သမုဒ္ဒရာကြီးများအကြောင်း (၃) - ပစိဖိတ်သမုဒ္ဒရာအကြောင်း
sayar.com.mm
|
2022-08-17

သမုဒ္ဒရာကြီးများအကြောင်း (၃) - ပစိဖိတ်သမုဒ္ဒရာအကြောင်း

ပစိဖိတ်သမုဒ္ဒရာသည်အရှေ့ဘက်တွင်အမေရိကတိုက်နှစ်တိုက်၊ အနောက်ဘက်တွင် အာရှနှင့် ဩစတြေးလျတိုက်တို့အကြား၌ ခပ်ဝိုင်းဝိုင်း သဏ္ဌာန်ရှိသည်။ စတုရန်းမိုင်ပေါင်း (၆၈၆၃၄ဝဝဝ) ကျယ်၍ ပျမ်းမျှခြင်းအားဖြင့် ပေ (၁၄ဝ၅ဝ) နက်သည်။ ဖိလစ်ပိုင်ကျွန်းစုတွင်ပါဝင်သော မင်ဒါနာအိုကျွန်းအလွန်တွင် အနက်ဆုံးဖြစ်၍ ထိုနေရာတွင်ပေ (၃၅၄၁ဝ)ခန့် နက်သည်။ အီကွေတာမျဉ်း၏ မြောက်ပိုင်းကို မြောက်ပစိဖိတ်သမုဒ္ဒရာဟုခေါ်၍ တောင်ပိုင်းကိုတောင် ပစိဖိတ်သမုဒ္ဒရာဟုခေါ်သည်။

ပစိဖိတ်သမုဒ္ဒရာသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး သမုဒ္ဒရာဖြစ်သည်။ ၎င်း၏အမည်မှာ လက်တင်ဘာသာ Mare Pacificum မှဆင်းသက်လာပြီး "ဆိတ်ငြိမ်သောပင်လယ်"ဟု အဓိပ္ပာယ်ရသည်။ ပစိဖိတ်သမုဒ္ဒရာသည် မြောက်ဖက် အာတိတ်စက်ဝိုင်းမှ တောင်ဖက်အန္တာတိကတိုက်အထိ ကျယ်ဝန်းသည်။ အနောက်ဖက်တွင် အာရှတိုက်နှင့် ဩစတြေးလျတိုက်၊ အရှေ့ဖက်တွင် အမေရိကတိုက်တို့ တည်ရှိသည်။

ပစိဖိတ်သမုဒ္ဒရာသည် စတုရန်း ကီလိုမီတာ ၁၆၉.၂ သန်း (စတုရန်းမိုင် ၆၅.၃ သန်း) ကျယ်ဝန်းပြီး ကမ္ဘာ့သမုဒ္ဒရာကြီးများအနက် အကြီးမားဆုံး ဖြစ်သည်။ ကမ္ဘာ့ရေမျက်နှာပြင်၏ ၄၆ % ရှိကာ ကမ္ဘာ့မျက်နှာပြင် တခုလုံး၏ ၃၂ % ရှိသည်။ ကမ္ဘာပေါ်ရှိ ကုန်းမြေအားလုံး စုစုပေါင်းထက် ပိုမိုကျယ်ဝန်းသည်။

အီကွေတာသည် ၎င်းအား မြောက်ပစိဖိတ်သမုဒ္ဒရာနှင့် တောင်ပစိဖိတ်သမုဒ္ဒရာ အဖြစ် နှစ်ပိုင်းခွဲထားသည်။ မြောက်ပစိဖိတ်သမုဒ္ဒရာ၏ အနောက်ပိုင်းတွင် တည်ရှိသည့် မာရီယာနာချောက် (Mariana Trench) သည် ၁၀၉၁၁ မီတာ (၃၅၇၉၈ ပေ) နက်ရှိုင်းပြီး ပစိဖိတ်သမုဒ္ဒရာတွင် လည်းကောင်း ကမ္ဘာပေါ်တွင် လည်းကောင်း အနက်ရှိုင်းဆုံး ချောက်တခုဖြစ်သည်။

ပစိဖိတ်သမုဒ္ဒရာ ပတ်လည်ရှိ နိုင်ငံနှင့် ဒေသများ
☑️​ အမေရိကန်ဆမိုးအား
☑️​ ဩစတြေးလျ
☑️​ ဘရူနိုင်း
☑️​ ကမ္ဘောဒီးယား
☑️​ ကနေဒါ
☑️​ ချီလီ
☑️​ တရုတ်ပြည်
☑️​ ကိုလံဘီယာ
☑️​ ကွတ်ကျွန်းစု
☑️​ ကော့စတာရီကာ
☑️​ အရှေ့တီမော
☑️​ အယ်ဆာဗေဒို
☑️​ အီကွေဒေါ
☑️​ ဖီဂျီ
☑️​ ပြင်သစ်ပိုလီနီးရှား
☑️​ ဂူအမ်
☑️​ ဂွါတီမာလာ
☑️​ ဟွန်ဒူးရပ်စ်
☑️​ အင်ဒိုနီးရှား
☑️​ ဂျပန်
☑️​ ကီရီဘတ်စ်
☑️​ မြောက်ကိုရီးယား
☑️​ တောင်ကိုရီးယား
☑️​ မလေးရှား
☑️​ မာရှယ်အိုင်းလန်း
☑️​ မက်ကဆီကို
☑️​ မိုက်ခရိုနီးရှားနိုင်ငံ
☑️​ နအူရူးနိုင်ငံ
☑️​ နယူးကယ်လီဒိုးနီးယား
☑️​ နယူးဇီလန်
☑️​ နီကာရာဂွါ
☑️​ နျူးအေး
☑️​ မြောက်မာရီယာနာကျွန်းစု
☑️​ ပလောင်း
☑️​ ပနားမား
☑️​ ပါပူအာ နယူးဂီနီ
☑️​ ပီရူး
☑️​ ဖိလစ်ပိုင်
☑️​ ပစ်ကိန်ကျွန်းစု
☑️​ ရုရှား
☑️​ ဆမိုးအား
☑️​ စင်ကာပူ
☑️​ ဆော်လမွန်ကျွန်းစု
☑️​ ထိုင်ဝမ်
☑️​ ဖိလစ်ပိုင်
☑️​ တိုကလောင်
☑️​ တုံဂါနိုင်ငံ
☑️​ တူဗားလူ
☑️​ အမေရိကန်
☑️​ ဗနွားတူနိုင်ငံ
☑️​ ဗီယက်နမ်
☑️​ ဝေါလစ်နှင့်ဖူကျူးနား တို့ဖြစ်သည်။


 မာရီယာနာချောက် ကို ဧဝရက်တောင်နှင့် နှိုင်းယှဉ်ထားပုံရာနဲ့ချီသော မီးတောင်ရှင်ကြီးများသည် ပစိဖိတ်သမုဒ္ဒရာထဲတွင် ရှိကြသည်။ ကမ္ဘာပေါ်ရှိ မီးတောင်ရှင်အားလုံး၏ ၇၅% မှာ ပစိဖိတ်သမုဒ္ဒရာကြီး၏ အောက်ခြေတွင် ရှိသည်။

ရေသတ္တဝါမျိုးစိတ်ပေါင်းများစွာ မှီတင်းနေထိုင်သော Coral သန္တာကျောက်တန်း နှင့် ကမ္ဘာ့အရှည်ဆုံး မဟာသန္တာကျောက်တန်းကြီး Great Barrier Reef တို့သည် ပစိဖိတ်သမုဒ္ဒရာထဲတွင် ရှိသည်။

တိုက်ဖုန်းမှုန်တိုင်းသည် လေ ၊ မိုး ၊ မိုးကြိုးတို့ပါဝင်သည့် အလွန်ပြင်းထန်စွာတိုက်ခတ်သည့် မုန်တိုင်းအမျိုးအစားဖြစ်သည်။ ထိုတိုက်ဖုန်းမုန်တိုင်းကြီးများသည် ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းမှ စတင်ဖြစ်ပေါ်လေ့ရှိပြီး အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဟုလည်း ခေါ်လေ့ရှိကြသည်။

ပစိတ်ဖိတ်သမုဒ္ဒရာကမ်းရိုးတန်းတစ်လျှောက်တွင် ကနေဒါ ၊ အမေရိကန် ၊ တရုတ် ၊ သြစတြေးလျ ၊ ဂျပန် နှင့် မက္ကဆီကို တို့အပါအဝင် နိုင်ငံပေါင်း ၅၅နိုင်ငံနှင့် ထိစပ်လျှက်ရှိသည်။

ပစိဖိတ်သမုဒ္ဒရာထဲတွင် အင်ဒိုနီးရှားနိုင်ငံပိုင်ဆိုင်သည့် မီးတောင်ကျွန်းတစ်ကျွန်းရှိသည်။ ထိုကျွန်းကို Krakatoa ဟု လည်းခေါ်သည်။ ထိုကျွန်းတွင် ၁၈၈၃ခုနှစ်က သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးမီးတောင်ပေါက်ကွဲမှုတွင် ထိပ်ဆုံးမှပါဝင်သည့် မီးတောင်ပေါက်ကွဲမှုဖြစ်ခဲ့သည်။ မီးတောင်ပေါက်ကွဲသည်ကို မိုင်ပေါင်း ၃၀၀၀ခန့် အကွာမှ ကြားနိုင်သည်အထိ ပြင်းထန်ခဲ့သည်။ မီးတောင်ပေါက်ကွဲမှု ညွှန်းကိန်း ၆ ရှိပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဟီရိုရှီးမားတွင်ပေါက်ကွဲခဲ့သော နျူဗုံးထက် အဆ ၁၃၀၀၀ ပြင်းထန်သည်။ ၂ရက်ဆက်မီးတောင်ပေါက်ကွဲမှုကြောင့် အနီးအနားမှ မြို့ရွာပေါင်း ၁၆၅ခုပျက်စီးခဲ့ပြီး လူပေါင်း ၄၀၀၀၀ ခန့်သေဆုံးခဲ့ရသည်။

Krakatoa မီးတောင်
ကမ္ဘာ့ဒုတိယအကြီးဆုံးကျွန်းဖြစ်သည့် New Guinea ကျွန်းသည် ပစိဖိတ်သမုဒ္ဒရာထဲတွင် တည်ရှိသည်။ ကမ္ဘာ့အကြီးဆုံးကျွန်းမှာ ဂရင်းလန်ကျွန်းဖြစ်သည်။ ကမ္ဘာပေါ်တွင် မည်သည့်နေရာမှမရှိသော သတ္တဝါမျိုးစိတ် နှင့် အပင်များတည်ရှိရာ ကမ္ဘာကျော်ကျွန်းတစ်ကျွန်းဖြစ်သည့် Galapagos ကျွန်းစုသည် ပစိဖိတ်သမုဒ္ဒရာ အရှေ့တောင်ပိုင်းတွင် တည်ရှိသည်။ ပစိဖိတ်သမုဒ္ဒရာတွင် ကျွန်းပေါင်း ၂၅၀၀၀ ကျော်တည်ရှိပြီး ကျွန်းအများစုမှာ အီကွေဒါတောင်ပိုင်းတွင် တည်ရှိကြသည်။


Galapagos ကျွန်းစု
ပစိဖိတ်သမုဒ္ဒရာထဲမှ ဂျပန် ၊ သြစတြေးလျ ၊ ပနားမား ၊ နီကာရာကွာ ၊ ဖိလစ်ပိုင် နှင့် ပါပူအာနယူးဂီနီ ကမ်းရိုးတန်းများတွင် ပုလဲများကို ပေါများစွာ ရရှိနိုင်သည်။ ပစိဖိတ်သမုဒ္ဒရာထဲတွင် ကြီးမားသော အမှိုက်ပုံ အပျက်အစီးများမျောပါလျှက်ရှိသလို ရေထုညစ်ညမ်းမှုများလည်းရှိနေပြီး အားလုံး၏တရားခံမှာ လူသားများသာ ဖြစ်သည်။


ကိုးကား :ဝီကီပီးဒီးယား
#Credit


#သမုဒ္ဒရာ
#အမေရိကန်
#မီးတောင်
#ပစိဖိတ်သမုဒ္ဒရာ
#မုန်တိုင်း

Some text some message..