
အလုပ်လျှောက်လွှာများကို အဆင့်မြှင့်တင်ပြီး အသက်မွေးဝမ်းကြောင်း အလားအလာကို တိုးတက်ဖို့အတွက်ငွေကုန်ကြေးကျမရှိပဲ Certificate လည်းရနိုင်တဲ့ Human Resources သင်တန်းတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။
Oxford Home Center မှ အွန်လိုင်းရှိရုံဖြင့် တက်ရောက်လို့ရတဲ့ Free Online HR Courses တွေပါ။အချိန်ကန့်သတ်ချက်မရှိပဲ အင်တာနက်ရှိတဲ့ ကြိုက်တဲ့နေရာက တက်ရောက်လို့ရပါတယ်။သင်တန်းများမှာ အမျိုးအစား (၄) မျိုးမှာ အောက်ပါအတိုင်းပဲဖြစ်ပါတယ်_
1. Recruitment Skills (Short Course)
2. HR Management (Short Course)
3. Diploma in HR Management
4. Certificate in HR Management
သင်တန်းတစ်ခုချင်းစီရဲ့ တက်ရောက်ရမယ့် Link ကိုအောက်တွင် ဖော်ပြပေးထားပါတယ်_
1. Recruitment Skills (Short Course)
ဝန်ထမ်းခေါ်ယူရာတွင် ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရေး နှင့် အကောင်းဆုံး လုပ်ဆောင်ရန်လိုအပ်သည့် ကျွမ်းကျင်မှု ၊ အသိပညာ နှင့် စွမ်းရည်များကို ရရှိနိုင်ရန် အတွက် တက်ရောက်သင့်တဲ့ သင်တန်းတစ်ခုပါ။ သင်ယူရမယ့် Course Outline တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
An Introduction to Recruitment
The UK Recruitment Industry
The Structure of the Industry
Executive-level recruitment
Middle to Senior Management
Knowledge-Based Specialists and Professional Staff
Permanent Staffing Solutions
တက်ရောက်ရန်လင့်ခ် >
https://bit.ly/3VIBsf4
2. HR Management (Short Course)
ဝန်ဆောင်မှုလုပ်ငန်းမှာ လုပ်ကိုင်နေသူဖြစ်ဖြစ် ဒါမှမဟုတ် အခုမှစပြီး လုပ်ငန်းခွင်ထဲဝင်ဖို့ပဲဖြစ်ဖြစ်၊ HR နဲ့ပတ်သက်ပြီး လေ့လာချင်လို့ပဲဖြစ်ဖြစ် လေ့လာသင်တဲ့ သင်တန်းတစ်ခုပဲဖြစ်ပါတယ်။ အွန်လိုင်းမှာ အခမဲ့ တက်ရောက်လို့ရတဲ့ သင်တန်းဖြစ်ပြီး လုပ်ငန်းခွင်အတွက် နောက်ထပ်ခြေလှမ်းတစ်ခု စတင်ဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒီ Course မှာဆိုရင်တော့ Topic ၃ ခုပါဝင်တယ်။ Course Outline တွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။
Introduction to HR Management
Recruitment & Selection
Staff Training & Development
တက်ရောက်ရန်လင့်ခ် >
https://bit.ly/3OQ0CGm
3. Diploma in HR Management
HR နဲ့ပတ်သက်ပြီး အခြေခံ Basic Course ကို တက်ရောက်ပြီးသူများ၊ HR Management ပိုင်းကိုမှ အတွင်းကျကျ သီးသန့်လေ့လာလိုသူများ၊ HR အလုပ်နဲ့ အသက်မွေးဝမ်းကြောင်း လမ်းပေါ်ကို ရောက်ရှိနေသူများ အထူးလေ့လာတက်ရောက်သင့်တဲ့ သင်တန်းတစ်ခုပဲဖြစ်ပါတယ်။Course Outline တွေကို အောက်မှာ အသေးစိတ်ဖော်ပြပေးထားပါတယ်။
Unit 1 - Human Resource Management Introduction
Unit 2 - Develop and Implement Recruitment and Selection Strategies
Unit 3 - Appraising Employee Performance
Unit 4 - Conducting Effective Performance Reviews
Unit 5 - Health, Safety and Welfare of Employees
Unit 6 - Absence Management and Attendance
Unit 7 - Handling Grievance, Discipline, Termination and Dismissal
တက်ရောက်ရန်လင့်ခ် >
https://bit.ly/3VoGptP
4. Certificate in HR Management
ဒီသင်တန်းကတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ HR ဒီပလိုမာအတန်းကို မတက်ခင် အရင် တက်ထားသင့်ပါတယ်။ HR Management နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အခြေခံသဘောတရားတွေကို သိရှိနားလည်နိုင်စေဖို့ အတွက် တက်ရောက်သင့်တဲ့ သင်တန်းတစ်ခုပါ။ အခုမှ HR နယ်ပယ်ထဲ စဝင်မယ့်သူတွေ၊ Junior Level တွေအတွက် သင့်တော်ပါတယ်။ Course Outline ကတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။
Unit 1 - Human Resource Management Introduction
Unit 2 - Develop and Implement Recruitment and Selection Strategies
Unit 3 - Conducting Effective Performance Reviews
Unit 4 - Health, Safety and Welfare of Employees
တက်ရောက်ရန်လင့်ခ် >
https://bit.ly/3XJWdJg