စကားကြီး (၁၀)မျိုး
sayar.com.mm
|
2021-10-04
စကားကြီး (၁၀)မျိုး
ရှေးမြန်မာတို့က စကားပြောဆိုရာမှာ ထိရောက်ပိုင်နိုင်စွာဖြင့် နည်းလမ်းအမျိုးမျိုး ပြောဆိုလေ့ရှိကြပါတယ်။ ဒီလိုစကားပြောဆိုနည်းတွေကို ၁၀မျိုး ခွဲခြားထားပြီး ယင်းတို့ကို "စကားကြီးဆယ်မျိုး" ဆိုပြီး ခေါ်ဆိုကြပါတယ်။ ဒီစကားကြီး ဆယ်မျိုးကတော့ -
၁။ ရေကူးညာတင်ပြောနည်း
၂။ ကောက်ပင်ရိတ်လှီးပြောနည်း
၃။ ရေစီးဖောင်ဆန်ပြောနည်း
၄။ အိုးတန်ဆန်ခတ်ပြောနည်း
၅။ ဆီပွတ်ကျည်ပွေ့ပြောနည်း
၆။ ဆင်ဝှေ့ရန်ရှောင်ပြောနည်း
၇။ တောင်သူယာခုတ်ပြောနည်း
၈။ ကြက်ဆုတ်ခွပ်ပစ်ပြောနည်း
၉။ ရေစစ်ကရား ရေသွားသောသွင်ပြောနည်း
၁၀။ ခက်တင်မောင်းနင်းပြောနည်း တို့ ဖြစ်ကြပါတယ်။
စကားပြောနည်း တစ်မျိုးချင်းဆီရဲ့အဓိပ္ပာယ်ကို ဆရာမင်းယုဝေက ဇာတ်လမ်းရေးသားပြီး ပန်းချီဦးစိန်နဲ့ ပန်းချီကိုကျောက်သိုက်တို့က သရုပ်ဖော်ပုံများနဲ့ ၁၉၉၅ခုနှစ်၊ အောက်တိုဘာလမှာ ပထမအကြိမ် ဖြန့်ဝေခဲ့ကြပါတယ်။
စကားကြီးဆယ်မျိုးအကြောင်းကို အတူတူ လေ့လာကြည့်ကြပါစို့။
https://bit.ly/3ovJBqa
#နည်းလမ်းများ
#အထွေထွေဗဟုသုတ
#ဘာသာစကား
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ