ဆရာ(၉) မျိုး
sayar.com.mm
|
2022-01-10

ဆရာ(၉) မျိုး

ဆရာဆိုတာ လူတိုင်းနဲ့မကင်းပါဘူး။ အကြမ်းဖျင်းအားဖြင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဆိုပြီး သိမှတ်ခဲ့ကြမယ်ထင်ပါတယ်။ ဒီဆရာတွေထဲမှာမှ သင်ဆရာကို (၇)မျိုး ထပ်မံခွဲခြားလို့ရပါသေးတယ်။

ဆရာနဲ့ပတ်သက်တဲ့ သိမှတ်ဖွယ်ရာလေးကို အတူတူ လေ့လာကြည့်ကြပါဆို့။

*သင်ဆရာ (၇) မျိုး

*မြင်ဆရာ

*ကွားဆရာ

*သင်ဆရာ(၇) မျိုးမှာ

၁။ ကမ္မန္တောဝါသိက ဆရာ

ကျောင်းလခမပေးနိုင်၍ ဆရာ့အိမ်၌နေကာဆရာရဲ့ ဝတ်ကြီးဝတ်ငယ်တို့ကိုပြုစုပေးပြီးအတတ်ပညာသင်ယူသူအား သင်ပြပေးသော ဆရာ

၂။ ဓနန္တောဝါသိက ဆရာ

အခကြေးငွေယူ၍ အတတ်ပညာသင်ယူသူ အား သင်ပေးသောဆရာ

၃။ ဒိန္နန္တော ဝါသိက ဆရာ

မိမိ၏သားသမီး အရင်းအချာလို ပြုစု၍ကျွေးမွေး ပြီး ပညာသင်ပေးသော ဆရာ

၄။ ဓမ်မာစရိယ ဆရာ

ဘုရားဟော တရားဓမ္မတို့ကို သင်ပြလေ့ကျင့်ပေးသော ဆရာ

၅။ ဥပဇ်ဈာစရိယ ဆရာ

မိမိအရင်းအနှီးများထား၍ ကုသိုလ် အကုသိုလ် တရားများကို သွန်သင်ပြသ လေ့ကျင့်ပေးသောဆရာ

၆။ သှဝါဒစရိယ ဆရာ

နည်းပေးလမ်းညွှန် သင်ကြားပေးသော ဆရာ

၇။ ဝိဇ်ဇာစရိယ ဆရာ

အတတ်ပညာကို လက်တွေ့သင်ကြား ပြသပေးသော ဆရာ

*မြင်ဆရာ

ဒဿနာစရိယ ဆရာ

မိမိပြုလုပ်သည်ကို မြင်ကာမျှဖြင့် တတ်မြောက်စေသော ဆရာ

*ကွားဆရာ

ဘာဝနာစရိယ ဆရာ

မိမိဆိုဆုံးမ နည်းကို ကြားကာမျှဖြင့် တတ်မြောက် စေသော ဆရာ

Credit : - အရှင်စန္ဒာသိရီ - ရေဦး


#ဘုရား
#သားသမီး
#လေ့လာ
#ကုသ

Some text some message..