
ဂျပန်စာကို အခုမှစလေ့လာမယ့်သူများ ၊လေ့လာနေဆဲသူများ၊ သင်တန်းမတက်ခင် Self-Study နဲ့ ကိုယ်တိုင် အိမ်မှာ လေ့လာချင်သူများအတွက် အခမဲ့လေ့လာလို့ရမယ့် ဝက်ဘ်ဆိုဒ် (၈) ခုကို ဖော်ပြပေးလိုက်ပါတယ်။
1.Online Japanese N5 Course (All 15 lessons) (Udemy)
JLPT N5 Level Course ပါ။ N5 Level နဲ့ ပတ်သက်တဲ့ ဝေါဟာရများ၊ အသုံးအနှုန်းများ၊ ဝါကျအထားအသို သဒ္ဒါတည်ဆောက်ပုံတို့ကို လေ့လာနိုင်ပါတယ်။ နေ့စဥ်ပြောဆိုသုံးစွဲနေတဲ့ အခြေခံ အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း Video Clip လေးတွေထည့်သွင်းပေးထားပါတယ်။ သင်ခန်းစာ အနေနဲ့ ၁၅ ခုပါရှိမည်ဖြစ်ပြီး သင်ခန်းစာအားလုံးပြီးဆုံးပါက ဂျပန်ဝေါဟာရ အရေးအသား နဲ့ အသံထွက်အခြေခံများကို ကျွမ်းကျင်လာမှာဖြစ်ပါတယ်။
လေ့လာရန်ကြာချိန် (Duration) - 21 hours
Rating - 4.5 out of 5
Link -
https://bit.ly/3BbA8ZN
2.Learn Japanese from English (Duolingo)
ဂျပန် anime တွေကြိုက်တယ်၊ ကိုယ်တိုင်လည်း ဂျပန်လို နားလည်ချင်တယ်၊ ဘာသာပြန်ချင်တယ်ဆိုရင်တော့ ဒီဝက်ဘ်ဆိုဒ်မှာ အရင်လေ့လာကြည့်လိုက်ပါ။
Duolingo
သင်တန်းဟာ လိုအပ်တဲ့ ဂျပန်စကားပြောစွမ်းရည်သာ မကပဲ ဂျပန်စာရေးနည်း စနစ် ၃ မျိုးကိုပါ လေ့လာနိုင်မှာပါ။ လေ့ကျင့်ခန်း နဲ့ သင်ခန်းစာတွေကလည်း တစ်ဆင့်အောင်မြင်ပြီးမှ နောက်တစ်ဆင့်ကို Lock ပွင့်မှာမို့ လေ့လာသင်ယူရတာ ပျော်ဖို့ကောင်းပါတယ်။ အခမဲ့လေ့လာသင်ယူမှုအတွက် တစ်နေ့ကို ၅ မိနစ် မှ မိနစ် ၂၀ အထိရွေးချယ်နိုင်ပြီး ပေါ့ပေါ့ပါးပါးပဲ ပုံမှန်လေး လေ့လာသွားလို့ရပါတယ်။
လေ့လာရန်ကြာချိန် (Duration) - Variable
Rating - 4.4 out of 5
Link -
https://bit.ly/2MFwAWg
3.Online Japanese Beginner Course (All 12 lessons)(Udemy)
ဂျပန်စာတော့ လေ့လာချင်တယ် ဘယ်ကစရမှန်း မသိဘူးဆိုရင် ဒီ ဝက်ဘ်ဆိုဒ်ကနေအခုပဲ စတင်လိုက်ပါ။ အခြေခံ အသံထွက်၊ အရေးအသား၊ နေ့စဥ်စကားပြောဆိုမှု၊ Hiragana နှင့် Katakana တို့ကိုလေ့လာရမှာပါ။ လေ့လာမှုပြီးဆုံးပါက အက္ခရာ အသံထွက်များ၊ P သံ၊ နှာသံဗျည်း၊ ဗျည်းနှစ်ထပ်သံ၊ သရအရှည်သံ နှင့် လေယူလေသိမ်းတို့ကို ကျွမ်းကျင်ပိုင်နိုင်လာမှာပဲ ဖြစ်ပါတယ်။ Learning Resource တွေအနေနဲ့ သင်ခန်းစာ ၁၂ ခုစာ Video Material အပြင် တစ်ခြား PDF Downloadable Resource တွေပါ စုံစုံလင်လင်ပါဝင်ပါတယ်။
လေ့လာရန်ကြာချိန် (Duration) - 5.5 hours
Rating - 4.5 out of 5
Link -
https://bit.ly/3DkZjeP
4.Learn Japanese from Private Tutors Online (Preply)
ဒါကတော့ Paid Website ပါ။ ဒါပေမဲ့ သင်တန်း မတက်ရောက်ခင် ကိုယ်သင်ချင်တဲ့ ဆရာ ရွေးချယ်လို့ရပါတယ်။ အစမ်း Trial Class အနေနဲ့ သင်ကြည့်လို့ရပါတယ်။ ဆရာနဲ့ တစ်ဦးချင်း One By One အချိတ်အဆက်မိမိ သင်ယူလို့ရတဲ့ အပြင် ကိုယ်နဲ့သင်ရမယ့် ဆရာကို မိမိစိတ်ကြိုက် ရွေးချယ်နိုင်ခြင်း၊ ဆရာများရဲ့ Review များကို ဖတ်ရှုနိုင်ခြင်း၊ မိမိ အားတဲ့ အချိန်နှင့် ကိုက်ညှိပြီး တက်ရောက်နိုင်ခြင်း၊ သင့်တော်တဲ့ စျေးနှုန်းနဲ့ native speakers များနဲ့ သင်ကြားနိုင်ခြင်း တို့ကြောင့် နာမည်ရထားတဲ့ Website လေးတစ်ခုလည်းဖြစ်ပါတယ်။
လေ့လာရန်ကြာချိန် (Duration) - Variable
Rating - 4.9 out of 5
Link -
https://bit.ly/3qz02BC
5.Learn Japanese for Beginners: The Ultimate 100-Lesson Course (Udemy)
သင်ခန်းစာ အခု ၁၀၀ ပါဝင်ပါတယ်။ ဂျပန်စာ အရေး၊ အဖတ် နှင့် အပြောတို့ကို အဓိကထားပြီး လေ့လာရမှာပါ။သင်ခန်းစာ ၁၀၀ လုံးလေ့လာပြီးတဲ့ နောက်မှာ Native Speaker လို ဂျပန်အသံထွက်များကို ထွက်ဆိုနိုင်မှာဖြစ်ပြီး အခြေခံစကားပြောများကို သွက်လက်စွာပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ ဂျပန်စကား နားထောင်နိုင်စွမ်း နဲ့ နားလည်မှု စွမ်းရည်မှာလည်း သိသိသာသာ တိုးတက်လာတာကို တွေ့ရှိရမှာပါ။ သင်ခန်းစာတိုင်းကို Recorded Video များနဲ့ လေ့လာရမှာဖြစ်ပြီး သင်ခန်းစာ တစ်ခုပြီးတိုင်း Review Question များကို ဖြေဆိုရမှာပါ။
လေ့လာရန်ကြာချိန် (Duration) - 8 hours
Rating - 4.6 out of 5
Link -
https://bit.ly/3eO5CxD
6.Japanese Language Courses (Udemy)
Udemy ဝက်ဘ်ဆိုဒ်မှာ ဂျပန်စာနဲ့ ပတ်သက်တဲ့ သင်တန်းများစွာကို ရှာဖွေကြည့်ရှုလို့ရပါတယ်။ ဂျပန်စာကို ထဲထဲဝင်ဝင် လေ့လာသင်ယူချင်တယ်ဆိုရင်တော့ ရွေးချယ်လေ့လာသင့်တဲ့ ဝက်ဘ်ဆိုဒ်ကောင်းတစ်ခုပါပဲ။ JLPT စာမေးပွဲ နဲ့ MISJ စာမေးပွဲများအတွက် ပြင်ဆင်ရာတွင်လည်း အများကြီး အထောက်အကူပြုသလို JLPT mock tests များကိုလည်း ဖြေဆိုကြည့်လို့ရပါသေးတယ်။ သင်ကြားမှုအတွက် ရုပ်သံကြည်လင်တဲ့ Video တွေ၊ PDF File Resource တွေကိုလည်း ရရှိနိုင်ပါတယ်။ PAID Course များအနေနဲ့ Level တစ်ခု ပြီးဆုံးတိုင်း completion certificate သို့မဟုတ် credits ရရှိမှာပါ။
လေ့လာရန်ကြာချိန် (Duration) - Variable
Rating - 4.5 out of 5
Link -
https://bit.ly/3daM8Tk
7.Marugoto Japanese Online Course
Marugoto သင်တန်းကတော့ ဂျပန်ဘာသာစကား ကျွမ်းကျင်မှုကို ပြည့်စုံစွာ လေ့လာနိုင်ရန် ကူညီပေးမှာပါ။ ဂျပန်ဘာသာစကား နှင့် ယဥ်ကျေးမှုဆိုင်ရာ အသုံးအနှုန်း၊ အခေါ်အဝေါ် များကို လေ့လာခွင့်ရမှာပါ။ ဒီသင်တန်းရဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသားတွေကို ဂျပန်ဘာသာဖြင့် ဆက်သွယ်ပြောဆိုနိုင်စေရန်ဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှုကို နားလည်သဘောပေါက်စေရန် ဖြစ်ပါတယ်။ A1မှC2 အထိ Level အမျိုးမျိုးရှိပြီး ကိုယ်ဘယ်အဆင့်ကစတက်ရမလဲသိချင်ရင် Level test လည်း အရင်ဖြေကြည့်လို့ရပါတယ်။ Course Type မှာလည်း Self-study နဲ့ Tutor Support Course ဆိုပြီး ၂ မျိုးရှိတဲ့အတွက် ကိုယ်အဆင်ပြေတဲ့ အမျိုးအစားကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။
လေ့လာရန်ကြာချိန် (Duration) - Variable
Rating - 4.4 out of 5
Link -
https://bit.ly/3QL89Wm
8.Complete Japanese language course (Busuu)
ဒီ Website မှာတော့ သင်ခန်းစာပေါင်း Unit 60 ကျော်ပါရှိပါတယ်။ အခြေခံမှ အလယ်အလတ်အဆင့်အထိလေ့လာနိုင်ရန် အထောက်အကူပြုပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ Topic ကိုရွေးချယ်နိုင်ပြီး ရိုးရှင်းပြီးပျော်စရာကောင်းတဲ့ သင်ခန်းစာတွေကိုလေ့လာရမှာပါ။ Beginner Level မှာဆို နှုတ်ဆက်ခြင်း၊ အလုပ်များ၊ နံပါတ်များ နှင့် အရောင်များကို သင်ယူနိုင်ပြီး ထိုမှတစ်ဆင့် Elementary Level၊ Intermediate Level နဲ့ upper intermediate-level အထိတစ်ဆင့်ပြီး တစ်ဆင့် သင်ယူလေ့လာသွားနိုင်ပါတယ်။
လေ့လာရန်ကြာချိန် (Duration) - Variable
Rating - 4.4 out of 5
Link -
https://bit.ly/3LdUPIT
အထက်မှာဖော်ပြခဲ့တဲ့ သင်တန်းများကတော့ ၂၀၂၂ ခုနှစ်အတွက် အွန်လိုင်းမှ သင်ကြားနိုင်တဲ့ အကောင်းဆုံးဂျပန်စာသင်တန်းများရဲ့ website များပဲ ဖြစ်လို့ Education Guide ပရိသတ်ကြီး အနေနဲ့လည်း ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်နော်။