မဟာဘွဲ့သုံးမျိုးအတွက် ပညာသင်ဆုလျှောက်လွှာများ ခေါ်ယူနေ
edge.com.mm
|
2019-03-21

နော်ဝေနိုင်ငံ၏ တက္ကသိုလ်တစ်ခုဖြစ်သည့် မဟီဒေါ တက္ကသိုလ်တွင် တက်ရောက်ရမည့် မဟာဘွဲ့သင်တန်းသုံးမျိုးအတွက် ပညာသင်ဆုခေါ်ယူနေပြီ ဖြစ်သည်။

“မြန်မာနှင့် နော်ဝေနိုင်ငံတို့အကြား စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းစဉ်အဖြစ် မြန်မာနိုင်ငံအတွက် ပညာသင်ဆုထောက်ပံ့မှုအစီအစဉ်”အရ ပံ့ပိုးပေးသွားမည့် ထိုင်နိုင်ငံ မဟီဒေါ တက္ကသိုလ်တွင် တက်ရောက် သင်ကြားနိုင်သော ပညာသင်ဆု လျှောက်လွှာများကို ခေါ်ယူနေပြီဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့်အသိပေးကြေညာအပ်ပါသည်။

အရွေးချယ်ခံရသူများအနေဖြင့် သူနာပြုပညာ၊ လူဦးရေဆိုင်ရာနှင့် လူမှုသုတေသန သို့မဟုတ် ကာယလှုပ်ရှားမှုကုထုံး စသည့်နယ်ပယ်များတွင် မဟာဘွဲ့သင်တန်းများအား တက်ရောက် ရယူနိုင်မည့်အခွင့်အရေး များ ရရှိမည်ဖြစ်သည်။

ပညာသင်ဆုလျှောက်လွှာများကို သက်ဆိုင်ရာမဟာဌာနအသီးသီးမှ စိစစ်ရွေးချယ် ပေးသွားပါမည်။

အသေးစိတ်သိရှိလိုသည့်အချက်အလက်များအတွက် ဌာနမှူးများထံသို့အောက်ပါလိပ်စာများအတိုင်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။


ဌာနများ


လူဦးရေဆိုင်ရာနှင့် လူမှုသုတေသန သိပ္ပံ
လူဦးရေ၊ လိင်ပညာပေးနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ မဟာဘွဲ့
အီးမေးလ် -

chalermpol.cha@mahidol.ac.th


သူနာပြုပညာ မဟာဌာန
သူနာပြုသိပ္ပံ မဟာဘွဲ့
အီးမေးလ် -

aurawamon.sri@mahdiol.ac.th


သူနာပြုပညာ မဟာဌာန
ကာယလှုပ်ရှားမှုကုထုံးသိပ္ပံ မဟာဘွဲ့
အီးမေးလ် -

pagamas.pir@mahidol.ac.th

#မဟာဘွဲ့
#ပညာသင်ဆု
#သူနာပြု
#မဟီ
#သိပ္ပံ

Some text some message..