ခွေးလေးတွေရဲ့ ခန္ဓာကိုယ်ဘာသာစကားတွေက ဘာတွေဆိုလိုပါသလဲ?
lifestylemyanmar.com
|
2021-09-03

ခွေးလေးတွေဟာ မကြာခဏဆိုသလို သူတို့ရဲ့ သခင်တွေကို သူတို့ခန္ဓာကိုယ်ဘာသာစကားအမူအရာတွေနဲ့ ဆက်သွယ်စကားပြောလေ့ရှိကြပါတယ်။ ဒီလိုခန္ဓာကိုယ်ဘာသာစကားတွေရဲ့ နောက်ကွယ်မှာ အဓိပ္ပာယ်များစွာရှိပါတယ်။ သူတို့လေးတွေ ကြောက်ရွံ့မှုတွေကို ခံစားနေရချိန်မှာ ယုံကြည်စိတ်ချရမှုကိုလိုချင်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့မှာ ခွေးလေးတွေရဲ့ ခန္ဓာကိုယ်ဘာသာစကားတွေကို အဓိပ္ပာယ်ဖော်နိုင်ဖို့ အချက်အလက်တစ်ချို့ကို ဖော်ပြချင်ပါတယ်။

၁။ ချစ်မြတ်နိုးခြင်းနှင့် ပျော်ရွှင်ခြင်း


ခွေးလေးတွေဟာ သူတို့ရဲ့ ချစ်ခင်မှုကို ဖော်ပြတဲ့နည်းလမ်းတွေထဲတစ်ခုက သူတို့ရဲ့ လက်ဖဝါးတွေကို ကျွန်မတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုအပေါ်ကို တင်တတ်တာပါပဲ။ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ ခန္ဓာကိုယ်ဘာသာစကားတစ်ခုပါ။

အမြီးလှုပ်ပြီး နားတွေက ငြိမ်ကုပ်နေပေမယ့် မြေပြင်မှာ ပက်လက်လှန်ပြီး မြူးထူးနေမယ်ဆိုရင် ပျော်ရွှင်မှုရဲ့ ဖော်ပြချက်တစ်ခုဖြစ်ပါတယ်။ ခွေးတွေမှာ စွမ်းအင်တွေအများကြီးရှိတယ်ဆိုတဲ့ အမူအယာတွေကို ပြသချင်တာကြောင့် စက်ဝိုင်းလည်တာပဲဖြစ်ဖြစ်၊ ရပ်မနေဘဲ နောက်ခြေထောာက်တွေကို ခုန်ပြတာပဲဖြစ်ဖြစ် အလွန်အကျွံစိတ်လှုပ်ရှားမှုကို ပျော်ရွှင်နေခြင်းနှင့် ရောထွေးပြီး စိတ်ရှုတ်ထွေးနေတာလည်း ဖြစ်နိုင်ပါတယ်။

၂။ တစ်ခုခုပြောပြချင်ခြင်း


ခွေးများအချင်းချင်းပေါင်းသင်းဆက်ဆံရာမှာ အသုံးအများဆုံးအပြုအမူများထဲမှ လှဲအိပ်ပြီး မျက်နှာကို တွန်းခြင်းနှင့် လွှမ်းမိုးခြင်းအပြုအမူတွေကို တွေ့ရပါလိမ့်မယ်။ ပုံမှန်အားဖြင့် နှိမ့်ချတတ်တဲ့စိတ်နေသဘောထားရှိသော ခွေးတစ်ကောင်က သူတို့နေရာကို လာစေချင်ကြောင်း တံခါးဖွင့်ထားကြောင်း သိစေချင်တဲ့အခါ သုံးလေ့ရှိကြပါတယ်။ သူတို့က သူတို့ရဲ့ ကျောကို လှန်ကာ ရှေ့ခြေကို မြှင့်ထားပါလိမ့်မယ်။

၃။ ကစားဖို့ ဖိတ်ခေါ်ခြင်း


ခွေးတွေဟာ တစ်ခြားခွေးတွေကို သူတို့နဲ့အတူ ကစားဖို့ ဖိတ်ခေါ်ရန် မတူကွဲပြားသော နည်းလမ်းမျိုးစုံရှိပြီး ၎င်းတို့အားလုံးမှာ ခန္ဓာကိုယ်ဘာသာစကားမရှိမဖြစ်လိုအပ်ပါတယ်။ ၎င်းတို့ထဲက တစ်ခုက အရေးအကြီးဆုံးကိုယ်ခန္ဓာကိုယ်ဘာသာစကားမှာ

ခွေးတွေကစားတဲ့အခါ ဟောင်တာ၊ ပြေးလွှားတာ၊ မနာကျင်အောင် ကိုက်ဆွဲတာတွေကလည်း ကစားချင်နေတဲ့ အမူအယာတွေဖြစ်ပါတယ်။ တစ်ခါတရံ ဒီအပြုအမူတွေကို လူသားတွေက ရန်လိုနေတယ်လို့ အဓိပ္ပာယ်ကောက်လွဲနိုင်ပါတယ်။ ကစားပုံကြမ်းတမ်းလာတာနဲ့အမျှ သူတို့ရဲ့ ကိုယ်ဟန်အနေအထားပြောင်းလဲသွားတာကို သတိထားမိပါလိမ့်မယ်။ များသောအားဖြင့် ပိုမိုတောင့်တင်းလာပြီး ခုန်ပေါက်ခြင်းနှင့် စက်ဝိုင်းပုံစံမပျက်ဘဲ လျင်မြန်စွာရွေ့လျားပါလိမ့်မယ်။

၄။ ကြောက်ရွံ့ခြင်းနှင့် မလုံခြုံခြင်း


ရုပ်ပိုင်းဆိုင်ရာဆက်သွယ်မှုဟာ ကျန်းမာသောဆက်ဆံရေးကို ထိန်းသိမ်းဖို့နှင့် ဘယ်လိုကိစ္စတွေအတွက်မဆို ဆက်သွယ်ဖို့အတွက် ခွေးတွေအတွက် အရေးကြီးဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ခွေးတွေရဲ့ ပထမခြေထောက်ကို ကျွန်မတို့အပေါ်လာတင်ခြင်းက မလုံခြုံမှု (သို့) ကြောက်ရွံ့မှုကို ပြသနေတာလည်းဖြစ်နိုင်ပါတယ်။ ဒီလိုဆုံးဖြတ်ဖို့အတွက် သူတို့ရဲ့ ခန္ဓာကိုယ်ဘာသာစကားကို သတိထားနိုင်ဖို့ အရေးကြီးပါတယ်။ နားရွက်တွေကုပ်ထားခြင်းနှင့် အီနေခြင်းက တစ်ခြားစိုးရိမ်သော လက္ခဏာတွေဖြစ်နိုင်ပါတယ်။

၅။ အာရုံစိုက်မှုခံချင်ခြင်း


ကျွန်မတို့ရဲ့ အမွေးအမျှင်ပေါများလွန်းသော သူငယ်ချင်းတွေဟာ ကျွန်မတို့ရဲ့ အလုပ်ခွင်မှာ အလွန်ပျော်ရွှင်ကြပါတယ်။ ၎င်းက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ကျွန်မတို့တွေက အလုပ်များပြီး သူတို့ကို ဂရုမစိုက်နိုင်ခင်မှာပဲ သူတို့ကတော့ အာရုံစိုက်ခံချင်ကြပါတယ်။ ကစားစရာများကို ဖွခြင်း၊ ပရိဘောဂများအပေါ်တက်ခြင်းနှင့် ဟောင်ခြင်းစသည်တို့ကို ပြုလုပ်ပြီး ကျွန်မတို့ကို ခေါ်တတ်ကြပါတယ်။ သူတို့အများဆုံးသုံးကြတာကတော့ လက်ယက်ခေါ်ခြင်းပါ။

၆။ ဆာလောင်ခြင်း


အစာစားချိန်ရောက်တာနဲ့ ခွေးတွေက အစာတောင်းတတ်ပါတယ်။ ကျွန်မတို့ခြေထောက်တွေကို ထိပြီး အစာတောင်းတတ်သလို အမြီးနှံ့ပြီးလည်း ဆာလောင်နေကြောင်း ပြကြပါတယ်။ နည်းမျိုးစုံနဲ့ သူတို့ဗိုက်ဆာနေကြောင်း အစာတောင်းပြီး သင့်နားမှာ တဝဲလည်လည်လုပ်ပြနေပါလိမ့်မယ်။

Lifestyle_Myanmar

Nyein_Thu

Ref-brightsidem


#ခွေး
#ဘာသာစကား

Some text some message..