ချစ်စရာကောင်းတဲ့ ကြောင်လေးတွေရဲ့ စွမ်းရည်နဲ့ အမူအယာအကြောင်းများ
lifestylemyanmar.com
|
2022-08-19

ဟိုးအရင်တစ်ခေါက်တုန်းက ကြောင်ချစ်တတ်တဲ့ ‌ကောင်မလေးတို့ရဲ့အကြောင်းကို ဖော်ပြခဲ့ဖူးပြီးပြီဆိုတော့ ဒီတစ်ခေါက်မှာတော့ ကြောင်လေးတွေရဲ့ စွမ်းရည်နဲ့ အမူအယာအကြောင်းလေးတွေကို ထပ်ပြီး သိရှိခံစားရမှာဖြစ်ပါတယ်။ ကြောင်ကလေးတွေရဲ့ ချစ်စရာအမူအယာနဲ့အတူ ကြောင်လေးတွေရဲ့ ချစ်စဖွယ် စွမ်းပကားတွေက အံ့အားသင့်စရာကောင်းပါတယ်။ ဒါ့ပြင် ကြောင်လေးတွေမှာ ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေ ပိုင်ဆိုင်ထားသေးလဲဆိုတာ ဆက်ဖတ်ရှူကြည့်ကြပါဦး။

အမည်းရောင် ကြောင်လေးတွေအကြောင်း

အမည်းရောင် ကြောင်လေးတွေက ကံဆိုးတယ်လို့ လူအများက မှတ်ယူထားကြပါတယ်။ အမည်းရောင် ကြောင်ကလေးတွေကို လမ်းမှာတွေ့ရင် ၊ အမှတ်တမဲ့ဆုံမိရင် ၊ အမည်းရောင်ကြောင်မွေးထားရင် မကောင်းတဲ့ နိမိတ်တစ်ခုသဖွယ် လူတွေက ပြောဆိုတတ်ကြပါတယ်။ ဒါပေမယ့် သြစတြေးလျ နဲ့ ယူကေတို့မှာတော့ အမည်းရောင် ကြောင်လေးတွေကို ကံကောင်းစေတယ်လို့ မှတ်ယူထားကြပါတယ်။


ကြောင်လေးတွေရဲ့နားရွက်အကြောင်း

ကြောင်လေးတွေရဲ့ နားရွက်တွေဟာလည်း ထူးခြားတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြောင်လေးတွေဟာ သူတို့ရဲ့ နားရွက်တွေကို ၁၈၀ ဒီဂရီအထိ လှည့်နိုင်ကြလို့ပါပဲ။

ပွတ်သီးပွတ်သပ်အမူအယာ

ကြောင်လေးတွေ ပွတ်သီးပွတ်သပ် အမြဲ လုပ်တတ်ကြတာကို သိကြမှာပါ။ အများစုကတော့ ဒါကို ချွဲတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ကြောင်လေးတွေ ပွတ်သီးပွတ်သပ်လုပ်တယ်ဆိုတာ သခင်ကို မှတ်မိနေအောင် သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ပွတ်သပ်နေကြတာဖြစ်ပါတယ်။


အသံပေါင်းမျိုးစုံလုပ်နိုင်တဲ့ ကြောင်လေးတွေ

ကြောင်လေးတွေဟာ အသံပေါင်းမြောက်မြားစွာလည်း ပြုလုပ်နိုင်စွမ်းရှိကြပါသေးတယ်။ ခွေးကလေးတွေက မတူညီတဲ့ အသံပေါင်း ၁၀ မျိုးခန့်သာ ပြုလုပ်နိုင်ကြပါတယ်။ ကြောင်လေးတွေကတော့ အမျိုးပေါင်း ရာကျော် ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

ကြောင်လေးတွေရဲ့ အရသာခံနိုင်စွမ်းရည်

ကြောင်လေးတွေဟာ အစုံစားသတ္တဝါလို့ ပြောရလောက်အောင် အစားစုံကြပါတယ်။ ဒါပေမယ့် မယုံနိုင်စရာကောင်းလောက်တဲ့ အရာတစ်ခုလည်းရှိနေပါသေးတယ်။ အဲဒါကတော့ ကြောင်လေးတွေဟာ ချိုတဲ့အရသာကို ခံစားသိရှိနိုင်ခြင်းမရှိပါဘူးတဲ့။


ကြောင်လေးတွေရဲ့ ဦးနှောက်

ကြောင်လေးတွေဟာ ဉာဏ်ရည်မြင့်မားတဲ့ တိရစ္ဆာန် ထဲမှာ ပါဝင်ပါတယ်။ အရမ်း ဉာဏ်ကောင်းလွန်းပြီး လူတွေရဲ့ မျက်နှာရိပ်မျက်နှာကဲတွေကို လိုက်ကြည့်နိုင်စွမ်းရှိတဲ့ ခွေးကလေးတွေထက်တောင် ကြောင်လေးတွေက ပိုဉာဏ်ကောင်းပါတယ်။ ကြောင်လေးတွေရဲ့ ဦးနှောက်ဟာ လူတွေရဲ့ ဦးနှောက်နဲ့ ၉၀ ရာခိုင်နှုန်းလောက်အောင်ကို ပိုတူပါတယ်။

Lifestyle_Myanmar

ref-cattime


#ဦးနှောက်
#တိရစ္ဆာန်
#စွမ်းရည်
#အမူအယာ
#ကြောင်လေး

Some text some message..