Here Are The New Mattresses Everybody Is Talking About
mmtimes.com
|
2019-05-09

အုန်းငှက်ပျောပွဲဖြင့် ယုံကြည်ရာကို ပသဆုတောင်းနေသူတစ်ဦး (ဝဲပုံ)။ ယက္ခမယ်တော်အဆောင်တွင်အုန်းငှက်ပျောပွဲများ ပြန်လည်စွန့်ယူနေကြစဉ်။ ဓာတ်ပုံ •အောင်ဌေးလှိုင်

သင်္ဘောဆေးအနီရောင် သုတ်ထားတဲ့ လက်တွန်းလှည်းပေါ်မှာတော့ တစ်လွှာချင်း ထပ်တင်ထားတဲ့ ပွဲစွန့် ငှက်ပျောသီးစိမ်းနဲ့အုန်းသီးတွေဟာအပြည့်အမောက်ပါပဲ။

သူတို့တစ်တွေက နေအပူရှိန်အပြင်းဆုံးအချိန်ပိုင်း နေ့လယ် ၁ နာရီဝန်းကျင်မှာ စေတီတော်ရင်ပြင် ပတ်လည်က ယက္ခမယ်တော်၊ ရှင်စောပု၊ ဘိုးမင်းခေါင်နဲ့ ရွှေတိဂုံဘိုးဘိုးကြီး စတဲ့ ကျောင်းဆောင်တွေမှာ ကပ်လ·ထားတဲ့အုန်းငှက်ပျော ကန်တော့ပွဲတွေကို စွန့်လာပြီး ရာဟုထောင့်အလယ်ပစ္စယာကအုန်းငှက်ပျောဂိုဒေါင်ကို လှည်းနဲ့သယ်ဆောင်သွား ကြတာပါ။ (ဒီအချိန် ပွဲတော်စွန့်မှ ညနေခင်း ပွဲကပ်ချင်သူတွေရဲ့အုန်းငှက်ပျောပွဲနေရာ ရမှာပါ။)

ရာဟုထောင့်ရောက်ရင်တော့ လှည်းထဲက ငှက်ပျောသီးစိမ်းနဲ့အုန်းသီးတွေကို နှီးခြင်းတောင်း တွေထဲ လှယ်ထည့်ကြပါတယ်။ ပြီးရင်တော့ တစ်ယောက်စီကအဲဒီငှက်ပျောတောင်းနဲ့အုန်းသီးတောင်းကို ပုခုံးပေါ်ပြောင်းထမ်းရင်းအလယ်ပစ္စယာက ဂိုဒေါင်ဆီကို လှေကားအတိုင်း ဆင်းသွားပြီး ဂိုဒေါင်ထဲမှာ စုပုံထားကြပါတယ်။

အဓိဋ္ဌာန်အောင်လို့ပဲဖြစ်ဖြစ်၊ လူမှုရေး၊ စီးပွားရေးအညံ့တွေ ဖယ်ရှားချင်လို့ပဲဖြစ်ဖြစ် ရည်ရွယ်ချက်အစုံနဲ့ လာရောက် ကန်တော့ပွဲပေးသွားသူတွေရဲ့ ငှက်ပျော သီး၊အုန်းသီးတွေက ဒီနေရာလေးမှာအလဟဿ တော့ ဖြစ်မသွားပါဘူး။ ပွဲကပ်သူတွေ ကုသိုလ်ရဖို့အုန်းသီးနဲ့ ငှက်ပျောသီးတွေကို တကယ်လိုအပ်နေ သူတွေထံ ပြန်လည်လ·ဒါန်းပေးပြီးအဲဒါကလည်းအကောင်းဆုံးအသုံးချမှုပါပဲ။

ဂိုဒေါင်တစ်ဝက်နီးနီးပြည့်နေတဲ့ ငှက်ပျောသီး တွေကိုအပတ်စဉ်အင်္ဂါနေ့နဲ့ သောကြာနေ့တိုင်း မှာ ရန်ကုန်တိရစ်ဆာန်ရုံက လာယူကြပြီး တနင်္ဂနွေနေ့မှာ တော့ ဒဂုံမြို့နယ်၊ ဓမ္မရက္ခိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ကားနဲ့လာသယ်ကြတယ်လို့ ရွှေတိဂုံဘုရားဂေါပကအဖွဲ့က တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ဂျာနယ်ကို ပြောပါတယ်။

ရန်ကုန်တိရစ်ဆာန်ရုံကတော့ ဘုရားကစွန့်တဲ့ ငှက်ပျောသီးတွေကို မျောက်နဲ့ ဝက်ဝံတွေကို ကျွေးပြီး ဆင်းရဲနွမ်းပါးတဲ့သူတွေကိုအခမဲ့ ပညာသင်ကြား ပေးနေတဲ့ ဓမ္မရက္ခိတ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းကတော့ ကလေးတွေအတွက်အဆာပြေ နေ့ခင်းစာအဖြစ် ပြန်ကျွေးတာပါ။

"ကျွန်တော်တို့က ရင်ပြင်တော်ပေါ်မှာရှိတဲ့အုန်းပွဲငှက်ပျောပွဲတွေကို နေ့လယ်ပိုင်းနဲ့ ညပိုင်း နှစ်ကြိမ်သိမ်းတယ်။ သိမ်းပြီး ဂိုဒေါင်ထဲ ထည့်ထား တယ်။အလ·ခံတဲ့အဖွဲ့တွေကို ပြန်လ·ပေးတာပေါ့" လို့အုန်းပွဲငှက်ပျောပွဲဟောင်းတွေကို ဦးစီးစီစဉ်သူက ပြောပါတယ်။




ဂေါပကအဖွဲ့က သတ်မှတ်ပေးထားတဲ့အတိုင်းပဲ ရောင်းချစေပါတယ်။အုန်းသီးတစ်လုံးနဲ့ ငှက်ပျောဖီး သုံးဖီးပါ ရိုးရိုးတစ်ပွဲကို ကျပ် ၃၅၀ဝ ကနေ ဇာပဝါပတ် ရွှေအုန်းသီးနဲ့ ရွှေငှက်ပျောသီးငါးဖီးရှယ်ကို

ရန်ကုန်တိရစ်ဆာန်ဥယျာဉ်က တစ်ခါလာသယ်ရင် ငှက်ပျောသီးအဖီး ၃၀ဝ ကနေ ၆၀ဝ ထိ သယ်တတ်ပြီး ဓမ္မရက္ခိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက တော့ ဂိုဒေါင်ထဲမှာ သိမ်းထားသမျှ ငှက်ပျောသီးနဲ့အုန်းသီးတွေအကုန်သယ်ယူကြပါတယ်။

"အောက်မှာပိသွားတဲ့ ငှက်ပျောသီးတွေနဲ့အုန်းသီးနုတွေကိုတော့အမှိုက်ကန်ထဲ စွန့်ပစ်တယ်။အုန်းသီးရင့်တာတွေကျတော့ ဓမ္မရက္ခိတကျောင်းက ယူပြီး ဘုန်းတော်ကြီးက ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို နေ့လယ်စာအဟာရအနေနဲ့ ငှက်ပျောသီး (သို့မဟုတ်)အုန်းသီးနဲ့ မုန့်လုပ်ကျွေးတယ်။ သူတို့လာယူရင် ဂိုဒေါင်အကုန်ရှင်းတယ်" လို့ သူကပြောပါတယ်။




ကော့မ·းမြို့နယ်၊ ဝါးဘလောက်သောက်ရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ ရွာသာကြီးမြို့နယ်က သီလရှင် စာသင်ကျောင်းတွေကလည်း ရံဖန်ရံခါ လာယူရင် လှူဒါန်းပေးတယ်လို့ သူကပြောပါတယ်။

ငှက်ပျောပွဲနဲ့အုန်းပွဲတွေ တစ်ခါစွန့်ရင် လှည်းတစ်စီးစာအပြည့်ရပြီး တစ်စီးနဲ့မလုံလောက်ရင် တော့ နောက်တစ်စီးနဲ့ ရင်ပြင်ပတ်ပြီး သိမ်းရပါတယ်။ ရွှေတိဂုံဘုရားရဲ့အောင်မြေနေရာမှာ ၁၀၈ ဖီးပါတဲ့ ငှက်ပျောပွဲမျိုးတွေ့ရသလို နောက်ထပ်အုန်းငှက်ပျော ပွဲအများဆုံးတွေ့ရတဲ့ နေရာကတော့ ယက္ခမယ်တော် ဆောင်မှာပါ။အခါကြီးရက်ကြီးဆိုရင်တော့ ရာနဲ့ချီတဲ့ ငှက်ပျောဖီးတွေကို လှည်းနှစ်စီးလောက်နဲ့ သိမ်းရ ပါတယ်။

ဘုရားစေတီရင်ပြင်ပေါ်က ကျောင်းဆောင်တွေမှာအုန်းငှက်ပျောပွဲကပ်လ·တဲ့အလေ့အထဟာ ဗေဒင်ဆရာတွေရဲ့ ယတြာအစီအမံတွေက စတင်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

တချို့ကတော့ သတ်မှတ်ထားတဲ့ရက်အတွင်းမှာအဓိဋ္ဌာန်အောင်မြင်တာကြောင့် ငှက်ပျောဖီး ၁၀၈ ဖီးပါတဲ့ပွဲမျိုး ကပ်လေ့ရှိပြီး ရက်အတန်ကြာ ကပ်ထားချင်သူတွေကလည်း ဂေါပကအဖွဲ့ကို စာတင်ပြီး ခွင့်ပြုချက်တောင်းကြပါတယ်။

ရွှေတိဂုံဘုရားပေါ်မှာ ဂေါပကအဖွဲ့က သတ်မှတ် ထားတဲ့အုန်းငှက်ပျောပွဲအရောင်းဆိုင် တစ်ဆိုင်သာရှိပြီး ဈေးနှုန်းကလည်း ဂေါပကအဖွဲ့က သတ်မှတ်ပေး ထားတဲ့အတိုင်းပဲ ရောင်းချစေပါတယ်။အုန်းသီး တစ်လုံးနဲ့ ငှက်ပျောဖီးသုံးဖီးပါ ရိုးရိုးတစ်ပွဲကို ကျပ် ၃၅၀ဝ ကနေ ဇာပဝါပတ် ရွှေအုန်းသီးနဲ့ ရွှေငှက်ပျောသီးငါးဖီးရှယ်ကို ကျပ် ၁၁ဝဝဝ ထိအစားစားရှိပါတယ်။

"ဂြိုဟ်ထောင့်တွေမှာလည်း မွေးနေ့အထိမ်းအမှတ် လ·သွားတာတွေ ရှိတယ်။ သူတို့ရဲ့ကိုးကွယ်ယုံကြည်မှု ပေါ် မူတည်ပြီး လ·သွားကြတာပေါ့။ တချို့ကျတော့ လည်းအောင်မြင်အောင် ဆုတောင်းပြီး လ·သွားကြတာ လည်း ရှိတယ်။ တချို့ကျတော့လည်း သက်သက်လာလ· တာ ရှိပါတယ်"လို့ သူကပြောပါတယ်။


စွန့်ပစ်အုန်းငှက်ပျောပွဲများ သိမ်းဆည်းနေကြသည့် ဂေါပကအဖွဲ့ဝင်လူငယ်များ။ ဓာတ်ပုံ •အောင်ဌေးလှိုင်

ကိုယ်ကျိုးအတွက်အကျိုးမျှော်ပြီး လ·ဒါန်းပေမဲ့ တိရစ်ဆာန်လေးတွေနဲ့ မရှိနွမ်းပါးသူ ကလေးတွေအတွက်အာဟာရဖြစ်စေတဲ့အတွက်အုန်းငှက်ပျောလှူဒါန်းမှုဟာ ကုသိုလ်ဖြစ်စေအကျိုးရစေပါတယ်။

"ဘုရားက ငှက်ပျောသီးတွေ စွန့်လာပေမဲ့ ငှက်ပျော သီးအစိမ်းတွေက ကျွေးဖို့အဆင်သင့်မဖြစ်သေးလို့ ငှက်ပျောလှောင်ခန်းထဲမှာအုပ်ထားရပါတယ်။ ကျွေးဖို့အဆင်သင့်ဖြစ်တဲ့အထိ တစ်ရက်နှစ်ရက် စောင့်ရတယ်။ တချို့ငှက်ပျောသီးတွေ မှည့်ပြီးပျော် သွားလို့ စွန့်ပစ်ရတယ်" လို့ ရန်ကုန်တိရစ်ဆာန်ဥယျာဉ်က စီမံမန်နေဂျာ ကိုမျိုးကျော်သူက ပြောပါတယ်။

ဘုရားငှက်ပျောကို ရန်ကုန်တိရစ်ဆာန်ဥယျာဉ်က မျောက်မျိုးစိတ်တချို့ကို ကျွေးပြီး ကျန်တဲ့မျောက် မျိုးစိတ်တချို့ကိုတော့ တိရစ်ဆာန်အစာအတွက် တင်ဒါအောင်သူတွေက တင်သွင်းလာတဲ့ ငှက်ပျောသီးတွေကို ကျွေးပါတယ်။

ရွှေတိဂုံဘုရားကစွန့်တဲ့ ငှက်ပျောသီးနဲ့အုန်းသီး တွေကို လိုချင်တဲ့သူရှိရင် စာရေးတင်ဖို့ လိုပြီး ရက်မတိုက်အောင် စီမံပြီး လှူဒါန်းပေးတယ်လို့ ဘုရားဂေါပကအဖွဲ့က ပြောပါတယ်။


#အုန်းသီး
#ငှက်ပျောသီး
#ငှက်ပျောဖီး
#ဂိုဒေါင်
#ဓမ္မရက္ခိတ

Some text some message..