ဘုရားကျောင်းကပ္ပိယကြီး Vs ရုံးစာရေး
sayar.com.mm
|
2021-02-24

ဘုရားကျောင်းကပ္ပိယကြီး Vs ရုံးစာရေး




ခု ရေးထားဖော်ပြထားတဲ့ ဝတ္ထုတိုလေး(၂)ပုဒ်မှာ ဘုရားကျောင်းကပ္ပိယကြီးဆိုတာကတော့ အရင်ခေတ်ကို အခြေခံပြီး ရေးသားထားတာဖြစ်ပြီး ရုံးစာရေးဆိုတဲ့ ဝတ္ထုလေးကတော့ ဒီနေ့ခေတ် လူငယ်တွေ ပိုမိုသဘောပေါက်အောင်၊ ခေတ်ကာလနဲ့လိုက်လျောညီထွေအောင် ဘာသာပြန်ပြီး ရေးသားထားတာကို လေ့လာတွေ့ရရှိရပါတယ်။




စာဖတ်တဲ့သူတွေကို ရသ(၂)မျိုးလုံးရအောင် အရင်က ဝတ္ထုလေးနဲ့ ဒီနေ့ခေတ်ကို ထင်ဟပ်စေတဲ့ ဝတ္ထုလေးနှစ်ပုဒ်ကို ယှဉ်တွဲ ဖော်ပြပေးလိုက်ပါတယ်။ ဝတ္ထု(၂)ပုဒ်၊ ရသ(၂)မျိုးပေါ့။


ကဲ စလိုက်ရအောင်။
ကိုယ်အရင်ကဖတ်ဖူးတဲ့ဝတ္ထုနာမည်က "ဘုရားကျောင်း ကပ္ပိယကြီး"တဲ့။




ဟိုးအရင် ဒေသတစ်ခုရဲ့ နာမည်အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်းကြီးတစ်ခုမှာ ဘုရားကျောင်းရဲ့ ဝေယျာဝစ္စတွေကို ကူညီလုပ်ကိုင်ပေးတဲ့ ဘုရားကျောင်း ကပ္ပိယကြီး တစ်ယောက်ရှိလေသတဲ့။ ဒီကပ္ပိယကြီးက ဇနီးသည်နဲ့အတူနေထိုင်ပြီး မိုးလင်းကနေမိုးချုပ်အထိ ဘုရားကျောင်းရဲ့ဝေယျာဝစ္စတွေကို ပျော်ပျော်ရွှင်ရွှင်၊ စိတ်အေးချမ်းသာစွာနဲ့ တာဝန်ထမ်းဆောင်လာတာ ကာလတော်တော်ကြာသွားခဲ့တယ်။




ဒီကပ္ပိယကြီးရဲ့က သူ့ကို တာဝန်ပေးထားတဲ့ ဘုရားကျောင်းနဲ့ပတ်သက်တဲ့ဘယ်လိုကိစ္စမဆို မငြီးမငြူ၊ အပြုံးမပျက်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ တာဝန်ထမ်းဆောင်လေ့ရှိတယ်။ သူ့ရဲ့အားနည်းချက်တစ်ခုကတော့ သူက စာမတတ်ရှာဘူး။ ဒါကို ဘုရားကျောင်းရဲ့ အကြီးအကဲက သိပေမယ့် သူ့ရဲ့တာဝန်သိစိတ်၊ အလုပ်ကိုမငြီးငြူတဲ့စိတ်၊ အေးအေးချမ်းချမ်းနေတတ်တဲ့သူရဲ့အမူအကျင့်တွေကို သဘောကျလို့ ပြသနာတစ်စုံတစ်ရာမရှိဘဲ ကာလအတော်ကြာ လက်ခံထားတာပေါ့။




ဒီလိုနဲ့ တစ်နေ့မှာတော့ ဘုရားကျောင်းရဲ့အကြီးအကဲ (ဖာသာ) အပြောင်းအလဲရှိလာခဲ့တယ်ပေါ့လေ။ နောက်အသစ်ရောက်လာတဲ့ အကြီးအကဲက အသက်ငယ်တယ်။ ထက်မြတ်တယ်။ စိတ်အားထက်သန်တယ်။ သူက ဒီမြို့ရဲ့နာမည်အကြီးဆုံးကျောင်းမှာ အကောင်းဆုံးဆိုတာတွေပဲ စုနေစေချင်တဲ့ စိတ်က တစ်အားကို ထက်သန်နေခဲ့တယ်။ ဒီလိုနဲ့ သူက ဘုရားကျောင်းနဲ့ပတ်သက်တဲ့ ကိစ္စတွေကို စိစစ်တဲ့အခါမှာ ဒီကပ္ပိယကြီးက စာမတတ်ဘူးဆိုတာကို သိသွားခဲ့တယ်ပေါ့။




အကြီးအကဲက အရမ်းကို အံ့အားသင့်ပြီး စိတ်ပျက်သွားခဲ့တယ်။ ဒီလိုဘုရားကျောင်းမှာ ဒီလိုလူမျိုးရှိသင့်သလားပေါ့။ ဒါနဲ့ သူက ကပ္ပိယကြီးကို ခေါ်တွေ့တယ်။ အကြီးအကဲက "ခင်ဗျား ဒီဘုရားကျောင်းကြီးမှာ ကာလအကြာကြီး အလုပ်လုပ်ခဲ့တယ်၊ အလုပ်တွေကို တာဝန်ကျေခဲ့တာတွေကို ကျေးဇူးအထူးတင်ပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့အားနည်းချက်တစ်ရပ်အနေနဲ့ ခင်ဗျားက စာမတတ်ဘူးဆိုတာကို တွေ့ခဲ့ရတယ်။ ဒီ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော် အခွင့်အရေးတစ်ခု ပေးချင်ပါတယ်။ ဒီဘုရားကျောင်းမှာ ခင်ဗျားဆက်ပြီး အလုပ်လုပ်ဖို့ဆိုရင် ခင်ဗျားစာသင်ပါ။ ဒါဆိုရင်တော့ ခင်ဗျားဒီမှာ အလုပ်ဆက်လုပ်လို့ရမယ်"တဲ့လေ။




ကပ္ပိယကြီးက "ဖာသာရယ်။ ဒီအသက်အရွယ်ကြီးရောက်မှ ကျွန်တော်စာသင်လို့ ဘယ်လိုဖြစ်တော့မှာလဲ။ ကျွန်တော်မှတ်ဉာဏ်တွေကလည်း စာတွေလေ့လာဖို့လောက်အထိ မကောင်းတော့ဘူးလေ။ မဖြစ်နိုင်ဘူးထင်ပါတယ်။" လို့ ပြန်ပြောခဲ့တယ်။




အကြီးအကဲကလည်း "ခင်ဗျား စာမသင်ဘူး။ စာမတတ်ဘူးဆိုရင် ဒီမှာအလုပ်ဆက်လုပ်လို့မရပါဘူး။ စိတ်မကောင်းပေမယ့် ကျွန်တော်တို့တွေ လမ်းခွဲနှုတ်ဆက်ရမယ့်အချိန်ကိုရောက်ပါပြီ" ဆိုပြီး ကပ္ပိယကြီးကို အလုပ်ထုတ်လိုက်ပါသတဲ့။




ကပ္ပိယကြီးက စိတ်ညစ်ညစ်နဲ့ အိမ်ပြန်လာတာပေါ့။ သူအိမ်ရောက်ရင် မိန်းမဖြစ်သူကို ဘယ်လိုပြောရပါမလဲ။ နောက်ရက်တွေမှာ ဘယ်လိုတွေ ရှေ့ဆက်ရမလဲ . . . . ဆိုတဲ့ လဲချင်းများစွာနဲ့ ခေါင်းငိုက်စိုက်ကြပြီး အိမ်ကိုပြန်လာခဲ့တယ်။ အိမ်ပြန်လမ်းမှာ သူ . . . ဆေးပြင်းလိပ် သောက်ချင်စိတ် အရမ်းဖြစ်နေခဲ့တယ်။ ရှုပ်နေတဲ့စိတ်ကို ဆေးပြင်းလိပ်သောက်ရင်း အငွေ့တွေအနေနဲ့ မှုတ်ထုတ်ချင်လိုက်တာဆိုတဲ့ အတွေးက သူ့ကို စိုးမိုးနေခဲ့တယ်။ ဒါနဲ့ လမ်းထဲမှာ ဆေးပြင်းလိပ်သောက်ရအောင်ဆိုပြီး ဆိုင်ကို ရှာတာပေါ့။ ဒါပေမယ့် ကံဆိုးစွာနဲ့ အဲ့ဒီ့လမ်းထဲမှာ ဆေးပြင်းလိပ်ဆိုင် ရှိမနေပါဘူး။




အဲ့ဒီ့မှာ သူအကြံရသွားတယ်။ ဟာ . . . ဟန်ကျပြီ။ ငါ့လိုပဲ လမ်းသွားရင်း ဆေးပြင်းလိပ်သောက်ချင်သူတွေ ဘယ်လောက်များလိုက်မလဲ။ သူတို့တွေအတွက် ဆေးပြင်းလိပ်ဆိုင်ဖွင့်ရင် မကောင်းပေဘူးလား။ . . . . ဆိုပြီး ဆိုင်ဖွင့်လို့အဆင်ပြေမယ့် နေရာကို တစ်ခါထဲ ရှာပါတော့တယ်။ ကံကောင်းတယ်လို့ဆိုရမလား . . ရေကန်အသင့်၊ ကြာအသင့်။ ငှားမယ့်ဆိုင်နေရာကလည်း အသင့်ဖြစ်နေပါတယ်။




ဒီလိုနဲ့ သူ အိမ်ကို အမောတကောနဲ့ပြေးလာတယ်။ သူ့မိန်းမကို စိတ်အားထက်သန်စွာနဲ့ သူလမ်းမှာကြုံတွေ့ခဲ့ရတာတွေ၊ သူအလုပ်ပြုတ်ခဲ့တာတွေ၊ နောက်လုပ်မယ့် အစီအစဉ်တွေကို တန်းဆီပြီး ပြောတော့တာပါပဲ။




နောက်ရက်တွေမှာ ဆိုင်ဖွင့်ဖို့ပြင်ဆင်ပြီး ဆေးပြင်းလိပ်အရောင်းဆိုင်တစ်ခု စတင်ဖွင့်လှစ်ခဲ့တယ်။ ရောင်းအားက ထင်မထားလောက်အောင် ကောင်းနေတော့တာပါပဲ။ ဒီလိုနဲ့ တစ်ခြားတစ်နေရာကိုသွား ဆေးပြင်းလိပ်ဆိုင်မရှိတဲ့နေရာတွေမှာ ဆိုင်အသစ်တွေထပ်ဖွင့်၊ ဝန်ထမ်းတွေငှားနဲ့ လုပ်ငန်းက အရမ်းကို အောင်မြင်သွားခဲ့တယ်။




သူ ရလာသမျှ အကျိုးအမြတ်တွေကို ဘဏ်မှာတစ်ဖြေးဖြေးချင်းအပ်ထားခဲ့တာပေါ့။ တစ်နေ့ သူဘဏ်မှာငွေအပ်ဖို့လာတဲ့အခါမှာတော့ ဘဏ်စာရေးလေးက ဘဏ်မန်နေဂျာကတွေ့ချင်တဲ့အကြောင်း အကြောင်းကြားခဲ့တယ်။ ဘဏ်မန်နေဂျာနဲ့တွေ့ဖြစ်ခဲ့တယ်။




"ခင်ဗျားစုထားတဲ့ငွေပမာဏ တော်တော်များနေပြီဆိုတာသိပါသလား၊ ဒီလို ဘဏ်မှာငွေစုတာကို ဝမ်းသာအားရမိပေမယ့် တစ်ခြားနေရာတစ်ခုမှာ ရင်းနှီးမြှုပ်နှံမယ်ဆို ဒီ့ထက် အကျိုးအမြတ် ပိုမိုရရှိမှာပါ။ အဲ့ဒီ့လုပ်ငန်းကလည်း ခိုင်မာတယ်ဆိုတာကို ကျွန်တော်အာမခံပါတယ်။ သူဌေးကြီးအနေနဲ့ စိတ်ပါဝင်စားပါသလား" ဆိုပြီး မန်နေဂျာက မေးခဲ့တယ်။




ကပ္ပိယကြီးက "ကျွန်တော်နားမလည်ပါဘူး။ ခင်ဗျားအဆင်ပြေမယ်ဆိုရင် ကူညီပေးပါ။ ကျွန်တော် ရင်းနှီးမြှုပ်နှံပါ့မယ်"လို့ ဆိုသတဲ့။




ဒီလိုနဲ့ မန်နေဂျာက "ဒီလိုဆိုရင် ဒီသဘောတူစာချုပ်လေးကို ဖတ်ကြည့်ပေးပါ။ ပြီးရင် လက်မှတ်ထိုးပေးပါခင်ဗျာ" ဆိုပြီး ပြောတဲ့အခါမှာတော့ ကပ္ပိယကြီးက


"မန်နေဂျာကြီးခင်ဗျာ၊ ကျွန်တော်စာမဖတ်တတ်ပါဘူး။ ကျွန်တော့်ကို ကူညီပြီး ဖတ်ပြပေးပါ" လို့ တောင်းဆိုလိုက်ပါတယ်။


မန်နေဂျာကြီးက အရမ်းအံ့သြသွားခဲ့တယ်။ "ခင်ဗျား စာမဖတ်ဘဲနဲ့တောင် ဒီလောက်အထိ ကြွယ်ဝချမ်းသာလာအောင် စွမ်းဆောင်နိုင်တယ်နော်။ ခင်ဗျားသာစာဖတ်တတ်ရင်တော့ ပြောဖွယ်မရှိတော့ဘူး။ ခင်ဗျားသာ စာဖတ်တတ်ရင် ခုချိန်ဘာဖြစ်နေပြီလည်း" ဆိုပြီး အံ့အားတကြီး ဆိုလေသတဲ့။




ကပ္ပိယကြီးက ပြုံးပြုံးကြီးနဲ့ အားပါးတရဖြေလိုက်တာကတော့ "မန်နေဂျာကြီးခင်ဗျား။ ဒီအချိန်မှာ ကျွန်တော်စာတတ်နေခဲ့မယ်ဆိုရင် သေချာတာကတော့ ကျွန်တော် ဘုရားကျောင်းကပ္ပိယကြီးဖြစ်နေမှာပါ "တဲ့။




. . . .. .
ကဲ ဒီနေ့ခေတ်ကို ထင်ပေါ်စေတဲ့ "ရုံးစာရေး" ဆိုတဲ့ ဝတ္ထုလေးကို အတူတူ ဖတ်ကြည့်ရအောင်။


ရုံးစာရေး


အလုပ်လက်မဲ့ ချာတိတ် တစ်ယောက်ဟာ ကုမ္ပဏီကြီး တစ်ခုမှာ "ရုံးစာရေး" အလုပ်လာ လျှောက် တယ်။ အင်တာဗျူး ဖြေပြီးတော့ လူတွေ့စစ်တဲ့သူက ချာတိတ်ကို ပြောတယ်။




"ဟုတ်ပြီလေ။ ငါတို့ အကြောင်းပြန်ပေးပါ့မယ်။ ဒါနဲ့ အီးမေးလ် လိပ်စာပြောသွားပါဦး။ အကြောင်းပြန် ရအောင်လို့။"




ဒီအခါမှာ ကောင်လေးက သူ့မှာ ကွန်ပျူတာလဲမရှိသလို အီးမေးလ် လိပ်စာလဲ မရှိကြောင်း ပြောလိုက် တယ်။ ဒီတော့ လူတွေ့စစ်ဆေးသူက -


"ဒါဆိုရင်တော့ ဝမ်းနည်းပါတယ်ကွာ။ အီးမေးလ် လိပ်စာလေး တစ်ခုတောင် မရှိတဲ့လူဆိုတာ ဒီကနေ့ ခေတ်မှာ မရှိသလောက်ပဲကွ။ ဒါ့ကြောင့် ဒီလိုလူမျိုးကို တကယ်မရှိတဲ့လူတွေလို့ ပြောရမလားပဲ။ တကယ် မရှိတဲ့လူတွေနဲ့ ငါတို့ ဘယ်လို အလုပ် လုပ်မလဲ။" လို့ဆိုပြီး ငြင်းလိုက်ပါတယ်။


ကောင်လေးဟာ စိတ်ဓာတ်အကြီးအကျယ် ကျသွားခဲ့တယ်။ သူဘာလုပ်လို့ လုပ်ရမှန်းလဲ မသိ။ လက် ထဲမှာလဲ ၁၀ ဒေါ်လာပဲ ရှိတော့တယ်။




ဒါနဲ့ သိပ်မကြာခင်မှာ သူ အကြံတစ်ခုရသွားပြီး စူပါမားကတ် တစ်ခုထဲကိုဝင်... အာလူး ဒေါ်လာ ၁၀ ဖိုး ဝယ်ပြီးတော့ အနီးအနားက အိမ်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်း အာလူးလိုက် ရောင်းတယ်။ ဒီလို နဲ့ ၂ နာရီလောက် ရောင်းလိုက်တာမှာ အမြတ် နှစ်ဆ လောက်ရလိုက်ပြီး အာလူးတွေလဲ အကုန် ကုန်သွားတယ်။ဒီလိုမျိုး ၃ ခါလောက် လိုက်ရောင်းလိုက်တဲ့အခါ ကောင်လေး အိမ်ပြန်ချိန်မှာ ဒေါ်လာ ၆၀ အမြတ် အဖြစ် စုမိလာတယ်။


နောက်တစ်နေ့ကျတော့ ကောင်လေးဟာ ပထမနေ့ထက် ပိုစောစောထလို့ သူ စူပါမားကတ်ကို သွားတယ်။ အဲဒီနေ့မှာတော့ ကြက်ဥပြောင်းဝယ်ပြီး မနေ့က အိမ်တွေကိုပဲ ထပ်သွားရောင်းခဲ့တယ်။ မနေ့ကထဲက ဒီလိုမျိုး အာလူးကို အိမ်အထိ လာရောင်းတာကို မကြုံဘူးတော့ အိမ်ရှင်တွေက ကောင်လေးကို တန်း မျက်မှန်းတန်း သတိပြုမိတာပေါ့။ ဒါ့အပြင် ကောင်လေးရဲ့ အပြောအဆို မှန်ကန်မှု၊ အမှန်တကယ် ကြိုးစားအားထုတ်မှုတို့ကို အသိအမှတိပြုတဲ့ အနေနဲ့ ကြက်ဥတွေကို ထပ်ဝယ်တဲ့ အပြင် နောက်နေ့ တွေ အတွက်ပါ ဘာလေးတွေ ဝယ်ပေးပါ ဆိုတာမျိုး အော်ဒါတွေ တက်လာတယ်။




ဒီလိုနဲ့ သိပ်မကြာခင် ကောင်လေးဟာ စက်ဘီးလေးတစ်စီး ပိုင်လာတယ်။ နောက် လအနည်းငယ် အကြာမှာတော့ လက်တွန်းလှည်းလေးပါ ဝယ်လာနိုင်တယ်။ တစ်နှစ်ကျော်ကျော် နှစ်နှစ်လောက် အကြာမှာသူဟာ ကိုယ်ပိုင် ကုန်တင် ကားလေးနဲ့ ဝယ်သူတွေဆီကို အိမ်တိုင်ရာရောက် လိုက်ပို့တဲ့ အရောင်းသမားလေး ဖြစ်လာခဲ့တယ်။




၅ နှစ်ကျော် ၆ နှစ်လောက် အကြာမှာတော့ သူဟာ ကိုယ်ပိုင် စူပါမားကတ်တွေ ဖွင့်နိုင်တဲ့ အထိ ကို ကြီးပွား ချမ်းသာတဲ့ သူဌေးကြီး တစ်ယောက် ဖြစ်လို့နေပါပြီ။ တပည့်တပန်းတွေနဲ့ တူတူ သူကိုယ်တိုင် အလုပ်ကြိုးစားတဲ့ သူဌေးကြီးဟာ နာမည်အရမ်းကြီးတော့ အင်တာဗျူး သမားတစ်ယောက်ဟာ သူဌေးကြီး နဲ့ တွေ့ဆုံမေးမြန်းခွင့် တောင်းတယ်။




ဒီတော့ တစ်ရက်မှာ တွေ့ခွင့်ရလို့ မေးစရာရှိတာမေး ဓာတ်ပုံတွေဘာတွေရိုက်ပြီးတော့ သူဌေးကြီးကို ပြောတယ်။"သူဌေးမင်းခင်ဗျား.. သတင်းနောက်အပတ်ထဲပါလာခဲ့ရင် အီးမေးလ်ပို့ပေးလိုက်ရအောင် လိပ်စာကဒ်လေး တဆိတ်လောက် ပေးပါဦး။"


ဒီတော့ သူဌေးကြီးက ရယ်ရယ်မောမောနဲ့ပဲ သူ့မှာ အီးမေးလ်လိပ်စာမရှိကြောင်း၊ ကွန်ပျူတာတောင် ဒီရက်ပိုင်းမှ သုံးဖို့ စသင်နေပြီ ဖြစ်ကြောင်း ပြောလိုက်တယ်။ အံ့အားသင့်နေတဲ့ပုံနဲ့ အင်တာဗျူးသမားက -


"သူဌေးမင်း... ကွန်ပျူတာတွေ အီးမေးလ်တွေ မရှိပဲနဲ့တောင် ခုလောက်ထိ ဖြစ်လာတယ်။ တကယ် လို့များ ကွန်ပျူတာတွေ အီးမေးလ်တွေ များရှိခဲ့ရင် သူဌေးမင်း ခုအချိန် ဘာဖြစ်နေမယ် ထင်သလဲ"


ဒီအခါ သူဌေးကြီးက ရယ်မောရင်းနဲ့ပဲ ချက်ချင်း ဖြေလိုက်တယ်။ "ရုံးစာရေးပေါ့ဗျာ... ဟား ဟား။"





သင်ခန်းစာ - နည်းပညာဟာ လူတစ်ယောက်ရဲ့ ဘဝကို မဆုံးဖြတ်နိုင်ပါဘူး။ လက်တွေ့ကျတဲ့ အလုပ်လုပ်ခြင်း ကပဲ လူတစ်ယောက် အောင်မြင်ရေး ကျရှုံးရေးကို အဆုံးအဖြတ်ပေးပါတယ် ခင်ဗျာ။




Credit : ရုံးစာရေး - Original Uploader



ဘုရားကျောင်းကပ္ပိယကြီး Vs ရုံးစာရေး


ခု ရေးထားဖော်ပြထားတဲ့ ဝတ္ထုတိုလေး(၂)ပုဒ်မှာ ဘုရားကျောင်းကပ္ပိယကြီးဆိုတာကတော့ အရင်ခေတ်ကို အခြေခံပြီး ရေးသားထားတာဖြစ်ပြီး ရုံးစာရေးဆိုတဲ့ ဝတ္ထုလေးကတော့ ဒီနေ့ခေတ် လူငယ်တွေ ပိုမိုသဘောပေါက်အောင်၊ ခေတ်ကာလနဲ့လိုက်လျောညီထွေအောင် ဘာသာပြန်ပြီး ရေးသားထားတာကို လေ့လာတွေ့ရရှိရပါတယ်။


စာဖတ်တဲ့သူတွေကို ရသ(၂)မျိုးလုံးရအောင် အရင်က ဝတ္ထုလေးနဲ့ ဒီနေ့ခေတ်ကို ထင်ဟပ်စေတဲ့ ဝတ္ထုလေးနှစ်ပုဒ်ကို ယှဉ်တွဲ ဖော်ပြပေးလိုက်ပါတယ်။ ဝတ္ထု(၂)ပုဒ်၊ ရသ(၂)မျိုးပေါ့။




ကဲ စလိုက်ရအောင်။
ကိုယ်အရင်ကဖတ်ဖူးတဲ့ဝတ္ထုနာမည်က "ဘုရားကျောင်း ကပ္ပိယကြီး"တဲ့။




ဟိုးအရင် ဒေသတစ်ခုရဲ့ နာမည်အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်းကြီးတစ်ခုမှာ ဘုရားကျောင်းရဲ့ ဝေယျာဝစ္စတွေကို ကူညီလုပ်ကိုင်ပေးတဲ့ ဘုရားကျောင်း ကပ္ပိယကြီး တစ်ယောက်ရှိလေသတဲ့။ ဒီကပ္ပိယကြီးက ဇနီးသည်နဲ့အတူနေထိုင်ပြီး မိုးလင်းကနေမိုးချုပ်အထိ ဘုရားကျောင်းရဲ့ဝေယျာဝစ္စတွေကို ပျော်ပျော်ရွှင်ရွှင်၊ စိတ်အေးချမ်းသာစွာနဲ့ တာဝန်ထမ်းဆောင်လာတာ ကာလတော်တော်ကြာသွားခဲ့တယ်။




ဒီကပ္ပိယကြီးရဲ့က သူ့ကို တာဝန်ပေးထားတဲ့ ဘုရားကျောင်းနဲ့ပတ်သက်တဲ့ဘယ်လိုကိစ္စမဆို မငြီးမငြူ၊ အပြုံးမပျက်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ တာဝန်ထမ်းဆောင်လေ့ရှိတယ်။ သူ့ရဲ့အားနည်းချက်တစ်ခုကတော့ သူက စာမတတ်ရှာဘူး။ ဒါကို ဘုရားကျောင်းရဲ့ အကြီးအကဲက သိပေမယ့် သူ့ရဲ့တာဝန်သိစိတ်၊ အလုပ်ကိုမငြီးငြူတဲ့စိတ်၊ အေးအေးချမ်းချမ်းနေတတ်တဲ့သူရဲ့အမူအကျင့်တွေကို သဘောကျလို့ ပြသနာတစ်စုံတစ်ရာမရှိဘဲ ကာလအတော်ကြာ လက်ခံထားတာပေါ့။




ဒီလိုနဲ့ တစ်နေ့မှာတော့ ဘုရားကျောင်းရဲ့အကြီးအကဲ (ဖာသာ) အပြောင်းအလဲရှိလာခဲ့တယ်ပေါ့လေ။ နောက်အသစ်ရောက်လာတဲ့ အကြီးအကဲက အသက်ငယ်တယ်။ ထက်မြတ်တယ်။ စိတ်အားထက်သန်တယ်။ သူက ဒီမြို့ရဲ့နာမည်အကြီးဆုံးကျောင်းမှာ အကောင်းဆုံးဆိုတာတွေပဲ စုနေစေချင်တဲ့ စိတ်က တစ်အားကို ထက်သန်နေခဲ့တယ်။ ဒီလိုနဲ့ သူက ဘုရားကျောင်းနဲ့ပတ်သက်တဲ့ ကိစ္စတွေကို စိစစ်တဲ့အခါမှာ ဒီကပ္ပိယကြီးက စာမတတ်ဘူးဆိုတာကို သိသွားခဲ့တယ်ပေါ့။




အကြီးအကဲက အရမ်းကို အံ့အားသင့်ပြီး စိတ်ပျက်သွားခဲ့တယ်။ ဒီလိုဘုရားကျောင်းမှာ ဒီလိုလူမျိုးရှိသင့်သလားပေါ့။ ဒါနဲ့ သူက ကပ္ပိယကြီးကို ခေါ်တွေ့တယ်။ အကြီးအကဲက "ခင်ဗျား ဒီဘုရားကျောင်းကြီးမှာ ကာလအကြာကြီး အလုပ်လုပ်ခဲ့တယ်၊ အလုပ်တွေကို တာဝန်ကျေခဲ့တာတွေကို ကျေးဇူးအထူးတင်ပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့အားနည်းချက်တစ်ရပ်အနေနဲ့ ခင်ဗျားက စာမတတ်ဘူးဆိုတာကို တွေ့ခဲ့ရတယ်။ ဒီအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော် အခွင့်အရေးတစ်ခု ပေးချင်ပါတယ်။ ဒီဘုရားကျောင်းမှာ ခင်ဗျားဆက်ပြီး အလုပ်လုပ်ဖို့ဆိုရင် ခင်ဗျားစာသင်ပါ။ ဒါဆိုရင်တော့ ခင်ဗျားဒီမှာ အလုပ်ဆက်လုပ်လို့ရမယ်"တဲ့လေ။




ကပ္ပိယကြီးက "ဖာသာရယ်။ ဒီအသက်အရွယ်ကြီးရောက်မှ ကျွန်တော်စာသင်လို့ ဘယ်လိုဖြစ်တော့မှာလဲ။ ကျွန်တော်မှတ်ဉာဏ်တွေကလည်း စာတွေလေ့လာဖို့လောက်အထိ မကောင်းတော့ဘူးလေ။ မဖြစ်နိုင်ဘူးထင်ပါတယ်။" လို့ ပြန်ပြောခဲ့တယ်။




အကြီးအကဲကလည်း "ခင်ဗျား စာမသင်ဘူး။ စာမတတ်ဘူးဆိုရင် ဒီမှာအလုပ်ဆက်လုပ်လို့မရပါဘူး။ စိတ်မကောင်းပေမယ့် ကျွန်တော်တို့တွေ လမ်းခွဲနှုတ်ဆက်ရမယ့်အချိန်ကိုရောက်ပါပြီ" ဆိုပြီး ကပ္ပိယကြီးကို အလုပ်ထုတ်လိုက်ပါသတဲ့။




ကပ္ပိယကြီးက စိတ်ညစ်ညစ်နဲ့ အိမ်ပြန်လာတာပေါ့။ သူအိမ်ရောက်ရင် မိန်းမဖြစ်သူကို ဘယ်လိုပြောရပါမလဲ။ နောက်ရက်တွေမှာ ဘယ်လိုတွေ ရှေ့ဆက်ရမလဲ . . . . ဆိုတဲ့ လဲချင်းများစွာနဲ့ ခေါင်းငိုက်စိုက်ကြပြီး အိမ်ကိုပြန်လာခဲ့တယ်။ အိမ်ပြန်လမ်းမှာ သူ . . . ဆေးပြင်းလိပ် သောက်ချင်စိတ် အရမ်းဖြစ်နေခဲ့တယ်။ ရှုပ်နေတဲ့စိတ်ကို ဆေးပြင်းလိပ်သောက်ရင်း အငွေ့တွေအနေနဲ့ မှုတ်ထုတ်ချင်လိုက်တာဆိုတဲ့ အတွေးက သူ့ကို စိုးမိုးနေခဲ့တယ်။ ဒါနဲ့ လမ်းထဲမှာ ဆေးပြင်းလိပ်သောက်ရအောင်ဆိုပြီး ဆိုင်ကို ရှာတာပေါ့။ ဒါပေမယ့် ကံဆိုးစွာနဲ့ အဲ့ဒီလမ်းထဲမှာ ဆေးပြင်းလိပ်ဆိုင် ရှိမနေပါဘူး။




အဲ့ဒီမှာ သူအကြံရသွားတယ်။ ဟာ . . . ဟန်ကျပြီ။ ငါ့လိုပဲ လမ်းသွားရင်း ဆေးပြင်းလိပ်သောက်ချင်သူတွေ ဘယ်လောက်များလိုက်မလဲ။ သူတို့တွေအတွက် ဆေးပြင်းလိပ်ဆိုင်ဖွင့်ရင် မကောင်းပေဘူးလား။ . . . . ဆိုပြီး ဆိုင်ဖွင့်လို့အဆင်ပြေမယ့် နေရာကို တစ်ခါထဲ ရှာပါတော့တယ်။ ကံကောင်းတယ်လို့ဆိုရမလား . . ရေကန်အသင့်၊ ကြာအသင့်။ ငှားမယ့်ဆိုင်နေရာကလည်း အသင့်ဖြစ်နေပါတယ်။




ဒီလိုနဲ့ သူ အိမ်ကို အမောတကောနဲ့ပြေးလာတယ်။ သူ့မိန်းမကို စိတ်အားထက်သန်စွာနဲ့ သူလမ်းမှာကြုံတွေ့ခဲ့ရတာတွေ၊ သူအလုပ်ပြုတ်ခဲ့တာတွေ၊ နောက်လုပ်မယ့် အစီအစဉ်တွေကို တန်းဆီပြီး ပြောတော့တာပါပဲ။




နောက်ရက်တွေမှာ ဆိုင်ဖွင့်ဖို့ပြင်ဆင်ပြီး ဆေးပြင်းလိပ်အရောင်းဆိုင်တစ်ခု စတင်ဖွင့်လှစ်ခဲ့တယ်။ ရောင်းအားက ထင်မထားလောက်အောင် ကောင်းနေတော့တာပါပဲ။ ဒီလိုနဲ့ တစ်ခြားတစ်နေရာကိုသွား ဆေးပြင်းလိပ်ဆိုင်မရှိတဲ့နေရာတွေမှာ ဆိုင်အသစ်တွေထပ်ဖွင့်၊ ဝန်ထမ်းတွေငှားနဲ့ လုပ်ငန်းက အရမ်းကို အောင်မြင်သွားခဲ့တယ်။




သူ ရလာသမျှ အကျိုးအမြတ်တွေကို ဘဏ်မှာတစ်ဖြေးဖြေးချင်းအပ်ထားခဲ့တာပေါ့။ တစ်နေ့ သူဘဏ်မှာငွေအပ်ဖို့လာတဲ့အခါမှာတော့ ဘဏ်စာရေးလေးက ဘဏ်မန်နေဂျာကတွေ့ချင်တဲ့အကြောင်း အကြောင်းကြားခဲ့တယ်။ ဘဏ်မန်နေဂျာနဲ့တွေ့ဖြစ်ခဲ့တယ်။




"ခင်ဗျားစုထားတဲ့ငွေပမာဏ တော်တော်များနေပြီဆိုတာသိပါသလား၊ ဒီလို ဘဏ်မှာငွေစုတာကို ဝမ်းသာအားရမိပေမယ့် တစ်ခြားနေရာတစ်ခုမှာ ရင်းနှီးမြှုပ်နှံမယ်ဆို ဒီထက် အကျိုးအမြတ် ပိုမိုရရှိမှာပါ။ အဲ့ဒီလုပ်ငန်းကလည်း ခိုင်မာတယ်ဆိုတာကို ကျွန်တော်အာမခံပါတယ်။ သူဌေးကြီးအနေနဲ့ စိတ်ပါဝင်စားပါသလား" ဆိုပြီး မန်နေဂျာက မေးခဲ့တယ်။




ကပ္ပိယကြီးက "ကျွန်တော်နားမလည်ပါဘူး။ ခင်ဗျားအဆင်ပြေမယ်ဆိုရင် ကူညီပေးပါ။ ကျွန်တော် ရင်းနှီးမြှုပ်နှံပါ့မယ်"လို့ ဆိုသတဲ့။




ဒီလိုနဲ့ မန်နေဂျာက "ဒီလိုဆိုရင် ဒီသဘောတူစာချုပ်လေးကို ဖတ်ကြည့်ပေးပါ။ ပြီးရင် လက်မှတ်ထိုးပေးပါခင်ဗျာ" ဆိုပြီး ပြောတဲ့အခါမှာတော့ ကပ္ပိယကြီးက




"မန်နေဂျာကြီးခင်ဗျာ၊ ကျွန်တော်စာမဖတ်တတ်ပါဘူး။ ကျွန်တော့်ကို ကူညီပြီး ဖတ်ပြပေးပါ" လို့ တောင်းဆိုလိုက်ပါတယ်။




မန်နေဂျာကြီးက အရမ်းအံ့သြသွားခဲ့တယ်။ "ခင်ဗျား စာမဖတ်ဘဲနဲ့တောင် ဒီလောက်အထိ ကြွယ်ဝချမ်းသာလာအောင် စွမ်းဆောင်နိုင်တယ်နော်။ ခင်ဗျားသာစာဖတ်တတ်ရင်တော့ ပြောဖွယ်မရှိတော့ဘူး။ ခင်ဗျားသာ စာဖတ်တတ်ရင် ခုချိန်ဘာဖြစ်နေပြီလည်း" ဆိုပြီး အံ့အားတကြီး ဆိုလေသတဲ့။




ကပ္ပိယကြီးက ပြုံးပြုံးကြီးနဲ့ အားပါးတရဖြေလိုက်တာကတော့ "မန်နေဂျာကြီးခင်ဗျား။ ဒီအချိန်မှာ ကျွန်တော်စာတတ်နေခဲ့မယ်ဆိုရင် သေချာတာကတော့ ကျွန်တော် ဘုရားကျောင်းကပ္ပိယကြီးဖြစ်နေမှာပါ "တဲ့။




. . . .. .
ကဲ ဒီနေ့ခေတ်ကို ထင်ပေါ်စေတဲ့ "ရုံးစာရေး" ဆိုတဲ့ ဝတ္ထုလေးကို အတူတူ ဖတ်ကြည့်ရအောင်။
.


ရုံးစာရေး

အလုပ်လက်မဲ့ ချာတိတ် တစ်ယောက်ဟာ ကုမ္ပဏီကြီး တစ်ခုမှာ "ရုံးစာရေး" အလုပ်လာ လျှောက် တယ်။ အင်တာဗျူး ဖြေပြီးတော့ လူတွေ့စစ်တဲ့သူက ချာတိတ်ကို ပြောတယ်။




"ဟုတ်ပြီလေ။ ငါတို့ အကြောင်းပြန်ပေးပါ့မယ်။ ဒါနဲ့ အီးမေးလ် လိပ်စာပြောသွားပါဦး။ အကြောင်းပြန် ရအောင်လို့။"




ဒီအခါမှာ ကောင်လေးက သူ့မှာ ကွန်ပျူတာလဲမရှိသလို အီးမေးလ် လိပ်စာလဲ မရှိကြောင်း ပြောလိုက် တယ်။ ဒီတော့ လူတွေ့စစ်ဆေးသူက -



"ဒါဆိုရင်တော့ ဝမ်းနည်းပါတယ်ကွာ။ အီးမေးလ် လိပ်စာလေး တစ်ခုတောင် မရှိတဲ့လူဆိုတာ ဒီကနေ့ ခေတ်မှာ မရှိသလောက်ပဲကွ။ ဒါ့ကြောင့် ဒီလိုလူမျိုးကို တကယ်မရှိတဲ့လူတွေလို့ ပြောရမလားပဲ။ တကယ် မရှိတဲ့လူတွေနဲ့ ငါတို့ ဘယ်လို အလုပ် လုပ်မလဲ။" လို့ဆိုပြီး ငြင်းလိုက်ပါတယ်။




ကောင်လေးဟာ စိတ်ဓာတ်အကြီးအကျယ် ကျသွားခဲ့တယ်။ သူဘာလုပ်လို့ လုပ်ရမှန်းလဲ မသိ။ လက် ထဲမှာလဲ ၁၀ ဒေါ်လာပဲ ရှိတော့တယ်။




ဒါနဲ့ သိပ်မကြာခင်မှာ သူ အကြံတစ်ခုရသွားပြီး စူပါမားကတ် တစ်ခုထဲကိုဝင်... အာလူး ဒေါ်လာ ၁၀ ဖိုး ဝယ်ပြီးတော့ အနီးအနားက အိမ်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်း အာလူးလိုက် ရောင်းတယ်။ ဒီလို နဲ့ ၂ နာရီလောက် ရောင်းလိုက်တာမှာ အမြတ် နှစ်ဆ လောက်ရလိုက်ပြီး အာလူးတွေလဲ အကုန် ကုန်သွားတယ်။ဒီလိုမျိုး ၃ ခါလောက် လိုက်ရောင်းလိုက်တဲ့အခါ ကောင်လေး အိမ်ပြန်ချိန်မှာ ဒေါ်လာ ၆၀ အမြတ် အဖြစ် စုမိလာတယ်။


နောက်တစ်နေ့ကျတော့ ကောင်လေးဟာ ပထမနေ့ထက် ပိုစောစောထလို့ သူ စူပါမားကတ်ကို သွားတယ်။ အဲဒီနေ့မှာတော့ ကြက်ဥပြောင်းဝယ်ပြီး မနေ့က အိမ်တွေကိုပဲ ထပ်သွားရောင်းခဲ့တယ်။ မနေ့ကထဲက ဒီလိုမျိုး အာလူးကို အိမ်အထိ လာရောင်းတာကို မကြုံဘူးတော့ အိမ်ရှင်တွေက ကောင်လေးကို တန်း မျက်မှန်းတန်း သတိပြုမိတာပေါ့။ ဒါ့အပြင် ကောင်လေးရဲ့ အပြောအဆို မှန်ကန်မှု၊ အမှန်တကယ် ကြိုးစားအားထုတ်မှုတို့ကို အသိအမှတိပြုတဲ့ အနေနဲ့ ကြက်ဥတွေကို ထပ်ဝယ်တဲ့ အပြင် နောက်နေ့ တွေ အတွက်ပါ ဘာလေးတွေ ဝယ်ပေးပါ ဆိုတာမျိုး အော်ဒါတွေ တက်လာတယ်။




ဒီလိုနဲ့ သိပ်မကြာခင် ကောင်လေးဟာ စက်ဘီးလေးတစ်စီး ပိုင်လာတယ်။ နောက် လအနည်းငယ် အကြာမှာတော့ လက်တွန်းလှည်းလေးပါ ဝယ်လာနိုင်တယ်။ တစ်နှစ်ကျော်ကျော် နှစ်နှစ်လောက် အကြာမှာသူဟာ ကိုယ်ပိုင် ကုန်တင် ကားလေးနဲ့ ဝယ်သူတွေဆီကို အိမ်တိုင်ရာရောက် လိုက်ပို့တဲ့ အရောင်းသမားလေး ဖြစ်လာခဲ့တယ်။




၅ နှစ်ကျော် ၆ နှစ်လောက် အကြာမှာတော့ သူဟာ ကိုယ်ပိုင် စူပါမားကတ်တွေ ဖွင့်နိုင်တဲ့ အထိ ကို ကြီးပွား ချမ်းသာတဲ့ သူဌေးကြီး တစ်ယောက် ဖြစ်လို့နေပါပြီ။ တပည့်တပန်းတွေနဲ့ တူတူ သူကိုယ်တိုင် အလုပ်ကြိုးစားတဲ့ သူဌေးကြီးဟာ နာမည်အရမ်းကြီးတော့ အင်တာဗျူး သမားတစ်ယောက်ဟာ သူဌေးကြီး နဲ့ တွေ့ဆုံမေးမြန်းခွင့် တောင်းတယ်။




ဒီတော့ တစ်ရက်မှာ တွေ့ခွင့်ရလို့ မေးစရာရှိတာမေး ဓာတ်ပုံတွေဘာတွေရိုက်ပြီးတော့ သူဌေးကြီးကို ပြောတယ်။


"သူဌေးမင်းခင်ဗျား.. သတင်းနောက်အပတ်ထဲပါလာခဲ့ရင် အီးမေးလ်ပို့ပေးလိုက်ရအောင် လိပ်စာကဒ်လေး တဆိတ်လောက် ပေးပါဦး။"


ဒီတော့ သူဌေးကြီးက ရယ်ရယ်မောမောနဲ့ပဲ သူ့မှာ အီးမေးလ်လိပ်စာမရှိကြောင်း၊ ကွန်ပျူတာတောင် ဒီရက်ပိုင်းမှ သုံးဖို့ စသင်နေပြီ ဖြစ်ကြောင်း ပြောလိုက်တယ်။ အံ့အားသင့်နေတဲ့ပုံနဲ့ အင်တာဗျူးသမားက -




"သူဌေးမင်း... ကွန်ပျူတာတွေ အီးမေးလ်တွေ မရှိပဲနဲ့တောင် ခုလောက်ထိ ဖြစ်လာတယ်။ တကယ် လို့များ ကွန်ပျူတာတွေ အီးမေးလ်တွေ များရှိခဲ့ရင် သူဌေးမင်း ခုအချိန် ဘာဖြစ်နေမယ် ထင်သလဲ"




ဒီအခါ သူဌေးကြီးက ရယ်မောရင်းနဲ့ပဲ ချက်ချင်း ဖြေလိုက်တယ်။ "ရုံးစာရေးပေါ့ဗျာ... ဟား ဟား။"





သင်ခန်းစာ - နည်းပညာဟာ လူတစ်ယောက်ရဲ့ ဘဝကို မဆုံးဖြတ်နိုင်ပါဘူး။ လက်တွေ့ကျတဲ့ အလုပ်လုပ်ခြင်း ကပဲ လူတစ်ယောက် အောင်မြင်ရေး ကျရှုံးရေးကို အဆုံးအဖြတ်ပေးပါတယ် ခင်ဗျာ။



Credit : ရုံးစာရေး - Original Uploader


#ရုံးစာရေး
#ကပ္ပိယ
#သူဌေး
#ဘုရားကျောင်း
#ဆေးပြင်းလိပ်

Some text some message..