ကြောင်စမွေးမယ်ဆိုရင် ဘယ်အချက်တွေသိထားဖို့လိုသလဲ
mystylemyanmar.com
|
2021-07-22

ကြောင်လေးတွေက ချစ်စရာလည်းကောင်းသလို သူတို့နဲ့ကစားပေးရတာကလည်းစိတ်ကို Relaxဖြစ်စေတဲ့သတ္တဝါလေးတွေဖြစ်ပါတယ်။ ကိုယ်ကကြောင်လေးတွေက အခုမှစမွေးတဲ့သူဆိုရင်တော့ ဒီအချက်လေးတွေကို သိထားဖို့လိုပါတယ်။ ကြောင်လေးတွေက အကျင့်လုပ်ရတာလွယ်ကူပြီးသခင်အပေါ်တွယ်တာသွားပြီဆိုရင်လည်း သခင်ကိုအရိပ်တကြည့်ကြည့် ကြည့်နေတတ်ကြပါတယ်နော်။ ကဲ့ဒီလိုဆိုရင် ကြောင်လေးတွေကိုဘယ်လိုအချက်မျိုးတွေနဲ့ ဂရုစိုက်ပေးရမလဲ။


ကုတ်ခြစ်စရာနေရာလုပ်ပေးပါ



ကြောင်တို့ရဲ့သဘာဝက ကုတ်ခြစ်ရတာကိုသဘာကျတတ်ကြပါတယ်။တကယ်လို့ သူဆီမှာလက်သည်းတွေရှည်နေမယ်ဆိုရင် အိမ်မှာရှိတဲ့ပရိဘောကတွေ၊ သစ်သားဘီရိုတွေ စသည်ဖြင့်မှာတာအရာတွေကိုကုတ်ခြစ်ထားပါလိမ့်မယ်။  ကြောင်လေးက ကျန်းမာတယ်၊ သန်စွမ်းတယ်ဆိုရင် သဘောလည်းသက်ရောက်သလို သူတို့ရဲ့အလေ့အကျင့်တစ်ခုလည်းဖြစ်ပါတယ်။


သက်တောင့်သက်သာရှိသောအိပ်ရာခင်းလုပ်ပေးပါ



တစ်ချို့ကြောင်တွေကို သခင်တွေကအိပ်ရာခင်းလုပ်မပေးတတ်ကြပါဘူး။ တကယ်တော့ ကြောင်လေးတွကအသက်ကငယ်ရွယ်နေစဉ်မှာ သူတို့အတွက်အိပ်ရာခင်းကလိုအပ်ပါတယ်။အရမ်းကြီး နေရာယူတာမျိုးမဟုတ်ဘဲနဲ့  သက်တောက်သက်သာဖြစ်စေဖို့သာအရေးကြီးပါတယ်။


ကာကွယ်ဆေးထိုးပါ



အိမ်မွေးတိရစ္ဆာန်တိုင်းက ကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်။တိရစ္ဆာန်ဆရာဝန်တွေနဲ့တိုင်ပင်ပြီး သူတို့လေးတွေရဲ့ကျန်းမာရေးအတွက်လည်းကောင်းသလို မွေးထားတဲ့သခင်အတွက်လည်း ကုတ်မိခြစ်မိတာမျိုးဆို  အန္တာရယ်ဖြစ်စေနိုင်မှာမဟုတ်ပါဘူးနော်။

Photo Source -Free.pic


#အိပ်ရာခင်း
#သခင်
#ဘီရို
#အိမ်မွေးတိရစ္ဆာန်
#လက်သည်း

Some text some message..