၁။ ရန်ကုန်တက္ကသိုလ်၊ ဘွဲ့လွန်အသုံးချ ဘူမိဗေဒဌာနတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် “ဘွဲ့လွန်အသုံးချဘူမိဗေဒ ဒီပလိုမာ(Diploma in Applied Geology) (၁) နှစ်သင်တန်းကို
အောက်ဖော်ပြပါအထူးပြုဘာသာရပ်များဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။
(က) Economic & Mining Geology
(ခ) Exploration Geochemistry
(ဂ) Exploration Geophysics
(ဃ) Gemmology
(င) Hydrogeology
(စ) Engineering Geology
(ဆ) Petroleum Geology
၂။အထက်ပါအထူးပြုဘာသာရပ်သင်တန်းတစ်ခုခုတွင် တက်ရောက်ရန်အတွက်အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။
(က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရပါမည်။
(ခ)အနိမ့်ဆုံးပညာအရည်အချင်းမှာ ဘူမိဗေဒဘာသာရပ်ဖြင့် ဘွဲ့ရပြီး၊
မဟာသိပ္ပံအရည်အချင်းစစ်သင်တန်းသို့ တက်ရောက်ရန်အဆင့်မီသူဖြစ်ရပါမည်။
(ဂ) ဘူမိဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ရ ဘူမိဗေဒဆိုင်ရာ လုပ်ငန်းခွင်မှ ဝန်ထမ်းများသည်လည်း သက်
ဆိုင်ရာအကြီးအကဲ(ညွှန်ကြားရေးမှူးချုပ်/ ဦးဆောင်ညွှန်ကြားရေးမှူး)၏ တရားဝင်ခွင့်ပြုမိန့်ရရှိသူ
များ လျှောက်ထားနိုင်ပါသည်။
၃။ ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် ၂၂-၅-၂၀၁၉ ရက် နောက်ဆုံးထား၍
လျှောက်ထားရဖြစ်ပါသည်။သတ်မှတ်ထားသောနေ့ရက်ထက် ကျော်လွန်၍ လျှောက်ထားလာသော လျှောက်လွှာများကို လုံးဝလက်ခံစဉ်းစားမည်မဟုတ်ပါ။
၄။အသေးစိတ်အချက်အလက်များကို ဘွဲ့လွန်အသုံးချဘူမိဗေဒဌာန၊ လှိုင်တက္ကသိုလ်နယ်မြေတွင် စုံစမ်းနိုင်ပါသည်။
Source: Educational Information by Ye Lwin Hein