ဗုဒ္ဓနှင့် ဝါဆို၊ ကြာညိုနှင့် ပုန်းညက် ကျေးလက်နှင့် ပန်းခူးပွဲ
ဒွေမေဘိက္ခဝေအန္တာပဗ္ဗဇိတေနနသေဝိတဗ္ဗာကတ မေဒွေယောစာယံကာမေသု ကာမသုခလ္လိကာနုယောဂေါဟီနောဂါမ္မောပေါထုဇ္ဇ နိကောအနရိယောအနတ္တသံဟိတော ယောစာယံအတ္တကိလမထာနုယောဂေါ ဒုက္ခောအန ရိယောအနတ္တသံဟိတော ဧတေခေါ ဘိက္ခဝေဉဘောအန္တေအနုပဂမ္မမဇ္ဈိမာ ပဋိပဒါ တထာဂတေနအဘိသမ္ဗုဒ္ဓါ (ဓမ္မစကြာပါဠိတော်)
ရှင်တော်ဗုဒ္ဓသည် သုံးလောကထွတ်ထားမြတ်ဘုရားအဖြစ်သို့ ရောက်တော်မူပြီး၍ ရက်ပေါင်းခြောက်ဆယ်အကြာ မဟာသက္ကရာဇ် (၁၀၃) ခု ဝါဆိုလပြည့် (စနေနေ့) ညနေခင်း နေဝင်ရိုးရီဆည်းဆာမည်သောအချိန်တွင်အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်သားမျိုးစုံသော ရဂုံသာမောအင်ကြင်းတော၌ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊အဿဇိဘွဲ့မည်ရှိသော ပဉ္စဝဂ္ဂီငါးဦးတို့အားအထက်ပါဂါထာပါဠိလာရှိသည့်အတိုင်း တရားဦးဓမ္မစကြာ ဟောကြားတော်မူသည်။
မြတ်ဗုဒ္ဓ၏ တရားဦး၌ (၁) ကာမသုခလ္လိကာနုယော ဂေါ–ကာမဂုဏ်တို့၌ မွေ့လျော်သောအစွန်းတရား၊ (၂)အတ္တ ကိလမထာနုယောဂ– မိမိကိုယ်ကိုညှဉ်းပန်းနှိပ်စက်သောအစွန်းတရားတို့ကို ပယ်သတ်၍၊ (၃) မဇ္ဈိမပဋိပဒါ–အလယ်အလတ်လမ်းစဉ်ကျင့်စဉ်သည်သာလျှင် မဂ်ဖိုလ်နိဗ္ဗာန်ရောက် ကြောင်းမှန်သည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ် သည်ဟု ဟောဖော်ညွှန်ပြခဲ့ပေသည်။ ထို့ပြင် ဗုဒ္ဓမြတ်စွာ သည်လမ်းကြမ်း၊ လမ်းနုဤနှစ်ခုကိုပယ်၍အလယ်အလတ် လမ်းစဉ်ကို ရွေးချယ်ကာ မဂ္ဂင်ရှစ်ပါးတရားကို ပြတော်မူ သည်။
(၁) သမ္မာဒိဋ္ဌိ (မှန်ကန်သောအမြင်)
(၂) သမ္မာသင်္ကပ္ပ (မှန်ကန်သောအကြံ)
(၃) သမ္မာဝါစာ (မှန်ကန်သော ပြောဆိုမှု)
(၄) သမ္မာကမ္မန္တ (မှန်ကန်သောအလုပ်)
(၅) သမ္မာအာဇီဝ (မှန်ကန်သောအသက်မွေးမှု)
(၆) သမ္မာဝါယမ (မှန်ကန်သောအားထုတ်မှု)
(၇) သမ္မာသတိ (မှန်ကန်သော သတိ)
(၈) သမ္မာသမာဓိ (မှန်ကန်သော တည်ကြည်မှု)
ဤရှစ်ရပ်သည် မဇ္ဈိမပဋိပဒါလမ်းစဉ်တွင် ထည့်သွင်း ကျင့်သုံးရမည့် မဂ္ဂင်ရှစ်ပါးတရားများ ဖြစ်ပါသည်။ မြတ်စွာ ဘုရားရှင် ဓမ္မစကြာတရားဟောကြားတော်မူပြီးသော ဝါဆိုလပြည့်နေ့တွင် ကောဏ္ဍညမထေရ် ပထမဦးစွာသောတာပန်ပုဂ္ဂိုလ်အဖြစ်သို့ ရောက်တော်မူသည်။ ပြီးနောက် ဆက်လက်၍ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် ဝပ္ပမထေရ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်နေ့တွင် ဘဒ္ဒိယမထေရ်၊ ဝါဆို လပြည့်ကျော် ၃ ရက်နေ့တွင် မဟာနာမ်မထေရ်၊ ဝါဆိုလပြည့် ကျော် ၄ ရက်နေ့တွင်အဿဇိမထေရ်တို့အသီးသီးသောတာပန်တည်ကြရာ ဧဟိဘိက္ခုရဟန်းအဖြစ်သို့ ရောက် တော်မူကြသည်။ ဤသို့လျှင် ဝါ ဆိုလပြည့်အခါသမယသည် မြန်မာနိုင်ငံအပါအဝင်ဗုဒ္ဓ၏ ဆုံးမသြဝါဒကို ခံယူလိုက်နာ ကျင့်သုံးကြသည့် သာသနာ့နွယ်ဝင် သူတော်စင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်ခဲ့ပေသည်။ ဤကာလ၌ ဗုဒ္ဓဘာသာဝင် တို့သည် ဘုရားကျောင်းမည်၊ စေတီတန်ဆောင်း၊ သိမ် ကျောင်းဇရပ်စသည့်အမွန်အမြတ်သာသနာ့အရိပ်အဝန်း များသို့ သွားရောက်ကာ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါးဥပုသ်သီလတရားများဆောက် တည်ခြင်း၊ ဒါတဗ္ဗဝတ္ထုအစုစုတို့ဖြင့် လှူဒါန်းခြင်းစသည့် ဒါန၊ သီလ၊ ဘာဝနာကောင်းမှုတို့အားအနယ်နယ်အရပ်ရပ် ပြုလုပ်ကျင်းပလျက်ရှိသည်မှာ ဝါဆိုလ၏ ထူးခြားသောဂုဏ်ထူး ဝိသေသတစ်ရပ်ပါပင်။
ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ကာ လအတွင်း သံဃာတော်အရှင်သူမြတ်တို့ ဝါဆိုဝါကပ်ခြင်းအမှုကို ပြုကြမြဲဖြစ်သည်။ "ဣမသ္မိံဝိဟာရေဣမံတေမာသံ ဝဿံဉပေမိ"ဤကျောင်းတော်-ဝိဟာရ၌ ဝါတွင်းသုံးလကာလ ပတ်လုံး ဝါဆိုဝါကပ်ခြင်းအမှုကို ပြုပါမည်။အခြားသောအရပ်တစ်ပါးသို့ ြွကချီခြင်းမပြုပါဘုရားဟု မြတ်စွာဘုရားထံ ကတိပြုလျှောက်ထားကြရသည်။ ဝါဆိုလပြည့် ကြာသပတေးနေ့တွင် ဂေါတမဗုဒ္ဓလောင်း လျာမယ်တော်မာယာ၏ ဝမ်းကြာတိုက်အတွင်း ပဋိသန္ဓေ တည်ခြင်း၊ ဝါဆိုလပြည့် (တနင်္လာနေ့)တွင် တောထွက်တော် မူခြင်း၊ ဝါဆိုလပြည့် (စနေနေ့)တွင် ဓမ္မစကြာတရားဟော ကြားတော်မူခြင်း၊ ဒိဋ္ဌိတို့ကို ဆုံးမနိုင်ခြင်းငှာ ရေ၊ မီးအစုံ စုံသော တန်ခိုးပြာဋိဟာကို ပြတော်မူခြင်း၊ တာဝတိံသာနတ် ပြည်သို့ ြွကတော်မူ၍ သတ္တမဝါကပ်တော်မူခြင်းစသည့် ဗုဒ္ဓဝင်ဆိုင်ရာ ထူးခြားမှုများရှိသည့် ဝါဆိုလအား ဗုဒ္ဓဘာသာ ဝင်တို့က ဓမ္မစကြာနေ့ထူးနေ့မြတ်အဖြစ် ယနေ့တိုင် သတ် မှတ်ခဲ့ကြပါသည်။ ကိုးခွင်ငယ်မှိုင်းပါလို့ မြင်တိုင်းမှာတဲ့ မည်းညို၊ လဲ့လဲ့ ငယ်စို၊ ယုဂန္ဓိုရ်တောင်မဟာက၊ ပြုဗ္ဗာသာဠ်ထွန်းတဲ့ လကိုလေး။ ယှဉ်တာရာငယ်၊ ရာသီကရကဋ်၊ နရိန္ဒာလဲ၊ ညာတောင် နတ်နှင့် ဖိုလ်မြတ်ကယ်နိဗ္ဗူ၊အောင်ဆုယူလို့၊ ရှစ်ဖြူရိပ်စံ၊ ပဉ္စင်းတော်ခံသောခါ၊ ရေလျှံတဲ့ဝါဆိုမှာ၊ ပုန်းညက်ညိုမာလာမင်းက၊ သင်း လှတယ်လေး။ (မဟာအတုလမင်းကြီး–တစ်ဆယ့်နှစ်လရာသီဖွဲ့ပေါင်း ချုပ်) ဝါဆိုလကို ဗေဒင်ဝေါဟာရအားဖြင့် ကရကဋ်ရာသီဟု ခေါ်သည်။ နက္ခတ်အားဖြင့် ပြုဗ္ဗာသာဠ်နက္ခတ်၊ ရာသီရုပ်မှာ လယ်ပုစွန်လုံးရုပ်ဟု သတ်မှတ်သည်။ ရာသီပန်းကား ပုန်းညက်ပန်းဖြစ်ပြီး ကျေးလက်လယ်ကွင်းအနှံ့ ကြာပန်း ရောင်စုံများဖူးပွင့်သည့်ကာလ ဖြစ်ပါသည်။ ပွဲတော်မှာ ပဉ္စင်းတော်ခံပွဲ၊ ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဝါဆိုပန်းခူးပွဲများ ဆင်ယင်ကျင်းပလေ့ရှိပါသည်။ နေ့ကိုလိုဝါဆို၊ ညကိုလို ပြာသိုဟုဆိုထားသဖြင့် နေ့တာရှည်၍ညတာတိုသောလဖြစ် ပါသည်။ သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိနြွ့်မက်သံချိုလဝါဆို ဟူသော ရှေးစာဆိုနှင့်အညီဝါဆိုလကို ဘာသာရေးနှင့်ယှဉ်၍အလေးအမြတ်ထားခဲ့သည်မှာလည်း ယနေ့တိုင် ဖြစ်ပါသည်။
"ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖဝါး၊ ဖြန့်ချိသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့် မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လှာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ ဝယ်၊ ြွေကြွေ့က့လျှံတက် ဓမ္မစက်ကို၊ မိနြွ့်မက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို" ဟု ကျေးဇူးတော်ရှင်လယ်တီဆရာတော်ကြီးက ကိုယ်တိုင် ပြုစုသော ခုနစ်နေ့ဘုရားရှိခိုးစာအုပ်တွင် ဝါဆိုလပြည့်နေ့ နှင့် ဆက်နွှယ်နေသော ဗုဒ္ဓဝင်ဆိုင်ရာများ ရေးသားပြုစုဖွဲ့ဆို ခဲ့ပါသည်။ နီနံ့သာဖြူအတော်ဖက်ပါလို့၊ သည်အငူ မှော်အတက် မှာလ၊ ကျော်ကရမက်ကယ်က မွှေးလှတယ်။ ဂိံအကူးပေမို့၊ ချိန်ဦးဝသန်မီလို့၊ ဟန်ချီချီပျံပုရစ်တွေက၊ ဖူးလှစ်စသွယ်။ ရပ်မြေပြင်သည်အလှည့်မှာတော့၊ ခက်ရွှေရင်ပလီခဲ့ဟာမို့၊ သည်နွဲ့နွဲ့ခိုင်စံပယ်ငယ်၊ မြိုင်လယ်မှာ ကြိုင်လှောင်း၊ ခပေါင်းပင်၊ လက်မောင်း
လိမ်လည်တင်၍၊ ကြိမ်နွယ်သွင် တစ်မည်ရှိပေငဲ့၊ လေနှင်ရာငွေစင်အိသကဲ့သို့၊ နှစ်အခြေ
ခေတ်ရေထိပြန်တော့၊ ဆန်းပွေဘိတောင်းတဲ့မှ (အိုကွယ်) ပန်း
ငွေ မိကျောင်း။ (ဆဋ္ဌမတန်းမြန်မာစာ)
ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး။ ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုသည်နှင့်အညီ မြစ်ရေဝင် ရောက်လေ့ရှိသည့် ကျေးလက်တောရွာများ၏အင်းဇောင်း၊အိုင်ဇောင်း၊ ရိုးဇောင်း၊ ချောင်းစပ်တစ်ခိုတွင် မိကျောင်းပန်း၊ ပုန်းညက်ပန်း၊ ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ပဒုမ္မာကြာခရမ်း နှင့် မြတ်လေးပန်းများအပါအဝင် ပန်းမာလာတို့ ဖွေးဖွေးလှုပ်လှုပ်ပွင့်ကြလေ့ရှိရာ ကျေးရွာတွင်းရှိ ကာလသမီး၊ ကာလသားများ လှေငယ်တက်စင်းကိုယ်စီနှင့် ဝါဆိုပန်းခူး ထွက်ကြမြဲဖြစ်သည်။ ရရှိလာသည့် တောပန်း၊ တောင်ပန်း မွှေးမွှေးကြိုင်ကြိုင်တို့ဖြင့် ဘိုးဘွားမိဘများနှင့်အတူဘုရား၊ ကျောင်းကန်၊ စေတီပုထိုးတို့တွင် ကုသိုလ်ယူကြသည့် မြင်ကွင်းမှာ ချစ်စရာ့ယဉ်ကျေးမှု ကျေးလက်ဓလေ့တစ်ခု ပင်။
အချုပ်အားဖြင့် ဆိုရပါမူ ဝါဆိုလသည် တော၊ တောင်၊ ရေ၊ မြေသဘာဝ စိမ်းစိမ်းအုပ်အုပ် စိုပြည်လှပနေရုံမျှမက နတ်၊ လူ၊ ဗြဟ္မာသတ္တဝါအားလုံးတို့၏အထွတ်အမြတ်ထားရာ သုံးလောကထွတ်ထား မြတ်စွာဘုရားရှင် ပဋိသန္ဓေယူ သောနေ့ဖြစ်ခြင်း၊ တရားအနှစ်ဓမ္မစစ်ကိုရှာဖွေရန် တော ထွက်တော်မူသော နေ့ထူးနေ့မြတ်ဖြစ်ခြင်း၊ ပိဋကတ်သုံးပုံ၏အဦးအစဓမ္မစကြာတရားမြတ်ကို ပဉ္စဝဂ္ဂီငါးပါးအပါအဝင် လူနတ်ဗြဟ္မာကုဋေကုဋာသိန်းသန်းတို့အား ဟောကြား တော်မူသော နေ့ထူးနေ့မြတ်ဖြစ်ခြင်း၊ တရားရတနာနှင့် သံဃာရတနာကိုစတင်သိရှိကိုးကွယ်ခွင့်ရရှိသောနေ့ထူး နေ့မြတ်ဖြစ်ခြင်း၊ ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာကို ပြတော် မူသောနေ့ထူးနေ့မြတ်ဖြစ်ခြင်း၊ ဧဟိဘိက္ခုဟူသော စကားဦးစတင်ကြားရသော နေ့ထူးနေ့မြတ်ဖြစ်ခြင်း စသည့် ဘာသာရေးဆိုင်ရာအမှတ်တံဆိပ်ခတ်နှိပ်ထားသည့် နေ့ထူး လမြတ်သမယဖြစ်ရကား တစ်ဦးနှင့်တစ်ဦး မေတ္တာဖြင့် ရိုင်းပင်းကူညီဆက်ဆံနိုင်ကြပါစေ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မာစိုရ်တရားလေးပါးဖြင့် ရှင်သန်ကြီးပြင်းနိုင်ကြပါစေ၊အတိတ်ကောင်းခြင်း၊ ဟိတ် ကောင်းခြင်း၊ နိမိတ်ကောင်းခြင်း၊အလိုပြည့်ခြင်း၊ ကောင်း ကျိုးချမ်းသာမင်္ဂလာဟူသမျှနှင့်လည်း နေ့ရောညပါအခါ ခပ်သိမ်းရာနှုန်းပြည့်ရရှိပြည့်စုံကြပါစေ၊အန္တရာယ်ဟူ သမျှကင်းစင်ပကြပါစေ၊ ကံ၊ ဉာဏ်၊ ဝီရိယသုံးပါး မျှတစွာ စိုက်ထုတ်၍သီလ၊ သမာဓိ၊ ပညာသိက္ခာ သုံးရပ်ဖြင့် ဒါန၊ သီလ၊ ဘာဝနာပွားများကာ နိဗ္ဗာန်မျက်မှောက်ပြုနိုင်ကြပါ စေဟု မေတ္တာပွားဖော်ပြလိုက်ရပါသည်။