နိုင်ငံခြားပညာတော်သင်ဆု ရယူလိုသူများအတွက် လမ်းညွှန်သင်ကြားပြသပေးမယ့် Program
edge.com.mm
|
2022-12-07

နိုင်ငံခြားမှာ ပညာတော်သင်ဆု ၁၀၀ ရာခိုင်နှုန်း အပြည့်အဝရယူလိုသူများ၊ ၈၅ ရာခိုင်နှုန်း ရယူလိုသူများ နှင့် ၅၀ ရာခိုင်နှုန်းရယူလိုသူများ၊ ပညာတော်သင်ဆု လျှောက်ချင်ပြီး နိုင်ငံခြားမှာ ကျောင်းတက်ချင်တယ် ဘယ်ကစရမှန်းမသိ၊ ဘယ်လို လိုအပ်ချက်တွေ ရှိမှန်းမသိ၊ ဘယ်လိုပြင်ဆင်ရမှန်းမသိ ဖြစ်နေသူများအတွက်  The Pre-Collegiate Program of Yangon ရဲ့ ၁၆ လတာကြာမြင့်မယ့် ပရိုဂရမ်တစ်ခုအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

The Pre-Collegiate Program of Yangon?
=======================
 

အရင်ဆုံး Pre-Collegiate Program of Yangon ဆိုတာဘာလဲ ပြောပြပေးချင်ပါတယ်။ Pre-Collegiate Program of Yangon ဆိုတာကတော့ ၂၀၀၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) ဖြေဆိုအောင်မြင်ပြီးထားသော အသက် ၁၅ နှစ်မှ ၂၁ နှစ်အတွင်းရှိ ကျောင်းသူကျောင်းသူများကို နိုင်ငံတကာမှာ ပညာသင်ခွင့်ရရှိအောင် ပေါင်းကူးဆောင်ရွက်ပေးနေတဲ့ Non-Profit စာသင်ကျောင်းတစ်ခုပဲဖြစ်ပါတယ်။

ဒီပရိုဂရမ်မှာ ပါဝင်လိုတဲ့ ကျောင်းသား/သူများအနေနဲ့ မိမိရဲ့ မိသားစုဝင်ငွေပေါ်မူတည်ပြီး ကျောင်းလခပေးသွင်းရတာမျိုးတော့ ရှိပါတယ်။ တက်ရောက်ရမည့် ကာလမှာ ၁၆ လ ကြာမြင့်မည်ဖြစ်ပြီးတက်ရောက်နေစဥ် ကာလအတွင်း နိုင်ငံခြား တက္ကသိုလ်ဝင်ခွင့်တွေကို ရရှိဖို့အတွက် လမ်းညွှန်ဆောင်ရွက်ပေးသွားပါတယ်။ 

ပညာတော်သင်ဆု အနေနဲ့ တချို့ကျောင်းသားများက ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ရရှိပြီး တစ်ချို့ကျောင်းသားများမှာမူ ၈၅ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း ရရှိကြတာမျိုးလည်းရှိပါတယ်။

ဘယ်လိုကျောင်းသားမျိုးတွေက The Pre-Collegiate Program of Yangon ကို Join သင့်လဲ
=================================================
 

အင်္ဂလိပ်စာလေ့လာရတာကြိုက်နှစ်သက်ပြီး ဘာသာဗေဒကျွမ်းကျင်မှုအဆင့်တွင် အနည်းဆုံး Intermediate Level ရှိထားသူ

စာဖတ်အားကောင်းသူ

စာရေးစာဖတ် နှစ်သက်သူ

Discussion-based နဲ့ Student Centered Learning ကို ကြိုက်နှစ်သက်သူ

ပညာအရည်အချင်း အနေနဲ့က တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ပြီးရင် တက်ရောက်လို့ရပါတယ်။ အကယ်၍ သင်က တက္ကသိုလ်ဝင်တန်း မအောင်ထားဘူးဆိုရင်တော့ IGCSE (သို့မဟုတ်) GED အောင်လက်မှတ်တစ်ခုခု ရှိထားရပါမယ်။

ပရိုဂရမ်မှာဘယ်ဘာသာရပ်တွေသင်ကြားရမှာလဲ
============================
 

Environmental Studies

Psychology

Gender Studies

College Counseling

History

Civic Engagement

International Relations

Weekly Guest Speaker Session

Service Learning

ဆရာ/ဆရာမများ ရရှိနိုင်မှုအပေါ်မူတည်ပြီး သင်ကြားရမည့် ဘာသာရပ်များ နှစ်အလိုက်ကွဲပြားမှု ရှိနိုင်ပါတယ်။ သင်ကြားပေးတဲ့ အတန်းအားလုံးကိုတော့ တက်ရောက်ရန် လိုအပ်ပါတယ်။

ပရိုဂရမ်ကနေ ဘယ်လိုအကျိုးကျေးဇူးတွေရရှိမှာလဲ
===========================
 

ကမ္ဘာ့တက္ကသိုလ်အသီးသီးမှာ သင်ကြားတဲ့ဘာသာရပ်တွေ၊ သင်ကြားမှုပုံစံတွေနဲ့ အကျွမ်းတဝင်ဖြစ်လာစေခြင်း

Discussion-based Learning ဖြစ်တဲ့အတွက် ပြောရဲဆိုရဲဖြစ်လာစေခြင်း

အမှတ်ပေးစည်းမျဥ်းတွေနဲ့ အမှတ်ကောင်းဖို့ရန်လုပ်ရမည့်နည်းလမ်းတွေကို ထဲထဲဝင်ဝင်နားလည်လာခြင်း

ဘယ်အချိန်မှာ ဘယ်စာမေးပွဲဖြေရမယ်၊ဘယ်အချိန်မှာ ကျောင်းလျှောက်ပြီး ပညာသင်ဆုအတွက်ဘာတွေလိုအပ်တယ်၊ဖောင်တွေဘယ်လိုတင်ရမယ်ဆိုတာ သိရှိနားလည်သဘောပေါက်နိုင်ခြင်း

ဘယ်တက္ကသိုလ် ကတော့ ဘယ်အလောက်အထိ ပညာသင်ဆုရနိုင်တယ်ဆိုတဲ့လမ်းညွှန်ချက်များကို သိရှိနိုင်ခြင်း

အတွေ့အကြုံရှိ၊ College Data နဲ့ Network ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ နိုင်ငံရပ်ခြားမှ ဆရာဆရာမများနဲ့ သင်ကြားရခြင်း 



 

အသက်ကန့်သတ်ချက်ကတော့ ၁၅ နှစ်မှ ၂၁ နှစ်အတွင်းဖြစ်ပါတယ်။ The Pre-Collegiate Program of Yangon ကို Join ချင်တယ်ဆိုရင်တော့ ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လိုအပ်ပါတယ်။ 

English Reading and Critical Thinking အရည်အသွေး နဲ့ Maths Level ကိုစစ်ဆေးမယ့် အချိန် ၂ နာရီခွဲခန့်ကြာတဲ့ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရမှာပါ။ စာမေးပွဲကို Online မှတစ်ဆင့်ဖြေဆိုရမှာပါ။

စာမေးပွဲဖြေဆိုရန်အတွက် လျှောက်လွှာတွေကို စတင်လက်ခံနေပြီပဲဖြစ်ပြီး အောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် လျှောက်လွှာတင်လို့ရပါတယ်။

https://forms.gle/fbbx2nukDdmtmGSJ6 Deadline ကတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ (စနေနေ့) ညနေ ၅ ငါးနာရီပါ။


 

ဘယ်နိုင်ငံ နဲ့ ဘယ်တက္ကသိုလ်တွေမှာ ပညာသင်လို့ရမှာလဲ
===================
 The Pre-Collegiate Program of Yangon ကို ၁၆ လကြာ တက်ရောက်ပြီးပြီဆိုရင်တော့ မေရိကန်၊ ဂျာမနီ၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်၊ အိန္ဒိယ အစရှိသည့်နိုင်ငံများမှာ ပညာဆက်လက်သင်ယူလို့ရမှာပါ။

ဒါပေမယ့် ယခုပရိုဂရမ်မှာ ချိတ်ဆက်ထားတဲ့ ကျောင်းများကိုသာ ပို့ဆောင်ပေးတဲ့ ပရိုဂရမ်တစ်ခု မဟုတ်တဲ့အတွက် အခါအားလျော်စွာ ကျောင်းသူ ကျောင်းသားတို့မှာ အသစ်အသစ်သော တက္ကသိုလ်များဆီသို့လည်း လျှောက်လွှာတင်နိုင်ပါတယ်။ 

အောက်မှာ ဖော်ပြထားတဲ့ ကျောင်းတွေကတော့ The Pre-Collegiate Program of Yangon မှ ကျောင်းသူကျောင်းသား များတက်ရောက်နေဆဲ သို့မဟုတ် တက်ရောက်ခဲ့သော တက္ကသိုလ်များပဲ ဖြစ်ပါတယ်။

Ashoka University

College of Atlantic

Gettysburg College

Middlebury College

Skidmore College

Asian University for Women

College of St. Elizabeth

Georgetown University

Morehouse College

Smith College

Bard College at Simon’s Rock

College of St. Scholastica

Green Mountain College

Mt. Allison University

St. John’s College

Bard College

College of Wooster

Grinnell College

Northwestern University

St. Olaf College

Bates College

Cottey College

Hampden-Sydney College

Oberlin College

Stetson University

Beloit College

Concord University

ICLA - International College of Liberal Arts

Occidental College

Swarthmore College

Berea College

Concordia College

Illinois Wesleyan University

Randolph College

Trinity College

Bowdoin College

Cornell College

Institut d’Etudes Politiques

(Sciences Po)

Randolph-Macon College

Tufts University

Bryn Mawr College

Davidson College

International Christian University

Reed College

Union College

Bucknell University

Denison University

Jacobs University

Roanoke College

University of Evansville

Carleton College

Dickinson College

Kenyon College

Sarah Lawrence College

University of Maine, Farmington

Chadron State College

Dominican University

King Mongkut’s University

of Technology Thonburi

Scripps College

University of Malmo

Chatham College

Duke Kunshan University

Lakeland College

Sewanee, College

of the South

University of Western

Sydney

City University of

Hong Kong

Eartham College

Lawrence University

Shenandoah University

Vassar College

Colby College

European College of

Liberal Arts

Lehigh University

Silliman University

Whitman College

Colby Sawyer College

Furman University

McDaniel College

Singapore Management

University

William Penn University

 The Pre-Collegiate Program of Yangon ကိုတက်ရောက်ဖို့ ကုန်ကျစရိတ်           ဘယ်လောက်ရှိလဲ
  ========================================================
 

ကုန်ကျစရိတ်က (၂) ပိုင်းရှိပါတယ်။ The Pre-Collegiate Program of Yangon မှာ ၁၆ လတာတက်ရောက်ရန်အတွက် ကုန်ကျစရိတ် နဲ့ ၄ နှစ်တာ တက္ကသိုလ်အတွက်ကုန်ကျစရိတ်တို့ပဲဖြစ်ပါတယ်။ 

The Pre-Collegiate Program of Yangon ရဲ့ ၁၆ လတာကုန်ကျစရိတ်မှာ အမေရိကန်‌‌‌ဒေါ်လာ ၁၀၆၀၀ ဖြစ်ပါတယ်။ ၄င်းကုန်ကျစရိတ်အတွက် Need-blind Scholarship ပေးပါတယ်။ လျှောက်ထားလိုသူများအနေနဲ့ ဝင်ငွေအချက်အလက်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကိုတင်ပြရန် လိုအပ်ပါတယ်။

The Pre-Collegiate Program of Yangon တက်ရောက်အောင်မြင်ပြီး နိုင်ငံခြားတွင် တက္ကသိုလ်တက်ရောက်ရန်အတွက် ကုန်ကျစရိတ်မှာမူ မိမိရွေးချယ်တဲ့ နိုင်ငံအလိုက် ကွဲပြားမည်ဖြစ်ပြီး ပညာသင်ဆု အပြည့်အဝရရှိခြင်း/မရရှိခြင်းက မိမိရဲ့ The Pre-Collegiate Program of Yangon မှာ ရရှိခဲ့တဲ့ GPA ရလဒ်များ နဲ့ ဆရာဆရာမများရဲ့  ထောက်ခံချက်များပေါ်တွင် မူတည်မှာပဲဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ပညာတော်သင်ဆု အနေနဲ့ တချို့ကျောင်းသားများက ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ရရှိပြီး တစ်ချို့ကျောင်းသားများမှာမူ ၈၅ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း ရရှိကြတာမျိုးလည်းရှိပါတယ်။



 

ယခုပရိုဂရမ်မှာ The Pre-Collegiate Program of Yangon ရဲ့ ၂၁ ကြိမ်မြောက် ကျောင်းသား/သူ ခေါ်ယူခြင်းဖြစ်ပြီး တစ်နှစ်ကို အယောက် ၂၀ ပဲခေါ်ယူတာပါ။ 

ယခုပရိုဂရမ် နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက  The Pre-Collegiate Program of Yangon ရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ 09 777 130 460 သို့ မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို

khaing.mon@precollegiateyangon.org   နှင့်

zune.soe@precollegiateyangon.org သို့လည်းအီးမေးလ်မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ထို့အပြင် လာမယ့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဝင်ခွင့်လျှောက်လွှာတင်ခြင်း နဲ့ ဝင်ခွင့်စာမေးပွဲအကြောင်းကို အသေးစိတ်ရှင်းပြသွားမည့် Zoom Meeting Event တစ်ခုလည်း ရှိပါတယ်။ 

စိတ်ပါဝင်စားတယ်ဆိုရင်တော့ အောက်ဖော်ပြပါ The Pre-Collegiate Program of Yangon ရဲ့ Original Post Link ကနေတစ်ဆင့် Zoom Meeting Link, Meeting ID နဲ့ Passcode များကို ရယူပြီး အခမဲ့ တက်ရောက်နိုင်ပါတယ်။ 

Post Link >

https://bit.ly/3VKvdYU Page Link >

https://bit.ly/3uwAY01 Website Link >

https://www.myanmar-foundation.org/the-precollegiate-program Credited to The Pre-Collegiate Program of Yangon






#ကျောင်းသား
#University
#စာမေးပွဲ
#ပရိုဂရမ်
#ပညာတော်သင်ဆု

Some text some message..