ထူးအယ်လင်းကတော့နိုင်ငံကျော်ဝါရင့်အမျိုးသားအဆိုတော်တစ်ဦးဖြစ်ပြီးလက်ရှိချိန်အထိအောင်မြင်မှုကိုထိန်းထားနိုင်တဲ့အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။အသံပါဝါကောင်းကောင်းနဲ့သီချင်းတွေကိုသီဆိုတတ်ပြီး ထွက်ရှိသမျှသီချင်းတိုင်းလိုလိုဟာ ပရိသတ်တွေရဲ့ ပါစပ်ဖျားမှာစွဲနေတဲ့အထိအောင်မြင်မှု ရရှိထားပါတယ်။
သူကတော့ ဘာသာတရားကိုင်ရှိုင်းပြီး ပရဟိတအမြဲလုပ်လေ့ရှိတဲ့အနုပညာရှင်တွေထဲက တစ်ဦးဖြစ်ပြီးအလှူရေစက်လက်နဲ့မကွာဆိုသလို ဘုရား၊သိမ်၊ကျောင်း သာသနာ့အဆောင်အအုံတွေကိုဆောက်လုပ်ရာမှ လိုအပ်သောအလှူငွေများကို လှူဒါန်းလေ့ရှိပါတယ်။ လက်တလောမှာတော့ မြိတ်မြို့ ဘုရားကုန်းကျေးရွာရှိ ရှေးဟောင်းမာန်အောင်မြင်စေတီ ၊ ပဲခူးတိုင်း ဖြူးမြို့နယ် ရေတွင်းကုန်းကျေးရွာရှိ စေတီ ၊ ပုသိမ်တိုင်းဒေသကြီး သာပေါင်းမြို့နယ် လှေတော်ကျေးရွာရှိ စေတီ စုစုပေါင်းစေတီ (၃) ဆူကိုတည်နေတာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ တနင်္သာရီတိုင်း မြိတ်မြို့ ဘုရားကုန်းကျေးရွာရှိ မာန်အောင်မြင်ရှေးဟောင်းစေတီအတွက် ရွှေထီးတော်ကြီးကို တကူးမြို့သူမြို့သားများမှလှူဒါန်းလိုက်တဲ့အကြောင်းကို “တနင်္သာရီတိုင်း မြိတ်မြို့နယ် တုံးပျောကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာရှိ မာန်အောင်မြင်ရှေးဟောင်းစေတီအတွက် တကူမြို့သူမြိုသားများ လှူဒါန်းသည့် ရွှေထီးတော် သယ်ဆောင်လာပြီဖြစ်ကြောင်း မင်္ဂလာသတင်းပါးအပ်ပါတယ်ဗျ “ လို့သူရဲ့လူမှုကွန်ရက် စာမျက်နာမှာရေးသားဖော်ပြထားပါတယ်။Cele Gabar ပရိသတ်ကြီးရေ ထူးအယ်လင်း တည်နေတဲ့ စေတီဘုရားအတွက်ရည်စူးပြီး လှူဒါန်းလိုက်တဲ့ တကူးမြို့သူမြို့သားများရဲ့အလှူကို သာဓုခေါ်သွားပါဦးနော်။

Source: Htoo El Lynn
DarDar@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
တည်နေဆဲဖြစ်တဲ့ မြိတ်မြို့ ဘုရားကုန်း မာန်အောင်မြင်စေတီ တော် အတွက် ရွှေထီးတော် အလှူရှင်ရရှိ ဝမ်းသာပီတိဖြစ်နေတဲ့ ထူးအယ်လင်း
ထူးအယ်လင်းကတော့နိုင်ငံကျော်ဝါရင့်အမျိုးသားအဆိုတော်တစ်ဦးဖြစ်ပြီးလက်ရှိချိန်အထိအောင်မြင်မှုကိုထိန်းထားနိုင်တဲ့အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။အသံပါဝါကောင်းကောင်းနဲ့သီချင်းတွေကိုသီဆိုတတ်ပြီး ထွက်ရှိသမျှသီချင်းတိုင်းလိုလိုဟာ ပရိသတ်တွေရဲ့ ပါစပ်ဖျားမှာစွဲနေတဲ့အထိ အောင်မြင်မှု ရရှိထားပါတယ်။
သူကတော့ ဘာသာတရားကိုင်ရှိုင်းပြီး ပရဟိတအမြဲလုပ်လေ့ရှိတဲ့ အနုပညာရှင်တွေထဲက တစ်ဦးဖြစ်ပြီး အလှူရေစက်လက်နဲ့မကွာဆိုသလို ဘုရား၊သိမ်၊ကျောင်း သာသနာ့အဆောင်အအုံတွေကိုဆောက်လုပ်ရာမှ လိုအပ်သော အလှူငွေများကို လှူဒါန်းလေ့ရှိပါတယ်။ လက်တလောမှာတော့ မြိတ်မြို့ ဘုရားကုန်းကျေးရွာရှိ ရှေးဟောင်းမာန်အောင်မြင်စေတီ ၊ ပဲခူးတိုင်း ဖြူးမြို့နယ် ရေတွင်းကုန်းကျေးရွာရှိ စေတီ ၊ ပုသိမ်တိုင်းဒေသကြီး သာပေါင်းမြို့နယ် လှေတော်ကျေးရွာရှိ စေတီ စုစုပေါင်းစေတီ (၃) ဆူကိုတည်နေတာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ တနင်္သာရီတိုင်း မြိတ်မြို့ ဘုရားကုန်းကျေးရွာရှိ မာန်အောင်မြင်ရှေးဟောင်းစေတီအတွက် ရွှေထီးတော်ကြီးကို တကူးမြို့သူမြို့သားများမှလှူဒါန်းလိုက်တဲ့အကြောင်းကို “တနင်္သာရီတိုင်း မြိတ်မြို့နယ် တုံးပျောကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာရှိ မာန်အောင်မြင်ရှေးဟောင်းစေတီအတွက် တကူမြို့သူမြိုသားများ လှူဒါန်းသည့် ရွှေထီးတော် သယ်ဆောင်လာပြီဖြစ်ကြောင်း မင်္ဂလာသတင်းပါးအပ်ပါတယ်ဗျ “ လို့သူရဲ့လူမှုကွန်ရက် စာမျက်နာမှာရေးသားဖော်ပြထားပါတယ်။Cele Gabar ပရိသတ်ကြီးရေ ထူးအယ်လင်း တည်နေတဲ့ စေတီဘုရားအတွက်ရည်စူးပြီး လှူဒါန်းလိုက်တဲ့ တကူးမြို့သူမြို့သားများရဲ့ အလှူကို သာဓုခေါ်သွားပါဦးနော်။