Sorry, the page is out of order.
myanmaplatform.com
|
2019-06-27



ကမ္ဘာတစ်ဝန်းဒစ်ဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင်ဦးဆောင်နေသည့်Visaမှသုံးစွဲသူမြန်မာနိုင်ငံသားများ၏ ငွေပေးချေမှုဆိုင်ရာအလေ့အထများအကြောင်း လေ့လာဆန်းစစ်ချက် (လေ့လာဆန်းစစ်ချက်) ကို ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ယင်းလေ့လာဆန်းစစ်ချက်သည်မြန်မာလူမျိုးများ၏ငွေပေးချေမှုနှင့်ထွက်ပေါ်လာသောငွေပေးချေမှုနည်းလမ်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသားများ၏ လက်ခံနားလည်မှု၊ သဘောထားနှင့်အလေ့အကျင့်များအကြောင်းကိုလေ့လာသုံးသပ်၍တိကျနက်နဲစွာတင်ပြထားသောအစီရင်ခံစာတစ်ရပ်ဖြစ်သည် ။မြန်မာနိုင်ငံသားများသည်ငွေကြေးဆိုင်ရာထုတ်ကုန်များကိုယမန်နှစ်ထက် ပိုမိုအသုံးပြုလာလိုကြောင်း လေ့လာ ဆန်းစစ်ချက်မှတွေ့ရှိရသည်။ဘဏ်များနှင့်စပ်လျဉ်း၍လုံခြုံမှု၊ယုံကြည်မှုနှင့်ငွေပေးချေမှုများအပေါ်ဆက်လက်၍ ပိုမိုကောင်းမွန်စွာသိရှိနားလည်လာကြသည်။“မြန်မာနိုင်ငံမှာအစောဆုံးရင်းနှီးမြှပ်နံှကြသူတွေထဲကတစ်ယောက်အနေနဲ့Visaဟာဒီလေ့လာဆန်းစစ်ချက်ကိုပြုလုပ်ပြီးတွေ့ရှိချက်တွေကိုသက်ဆိုင်ရာနယ်ပယ်နဲ့ပြည်သူလူထုကိုအကျယ်တဝင့်ဝေမျှရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဘဏ်နဲ့အီလက်ထရောနစ်ငွေပေးချေမှုများဟာ လူတွေရဲ့ ဘဝနေထိုင်မှုနဲ့နိုင်ငံတော်ရဲ့ဦးတည်လျောက်လှမ်းနေတဲ့ဒစ်ဂျစ်တယ်စီးပွားရေးဆီကိုအရှိန်အဟုန်မြင့်စွာလှမ်းလျှောက်နိုင်ဖို့အခွင့်အရေးတွေပေးတယ်ဆိုတာမြန်မာနိုင်ငံသားများအနေနဲ့နားလည်ဖို့အရေးကြီးပါတယ်”ဟု Visa Myanmar ၏ Country Manager ဖြစ်သူ Lillia Wang က ပြောကြားခဲ့သည်။




လေ့လာဆန်းစစ်ချက်အရ ဖြေဆိုသူ၄၁ရာခိုင်နှုန်းမှာယခုအခါဘဏ်စာရင်းရှိကြောင်း ပြောဆိုပြီး ယမန်နှစ်တွင် ၃၄ ရာခိုင်နှုန်းသာရှိခဲ့သည်။ ဆက်လက်သိရှိရသည်မှာ စစ်တမ်းတွင် ဘဏ်စာရင်းမရှိသည့် ဖြေကြားသူ၇၀ ရာခိုင်နှုန်းသည် ယခုနှစ်အတွင်း ဘဏ်စာရင်းဖွင့်ရန် ရည်ရွယ်ထားသည်။ Prepaid Card (ကြိုတင်ငွေဖြည့်အသုံးပြုကတ်)၊ Credit Card (အကြွေးဝယ်ကတ်)အစရှိသည့် ငွေပေးချေမှု ကတ်များရရှိရန် စိတ်ဝင်စားမှုနှင့်အသုံးပြုမှုများမှာ သိသိသာသာ မြှင့်တက်ခဲ့ကြောင်း လေ့လာဆန်းစစ်ချက်တွင် တွေ့ရှိရသည်။ ယခုအခါ ဖြေဆိုသူ ၂၆ ရာခိုင်နှုန်းသည် ငွေပေးချေမှုကတ်အသုံးပြုကြပြီး သို့မဟုတ် ပိုင်ဆိုင်ကြပြီး ယမန်နှစ်တွင် ၃ ရာခိုင်နှုန်းခန့်သာရှိသည်။ ထို့အပြင် လူဆယ်ဦးတွင် ခုနှစ်ဦးမှာ ငွေပေးချေမှု ကတ်ရရှိရန် စီစဉ်ထားသည်။ ယခင်နှစ်ကမူ လူဆယ်ဦးတွင် နှစ်ဦးသာ ကတ်ပိုင်ဆိုင်ရန်အစီအစဉ်ရှိသည်။ ငွေပေးချေမှုကတ် ရရှိပိုင်ဆိုင်လိုသည့်အဓိက တွန်းအားများမှာ “ခေတ်နှင့်အမီအချိန်နှင့် တစ်ပြေးညီဖြစ်ရန်” နှင့် “ရိုးရှင်းလွယ်ကူသော ငွေပေးချေမှုတစ်ရပ်ကို လက်လှန်းမီအသုံးပြုနိုင်ရန်” တို့ ဖြစ်သည်။ ကတ်များ ကိုင်ဆောင်ခြင်းသည် ငွေသားအမြောက်အမြားသယ်ယူသွားခြင်းထက် ပိုမိုလုံခြုံမှုရှိစေပြီးအကြွေအမ်းရသည့်အခက်အခဲများလည်း မရှိတော့သည့်အတွက် ပိုမိုအဆင်ပြေစေသည်ဟု ဖြေဆိုသူများမှ ပြောကြားခဲ့သည်။ ဘဏ်များအပေါ်ထားရှိသည့် သဘောထားများမှာလည်း ဆက်လက်၍ ပိုမိုကောင်းမွန်လာခဲ့သည်။ ဘဏ်များသည် လုံခြုံစိတ်ချရသည်ဟု ယမန်နှစ်က ဖြေဆိုသူ ၆၈ ရာခိုင်နှုန်းသာ လက်ခံခဲ့သော်လည်း ယခုအခါ ငါးယောက်တွင် လေးယောက် (၈၂ ရာခိုင်နှုန်း) မှ လက်ခံခဲ့သည်။ ဆက်လက်၍ ဖြေဆိုသူ ၇၇ ရာခိုင်နှုန်းက ဘဏ်များသည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာငွေကြေးစီမံရာတွင်အဆင်ပြေသည့်နည်းလမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။




မြန်မာနိုင်ငံသားများ၏ နေ့စဉ်သုံးစွဲမှုများတွင်အဓိကအားဖြင့် ငွေသားကို ကိုယ်တွယ်အသုံးပြုကြသော်လည်း ဖြေဆိုသူ လေးယောက်တွင် တစ်ယောက်မှာမူ ငွေသားမကိုင်တွယ်ဘဲ နေထိုင်သွားလိုသည်ဟု ဖြေဆိုခဲ့သည်။ နောင်လာမည့် ၁၅နှစ်အတွင်း (သို့မဟုတ် ၁၅နှစ်မတိုင်မီ) မြန်မာနိုင်ငံသည် ငွေသားကိုယ်တွယ်အသုံးပြုမှု လုံးဝမရှိတော့သည့် လူမှုအသိုင်းအဝန်းတစ်ရပ် ဖြစ်တည်လာဖွယ်ရှိသည်ဟု ဖြေဆိုသူအားလုံးမှာမှ ယုံကြည်ကြ သည်။စက်ထဲတွင် ကတ်ဖြတ်ခြင်း သို့မဟုတ် ကတ်ထည့်ခြင်း ပြုလုပ်မည့်အစား Contactless Payment ကဲ့သို့ ငွေပေးချေမှုကတ်အား စက်အနား ထိတွေ့ရုံ သို့မဟုတ် စက်အနီး (Point of Sales Terminal) မိမိဖုန်းဖြင့် ထိတွေရုံဖြင့် ငွေပေးချေမှုပြုလုပ်ခြင်းအစရှိသည့်အသစ်ပေါ်ထွက်လာသော ငွေပေးချေမှုနည်းလမ်းများအပေါ် မြန်မာနိုင်ငံသားများ ပိုမိုစိတ်ဝင်စားကြကြောင်း လေ့လာဆန်းစစ်ချက်တွင်ဖော်ပြထားသည်။ ဖြေဆိုသူ ထက်ဝက်ခန့်မှာ ယင်းကဲ့သို့ ငွေပေးချေမှုနည်းလမ်းမျိုး သုံးစွဲလိုကြောင်း ဖြေဆိုခဲ့သည်။“မြန်မာနိုင်ငံသားတို့ရဲ့ ဒစ်ဂျစ်တယ်နည်းလမ်းများနဲ့ ငွေပေးချေမှုများကို လက်ခံကျင့်သုံးလိုတဲ့ စိတ်ဆန္ဒကိုအားတက်ဖွယ် တွေ့ရှိရပါတယ်။ ကျွနု်ပ်တို့ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်နေပြီဆိုတာကို ယုံကြည် ပါတယ်။ နောက်ထပ် သုံးစွဲသူတွေနဲ့ ကုန်သည်တွေအီလက်ထရောနစ်ငွေပေးချေမှုရဲ့အကျိုးရလဒ်တွေကို နားလည်သိရှိပြီး လက်ခံအသုံးပြုလာဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီထောက်ပံ့ပေးဖို့ဆိုတာအရေးကြီး ပါတယ်။ ကျွနု်ပ်တို့ဟာ မြန်မာနိုင်ငံမှာ ငွေသားကိုင်တွယ်သုံးစွဲမှုနည်းပါးတဲ့ လူမှုအဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်း လာဖို့ လျှောက်လှမ်းနေသလို တစ်ချိန်တည်းမှာပဲ ငွေပေးချေမှုနယ်ပယ်အတွင်းက မိတ်ဖက်များသာမကအခြားမိတ်ဖက်များနဲ့ပါအတူတကွ လက်တွဲပူးပေါင်းပြီး ဆန်းသစ်မှုတွေ ဖန်တီးသွားဖို့ ကထိကဝတ်ပြုပါတယ်” ဟု Lillian က နိဂုံးချုပ် ပြောကြားခဲ့သည်။


#ကတ်
#ငွေ
#ငွေသား
#ဘဏ်
#ယမန်နှစ်

Some text some message..