တွင်းနက်ရဲ့ပထမဦးဆုံးပုံရိပ်ကိုအသက်ဝင်စေခဲ့သူ လူငယ်အမျိုးသမီးသိပ္ပံပညာရှင်
yoyarlay.com
|
2019-04-12



အာကာသသိပ္ပံလောကအတွက် ချီးကျူးဂုဏ်ပြုထိုက်တဲ့ နေ့တစ်နေ့ဟာ ပြီးဆုံးသွားခဲ့ပါပြီ။ သမိုင်းဝင်အနေနဲ့ ဖမ်းယူရရှိလာတဲ့အာကာသတွင်းနက်တစ်ခုရဲ့ပထမဦးဆုံးပုံရိပ်ကိုအားလုံးကြည့်ရှုပြီးကြပြီလို့ ယူဆမိပါတယ်။ တစ်ကမ္ဘာလုံးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့ပြီးအကြီးအကျယ်အောင်ပွဲခံစရာဖြစ်ခဲ့တာပါ။


သမိုင်းဝင်အနေနဲ့ ဖမ်းယူရရှိလာတဲ့အာကာသတွင်းနက်တစ်ခုရဲ့ပထမဦးဆုံးပုံရိပ်ကိုအားလုံးကြည့်ရှုပြီးကြပြီလို့ ယူဆမိပါတယ်

အဲဒီလို တွင်းနက်ရဲ့ပထမဦးဆုံးပုံရိပ်ကို မြင်တွေ့ခွင့်ရစေခဲ့မှုရဲ့ နောက်ကွယ်မှာတော့ ဘယ်လိုမှ မေ့ထား၊ ချန်လှပ်ထားလို့မရတဲ့အမျိုးသမီးသိပ္ပံပညာရှင်တစ်ဦး ရှိနေပါတယ်။ သူ့ရဲ့နာမည်ကတော့ ကေတီဘူမန်း (Katie Bouman) ပါ။ နာမည်ကျော် MIT ကနေ ကွန်ပျူတာသိပ္ပံပညာရပ်နဲ့ ကျောင်းဆင်းထားတဲ့ သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီးအခုတော့အသက် (၂၉) နှစ်အရွယ် သူ့ရဲ့စွမ်းဆောင်မှုကအံ့သြဘနန်းမှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။


ဒေတာအချက်အလက်ပေါင်းမြောက်များစွာနဲ့ တွင်းနက်ရဲ့ပုံရိပ်ကိုရယူနိုင်ဖို့ များစွာအထောက်အကူပြုပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်

သူဟာ လွန်ခဲ့တဲ့သုံးနှစ်ကတည်းက Event Horizon Telescope (EHT)အဖွဲ့မှာ တွင်းနက်ရဲ့ ပုံရိပ်ကိုဖမ်းယူနိုင်မယ့်အယ်လ်ဂိုရစ်သမ်အလုပ်လုပ်ပုံစနစ်သစ်ကို တီထွင်ကြံဆပြီး ဦးဆောင်ဖန်တီးနေခဲ့သူဖြစ်ပါတယ်။ ပုံရိပ်ဖမ်းယူရေးအဖွဲ့ခွဲမှာအရေးပါလှသူဖြစ်ကာ လိုအပ်တဲ့ ဒေတာအချက်အလက်ပေါင်းမြောက်များစွာနဲ့ တွင်းနက်ရဲ့ပုံရိပ်ကိုရယူနိုင်ဖို့ များစွာအထောက်အကူပြုပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။


သူ့ရဲ့ ကြိုးပမ်းမှုဟာ ငယ်ရွယ်တယ်လို့ဆိုနိုင်တဲ့အသက် (၂၉)နှစ်အရွယ်လေးနဲ့ လုပ်ဆောင်နိုင်ခဲ့တာမို့ လေးစားအားကျဖွယ်ရာပါပဲ

တွင်းနက်ကိုအမှန်တကယ် ပုံရိပ်ဖော်နိုင်ခဲ့ပြီး ဒီလိုပုံရိပ်ဖော်နိုင်ဖို့ဟာအင်မတန်ခဲယဉ်းခဲ့တဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ သူ့ရဲ့ ကြိုးပမ်းမှုဟာ ငယ်ရွယ်တယ်လို့ဆိုနိုင်တဲ့အသက် (၂၉)နှစ်အရွယ်လေးနဲ့ လုပ်ဆောင်နိုင်ခဲ့တာမို့ လေးစားအားကျဖွယ်ရာပါပဲ။ သူ့ရဲ့ပညာရပ်ဆိုင်ရာစွမ်းဆောင်ရည်အရအနာဂတ်မှာလည်း ဒီထက်ပိုပြီးစွမ်းဆောင်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။


Ref: CNN ” That image of a black hole you saw everywhere today? … “
AI (ရိုးရာလေး)


#တွင်းနက်
#ပုံရိပ်
#အာကာသ
#ပညာရပ်
#သိပ္ပံပညာရှင်

Some text some message..