၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှအခြေခံအမှတ်များနှင့်သိမှတ်ဖွယ်ရာများ
sayar.com.mm
|
2022-08-23

၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှအခြေခံအမှတ်များနှင့်သိမှတ်ဖွယ်ရာများ

✅ ဆေးတက္ကသိုလ်များ (ကျား ၅၀% မ ၅၀%)
ရမှတ်-၄၅၀နှင့်အထက် (လူတွေ့နှုတ်မေးစာမေးပွဲဖြေရမည်။ကျောင်းပြီးပါကအလုပ်ဝင်ရမည်။)
သိပ္ပံတွဲနှင့်အောင်ရမည်။

✅ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ (ကျား ၆၀% မ ၄၀%)
ရမှတ် - ၄၅၀နှင့်အထက် (လူတွေ့နှုတ်မေးစာမေးပွဲဖြေရမည်။ ကျောင်းပြီးပါကအလုပ်ဝင်ရမည်။)
သိပ္ပံတွဲနှင့်အောင်ရမည်။

✅ ဆေးဝါးတက္ကသိုလ်များ
သိပ္ပံတွဲနှင့်အောင်ရမည်။ ကျောင်းပြီးပါကအလုပ်ဝင်ရမည်။ ကျား၊မရာခိုင်နှုန်းမခွဲခြားပါ။

✅ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ
သိပ္ပံတွဲနှင့်အောင်ရမည်။ ကျောင်းပြီးပါကအလုပ်ဝင်ရမည်။ ကျား၊မရာခိုင်နှုန်းမခွဲခြားပါ။

✅ သူနာပြုတက္ကသိုလ်များ (ကျား ၁၀% မ ၉၀%)
သိပ္ပံတွဲနှင့်အောင်ရမည်။ ကျောင်းပြီးပါကအလုပ်ဝင်ရမည်။

✅ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) (ကျား ၈၀% မ ၂၀%)
သိပ္ပံတွဲနှင့်အောင်ရမည်။ ကျောင်းပြီးပါကအလုပ်ဝင်ရမည်။

✅ တိုင်းရင်းဆေးတက္ကသိုလ် (ကျား ၅၀% မ ၅၀%)
သိပ္ပံတွဲနှင့်အောင်ရမည်။ ကျောင်းပြီးပါကအလုပ်ဝင်ရမည်။

✅ ရန်ကုန်နည်းပညာတက္ကသိုလ် (ကျား ၂၂၀ဦး မ ၁၈၀ဦးလက်ခံမည်။)
အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၃၀၀နှင့်အထက်ရရမည်။

✅ မန္တလေးနည်းပညာတက္ကသိုလ်
အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၃၀၀နှင့်အထက်ရရမည်။

✅ ဇီဝနည်းပညာသင်တန်း (ကျား ၂၃၅ဦး မ ၁၈၅ဦးလက်ခံမည်။)
အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ဇီဝ ၄ဘာသာပေါင်း ၂၆၀နှင့်အထက်ရရမည်။

✅ နည်းပညာတက္ကသိုလ်(မန္တလေး) (ကျား ၆၀% မ ၄၀% စုစုပေါင်း ၄၁၅ယောက်လက်ခံမည်။)
အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၈၀နှင့်အထက်ရရမည်။

✅ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) (ကျား ၅၀% မ ၅၀% စုစုပေါင်း၃၅၀ယောက်လက်ခံမည်။)
အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၈၀နှင့်အထက်ရရမည်။
၆ဘာသာရမှတ်စုစုပေါင်း ၄၂၀နှင့်အထက် ရရမည်။

✅ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် (ကျား ၇၀% မ ၃၀% စုစုပေါင်း ၃၅ယောက်လက်ခံမည်။)
အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၈၀နှင့်အထက်ရရမည်။ လူတွေ့စစ်ဆေးခြင်းခံရမည်။

✅ နည်းပညာတက္ကသိုလ်များ (ကျား ၆၀% မ ၄၀% လက်ခံမည်။)

 ရန်ကုန်အနောက်ပိုင်း၊သန်လျင်၊မှော်ဘီ၊ပြည်၊ကျောက်ဆည်၊မိတ္ထီလာ၊စစ်ကိုင်း၊မုံရွာ၊မကွေး၊ပခုက္ကူ၊တောင်ငူ၊မော်လမြိုင်တို့သို့ တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၆၀နှင့်အထက်ရရမည်။ မြစ်ကြီးနား၊ဗန်းမော်၊လွိုင်ကော်၊ဘားအံ၊ကလေး၊တောင်ကြီး၊လားရှိုး၊ပင်လုံ၊ကျိုင်းတုံ၊ရမည်းသင်း၊ပုသိမ်၊ဟင်္သာတ၊မအူပင်၊စစ်တွေ၊ထားဝယ်၊မြိတ်တို့သို့ တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၄၀နှင့်အထက်ရရမည်။ 

✅ အစိုးရနည်းပညာကောလိပ်များ
သိပ္ပံတွဲ၊ဝိပ္ပံတွဲ တစ်ခုခုဖြင့်အောင်ရမည်။
သင်ကြားခွင့်ပြုမည့် ဦးစားပေးဘာသာရပ်ကို အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်းရမှတ် (လိုအပ်ပါက ၆ဘာသာပေါင်းရမှတ်)ကိုကြည့်၍ ကျောင်းသားကျောင်းသူလက်ခံနိုင်မှု ဦးရေကန့်သတ်ချက်ပေါ်တွင်မူတည်ပြီး ခွဲဝေသတ်မှတ်ပေးမည်။

✅ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ကျောင်းသား၊ကျောင်းသူ ၅၀၀ဦး လက်ခံမည်။)
ရမှတ် - ၄၅၀နှင့်အထက်ရရမည်။
အင်္ဂလိပ်၊သင်္ချာ ၂ဘာသာပေါင်း ၁၄၀နှင့်အထက်ရရမည်။
ဓာတု၊ရူပပါသောဘာသာတွဲများဖြင့်အောင်ရမည်။

✅ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (ကျောင်းသား၊ကျောင်းသူ ၂၀၀ဦး လက်ခံမည်။)
ရမှတ် - ၄၅၀နှင့်အထက်ရရမည်။
ဓာတု၊ရူပပါသောဘာသာတွဲများဖြင့်အောင်ရမည်။

✅ မန္တလေးကွန်ပျူတာတက္ကသိုလ် (ကျောင်းသား၊ကျောင်းသူ ၂၀၀ဦး လက်ခံမည်။)
ရမှတ် - ၄၃၀နှင့်အထက်ရရမည်။
အင်္ဂလိပ်၊သင်္ချာ ၂ဘာသာပေါင်း ၁၄၀နှင့်အထက်ရရမည်။
ဓာတု၊ရူပပါသောဘာသာတွဲများဖြင့်အောင်ရမည်။

✅ ကွန်ပျူတာတက္ကသိုလ်များ

မြစ်ကြီးနား၊ဗန်းမော်၊ဘားအံ၊သထုံ၊စစ်တွေ၊တောင်ကြီး၊မန္တလေး၊မိတ္ထီလာ၊မုံရွာ၊မကွေး၊ပခုက္ကူ၊ပြည်၊တောင်ငူ၊ပုသိမ်၊ဟင်္သာတ၊မအူပင်တို့သို့ ၆ဘာသာစုစုပေါင်းရမှတ် ၃၄၀နှင့်အထက် ရသူများလျှောက်ထားနိုင်ပါသည်။လွိုင်ကော်၊လားရှိုး၊ပင်လုံ၊ကျိုင်းတုံ၊ကလေး၊ထားဝယ်၊မြိတ်တို့သို့ ၆ဘာသာစုစုပေါင်းရမှတ် ၃၂၀နှင့်အထက် ရသူများလျှောက်ထားနိုင်ပါသည်။ 

✅ ရန်ကုန်တက္ကသိုလ်

မြန်မာစာ-မြန်မာစာရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။မြန်မာမှုပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။အင်္ဂလိပ်စာ-အင်္ဂလိပ်စာ ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။ပထဝီဝင်-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။သမိုင်း-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။ဒဿနိကဗေဒ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။စိတ်ပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။အရှေ့တိုင်းပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။နိုင်ငံတကာဆက်ဆံရေးပညာ-အင်္ဂလိပ်စာ ၆၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။ (လူတွေ့စစ်ဆေးခံရမည်။)နိုင်ငံရေးသိပ္ပံ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။မနုဿဗေဒ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။ရှေးဟောင်းသုတေသနပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။စာကြည့်တိုက်နှင့်သုတပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။ဥပဒေပညာ-အင်္ဂလိပ်စာ ၆၀ရရမည်။၆ဘာသာရမှတ် ၄၀၀ရရမည်။ဓာတုဗေဒ-ဓာတုရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။ဇီဝဓာတုဗေဒ-ဓာတုနှင့်ဇီဝ ၇၀စီရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။ကုန်ထုတ်ဓာတုဗေဒ-ဓာတု ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။ (လူတွေ့စစ်ဆေးခြင်းခံရမည်။)ရူပဗေဒ-ရူပရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။သင်္ချာ-သင်္ချာရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။သတ္တဗေဒ-ဇီဝရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။ရုက္ခဗေဒ-ဇီဝရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။အဏုဇီဝဗေဒ-ဇီဝရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။ဘူမိဗေဒ-၆ဘာသာရမှတ် ၃၈၀ရရမည်။ (အမျိုးသမီးဦးရေကို ၁၀%အထိသာ လက်ခံမည်။)  မိုင်၂၀လမ်းလျှောက်နိုင်ရမည်။ ကျန်းမာရေး (က)အဆင့် ရှိရမည်။ကွန်ပျူတာသိပ္ပံ-သင်္ချာရမှတ် ၆၅မှတ်ရရမည်။ ၆ဘာသာရမှတ် ၃၈၀ရရမည်။ငါးလုပ်ငန်းဆိုင်ရာဘာသာရပ်-အင်္ဂလိပ် ၆၀၊ဇီဝ ၇၀ ရရမည်။ ၆ဘာသာရမှတ် ၄၀၀ရရမည်။*** မန္တလေးတက္ကသိုလ်-ရန်ကုန်နှင့် အားလုံးနီးပါးတူပါသည်။ 

✅ စီးပွားတက္ကသိုလ်များ

လှိုင်နယ်မြေအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၈၀နှင့်အထက် ရရမည်။ရွာသာကြီးနယ်မြေအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၅၀နှင့်အထက် ရရမည်။မုံရွာအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၅၀နှင့်အထက် ရရမည်။မိတ္ထီလာအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၅၀နှင့်အထက် ရရမည်။ 

✅ ပညာရေးတက္ကသိုလ်များ (ကျား ၅၀ % မ ၅၀%)

စစ်ကိုင်းနှင့်ရန်ကုန်တွင် ကျောင်းသားကျောင်းသူ ၆၀၀စီ လက်ခံမည်။ သိပ္ပံတွဲ-၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရမည်။ကျန်ပညာရေးတက္ကသိုလ်များတွင် အယောက် ၃၀၀စီ လက်ခံမည်။ (ကျား ၅၀ % မ ၅၀%)
ဝိပ္ပံတွဲ-၆ဘာသာရမှတ်၃၆၀နှင့်အထက်ရရမည်။ အယောက် ၁၅၀စီ လက်ခံမည်။ ကျောင်းပြီးပါက အလုပ်ဝင်ရမည်။ဝိဇ္ဇာတွဲ-၆ဘာသာရမှတ်၃၅၀နှင့်အထက်ရရမည်။ (ကျား ၅၀ % မ ၅၀%) အယောက် ၁၅၀စီ လက်ခံမည်။ ကျောင်းပြီးပါက အလုပ်ဝင်ရမည်။ 

✅ နိုင်ငံခြားသာတက္ကသိုလ်များ

၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရမည်။

တရုတ်၊အင်္ဂလိပ်၊ပြင်သစ်၊ဂျာမန်၊ဂျပန်၊ကိုရီးယား၊ရုရှား၊ထိုင်းဘာသာတို့ကို ပို့ချမည်။ရန်ကုန်တွင် တိုးချဲ့ပို့ချမည့် English for Professional Communicationဘာသာရပ်အတွက် အင်္ဂလိပ်စာ၌ ၆၅မှတ်နှင့် ၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရှိလျှင် လျှောက်ထားနိုင်သည်။မန္တလေးတွင် တိုးချဲ့ပို့ချမည့် English for Business Purposesဘာသာရပ်အတွက် အင်္ဂလိပ်စာ၌ ၆၀မှတ်နှင့် ၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရှိလျှင် လျှောက်ထားနိုင်သည်။ 

✅ ပညာရေးဒီဂရီကောလိပ်များ
အမှတ်ကန့်သတ်မထား။ ကျောင်းပြီးပါက အလုပ်ဝင်ရမည်။ လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းခံရမည်။


✅ သတင်းစာများတွင် သီးခြားကြော်ငြာခေါ်၍ တိုက်ရိုက်လျှောက်ထားရမည့် တက္ကသိုလ်များ


အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်မန္တလာတက္ကသိုလ်ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ရေဆင်းသစ်တောတက္ကသိုလ်၊ရေဆင်းမြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသမဝါယမကောလိပ်များယွန်းပညာကောလိပ်၊ပုဂံအမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်*** ရန်ကုန်နှင့်မန္တလေးမဟုတ်သော အခြားဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်များမှာ ဝင်ခွင့်လမ်းညွှန်စာအုပ်ထဲတွင် အမှတ်ကန့်သတ်ပေးထားခြင်းမတွေ့ပါ။


၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။

Credit


#ကျောင်းသား
#ရန်ကုန်
#သိပ္ပံ
#တက္ကသိုလ်
#သင်္ချာ

Some text some message..