
ပုံုပြင်တွေ၊ ဒဏ္ဍာရီတွေဟာ လူတွေရဲ့စိတ်ကို များစွာ လွှမ်းမိုးမှုပေးပါတယ်။ ဒဏ္ဍာရီထဲကအချို့သတ္တဝါတွေဆိုရင်အရင်တုန်းက တကယ်ရှိခဲ့လား၊အခုရော တောထဲတောင်ထဲတွေထဲမှာ ရှိနေတုန်းပဲလားဆိုတာ သံသယဖြစ်ဖွယ်ပါပဲ။ နဂါးတွေ၊ ရေသူမတွေကစလို့ ပုံပြင်တွေထဲက စိတ်ဝင်စားဖွယ်သတ္တဝါတွေအကြောင်းကို cheapflights ကနေတဆင့် ရည်ညွှန်းဖော်ပြပေးလိုက်ပါတယ်။
ဦးချိုပါတဲ့ မြင်း

Shutterstock/ Digital Storm
အလယ်ခေတ်အနုပညာရှင်တွေဟာ ရောင်စုံပန်းချီကားတွေမှာ ဦးချိုပါတဲ့ မြင်းတွေနဲ့ ပုံဖော်လေ့ရှိကြပါတယ်။ ဦးချိုပါတဲ့မြင်းတွေဟာ သန့်စင်ခြင်း၊ ခွန်အားကြီးခြင်း စတဲ့ စွမ်းအင်တွေနဲ့ ဆက်စပ်နေတယ်လို့အယူရှိကြပါတယ်။
ရေသူမ

Shutterstock/ Irina Alexandrovna
ဒစ်စနီရဲ့ ကျေးဇူးကြောင့် ရေသူမတွေဟာ လှပပြီး နူးညံ့သိမ်မွေ့တဲ့နှလုံးသားပိုင်ဆိုင်ထားကြတဲ့ သတ္တဝါတွေအဖြစ် မှတ်ယူကြပါတယ်။ ဒါပေမယ့် ရှေးဒဏ္ဍာရီလာအရဆိုရင်တော့ ရေသူမတွေဟာ ကံဆိုးမိုးမှောင်ကြခြင်းကို ကိုယ်စားပြုပါတယ်။ သူတို့တွေဟာ ပင်လယ်ထဲမှာ ခရီးသွားနေကြတဲ့ သင်္ဘောသားတွေကို ဖြားယောင်းသွေးဆောင်ပြီး သတ်ပစ်တယ်လို့ ဆိုပါတယ်။ ရေသူမပုံပြင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂) ထောင် ဆီးရီးယန်းဒဏ္ဍာရီတစ်ခုကနေ ပေါ်ပေါက်လာခဲ့တာပါ။အဆိုပါဒဏ္ဍာရီဟာ Atargatisအမည်ရတဲ့ နတ်ဘုရားအကြောင်းဖြစ်ပြီး သူမဟာ ရေထဲရောက်သွားတဲ့အခါ ငါးအသွင်ပြောင်းသွားကြောင်းအယူရှိကြပါတယ်။
ဘီလူး

Shutterstock/ Miki Pavlovikj
ဘီလူးတွေလို့ဆိုတာနဲ့ ကြောက်မက်ဖွယ်ကောင်းပြီးအရုပ်အဆင်းဆိုးဝါးလှတဲ့ သတ္တဝါတွေအဖြစ် သိကြပါတယ်။ ဘီလူးတွေအကြောင်းကို (၁၂) ရာစုတုန်းက ပြင်သစ်ကဗျာဆရာ Chrétien de Troyes က စတင်ဖော်ပြခဲ့ပါတယ်။ ဘီလူးတွေကိုအသားစားပြီး ကြမ်းကြုတ်တဲ့သတ္တဝါကြီးတွေလို့ မှတ်ယူကြပါတယ်။
ဖီးနစ်ငှက်

Shutterstock/ Nipatsara Bureepia
မီးလောင်ပြာကျပြီးတာတောင် ပြာပုံထဲကနေ တဖန်ပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့ ဖီးနစ်ငှက်အကြောင်းကို လူတွေက ယနေ့တိုင် ပြောနေကြဆဲဖြစ်ပါတယ်။ ဖီးနစ်ငှက်နဲ့ပတ်သက်ပြီး ပါရှား၊ ရောမ၊အီဂျစ်၊ တရုတ် စတဲ့ နိုင်ငံအသီးသီးကအမျိုးမျိုးခိုင်းနှိုင်းကြပါတယ်။ စိတ်ဝင်စားစရာတစ်ခုက ကမ္ဘာမြေပေါ်ကအချိန်တစ်ခုမှာ ဖီးနစ်ငှက်တစ်ကောင်သာအသက်ရှင်နေနိုင်ပါတယ်။ သူတို့ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၅၀၀) ဖြစ်ပြီး မွှေးကြိုင်တဲ့ရနံ့ရှိတဲ့ သစ်တစ်မျိုးမှာအသိုက်ဆောက်နေတတ်ကြောင်း သိရပါတယ်။
နတ်သူငယ်

Shutterstock/ Atelier Sommerland
ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှာတော့ နတ်သူငယ်လေးတွေလို့ဆိုလိုက်ရင် မှော်ကြိမ်လုံးတကိုင်ကိုင်နဲ့ တောင့်တသမျှ ဖြစ်စေတဲ့အစွမ်းပိုင်ရှင်လေးတွေအဖြစ် သိကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာ နတ်သူငယ်တွေဟာ လူတွေကိုအပျက်သဘောဖြစ်အောင် ကျီစယ်နှောင့်ယှက်တတ်တဲ့ နတ်ဆိုးလေးတွေပဲ ဖြစ်ပါတယ်။
နဂါး

Shutterstock/ Joe Therasakdhi
နဂါးတွေကိုလည်း ဆန်းကြယ်တဲ့ ဒဏ္ဍာရီလာ သတ္တဝါတွေအဖြစ် လူတွေက မှတ်ယူကြပါတယ်။အရှေ့တိုင်းနဲ့အနောက်တိုင်းပုံပြင်တွေထဲမှာတော့ နဂါးတွေဟာအမျိုးမျိုးအစားစား ကွဲပြားလေ့ ရှိပါတယ်။အချို့က နဂါးတွေကို သေးငယ်ပြီး နူးညံ့တဲ့သတ္တဝါတွေအဖြစ် ပုံဖော်ကြပေမယ့်အချို့ကတော့ ကြီးမားပြီး မီးတောက်မီးလျှံတွေမှုတ်ထုတ်တတ်တဲ့ သတ္တဝါကြီးတွေအဖြစ် ပုံဖော်ကြပါတယ်။ နဂါးအမျိုးအစားအမျိုးမျိုးရှိနိုင်ပြီးအချို့ကလည်း နဂါးကို ခြေနှစ်ချောင်းတည်းနဲ့ ပုံဖော်တတ်ကြပါတယ်။ နဂါးတွေကို ဘယ်တော့မှ ရေနစ်မသေနိုင်တဲ့သတ္တဝါတွေအဖြစ် မှတ်ယူကြပါတယ်။
လင်းလင်း (ShweMom)