ဘဲ တက္ကသိုလ်ကို တန်းတက်တာ ဖြစ်ပါတယ်။
•ဂျပန်စာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားပါက Preparatory Course ကိုမတက်ဘဲ တက္ကသိုလ်ကို တန်းလျှောက်လို့ရပါတယ်။
• ကိုယ်လျှောက်မယ့်တက္ကသိုလ် နဲ့ ကိုယ်ရွေးချယ်တဲ့ ဘာသာရပ်က ဂျပန်စာမလိုဘူးဆိုရင် Preparatory Course မတက်ဘဲ တက္ကသိုလ်ကို တန်းလျှောက်လို့ ရပါတယ်။

#ဘယ်သူတွေလျှောက်လို့ရလဲ
•မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
• April 2, 1996 နောက်ပိုင်း မွေးဖွားတဲ့သူ ဖြစ်ရပါမယ်။ ပြောရမယ်ဆိုရင် ၂၅ နှစ်အောက်ဆို လျှောက်လို့ရပါတယ်။ (သည်ဟာက 2020 ရဲ့ Guideline ထဲကပါ)
• အထက်တန်း အောင်မြင်ထားသူ ဖြစ်ရပါမယ်။
• ဂျပန်စာကို စိတ်အားထက်သန်စွာ လေ့လာလိုသူဖြစ်ရပါမယ်။
• etc

#ရွေးချယ်ခံရရင်ဘယ်တော့သွားတက်ရမလဲ
နောက်နှစ်April မှာ ဂျပန် သွားရမှာဖြစ်ပါတယ်။

#ဂျပန်မှာကျောင်းဘယ်နှနှစ် သွားတက်ရမှာလဲ
ကိုယ်ရွေးချယ်တဲ့မေဂျာပေါ်မူတည်ပြီးတော့ အနည်းဆုံး ၄ နှစ် အများဆုံး ၇ နှစ် တက်ရမှာ ဖြစ်ပါတယ်။

#သည်စကောလားရှစ်ဘယ်လိုလျှောက်ရမလဲ
အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်တော့ Form တင်တာ အပါအဝင် အဆင့် (၅) ဆင့်ရှိတယ်လို့ ပြောလို့ရပါတယ်။

⭕ STEP 1 : လိုအပ်တဲ့စာရွက်စာတမ်းနဲ့ Form တွေဖြည့်ပြီး တင်ရပါမယ်။ (ဘာစာရွက်စာတမ်းတွေလိုအပ်လဲ၊ ဘာဖောင်တွေ ဖြည့်ရမလဲဆိုတာ သူတို့လျှောက်လွှာခေါ်တဲ့ချိန်ကျ Page မှာ အသေးစိတ် ပြန်တင်ပေးပါမယ်)

⭕ STEP 2 : MAJA မှာ ရေးဖြေစာမေးပွဲ ဖြေရပါမယ်။
⭕ STEP 3 : MAJA မှာ အင်တာဗျူးဖြေရပါမယ်။
⭕ STEP 4 : ဂျပန်သံရုံးကလုပ်တဲ့ ရေးဖြေစာမေးပွဲဖြေရပါမယ်။
⭕STEP 5: ဂျပန်သံရုံးကစစ်မယ့် အင်တာဗျူး ဖြေရပါမယ်။ အဲ့ဒါအောင်ရင်တော့ စကောလားရှစ်ရပါပြီ။
(တစ်ဆင့်ချင်းစီအောင်မှသာ နောက်တစ်ဆင့် တက်နိုင်မှာပါ)

#ရေးဖြေကဘယ်ဘာသာရပ်တွေဖြေရမလဲ
ကိုယ့်ရွေးတဲ့ Courses ပေါ်မူတည်ပြီး ဖြေရတဲ့ ဘာသာရပ်တွေက မတူပါဘူး။
? Social Sciences and Humanities A နဲ့ B ကိုရွေးရင် (၃) ဘာသာ ဖြေရပါမယ်။
➡️ Japanese, English, and Mathematics(A)

? Natural Sciences A ကိုရွေးရင် (၅) ဘာသာဖြေရပါမယ်။
➡️ Japanese, English, Mathematics(B), Chemistry, and Physics

? Natural Sciences B နဲ့ C ကိုရွေးရင် (၅) ဘာသာဖြေရပါမယ်။
➡️ Japanese, English, Mathematics(B), Chemistry, and Biology

#စာမေးပွဲဖြေတဲ့အချိန်ဂျပန်ဘာသာမဖြေလို့ရလား
ရပါတယ်။ ကိုယ်က ဂျပန်စာ မလုပ်ရသေးရင် ဂျပန်ဘာသာရပ်ကို မဖြေလည်း ရပါတယ်။ ကျန်တဲ့ ဘာသာရပ်တော့ မဖြစ်မနေ ဖြေရမှာ ဖြစ်ပါတယ်။

#စာမေးပွဲဖြေဖို့ဘာတွေပြင်ဆင်ထားရမလဲ
မေးခွန်းဟောင်းတွေကို အောက်က Link ထဲဝင်ပြီး လေ့ကျင့်ထားလို့ရပါတယ်။
◾ 2007-2016 မေးခွန်းဟောင်းများ
https://onmyrandommind.wordpress.com/2016/09/18/soal-s1/

#သည်စကောလားရှစ်ရဖို့ခက်လား
သည်ပညာသင်ဆုက စာမေးပွဲအောင်မှသာ အင်တာဗျူးခေါ်ခံရမှာ ဖြစ်တဲ့အတွက်ကြောင့် အချိန်လချီပေးပြီး စာလုပ်ထားဖို့လိုပါတယ်။ စာတွေကလည်း လုံးဝ မလွယ်ပါဘူး။ အချိန်အများကြီးပေးပြီး စာတွေကို ကြိုလုပ်ထားမှသာ ဖြေနိုင်မှာ ဖြစ်ပါတယ်

#လျှောက်လွှာဘယ်ချိန်ခေါ်လေ့ရှိလဲ
နှစ်တိုင်း April-May မှာ လျှောက်လွှာခေါ်လေ့ ရှိပါတယ်။ လျှောက်လွှာခေါ်တဲ့ချိန်ကျရင် Page မှာ အသေးစိတ် တင်ပေးမယ်နော်။
MEXT Scholarship ရဖို့က လုံးဝ မလွယ်တာမို့ လျှောက်လွှာမခေါ်ခင်ကတည်းက စာတွေကို ကြိုပြင်ဆင်ထားဖို့ လိုပါတယ်။

(Note : အပေါ်က အချက်အလက်တွေက၂၀၂၀ တုန်းက ထုတ်ထားတဲ့ MEXT Application Guidelines ကိုကြည့်ပြီးရေးထားတာဖြစ်တာမို့ သည် ၂၀၂၁ မှာ အပြောင်းအလဲ ရှိချင်လည်း ရှိနိုင်ပါတယ်ဆိုတဲ့အကြောင်းကို သိထားစေချင်ပါတယ်)

ကိုယ်နဲ့အတူတူ လျှောက်စေချင်တဲ့ သူငယ်ချင်း (သို့) ညီလေးညီမလေးတွေကို Mention ခေါ်လိုက်ပါအုံး
အားလုံးကံကောင်းကြပါစေ

Credit : Guide with Mahuyar

#စကော
#ဘာသာ
#ဘာသာရပ်
#ပညာသင်ဆု
#ဂျပန်

Some text some message..