လက်ရှိလျှောက်ထားနိုင်သော နိုင်ငံတကာ ပညာတော်သင်ဆုများ
edge.com.mm
|
2019-02-22

ပညာသင်ဆုလျှောက်ဖို့အတွက်အခွင့်အလမ်းတွေ ရှာဖွေနေကြသော ကိုကို၊ မမတို့ရေ...


Asian Institute of Technology (AIT)

အစဉ်အလာကြီးများသော တက္ကသိုလ်တစ်ခုဖြစ်ကာ သွားလာရ လွယ်ကူသော ထိုင်းနိုင်ငံ ဘန်ကောက်တွင် တည်ရှိပါသည်။ နိုင်ငံတကာ တက္ကသိုလ်တခုဖြစ်ပြီးအင်ဂျင်နီယာ၊ ဖွံ့ဖြိုးရေးနှင့် စီမံခန့်ခွဲမှုအဆင့်မြင့် ပညာများ သင်ကြားပေးနေပါသည်။ ထူးခြားချက်အနေဖြင့် ဝင်ခွင့်လျှောက်ထားရာတွင် IELTS/TOEFLအမှတ်မရှိသော် Institutional test ဖြစ်သော AIT EETကို ဖြေဆိုပြီး လျှောက်ထားနိုင်ခြင်းဖြစ်သည်။

World Bank, JDS, ADB, GMS, King, Queen, RTGအစရှိသော ပညာတော်သင်ဆုအမျိုးမျိုးကို ပေးအပ်နေပြီး မိမိတို့၏အရည်အချင်းနှင့် လျှောက်ထားသော ဘာသာရပ်အပေါ်အခြေခံ၍ ချီးမြှင့်လေ့ရှိပါသည်။


လာမည့် ၂၀၁၉ သြဂုတ်လတွင် စတင်ဖွင့်လှစ်မည့် ပညာသင်နှစ်အတွက် ပညာတော်သင်ဆုလျှောက်လွှာပိတ်ရက်မှာ မတ်လ ၃၁ ရက်ဖြစ်ပါသည်။အသေးစိတ်ကို

www.ait.ac.th တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။


New Zealandအစိုးရ၏ ပညာတော်သင်ဆု

အစိုးရကိုယ်တိုင်ရွေးချယ်ပေးသော ပညာတော်သင်ဆုဖြစ်ပြီး ဦးစားပေးဘာသာရပ်များ နှစ်စဉ် ပြောင်းလဲပါသည်။ ယခုနှစ်အတွက် ပင်မဦးစားပေး ဘာသာရပ်များမှာ Climate Change & Environment, Disaster Risk Management, Food Security & Agriculture, Renewable Energy, Governence, Educationတို့ ဖြစ်ပါသည်။ ၎င်းပင်မ ဘာသာရပ်များအောက်တွင် ဘာသာရပ်ခွဲများစွာ ရှိနေပါသေးသည်။

၂၀၂၀ ပညာသင်နှစ်အတွက် နောက်ဆုံး လျှောက်လွှာတင်ရက်မှာ မတ်လ ၁၄ရက်နေ့ နေ့လယ် ၁၂ နာရီ ဖြစ်ပါသည်။

လုပ်သက်အနည်းဆုံး ၁နှစ်ရှိပြီးသော ၁၈နှစ်မှ ၃၉နှစ်ကြား စိတ်ပါဝင်စားသူ မည်သူမဆို လျှောက်ထားနိုင်ပါသည်။ ထူးခြားချက်အနေဖြင့် IELTSအမှတ် မရှိသေးသူများလည်း လျှောက်ထားနိုင်ကာ ရွေးချယ်ခံရပြီးသည်အထိ လိုအပ်သောအင်္ဂလိပ်စာအရည်အသွေးမရရှိသေးပါကလည်းအင်္ဂလိပ်စာကို သီးသန့်သင်တန်းပေး သွားမည်ဖြစ်ပါသည်။


အသေးစိတ်ကို

www.nzscholarships.govt.nz တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ၀၉ ၇၇၉ ၈၄၀ ၃၁၈ သို့လည်း မေးမြန်းနိုင်ပါသည်။


Australiaအစိုးရ၏ ပညာတော်သင်ဆု

အစိုးရကိုယ်တိုင်ရွေးချယ်ပေးသော ပညာတော်သင်ဆုဖြစ်ပြီး ဦးစားပေးဘာသာရပ်များ နှစ်စဉ် ပြောင်းလဲပါသည်။ ယခုနှစ်အတွက် ပင်မဦးစားပေးဘာသာရပ်များမှာ Education, Human resource development, Trade and private sector development, Social inclusion, Regional stability and human rights, Environment, agriculture and natural resources တို့ ဖြစ်ကြပါသည်။

၎င်းပင်မ ဘာသာရပ်များအောက်တွင် ဘာသာရပ်ခွဲများစွာ ရှိနေပါသေးသည်။ ၂၀၂၀ ပညာသင်နှစ်အတွက် နောက်ဆုံး လျှောက်လွှာတင်ရက်မှာ ဧပရယ်လ ၃၀ ရက်နေ့ ဖြစ်ပါသည်။ လုပ်သက်အနည်းဆုံး ၂ နှစ်ရှိပြီးသောအသက် ၂၅နှစ်အထက် စိတ်ပါဝင်စားသူ မည်သူမဆို လျှောက်ထားနိုင်ပါသည်။


ထူးခြားချက်အနေဖြင့် IELTSအမှတ် မရှိသေးသူများလည်း လျှောက်ထားနိုင်ကာ ရွေးချယ်ခံရပြီးသည်အထိ လိုအပ်သောအင်္ဂလိပ်စာအရည်အသွေးမရရှိသေးပါကလည်းအင်္ဂလိပ်စာကို သီးသန့်သင်တန်းပေး သွားမည်ဖြစ်ပါ သည်။အသေးစိတ်ကို

https://dfat.gov.au/ …/australia-awards-myanmar-information-… တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


Americanအစိုးရ၏ ပညာတော်သင်ဆု. (Fulbright)

USအစိုးရပေးအပ်သော ပညာတော်သင်ဆု ဖြစ်ပြီးအသက်၊ လုပ်သက် ကန့်သတ်ချက်များ မထုတ်ပြန်ထားပါ။ မိမိနှစ်သက်ရာ ဘာသာရပ်ကို လျှောက်ထားနိုင်ပြီး လျှောက်ထားစဉ်တွင် TOEFLအမှတ်ရှိနေရန် မလိုအပ်ပါ။


ပဏာမအဆင့်အရွေးခံရပါက သံရုံးတွင်းစစ်ဆေးသော TOEFLပုံုစံ စာမေးပွဲ ဖြေရမည်ဖြစ်ပြီး စကာတင် ရွေးခံရပါက သံရုံးမှအကုန်အကျခံပေးသော TOEFLဖြေဆိုရမည် ဖြစ်ပါသည်။ လျှောက်လွှာများစတင်လက်ခံနေပြီး ပိတ်ရက်မှာ မေလ ၂ရက်နေ့ ဖြစ်ပါသည်။အသေးစိတ်ကို

https://mm.usembassy.gov/education-cu …/scholarship-programs/တွင် ဖတ်ရှုနိုင်ပါသည်။

source: Ye Wana Hlaing fb


#ဘာသာရပ်
#အင်္ဂလိပ်စာ
#ဆု
#ပင်မ
#ပညာသင်နှစ်

Some text some message..